နတ်ဆိုးဖီးနစ် ဘုရင်မ
Vol. 21 Ch. 266
"ဖီးနစ်ပြာတဲ့လား"
ယွမ်ရှောင်သည် တိမ်ပင်လယ်အတွင်း တိုးထွက်နေသော အပြာရောင်မျှော်စင်ကို တစ်ချက်ငေးကြည့်ကာ ဓားအပျက်အစီးနယ်မြေ၏ တပည့်များအတွက် နတ်ဆိုးအရိုးများ ရယူနိုင်သော နေရာဖြစ်၏။ ဖီးနစ်ဆိုသော ငှက်အမည်ကြောင့် ဓားပင်လယ်ရှိ အသူရာစွန်များအကြောင်း ပြန်လည်အမှတ်ရလိုက်ပြီး တူညီနိုင်ချေရှိသည်။
"ဓားအစောင့်အရှောက် ဖီးနစ်ပြာဆိုတာက ဘာလဲ"
သူက စပ်စုလိုစိတ်ဖြင့် မေးခွန်းထုတ်ခဲ့ပြီး ဗဟုသုတ နည်းပါးသောကြောင့် အင်မော်တယ် လူဝင်စား မဟုတ်ဟု သံသယဝင်နိုင်သော်လည်း ဝါးတောမှ ဓားချက်၏အစွမ်းကြောင့် ဓားအစောင့်အရှောက်သည် ဂရုမစိုက်တော့ပေ။ မည်သို့ပင်ဖြစ်ပါစေ အင်မော်တယ်လူဝင်စား မဖြစ်လျှင်ပင် ကောင်းကင်ကို ဖီဆန်နိုင်သော ပါရမီကိုသာ ထည့်တွက်ရပေလိမ့်မည်။
"ဖီးနစ်ပြာဆိုတာက လူလုပ်သတ္တဝါတစ်မျိုးပဲ။ နတ်ဆိုးခြင်ဆီ၊ ဝိညာဥ်၊ ဆေးပင်နဲ့ မှော်ရုန်းတွေ ပေါင်းစပ် ဖန်တီးထားတာပဲ။ နတ်ဆိုးအရိုးကို တိုက်ရိုက်စုပ်ယူတာထက် ဒါက ပိုပြီး အကျိုးရှိတယ်"
၎င်းက နတ်ဆိုးအရိုးများမှ ပြုလုပ်ဖန်တီးထားသော သတ္တဝါဖြစ်ကာ အချိန်ကြာလျှင် ပုပ်သိုးဆွေးမြည့်၍ စွမ်းအားနည်းပါးလာနိုင်သည့် အရိုးများကို ရေရှည် အကျိုးရှိစေရန် ပြုစုပျိုးထောင်ပေးထားခြင်းပင်။ အသူရာစွန်ငှက်များနှင့် အမည်ကွဲပြားသည့်တိုင်အောင် သဘောတရားချင်း တူညီ၍ ကွာခြားချက် မရှိချေ။
"ဘာဖြစ်ဖြစ် မင်းရဲ့ ဓားဝိညာဥ်က လုံလောက်အောင် အစွမ်းမထက်ရင် အဆင့်မြင့် ဖီးနစ်တွေကို ဝါးမျိုဖို့ ခက်ခဲတယ်။ အထူးသဖြင့် သူတော်စင်နယ်ပယ် ကျင့်ကြံသူအတွက်ပေါ့"
ဓားအစောင့်အရှောက်က ရှင်းပြလိုက်သည်။
"ဖီးနစ်တွေမှာ အဆင့်ဘယ်လောက် ရှိတာလဲ"
ယွမ်ရှောင်က မျှော်စင်ကို ငေးကြည့်နေရာမှ မေးလိုက်ပြန်သည်။
"အောက်ခြေကနေ အထက်အထိ အဆင့်လေးဆင့် ရှိတယ်။ တစ်၊ သုံး၊ ခြောက်၊ တစ်ဆယ်ဆိုပြီးပေါ့"
ဤအဆင့်သတ်မှတ်ချက်များအရ ဓားအပျက်အစီးနယ်မြေနှင့် နတ်ဘုရားတိုက်ကြီး၏ ဓားသမားများသည် မျိုးရိုးတစ်ခုတည်းမှ ဆင်းသက်လာကြောင်း ဆက်စပ်ကြည့်နိုင်သည်။
"နောက်ဆုံးအထပ်ကို ရောက်ဖို့ တိုက်ရိုက်သွားလို့ရလား"
