အမှန်တရား
Vol. 21 Ch. 263
"ဒီခွေးမ"
ယွမ်ရှောင်၏ သတိပေးချက်ကို လင်းချန်မှလွဲ၍ မည်သူမှ နားမလည်သောကြောင့် လှောင်ပြောင်သံများ ကြားသောအခါ မုရှောင်လုံ၏ ဒေါသများ တဝုန်းဝုန်း တောက်လောင်နေသည်။ မိန်းကလေးဖုန်း၏ ရန်စမှုသည် ဓားအပျက်အစီးနယ်မြေ၏ တပည့်များကို ထူးဆန်းသော မျက်နှာထား ဖြစ်ပေါ်လာစေခဲ့၏။ ထိုအချိန်တွင် ယွမ်ရှောင်သည် လက်နှစ်ဖက်နောက်ပစ်ပြီး လင်းချန်အနားတွင် ရပ်နေသော ထိုမိန်းမထံ လမ်းလျှောက်သွားသည်။ လင်းချန်က အတွေးနက်နေဟန်ဖြင့် တိတ်ဆိတ်နေပြီး စကားပြောရန် ရှေ့ထွက်မလာရဲချေ။ သူ၏ အနားတွင် ကြီးကြပ်သူသုံးယောက်က စောင့်ကြပ်ပေးနေကြပြီး စောင့်ကြည့်နေစဥ် ယွမ်ရှောင်သည် ရုတ်တရက် လှစ်ခနဲ အနားကပ်လာသည်။
သို့သော် သူက ဖုန်းရောင်လင်၏ ရှေ့တည့်တည့် တစ်ပေအကွာတွင် ရပ်တန့်လိုက်ပြီး စိုက်ကြည့်လိုက်ရာ တုန်ရီသွားစေသည်။ သို့သော် တစ်ဖက်လူမှာ အမည်ခံ ဓားအင်မော်တယ် အတုဖြစ်သည်ဟု ကိုယ့်ကိုကိုယ် ရဲစိတ်မွေးကာ ဆက်လက်ရန်စနေခဲ့သည်။
"ယွမ်ရှောင်၊ ငါက နင့်ကို ချီးကျူးနေတာပါ။ နင် စိတ်ဆိုးနေတာလား။ နင်......"
ဖုန်းရောင်လင်မှာ စိတ်ညစ်ညူးဖွယ် လေသံမျိုးဖြင့် လှောင်ပြောင်နေသော်လည်း စကားမဆုံးခင်မှာပင် ဓားတစ်လက်သည် ရင်ဘတ်မှ ထုတ်ချင်းဖောက်၍ ကျောဘက်မှ ဖောက်ထွက်လာခဲ့၏။
"အား"
သူမက နာကျင်မှုကြောင့် ငုံ့ကြည့်လိုက်ရာ ရင်ဘတ်တွင် သွေးများ စီးကျလာ၍ ယွမ်ရှောင်၏ ဓားကို မယုံနိုင်ဟန်ဖြင့် ကြည့်နေမိသည်။ လူမြင်ကွင်းတွင် လူသတ်ရဲမည်ဟု ထင်မှတ်မထားသည့် ဤမျှ ရက်စက်ပြတ်သားသော လူမျိုး တစ်ခါမှ မမြင်ဖူးပေ။
"ဘန်း"
ယွမ်ရှောင်က ခြေတစ်ဖက်မြှောက်၍ ဝိုက်ကန်လိုက်သောအခါ ဖုန်းရောင်လင်၏ ခေါင်းသည် ခန္ဓာကိုယ်နှင့် အဆက်ပြတ်သွားကာ မြေပြင်ပေါ် ပြုတ်ကျသွား၏။
"ငါ့ရှေ့မှာ စကားမများနဲ့။ အဆင့်နိမ့် လူပြက်တွေက ငါ့ကို လှောင်ခွင့်မရှိဘူး။ နားလည်လား"
သူက လူအုပ်ဘက်လှည့်ကြည့်ကာ အေးစက်စက် သတိပေးလိုက်သောအခါ အလွန်တိတ်ဆိတ်သွားစေပြီး မြေပြင်ပေါ်တွင် ဖုန်းရောင်လင်၏ ခေါင်းပြတ်မှာ မျက်လုံးအပြူးသားနှင့် ရှိနေသေးသည် မဟုတ်ပါလော။
"မင်း.."
