← Chapters

နတ်ဆိုးဓားဝိညာဥ်

Vol. 21 Ch. 268

နတ်ဆိုးဓားဝိညာဥ်

Vol. 21 Ch. 268

"တစ်ယောက်ယောက်ကို လေးစားတာက လက်ခံပေးလို့ရပေမယ့် အမြင်မမှားစေနဲ့။ ထာဝရဓားအကျဥ်းထောင်ရဲ့ သမိုင်းကို ပြန်တွေးကြည့်။ မျက်တောင်တစ်ခတ်အတွင်း မိုးပြာဖီးနစ် ဆယ်ကောင်ကို ဝါးမျိုနိုင်တဲ့ လူငယ်တပည့် ရှိဖူးလို့လား။ ဒါက အံ့ဖွယ်ဖြစ်ရပ်ပဲ။ သူ့ရဲ့ ဓားဝိညာဉ်က သခင်လေးလင်းထက် သာလွန်တယ်"

ကုရင်က သက်ပြင်းတစ်ချက်ချ၍ စစ်ခုံရန်ကို သတိပေးလိုက်သည်။

"ဒါပေမယ့် လူတစ်ယောက်ရဲ့ ပါရမီကို ဆုံးဖြတ်ဖို့ အချက်တွေ များပြားတယ်။ ဓားဝိညာဥ်နဲ့ ဓားအော်ရာက အရာရာကို ပြောင်းလဲမပေးနိုင်ဘူး"

သူမက နောက်တစ်ကြိမ် စောဒကတက်လိုက်ပြန်သည်။

"ဒါတော့ ဟုတ်ပါတယ်"

ကုရင်က ခေါင်းညိတ်၍ သဘောတူခဲ့သည်။

ယွမ်ရှောင်နှင့် ဓားအစောင့်အရှောက် ထွက်ခွာသွားသောအခါ လင်းချန်မှာ ကိုးရို့ကားယား အနေအထားသို့ ရောက်ရှိသွားသော်လည်း အစွမ်းထက် ကျင့်ကြံသူတစ်ယောက်၏ လူဝင်စားဖြစ်သောကြောင့် မည်သည်မှ မဖြစ်ခဲ့ဟန်ဖြင့် သုံးထပ်မြောက်သို့ ဆင်းသက်သွားသည်။ အဆင့်ခြောက် ဖီးနစ်များ၏ စွမ်းအားက အဆင့်တစ်ဆယ်အောက် နိမ့်ကျသော်လည်း ဓားအော်ရာကို အဆင့်မြှင့်တင်ပေးနိုင်သည် မဟုတ်ပါလော။ အမည်ခံဓားအင်မော်တယ်အတွက် အရင်းအမြစ် ကန့်သတ်ချက် မရှိသောကြောင့် အခြားသူများမှာ ထိုလူငယ်နှစ်ယောက် ဖီးနစ်မျှော်စင်ကို အပြောင်ရှင်းနေသည်အား ကြည့်နေရင်း မနာလိုအားကျရုံသာ တတ်နိုင်၏။ နောက်ဆုံးတွင် သူက ဓားအော်ရာရှစ်ထောင်အထိ စုဆောင်းနိုင်ခဲ့ပြီး အဆင့်ခြောက် ဖီးနစ်အားလုံး မရှိတော့သဖြင့် ရပ်တန့်လိုက်ရသည်။ အဆင့်နိမ့် ဖီးနစ်များ၏ အကျိုးသက်ရောက်မှုက မသိသာသောကြောင့် သူက စိတ်မဝင်စားသဖြင့် ကျန်တပည့်များကို စိတ်သက်သာရာရစေသည်။ အမည်ခံ ဓားအင်မော်တယ် နှစ်ယောက်က ဖီးနစ်မျှော်စင်ကို အပြောင်သိမ်းသွားသောကြောင့် အကြီးအကဲများအနေဖြင့် ငရဲနတ်ဆိုးများကို ထပ်မံအမဲလိုက်ရန် လိုအပ်လာ၏။

