← Chapters

ကျန်းမု

Vol. 21 Ch. 270

ကျန်းမု

Vol. 21 Ch. 270

သွေးရေကန်မှာ နတ်ဆိုးများ၏ အသွေးအသားကို တစ်နေရာတည်း၌ ပေါင်းစည်းထားသော ဆေးအိုးကြီးပမာဖြစ်ကာ သွေးပင်လယ်အလား ထင်မှတ်ရသည်။ မရေမတွက်နိုင်သော အနှိပ်စက်ခံ နတ်ဆိုးဝိညာဥ်များ၏ ငိုသံများက လေထဲတွင် ပျံ့နှံ့နေသဖြင့် အနားကပ်လာသူတိုင်း ကျောစိမ့်သွားစေနိုင်၏။ ယွမ်ရှောင်နှင့် ဓားအစောင့်အရှောက်က ကျက်သရေရှိစွာ ဆင်းသက်လာပြီး လုံလောက်သော အကျိုးပြုမှုများ စွမ်းဆောင်ပြီးလျှင် ဓားဝိညာဥ်အတွက် ဓားစက်ကွင်းများ လဲလှယ်ရန် ဓားအပျက်အစီးနယ်မြေ၏ ကျင့်ကြံသူများ လာရောက်တတ်သည့် ရေကန်သို့ ဦးတည်လိုက်၏။

"ကျန်းမုကို ခေါ်လိုက်ပါ"

ဦးညွှတ်ကြိုဆိုနေသော ဓားသမားများကို ဓားအစောင့်အရှောက်က အမိန့်ပေးလိုက်သည်နှင့်တပြိုင်နက် အဖြူနှင့်အနက် ဝတ်ရုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်း လူတစ်ယောက် ရေကန်အတွင်းမှ ထွက်ပေါ်လာ၏။

"ဒါက ကျန်းမုပါ။ ငါ့သမက်ရဲ့ ညီဖြစ်ပြီး အသက်အငယ်ဆုံး ကြီးကြပ်သူတစ်ယောက်ပဲ"

ဓားအစောင့်အရှောက်က မိတ်ဆက်ပေးလိုက်ပြီး မုတလုံ၏ မတ်ဖြစ်သောကြောင့် မုမျိုးနွယ်ဝင်ဖြစ်သည်ဟု ဆိုနိုင်သည်။

"ကြိုဆိုပါတယ် သခင်လေးယွမ်။ ခင်ဗျားရဲ့ ကျော်ကြားမှုက အတော်ကြီးမားပါတယ်။ ကိုယ်တိုင်မြင်ရတဲ့အခါမှာလည်း အင်မော်တယ် တစ်ယောက် ဆင်းသက်လာသလို ခံစားမိပါတယ်။ ငရဲကိုးထပ်မှာ ပြိုင်ဘက်ကင်း အသွင်အပြင်ပါပဲ"

ကျန်းမုက ဦးညွှတ်လိုက်ပြီး ထာဝရဓားအကျဥ်းထောင်တွင် လူချောတစ်ယောက်အဖြစ် ထင်ရှားသော်လည်း တစ်ဖက်လူနှင့် မယှဥ်သာပေ။

"ငါ မှတ်မိသလောက်ဆိုရင် သွေးရေကန်မှာ ငရဲနတ်ဆိုး သွေးကျောက် ခုနစ်ခု ရှိတယ်မလား။ သခင်လေးယွမ်က လိုအပ်နေတယ်။ ယူလာခဲ့"

ဓားအစောင့်အရှောက်က ဒဲ့တိုးဆန်ဆန်ဖြင့် ယွမ်ရှောင်အစား အမိန့်ပေးလိုက်သောအခါ ကျန်းမုမှာ တုံ့ဆိုင်းနေပုံရသည်။

"ဘာပြဿနာရှိလို့လဲ"

သူက မျက်မှောင်ကြုတ်၍ ဓားအပျက်အစီးနယ်မြေ၏ အဖိုးတန်ရတနာများဖြင့် ယွမ်ရှောင်ကို မျက်နှာလုပ်ရန် စိတ်မရှည်တော့ပေ။

"ကျုပ်က ထုတ်မပေးချင်တာ မဟုတ်ပါဘူး။ ဒါပေမယ့်....".