ဖုန်းပုဟွေက အော်ဟစ်လိုက်ပြီး တစ်ဖက်လူမှာ ဤမျှ ဒဲ့တိုးဆန်မည်ဟု ထင်မထားသောကြောင့် မြေးဖြစ်သူကို ကာကွယ်ရန် ပျက်ကွယ်ခဲ့ခြင်းပင်။
"မလှုပ်နဲ့"
လင်းချန်က လေးနက်စွာ ဟန့်တားလိုက်ပြီး ယွမ်ရှောင်အနားတွင် မုမောင်နှမသည် ကာကွယ်ရန် အသင့်ပြင်ထားလိုက်ကြ၏။
"ဖုန်းပုဟွေ အမည်ခံ ဓားအင်မော်တယ်ကို သတ်ဖို့ ကြံစည်နေတာလား"
"ကျုပ် မလုပ်ရဲပါဘူး"
ယွမ်ရှောင်၏ မေးခွန်းကြောင့် တစ်ဖက်လူမှာ ခေါင်းငုံ့၍ နောက်ဆုတ်သွားခဲ့သည်။
"ကောင်းတယ်။ တခါတလေမှာ အသက်ရှင်ဖို့ ငကြောက်လုပ်ရတယ်။ ထိပ်တန်းတပည့်တစ်ယောက်က ငါ့ကို စော်ကားတာ သေသင့်တယ်"
"ဟုတ်ပါတယ်"
ယွမ်ရှောင်က နှာခေါင်းရှုံ့၍ ပြောကာ မုတလုံသည်လည်း အတိုင်အဖောက်ညီညီ ထောက်ခံပေးခဲ့သည်။ အဆင့်အတန်းအရ သူက ဓားအစောင့်အရှောက်နှင့် တန်းတူဖြစ်ကာ ဤသို့သော အာဏာမျိုးကို အသုံးမချလျှင် အခေါင်းထဲ ပြန်ဝင်ရုံသာ ရှိပေလိမ့်မည်။
"အစ်ကိုလင်း ဒီမိန်းမက ငါတို့လို ပါရမီရှင်တွေကို စော်ကားတယ်။ ငါ သတ်လိုက်တာ မင်းကို စိတ်မကွက်စေဘူးမလား"
"မဖြစ်ပါဘူး။ ကျင့်ကြံသူတစ်ယောက်က အဆင့်အတန်းကို လေးစားတတ်ရမယ်"
ယွမ်ရှောင်က ခပ်ညစ်ညစ်ပြုံး၍ လင်းချန်ကို မေးလိုက်သောအခါ အူကြောင်ကြောင် မျက်နှာထားဖြင့် ထောက်ခံလိုက်ရသည်။
"စာရင်းပေးပြီးပြီဆိုတော့ ပြိုင်ပွဲရောက်ရင် လက်ရည် ဖလှယ်ကြတာပေါ့"
"ငါလည်း မင်းကို စောင့်နေပါမယ်"
ယွမ်ရှောင်က ဓားအပျက်အစီးနယ်မြေ၏ ရွှေရောင်အဆောက်အဆုံကြီးကို ညွှန်ပြ၍ စိန်ခေါ်ခဲ့သည်။ ထို့နောက် သူက မုသားအမိနှင့်အတူ ဓားပျံကိုယ်စီ စီးနင်း၍ ထွက်ခွာသွားကာ လူမြင်ကွင်းမှ ပျောက်ကွယ်သွား၏။ ဖုန်းပုဟွေမှာ ဒေါသူပုန်ထနေပြီး လက်စားချေခွင့် မရှိသောကြောင့် ခံရခက်နေသည်။
"ရောင်လင်"
"ပါးစပ်ပိတ်ထားစမ်း။ နန်းတော်ကို ပြန်မယ်"
လင်းချန်က ငေါက်ငမ်း၍ ယွမ်ရှောင်၏ နောက်ကျောကို သတိထားဟန်ဖြင့် တစ်ချက်လှမ်းကြည့်ကာ ကြီးကြပ်သူသုံးယောက်နှင့်အတူ ထွက်ခွာသွားခဲ့သည်။
"အတုက ဒီလောက်တောင် မောက်မာရဲတယ်ပေါ့"