"လေးထပ်မြောက်လား။ အမည်ခံ ဓားအင်မော်တယ်တစ်ယောက်ရဲ့ အခွင့်ထူး လိုချင်တာလား။ သာမန်တပည့်တွေက တာဝန်တွေထမ်းဆောင်ပြီးမှ ဖီးနစ်တစ်ကောင်ကို လဲလှယ်နိုင်တယ်။ အများစုက နှစ်ထပ်မြောက်ကို ရောက်ဖို့တောင် တစ်သက်လုံး စိတ်ကူးယဥ်နေရတယ်"
ယွမ်ရှောင်ကို ဓားအစောင့်အရှောက်က အံ့သြတကြီး စိုက်ကြည့်လာ၍ သတိပေးလိုက်သည်။
"လူတိုင်းမှာ လမ်းကြောင်းကိုယ်စီ ရှိတယ်။ ကျုပ်က ဘာကြောင့် ထိပ်ဆုံးကို မသွားနိုင်ရမှာလဲ။ တစ်ဆင့်ချင်းသွားနေရတာက အချိန်ကုန်တယ်။ မယုံရင် ကျုပ်ကို အသန်မာဆုံးဆီ ပို့ပေးလိုက်၊ ကိုင်တွယ်ပြမယ်"
ယွမ်ရှောင်က ယုံကြည်မှုအပြည့်ဖြင့် ရယ်မောနေသောအခါ သူ့အနေဖြင့် လက်ခံလိုက်ပြီး ဖီးနစ်မျှော်စင်မှ ဆူညံသံများကြောင့် စကားဝိုင်း ရပ်တန့်သွားသည်။
"ဘာကြောင့် ဖီးနစ်ပြာလို့ အမည်တွင်ပြီး ဖီးနစ်တစ်ကောင်ရဲ့ အသွင်မျိုးလုပ်ထားတာလဲ ပြောပြမယ်ယ ငါတို့က နတ်ဆိုးမျိုးနွယ်နဲ့ ရန်ငြှိုးကြီးမားတယ်။ အထူးသဖြင့် ရှေးဟောင်းနတ်ဆိုးငရဲပေါ့။ သူတို့ရဲ့ အသန်မာဆုံးက ဖီးနစ်ပြာမျိုးနွယ်ဖြစ်ပြီး ငါတို့ကို အတော်လေး ပြဿနာရှာခဲ့တယ်။ လက်ရှိ ဖီးနစ်ဘုရင်မက အစွမ်းထက်နတ်ဆိုးတစ်ကောင်ဖြစ်ပြီး ဓားသမားတွေကို ကြီးကြီးမားမားထိခိုက်စေလို့ အခုလို ဖန်တီးထားတာပဲ"
အချိန်တစ်ခုအကြာတွင် ဓားအစောင့်အရှောက်က ပြန်လည် စကားပြောလာခဲ့သည်။
"နည်းနည်းတော့ ကလေးဆန်မနေဘူးလား"
ယွမ်ရှောင်က ပြုံးလိုက်မိပြီး ဖီးနစ်ပြာမျိုးနွယ်ကြောင့် ဖြစ်နေမည်ဟု ထင်မထားပေ။
"ကလေးဆန်ပေမယ့် သူတို့ကို ဓားနဲ့ထိုးရတာ ကျေနပ်စရာကောင်းတယ်"
"ဖီးနစ်ဘုရင်မတဲ့လား"
နတ်ဆိုးတိုက်ကြီးကို သိမ်းပိုက်ပြီးနောက် လနတ်သားသည် ရှေးဟောင်းနတ်ဆိုးငရဲသို့ ဦးတည်နေသဖြင့် သူမကို ဂရုစိုက်ရပေလိမ့်မည်။
"ဓားအပျက်အစီးနယ်မြေမှာ ပျက်စီးအဆီအနှစ်တွေရှိလား"
"ရှိတယ်။ ဒါတွေကို အစီအရင်လုပ်ဖို့နဲ့ ဓားရုပ်သေးတွေအတွက် အသုံးပြုတယ်။ မင်းက ဒါတွေရော လိုချင်နေတာလား"
ယွမ်ရှောင်၏ မေးခွန်းကြောင့် ဓားအစောင့်အရှောက်မှာ တစ်ခုခုကို သဘောပေါက်သွားကာ လောဘကြီးမှုကြောင့် မင်သက်သွားသည်။
"လောလောဆယ်တော့ ကျုပ်က ဒါကိုပဲ စိတ်ဝင်စားပါတယ်"