"ဓားအော်ရာ ရှစ်ထောင်က တစ်သောင်းလောက် မများပေမယ့် သာမန်တပည့်တွေ ရနိုင်တာမျိုး မဟုတ်ဘူး"

"ဒါပေါ့"

"ဒါဆိုရင် ဒီတစ်ခေါက် သူတို့က သရေကျသွားတယ်လို့ ပြောချင်တာလား"

လင်းချန် ထွက်ခွာသွားသောအခါ တီးတိုးဆွေးနွေးသံများ ထွက်ပေါ်လာကာ ဖီးနစ်မျှော်စင် ဆူညံနေသည်။ ၎င်းအထက်တွင် လူနှစ်ယောက် ရပ်နေပြီး အောက်သို့ ငုံ့ကြည့်နေကာ ကတုံးများဖြစ်ကာ ကုရင်နှင့် ကုရွှမ် သားအဖ ဖြစ်သည်။ အမည်ခံ ဓားအင်မော်တယ် နှစ်ယောက်မတိုင်ခင် ကုရင်သည် ထာဝရဓားအကျဥ်းထောင်၏ ထိပ်တန်း ပါရမီရှင် ဖြစ်ခဲ့ဖူး၏။

"အဘိုး လူတွေက လင်းချန်ကို မြှောက်ပင့်ပြီး ယွမ်ရှောင်ကို အထင်သေးကြတယ်။ သခင်လေးယွမ်က ဝါးတောထဲမှာ ရှုံးနိမ့်ခဲ့ပြီး လူတစ်ယောက်ကို ​ဒေါသနဲ့ သတ်ဖြတ်ခဲ့တယ်။ သူက ကိုယ့်ဂုဏ်သိက္ခာကိုယ် ဖျက်ဆီးလိုက်ပြီး ခြေတစ်လှမ်း မှားသွားလို့ လူတွေရဲ့ အမြင်မှာ ဘာလုပ်လုပ် မှားနေပြီ"

ကုရင်က တွေးတွေးဆဆဖြင့် သုံးသပ်ပြသည်။

" တကယ်တော့ ဒီဖြစ်ရပ်တွေရဲ့ သော့ချက်က ငါတို့ ဘယ်လိုကိုင်တွယ်ပြီး သူ့ရဲ့ ပြစ်မှုတွေကို ဘယ်လို ချဲ့ကားရမယ် ဆိုတာပဲ။ လူထုက မျက်မြင်ကိုယ်တွေ့မဟုတ်လို့ အတင်းအဖျင်းတွေက ငါတို့အတွက် ဝါဒဖြန့်စရာ လက်နက်ပဲ "

ကုရွှမ်က ဓားအပျက်အစီးနယ်မြေ၏ တောတောင်ရေမြေကို စိုက်ကြည့်ရင်း ခပ်အက်အက်အသံဖြင့် ပြောသည်။

"ကျုပ် နားမလည်ဘူး"

"ရှင်းရှင်းပြောရရင် ငါတို့က လူတွေရဲ့ စိတ်ကို လှည့်စားပြီး ကြိုးကိုင်ရမယ်။ ဖုန်းရောင်လင်ရဲ့ ကိစ္စမှာ သူမက ယွမ်ရှောင်ကို ဘယ်လိုလှောင်ပြောင်စော်ကားခဲ့တယ်ဆိုတာ သတင်းမထွက်ဘူး။ အဲ့ဒါက လူထုကို ယွမ်ရှောင်အပေါ် ဒေါသထွက်စေပြီး အမှန်တရား ပေါ်ပေါက်လာရင်တောင် ဘယ်သူမှ မယုံတော့ဘူး။ ဓားအစောင့်အရှောက်က ယွမ်ရှောင်ကို ကာကွယ်ပေးဖို့ ဆင်ခြေပေးနေတယ်လို့ ထင်ကြမှာပဲ"