တိတ်ဆိတ်နေသော တပည့်များအကြားမှ လူငယ်တစ်ယောက်က အံကြိတ်၍ ဒေါသတကြီး ရေရွတ်လိုက်သည်။
"မသေချင်ရင် ပါးစပ်ပိတ်ထားစမ်း"
ကျန်လူငယ်များက သူ့ကို နှုတ်စောင့်စည်းရန် ဝိုင်းဝန်းထိုးကြိတ်၍ ကြောက်လန့်တကြား ဖြစ်နေကြသည်။
"သူ ဆက်ရှိနေရင် ဓားအပျက်အစီးနယ်မြေကတော့ သွားပြီပဲ"
"အင်မော်တယ် ဓားသတ်မှတ်ချက် ပြိုင်ပွဲကို စောင့်ကြ။ အချိန်တန်ရင် သူ့ကို ဘယ်သူမှ ထောက်ခံပေးမှာ မဟုတ်ဘူး"
ဝါးတောအတွင်းရှိ အခြေအနေမှာ ခါတိုင်းထက် ပို၍ တင်းမာလာခဲ့သည်။
"အဖေ အဖေ"
မုချင်းဟွမ်က ရုတ်တရက် အပြေးတစ်ပိုင်း ရောက်ရှိလာကာ ကြောက်လန့်နေပုံရသည်။
"ဘာဖြစ်တာလဲကွ"
မုတရှုံ့က အဖြစ်အပျက်များကြောင့် စိတ်လေးနေသဖြင့် အဖေဖြစ်သူ အပြစ်ပေးမည်ကို စိုးရိမ်နေသည်။
"ကျုပ်မှာ အဖေ မျက်လုံးပြူးသွားလောက်တဲ့ သတင်းမျိုး ရှိတယ်"
"အဓိပ္ပါယ်မရှိတာ။ ငါ စိတ်ကောင်းဝင်နေတာ မဟုတ်ဘူးနော်။ လာမရှုပ်နဲ့"
"သခင်လေးယွမ်နဲ့ ပတ်သက်ပါတယ်"
"ဒါဆိုရင် ပြောစမ်းကွာ"
မုတရှုံက ပြောခွင့်ပေးလိုက်သောအခါ မုချင်းဟွမ်သည် ရုပ်သေးအပိုင်းအစတစ်ခုကို ထုတ်ပြလာသည်။
"ဒါက သခင်လေးယွမ် ဖျက်ဆီးခဲ့တဲ့ ရုပ်သေးရဲ့ အစိတ်အပိုင်းပါ"
"ဘာထူးခြားလို့လဲ။ လုံးဝ ပျက်စီးသွားပြီဆိုတော့ အသုံးမဝင်တော့ဘူး။ သခင်လေးယွမ်ရဲ့ ပါရမီက ထူးခြားပါတယ်။ ဒါပေမယ့် လင်းချန်နဲ့ မယှဥ်နိုင်ဘူးလေ"
မုတရှုံက ခေါင်းယမ်း၍ စိတ်ဓာတ်ကျနေဟန်ဖြင့် ရေရွတ်လိုက်၏။
"မဟုတ်သေးဘူး။ ကျုပ်က အပျက်အစီးတိုင်းကို ရေတွက်ခဲ့တယ်။ အတိအကျ အစိတ်အပိုင်း တစ်သိန်းပဲ။ လျော့လည်း မလျော့ဘူး။ များလည်း မများဘူး"
မုချင်းဟွမ်က ဖခင်၏ လက်မောင်းကို ဆုပ်ကိုင်ကာ စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
"တစ်သိန်းဟုတ်လား။ မင်း သေချာ ရေတွက်လိုက်လား"
မုတရှုံက မင်သက်သွားကာ ထာဝရဓား၏ ပဲ့တင်သံ တစ်သိန်းအကြောင်း တွေးလိုက်မိသည်။