ထို့နောက် သူက ထွက်ခွာလာခဲ့ပြီး အမည်ခံ ဓားအင်မော်တယ်နှစ်ယောက် ထွက်ပေါ်လာသောကြောင့် ငရဲကိုးထပ်၌ ထာဝရဓားအကျဥ်းထောင်မှာ အာရုံစိုက်ခံနေရသည်။
"သခင်လေးလင်းကို ဆန့်ကျင်ဖို့ သူ့ရဲ့ ပါရမီကို စွမ်းအားအဖြစ် ပြောင်းလဲပေးတာက သော့ချက်ပဲ"
ယွမ်ရှောင်နှင့် ဆက်ဆံရေးကောင်းတစ်ခု လိုအပ်သောကြောင့် ဓားအစောင့်အရှောက်က ပူးပေါင်းဆောင်ရွက်ရပေလိမ့်မည်။ အမည်ခံ ဓားအင်မော်တယ် တစ်ယောက် ထွက်ပေါ်လာလျှင် ဓားအပျက်အစီးနယ်မြေအတွက် မျှော်လင့်ချက် ဖြစ်နိုင်သည်။ သို့ရာတွင် နှစ်ယောက်အထိ ထွက်ပေါ်လာပြီး အရင်းအမြစ်များ လုယူချင်နေသောအခါ သူ့အတွက် ခေါင်းကိုက်စရာ ဖြစ်နေသည်။ လင်းချန် ထွက်ပေါ်လာသော အခိုက်အတန့်၌ သူက ဝမ်းသာခဲ့သော်လည်း အရိုးခြောက်စောင့်ရှောက်သူနှင့် ပူးပေါင်းသွားပြီး ဓားအမွေအနှစ်ကို မျက်စိကျနေကြ၏။ ထို့ကြောင့် သူ့အနေဖြင့် ယွမ်ရှောင်ဘက်ကို လောင်းကြေးထပ်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။
ကောင်းကင်မှ ဓားအလင်းနှစ်ခုသည် ဖီးနစ်မျှော်စင်သို့ ရုတ်တရက် ရောက်ရှိလာကာ ဓားအစောင့်အရှောက်၏ ဓားဝိညာဥ်သည် ထူးခြားကာ သာမန်မျက်စိဖြင့် ထင်ရှားစွာ မမြင်နိုင်ပေ။ သူက လေထဲတွင် မတ်တပ်ရပ်နေသကဲ့သို့ ထင်မှတ်ရပြီး သန်မာသူတစ်ယောက်ဖြစ်ကြောင်း သက်သေပြနေသည်။ သူတို့နှစ်ယောက် ပြိုင်တူ ရောက်ရှိလာသောအခါ စည်ကားနေသော မျှော်စင်က ပို၍ ဆူညံသွားကာ ဤနေရာသို့ ဓားအစောင့်အရှောက် မလာသည်မှာ နှစ်ပေါင်းနှစ်ဆယ်ခန့် ရှိနေပြီဖြစ်သည်။
"ဓားအစောင့်အရှောက်က သခင်လေးယွမ်အတွက် စောင့်ကြပ်ပေးဖို့ လိုက်လာတာလား"
ဖီးနစ်မျှော်စင်၌ တပည့်ပေါင်း ထောင်ချီ စုဝေးနေကာ အကြည့်ချင်းဖလှယ်၍ တီးတိုးပြောဆိုနေကြ၏။ ယွမ်ရှောင်က ဖုန်းရောင်လင်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့သော သတင်းကြောင့် ရန်သူဘက်တော်သားများ၏ သွေးထိုးလှုံ့ဆော်မှုသည် ဂုဏ်သိက္ခာ ထိခိုက်စေခဲ့သည်။ လင်းချန်က ကောင်းသတင်းဖြင့် ကျော်ကြားနေသောကြောင့် ဓားအစောင့်အရှောက် ရှိနေသော်လည်း အေးစက်စက် အကြည့်များဖြင့် တပည့်များသည် စိတ်ပျက်ရွံရှာဟန်ဖြင့် အတင်းအဖျင်းများ ပြောနေကြ၏။