ကုရွှမ်က အေးစက်စက်ပြုံး၍ ရှင်းပြ၏။

"ဒါပေမယ့် လူထုအမြင်က သူတို့အတွက် အရေးပါလို့လား။ လူသန်းပေါင်းများစွာ မကောင်းပြောနေရင်တောင် ဘာမှမပြောင်းလဲနိုင်ဘူး။ ရိုးရိုးသားသား ပြောရရင် သူ့ကို အထင်သေးခဲ့ဖူးပေမယ့် ဒီနေ့ဖြသ်ရပ်ကြောင့် ဘယ်သူမှ ရပ်တန့်နိုင်မယ်လို့ မထင်ဘူး"

ကုရင်က စိတ်ရှုပ်နေသော်လည်း အမှန်တရားကို လက်ခံခဲ့သည်။

"အရေးကြီးတာပေါ့။ ဒီကောလဟာလတွေနဲ့ဆိုရင် သူ့ကို နောက်ကွယ်က အပုပ်ချနိုင်ပြီး ထာဝရဓားအကျဥ်းထောင်ရဲ့ လူတိုင်း မုန်းတီးသွားကြလိမ့်မယ်။ ဒါဆိုရင် မတော်တဆသေသွားရင်လည်း ဘယ်သူမှ ဂရုစိုက်နေမှာ မဟုတ်ဘူး။ ဓားအစောင့်အရှောက်တောင် မလုပ်နိုင်ဘူး"

ကုရွှမ်တွင် အောက်တန်းကျသော အကြံအစည်များ ပြည့်နှက်နေပုံရသည်။

"ဟုတ်ကဲ့ အဘိုး။ ဘယ်သူဖြစ်ဖြစ် နောက်ဆုံးမှာ သူတို့က ပါရမီရှင်သက်သက်ပါပဲ။ ကံဆိုးပြီး သေသွားတာလည်း ဖြစ်နိုင်တာပဲ။ လင်းချန် သေရင်တော့ လူတွေ ဝမ်းနည်းပြီး ယွမ်ရှောင် သေသွားရင် အောင်ပွဲခံကြလိမ့်မယ်။ ဒီလိုကြံစည်ထားတာလား"

"ဟုတ်တယ်။ ဒါက လူထုအမြင်ရဲ့ စွမ်းအားပဲ။ ဓားသမားတွေက ဓားကိုတင် ကျင့်ကြံရမှာ မဟုတ်ဘူး။ လှည့်ဖျားအကွက်ချတတ်ဖို့ လိုအပ်တယ်။ မုမျိုးနွယ်က ဒီနေရာမှာ ငါတို့ ကုမျိုးနွယ်ကို လုံးဝမယှဥ်နိုင်ဘူး"

ကုရွှမ်က မြေးဖြစ်သူ၏ အကင်းပါးမှုကို သဘောကျနေသည်။

"ဒါပေမယ့် ကျုပ်မှာ မေးခွန်းတစ်ခု ရှိသေးတယ်။ ဘာကြောင့် သခင်လေးယွမ်ကို ပစ်မှတ်ထားရတာလဲ။ ထာဝရဓားအကျဥ်းထောင်မှာ ပါရမီရှင်နှစ်ယောက် ပိုင်ဆိုင်ထားတာ ပိုမကောင်းဘူးလား"

"မကောင်းဘူး။ မုမျိုးနွယ်ဘက်မှာ အမည်ခံ ဓားအင်မော်တယ် တစ်ယောက်ရှိနေရင် ကုမျိုးနွယ် အစွမ်းထက်လာတာကို လက်ခံမှာ မဟုတ်ဘူး။ မင်းရဲ့ ဘိုးဘေးနဲ့ ငါက အသက်ရှင်ဖို့ ဓားအမွေအနှစ်ကို ယူရမယ်။ ငါလည်း မသေချင်သေးဘူး "