"သေချာပါတယ်။ ပိုပြီး ကြောက်စရာကောင်းတာ တစ်ခု ရှိသေးတယ်။ ဒီအစိတ်အပိုင်းတစ်သိန်းက အရွယ်အစားရော အလေးချိန်ပါ တူညီနေတယ်။ ကျုပ် အားလုံးကို ချိန်ကြည့်ပြီးပြီ"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဓားရုပ်သေးကို အရွယ်အစားနှင့် အလေးချိန် တူညီသော အစိတ်အပိုင်း တစ်သိန်း အတိအကျ ဖြတ်တောက်ရန်မှာ ဓားပညာကို အနုပညာလက်ရာတစ်ခု အလား ထူးချွန်ရပေလိမ့်မည်။ မုချင်းဟွမ်က ကြုံရာကျပန်း ကောက်ယူလာသော အစိတ်အပိုင်းအချို့ ထုတ်ပေးလာ၍ မုတရှုံ စစ်ဆေးကြည့်လိုက်သောအခါ သူ၏စကား မှားယွင်းမနေခဲ့ပေ။
"ဒါက ဓားရုပ်သေးတစ်ရာကျော်ကို ဓားတစ်ချက်တည်းနဲ့ ဖျက်ဆီးခဲ့တဲ့ သခင်လေးလင်းထက် ပိုပြီး ထူးချွန်တယ်လို့ သက်သေပြနေတာပဲ။ ဒီလိုလုပ်ဖို့ဆိုရင် ဓားကို ထိန်းချုပ်ရာမှာ မကောင်းဆိုးဝါးတစ်ကောင်လို ထူးချွန်နေမှ ရမယ်။ ထာဝရဓားအကျဥ်းထောင်မှာ ဘယ်သူမှ မလုပ်နိုင်လောက်ဘူး။ အဘိုးကြီးတွေတောင် ဒီလို မစွမ်းဆောင်နိုင်ဘူးယ"
မုတရှုံက အသက်ကို ဝဝရှူ၍ မျက်နှာထားပြောင်းလဲသွားကာ ယွမ်ရှောင်အပေါ် သံသယများ ပျောက်ကွယ်ကုန်သည်။
"အဖေ ဒီလောက်တင် မဟုတ်သေးဘူး"
မုချင်းဟွမ်က လေးနက်စွာ ပြောလာပြန်သဖြင့် သူ့ကို တောင့်တင်းသွားစေသည်။
"ပြောစရာရှိတာ မြန်မြန် ပြောစမ်း"
"ဒီအစိတ်အပိုင်းတွေကို သေချာကြည့်လိုက်ဗျာ"
"သောက်လခွမ်း"
သားဖြစ်သူ၏ စကားအတိုင်း စစ်ဆေးကြည့်လိုက်သောအခါ အစိတ်အပိုင်းတိုင်းတွင် ယင် ယန် ငါးနှစ်ကောင် ပါဝင်သော ထိုက်ကျိစက်ဝိုင်း တစ်ခုစီ ထွင်းထားကြောင်း မြင်လိုက်ရသည်။ ၎င်း၏ အရွယ်အစားက ငါးမျက်စိပမာ သေးငယ်သော်လည်း ရှင်းရှင်းလင်းလင်း မြင်ရလောက်အောင် စုတ်ချက် တိကျပေ၏။
"အားလုံးမှာ ရှိနေတယ်။ အဖေ ဒါကို သူ ဘယ်လိုလုပ်လိုက်တာလဲ။ ဓားတစ်ချက်တည်းနဲ့ဆိုရင် လူတောင် ဟုတ်သေးရဲ့လား"
မုချင်းဟွမ်က ပါးစပ်အဟောင်းသားဖြင့် မေးခွန်းထုတ်နေသည်။
"ဒါက ဘိုးဘေးကွမ်ရှုရဲ့ ထိုက်ကျိဓားသိုင်းပဲ။ မင်းအဒေါ်ပြောသလိုဆိုရင် သခင်လေးယွမ်က ဘိုးဘေးဓားသင်္ချိုင်းမှာ သူ့ကို ဂါရဝပြုခဲ့တယ်မလား။ ဒီလောက် အချိန်တိုလေးအတွင်းမှာ......"