"ဘာဒါပေမယ့်လဲ။ ပြောစမ်း"

"သခင်လေးလင်းအတွက် ငရဲနတ်ဆိုး ဓားစက်ကွင်းခုနစ်ခုလုံးကို အရိုးခြောက်စောင့်ရှောက်သူက ယူသွားခဲ့ပါတယ်။ ဘယ်လိုသတင်းပို့ရမလဲ စဥ်းစားရခက်နေလို့ပါ"

ကျန်းမုက မည်သို့မှ မတတ်နိုင်ဟန်ဖြင့် ဖွင့်ပြောလိုက်သောအခါ ဓားအစောင့်အရှောက်ရော ယွမ်ရှောင်ပါ တိတ်ဆိတ်သွားကာ ပြိုင်ဘက်၏ လှုပ်ရှားမှုမှာ မြန်ဆန်လွန်းနေသည်။ ကြည့်ရသလောက် အရိုးခြောက်စောင့်ရှောက်သူ အဘိုးကြီးကုမှာ ဓားအစောင့်အရှောက်ထက် ပို၍ ဉာဏ်များပုံရသည်။

"တောင်းပန်ပါတယ် သခင်လေးယွမ်။ ဆရာက ဒီလောက်မျက်နှာပြောင်တိုက်မယ်လို့ ငါ မထင်ထားဘူး"

ဓားအစောင့်အရှောက်က အားနာစကားဆိုသည်။

"တောင်းပန်စရာ မလိုဘူး။ သူတို့ကို လင်းချန်အတွက် လောလောဆယ် ချေးပေးလိုက်တယ်လို့ မှတ်ထားမယ်"

ဓားစက်ကွင်းများမှာ အစားထိုးနိုင်သောကြောင့် ယွမ်ရှောင်က ဒေါသူပုန်မထဘဲ တည်ငြိမ်နေခဲ့သည်။

"သွေးရေကန်မှာ အစွမ်းထက်သွေးကျောက်တွေ ရှိပါသေးတယ်။ ငရဲနတ်ဆိုး သွေးကျောက်တွေလောက် အဆင့်မမြင့်ပေမယ့် သုံးလို့ရပါတယ်။ ဘယ်လိုသဘောရလဲ"

"အစွမ်းအထက်ဆုံးမဟုတ်ရင် ကျုပ် စိတ်မဝင်စားဘူး"

ယွမ်ရှောင်က ငြင်းဆန်လိုက်သောကြောင့် လင်းချန် ယူသွားသော သွေးကျောက်များကို လက်မလွှတ်လိုကြောင်း ထင်ရှားနေကာ ကျန်းမုမှာ ခပ်ကုပ်ကုပ်ဖြစ်နေသည်။

"ကျန်းမု နောက်တစ်ခါကျရင် သတ္တိရှိစမ်း။ ငါ မင်းကို ကျောထောက်နောက်ခံ လုပ်ပေးမယ်။ မင်းကို တစ်ခုခု တောင်းဆိုလာရင် တတ်နိုင်သလောက် အချိန်ဆွဲထား"

ဓားအစောင့်အရှောင်က ကျန်းမုကို သတိပေးလိုက်သည်။

"သခင်လေးလင်းရဲ့ စမ်းသပ်ချက်ပြီးပြီးချင်းဆိုတော့ နောက်ထပ် အမည်ခံ ဓားအင်မော်တယ် တစ်ယောက် ပေါ်လာမယ်ဆိုတာ ထင်မထားမိလို့ပါ"

ကျန်းမုက ခါးသက်သက် ပြုံးလိုက်၏။ ထို့နောက် ယွမ်ရှောင်နှင့် ဓားအစောင့်အရှောက်က သူ့ကို အပြစ်မတင်ဘဲ ထွက်ခွာသွားသောအခါ နာရီဝက်အကြာ၌ ဓားပျံတစ်လက်ဖြင့် ဆန့်ကျင်ဘက်လားရာသို့ ခိုးကြောင်ခိုးဝှက် ထွက်လာခဲ့သည်။ မကြာမီ သူက အင်​မော်တယ် နန်းတော်ရှေ့သို့ ဆင်းသက်ကာ ကျောပေါ်တွင် ဓားအိမ်တစ်လက် သယ်ပိုးထားသည့် ဓားကျွန်တစ်ယောက် ဒူးထောက်နေသည့်မြင်ကွင်းနှင့် နန်းတော်အတွင်းမှ မိန်းမတစ်ယောက်၏ မကြားဝံ့မနာသာ ညည်းသံများ တွေ့ကြုံလိုက်ရ၏။