ကုရွှမ်က အံကြိတ်၍ သေခြင်းတရားကို အလွန်ကြောက်လန့်နေပုံပေါ်သည်။ သေခြင်းနှင့် ရှင်ခြင်းဟူသော သဘာဝတရားကို သူက ဆန့်ကျင်လိုနေပြီး ဓားအမွေအနှစ် ချန်ထားခဲ့သော ကုမျိုးနွယ် ဘိုးဘေးကြောင့် ကိုယ်ကျိုးအတွက် အသုံးပြုမည်ဟု စိတ်ပိုင်းဖြတ်ထား၏။

"ငါတို့ ကုမျိုးနွယ်က လင်းချန်နဲ့ ပူးပေါင်းထားမှ​တော့ ယွမ်ရှောင်ကို သတ်ဖို့ အစွမ်းကုန်ကြိုးစားရမယ်။ တကယ်လို့ လင်းချန်က ဂုဏ်သိက္ခာကြောင့် မလှုပ်ရှားရင်တောင် ကုမျိုးနွယ်က လုပ်ကိုလုပ်ရမယ်"

"နားလည်ပါပြီ။ အဆင့်အတန်းမြင့်သူ တစ်ယောက်ကို ရှင်းပစ်ဖို့ လူထုအမြင်ကို မကောင်းသတင်းနဲ့ လှည့်စားရမယ်။ ဒါပေမယ့် ဖီးနစ်မျှော်စင် ဖြစ်ရပ်ကြောင့် သူက ဂုဏ်သတင်း ကျော်ကြားသွားနိုင်တယ်။ ဘယ်လိုကိုင်တွယ်ရမလဲ"

ကုရင်အနေဖြင့် လင်းချန်သည်လည်း လူကောင်းတစ်ယောက် မဟုတ်ကြောင်း ပိုင်ချင်းရွှယ်အဖြစ်မှ သိထားခဲ့သည်။

"ငါ့မှာ အကြံတစ်ခုရှိတယ်။ သူ့ရဲ့ ဂုဏ်သိက္ခာကို မြောင်းထဲ ရောက်စေပြီး လူတိုင်းက စိတ်ပျက်သွားကြလိမ့်မယ်။ နတ်ဆိုးဓားဝိညာဥ်ဆိုတာ ကြားဖူးလား"

ကုရွှမ်၏ အပြုံးက သရဲသဘက်ဆန်ဆန် ပြောင်းလဲသွားသည်။ ကိုယ်ဝန်ဆောင် ဓားကျင့်ကြံသူ မိန်းကလေးတစ်ယောက်ကို နတ်ဆိုးက စော်ကားလိုက်လျှင် မွေးဖွားလာသော ကလေး၏ ဓားဝိညာဥ်မှာ ညစ်ညမ်းသော နတ်ဆိုးဓားဝိညာဥ် ဖြစ်လာပြီး ထူးခြားသော စွမ်းရည်တစ်ခု ရှိပေလိမ့်မည်။ ၎င်းက ဖီးနစ်များကို စုပ်ယူရာတွင် နတ်ဆိုးအချင်းချင်း သဘာဝတူညီသောကြောင့် သာမန်လူများထက် ပို၍ စွမ်းဆောင်နိုင်သည်။ ထို့ကြောင့် သူသည် ယွမ်ရှောင်ကို နတ်ဆိုးဓားဝိညာဥ်ပိုင်ရှင်အဖြစ် တံဆိပ်ကပ်လိုက်လျှင် မည်သူမှ လက်မခံနိုင်ဘဲ နတ်ဆိုးသူလျှိုအဖြစ် စွပ်စွဲကြပေလိမ့်မည်။

"ဒါပေမယ့် သူက နတ်ဆိုးသူလျှို မဟုတ်ဘူးမလား။ နတ်ဆိုးဓားဝိညာဥ်တွေက အဆင့်မြင့် မရှိဘူးလေ"