မုတရှုံမှာ အံ့သြလွန်းသဖြင့် စကားဆုံးအောင်ပင် မပြောနိုင်ဘဲ မျက်လုံးများ ချာချာလည်နေ၏။ သို့သော် သူတို့မသိသည်မှာ ယွမ်ရှောင်သည် ဤဓားချက်တွင် ထိုက်ကျိဓားသိုင်းနှင့် လင်းချန်၏ ကောင်းကင်ပြင်ဓားသိုင်းကို ပေါင်းစပ်ထုတ်ဖော်ခဲ့ခြင်းပင်။
"သခင်လေးယွမ်ကမှ တကယ့်ပါရမီရှင်ပဲ။ ကျန်တာတွေအကုန် အမှိုက်တွေပဲ။ ဒီသတင်းကို မြန်မြန်ဖြန့်ပြီး သခင်လေးရဲ့ နာမည်ပျက်ကို အဖတ်ဆယ်ရမယ်။ အတင်းအဖျင်းပြောနေတဲ့ကောင်တွေကို သူ့အစွမ်း ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာ ပြောရမယ်။ ဒါဆိုရင် သခင်လေးယွမ်ကို ကိုးကွယ်လေးစားလာကြမှာပဲ"
မုချင်းဟွမ်က စိတ်အားထက်သန်စွာ ခွင့်တောင်းလိုက်ပြီး စွမ်းအားကိုသာ လေးစားသော ဤလောကတွင် လင်းချန် လုပ်သမျှ အကောင်းဖြစ်နေသည်ကို လက်မခံနိုင်တော့ပေ။
"နေဦး။ ငါ့စကားနားထောင်။ ဒီသတင်းအကြောင်း ဘယ်သူ့ကိုမှ မပြောနဲ့"
မုတရှုံက ပြေးထွက်သွားရန် ခြေလှမ်းပြင်နေသော သားဖြစ်သူကို ဖမ်းဆွဲကာ လေးနက်စွာ သတိပေးလိုက်သည်။
"အဖေက ဘယ်ကို သွားမလို့လဲ"
သူကမူ တစ်နေရာရာသို့ သွားရန် ခြေလှမ်းပြင်နေသဖြင့် မုချင်းဟွမ်မှာ စိတ်ရှုပ်သွားခဲ့သည်။
"မင်းအဘိုးနဲ့ သွားတွေ့မလို့"
မုတရှုံသည် ပြောပြောဆိုဆိုနှင့် ထွက်ခွာသွားကာ စာရင်းသွင်း တာဝန်ကိုပင် လျစ်လျူရှု ချန်ရစ်ခဲ့၏။
"ကျုပ် နားလည်ပြီ။ မုမျိုးနွယ်တစ်ခုတည်းသာ သခင်လေးယွမ်ရဲ့ အစစ်အမှန်စွမ်းအားကို သိတယ်။ လင်းချန်ကို ဖိနပ်လျှက်ပြီး သူ့ကို စော်ကားတဲ့ လူတွေအကုန် တစ်ချိန်မှာ စာရင်းရှင်းခံရလိမ့်မယ်။ ဖုန်းရောင်လင်လိုမျိုး အဆုံးသတ်ကုန်မှာဆိုတော့ ထာဝရဓားအကျဥ်းထောင်မှာ အမှိုက်တွေ ရှင်းစရာ မလိုတော့ဘူး။ သခင်လေးယွမ်ရဲ့ ပါရမီအရဆိုရင် ထာဝရဓား အကြိမ်တစ်သိန်းလောက် ပဲ့တင်ထပ်တာက နည်းတောင်နည်းသေးတယ်"
အချိန်တစ်ခုကြာ မတုန်မလှုပ် စဥ်းစားခန်းဝင်နေသော မုချင်းဟွမ်မှာ ဖခင်ဖြစ်သူ၏ လုပ်ရပ်ကို နားလည်သွားသောအခါ ပေါင်ကို လက်ဖြင့် ဘန်းခနဲပုတ်၍ ကျေနပ်စွာ ပြုံးလိုက်လေသည်။