"သူ့ကို မျက်လုံးနဲ့ စိုက်ကြည့်မိရင်တောင် သတ်ချင်သတ်နေမှာ"
"ဖုန်းရောင်လင်က သူ့ကို ပြုံးမပြလို့ အသတ်ခံလိုက်ရတာတဲ့"
ပါရမီရှင်တစ်ယောက်က ရက်စက်ပြတ်သားသောအခါ တပည့်များအနေဖြင့် ကြောက်လန့်တကြား ခေါင်းငုံ့နေရန်သာ တတ်နိုင်သည်။
"ဒီလောကမှာ စွမ်းအားက အရာရာကို ဆုံးဖြတ်နိုင်တယ်။ သန်မာရင် အခြားလူတွေက ချီးကျူးမြှောက်ပင့်မယ်။ အားနည်းရင် ရက်စက်တယ် ယုတ်မာတယ်လို့ တံဆိပ်ကပ်ကြလိမ့်မယ်"
ယွမ်ရှောင်က စိတ်ထဲမှ ရေရွတ်လိုက်ပြီး အခြားလူများ၏ အမြင်ကို ဂရုမစိုက်တတ်ချေ။ သူ၏ ရည်ရွယ်ချက်မှာ ဓားဝိညာဥ်ကို ဖီးနစ်ပြာမျှော်စင်၌ စွမ်းအား မြှင့်တင်ပေးရန်သာ ဖြစ်သည်။ သူနှင့် ဓားအစောင့်အရှောက် ရောက်ရှိလာသောကြောင့် လူတိုင်း ဦးညွှတ်လိုက်သော်လည်း ချွင်းချက်တစ်ခု ရှိနေသည်။ မျှော်စင်ရှေ့တွင် အနက်ရောင် ဝတ်ဆင်ထားပြီး အရိုးခြောက်စောင့်ရှောက်သူ၏ အသွင်မျိုးဖြင့် ကတုံးပြောင်ပြောင် လူတစ်ယောက် ထိုင်ရာမှ ထမလာခဲ့ပေ။ ကုရွှမ်ဆိုသော ထိုအကြီးအကဲက မျက်လုံးများမှိတ်၍ ရုပ်တုတစ်ခုအလား မလှုပ်မယှက်ပင်။
"ညီလေးရွှမ် မျှော်စင်ကို စောင့်ရှောက်ရတာ ပင်ပန်းမှာပဲ"
ချဥ်းကပ်လာသော ဓားအစောင့်အရှောက်က စကားစလိုက်၏။
"ထာဝရဓားအကျဥ်းထောင်တစ်ခုလုံးကို ကြီးကြပ်နေရတဲ့ ခင်ဗျားက ပိုပြီး ခက်ခဲမှာပါ။ ငါ့အလုပ်က သက်တောင့်သက်သာ ရှိပါတယ်"
ကုရွှမ်က အသံသြသြဖြင့် ပြန်ပြောလိုက်သည်။
ယွမ်ရှောင်သည် ထိုလူ၏ သရုပ်မှန်အကြောင်း ခန့်မှန်းနိုင်ခဲ့ပြီး အရိုးခြောက်စောင့်ရှောက်သူ၏ သားဖြစ်နိုင်ကာ ဓားအစောင့်အရှောက်ရာထူးကို မရယူနိုင်ခဲ့သော ချင်ကန်၏ ဖခင်လည်း ဖြစ်နိုင်သည်။ ကုရွှမ်၏ အသွင်အပြင်နှင့် ပုံစံအရ လက်ရှိဓားအစောင့်အရှောက်သည်သာ ရာထူးနှင့် ထိုက်တန်ပေသည်။
"ဓားအစောင့်အရှောက်၊ သခင်လေးယွမ်"
ကုရွှမ်ကို ကျော်လွန်သောအခါ ရင်းနှီးနေသော ပုံရိပ်များဖြစ်သည့် ပိုင်သားအမိ ရှိနေခဲ့သည်။
"ယွမ်ရှောင် မင်းက မကောင်းဆိုးဝါးတစ်ကောင်ကို ကယ်တင်ခဲ့တာပဲ"
ဖြူရော်နေသော ပိုင်ဝူချွဲက စိတ်ဒဏ်ရာ ကြီးကြီးမားမား ရနေဟန်ဖြင့် အပြစ်တင်လာခဲ့သည်။ သူက ကျောအထက်တွင် ဓားအိမ်တစ်ခု သယ်ထားရပြီး ဓားကျွန်တစ်ယောက်အဖြစ် လင်းချန်ကို ခစားနေရသည် မဟုတ်ပါလော။