ကုရင်က နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်သော်လည်း ပြဿနာတစ်ခု စဥ်းစားမိခဲ့သည်။

"မဟုတ်ဘူးလေ။ ဒါပေမယ့် အမှန်တရားက ဘာအရေးပါလို့လဲ။ ငါတို့က နည်းနည်းလောက် သွေးထိုးလိုက်တာနဲ့ လူတိုင်းရဲ့ အိပ်မက်ဆိုး ဖြစ်လာမှာပဲ"

ကုရွှမ်၏အကြံကို သူ့အနေဖြင့် မလေးစားဘဲ မနေနိုင်တော့ပေ။ ရက်စက်ပြတ်သားသူတစ်ယောက်ကို နတ်ဆိုးသူလျှိုအဖြစ် တံ​ဆိပ်ကပ်လိုက်လျှင် အလိုလို ပြဿနာကြီးသွားပေလိမ့်မည်။ ထို့အပြင် နတ်ဆိုးဓားဝိညာဥ်၌ ပြစ်ချက်တစ်ခု ရှိပြီး တည်ငြိမ်ခြင်း ကင်းမဲ့ကာ အသက်နှစ်ဆယ်အရောက်တွင် ပေါက်ကွဲသွားတတ်သည်။ ထို့ကြောင့် မိုးပြာရောင် ဖီးနစ်များကို ယွမ်ရှောင်က စုပ်ယူသွားသောကြောင့် ဖြုန်းတီးမှုတစ်ခုဟု ကောလဟာလများ ထပ်မံဖြန့်ဝေလိုက်လျှင် ထာဝရဓားအကျဥ်းထောင်၏ လူတိုင်း မုန်းတီးသွားကြပေလိမ့်မည်။

"တစ်နေ့မှာ သူ အသတ်ခံလိုက်ရရင်တောင် နတ်ဆိုးဓားဝိညာဥ် ပေါက်ကွဲတာဆိုပြီး အကြောင်းပြလို့ရတယ်"

ကုရွှမ်၏အကြံမှာ အလွန်တရာ အောက်တန်းကျပြီး ပါရမီရှင်တစ်ယောက်ကို ကောင်းကင်မှ ဆွဲချရန် အကောင်းဆုံးပင်။ အမည်ခံ ဓားအင်မော်တယ် တစ်ယောက်ပင် လူထု၏ မုန်းတီးခြင်းခံရလျှင် ပြဿနာကြီးနိုင်ပြီး ပါရမီရှင်ဆိုသည်မှာလည်း အစွမ်းထက် ကျင့်ကြံသူတစ်ယောက် မဖြစ်လာသေးပေ။

"အဘိုးက သတင်းတွေ ဖြန့်လိုက်ပြီလား"

"အပြင်ထွက် လမ်းလျှောက်ပြီး နားလေးဘာလေး စွင့်ထား"

ကုရင်၏ အမေးကို ကုရွှမ်က အပြုံးတစ်ခုဖြင့် ဖြေလိုက်ကာ ဓားအပျက်အစီးနယ်မြေတွင် နှစ်ပေါင်းများစွာ မင်းမူခဲ့သော ကုမျိုးနွယ်၏ ကွန်ရက်မှာ အလွန်တရာကြီးမားသည်။ သူတို့၏ လက်ချက်ဖြစ်ကြောင်း လင်းချန်ကို ဖုံးကွယ်ထားကာ လူထုအမြင်လွဲမှားမှုအပေါ် အပြစ်ပုံချရန် စီစဥ်ထားသည်။ ကုမျိုးနွယ်၏ အမြင်တွင် ကောင်းကင်သို့ လက်ရှိရောက်နေသော ယွမ်ရှောင်၏ ဘဝမှာ ကျိုးပဲ့လွယ်ပြီး မည်မျှ ပါရမီရှိပါစေ၊ ကျရှူံးရမည်ဟု အပိုင်တွက်ထားလေသည်။

All Chapters