"တိတ်စမ်း။ မင်းကများ သခင်လေးယွမ်ကို နာမည်တပ်ခေါ်ရဲတယ်"
ဓားအစောင့်အရှောက်၏ ဘက်တော်သား အကြီးအကဲအချို့က ငေါက်ငမ်းလိုက်ကြသဖြင့် ပိုင်ချင်းရွှယ်မှာ သားဖြစ်သူ၏ ပါးစပ်ကို အမြန်ပိတ်လိုက်ရ၏။
"မင်းအမှားပဲ။ သူ ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတာကို သိလား။ မင်းရဲ့ အစွမ်းကတော့ ရယ်စရာကောင်းလွန်းတယ်"
သို့ရာတွင် ရူးသွပ်ကာနီးနီး ဖြစ်နေသော ပိုင်ဝူချွဲမှာ မကျေမနပ် အော်ဟစ်နေခဲ့သည်။ စကားအဆုံးတွင် သူက မြေကြီးပေါ်တွင် လဲကျသွားကာ ငိုယိုနေသော်လည်း မည်သူမှ သနားစိတ်မဝင်ခဲ့ကြပေ။ သူ၏ စိတ်ဒဏ်ရာမှာ လင်းချန်ထံ အသုံးတော်ခံနေရသော မိခင်ကြောင့်ဟု သတင်းထွက်နေပြီး အလှပဆုံး လက်စားချေမှု တစ်ခုပင်။
"ဓားအစောင့်အရှောက် သခင်လေးလင်းက ကျွန်မတို့ကို ပိုင်မျိုးနွယ်နဲ့ အကျပ်ကိုင်ပြီး နှိပ်စက်နေပါတယ်။ ကျေးဇူးပြုပြီး ကူညီပေးပါ"
ထိုအချိန်တွင် ပိုင်ချင်းရွှယ်သည် မြေပြင်တွင် ဝပ်တွားကာ အရာရာပေးဆပ်နိုင်သော ပုံစံမျိုးဖြင့် ထပ်ကာထပ်ကာ တောင်းဆိုခဲ့သည်။ ဖီးနစ်မျှော်စင်တစ်ခုလုံး တိတ်ဆိတ်သွားကာ ဓားအစောင့်အရှောက်မှာမူ သူမကို တစ်ချက်သာကြည့်၍ ယွမ်ရှောင်ဘက်လှည့်လိုက်၏။
"သခင်လေးယွမ် ကြွပါ"
ထို့နောက် နှစ်ယောက်သား ဖီးနစ်မျှော်စင်အတွင်း ဝင်ရောက်သွားသောအခါ ပိုင်ချင်းရွှယ်မှာ ပုံလျက်သား လဲကျသွားသည်။
"အရူးမပဲ။ သခင်လေးလင်းကို စော်ကားထားမှတော့ ဘယ်သူမှ မကယ်နိုင်ဘူး"
"ပိုင်ဝူချွဲ၊ သခင်လေးလင်းကို ပထွေးတော်ရတာ မဟာကံကောင်းမှုကြီးကွ"
လင်းချန်သည် ထိုအကြောင်းများကို ဖုံးကွယ်မထားဘဲ အခြားကိုယ်လုပ်တော်များပင် ပေါ်တင်ရွေးချယ်ခဲ့သောကြောင့် ကောလဟာလများ ပျံ့နှံ့နေသည်။
"ပိုင်ချင်းရွှယ်၊ မိန်းကလေး ဘယ်လောက်များများ မင်းကို မနာလိုဖြစ်နေတာ သိရဲ့လား။ သခင်လေးလင်းကို ကောင်းကောင်းပြုစုစမ်းပါ"
လူအုပ်က ပိုင်သားအမိကို ဟားတိုက်လှောင်ရယ်နေကြလေသည်။
"သခင်လေးလင်းက လေးထပ်မြောက်ကို တက်သွားပြီး သခင်လေးယွမ်လည်း လိုက်သွားတယ်။ ဘာတွေဆက်ဖြစ်မှာလဲ"