"သခင်လေးလင်းက တကယ်တက်ကြွတယ်"

သူက အနားရှိ နန်းဆောင်တစ်ခုတွင် လက်ဖက်ရည်သောက်နေသော ကြီးကြပ်သူ သုံးယောက်ထံ ချဥ်းကပ်သွားခဲ့သည်။ ကျင့်ကြံဆင့် မြင့်မားသည့် ပိုင်ချင်းရွှယ် အန္တရာယ်ပေးလာမည်ကို စိုးရိမ်သောကြောင့် သူတို့က လင်းချန်ကို စောင့်ရှောက်ရန် တာဝန်ယူထားရသည်။ သူက လစ်ဟာနေသော ထိုင်ခုံတွင် ဝင်ထိုင်၍ သိုလှောင်အိတ်အတွင်းမှ အထုပ်တစ်ခုကို ကုရွှမ်အနားတွင် ချထားလိုက်သည်။

"ဘာတွေလဲ"

ကုရွှမ်က မျက်လုံးများ ကျဥ်းမြောင်း၍ စိုက်ကြည့်ခဲ့သည်။

"ငရဲနတ်ဆိုး သွေးကျောက် ခုနစ်ခု။ ဓားအစောင့်အရှောက်နဲ့ ယွမ်ရှောင်က ဒါတွေကို လာယူခဲ့ပေမယ့် ကျုပ်က အကြောင်းပြချက်ပေးပြီး သခင်လေးလင်းအတွက် ယူလာပေးတာပါ"

ကျန်းမုက အောင်နိုင်သူ အပြုံးမျိုးဖြင့် တစ်လုံးချင်း ဖြေလိုက်သည်။

"လုပ်တာ.ကောင်းတယ်။ ကျန်းမုရှိနေရင် သခင်လေးလင်းက သွေးရေကန်ကို သွားနေစရာမလိုဘူးလို့ ငါပြောခဲ့ပါတယ်"

ကုရွှမ်က သူ့ကို ချီးကျူး၍ ယွမ်ရှင်းဟယ်နှင့် ဖုန်းပုဟွေဘက်လှည့်ကာ စကားဆိုလိုက်သည်။

"အ​ကောင်းဆုံး ဓားစက်ကွင်းတွေက အတော်ဆုံး ပါရမီရှင်နဲ့သာ လိုက်ဖက်ပါတယ်"

ကျန်းမုက မြှောက်ပင့်၍ ကြီးကြပ်သူ သုံးယောက်ကို မြှောက်ပင့်လိုက်၏။

"မင်းရွေးချယ်လိုက်တာ မှန်ပါတယ်။ မင်းရဲ့ အစ်ကို ဘယ်လိုသေသွားတယ်ဆိုတာ ဘယ်သူမှ မသိစေရဘူး"

ကုရွှမ်က ခေါင်းညိတ်၍ တစ်ချက်စိုက်ကြည့်သည်။

"မရီးကို လိုချင်ပါတယ်"

ကျန်းမု၏ ရည်ရွယ်ချက် အစစ်အမှန် ထွက်ပေါ်လာ၏။

"မုတလုံက မင်းအပိုင်ပဲ ဟား ဟား"

ကြီးကြပ်သူ သုံးယောက်က ဆိုလိုရင်းကို နားလည်ဟန်ဖြင့် အာမခံလိုက်ပြီး နန်းတော်တံခါးများ ပွင့်လာကာ လင်းချန်နှင့် ရှက်သွေးဖြာနေသော ရွှမ်ကျန်း ထွက်လာခဲ့သည်။ အခန်းထဲတွင် အဝတ်ဗလာဖြင့် ပိုင်ချင်းရွှယ်မှာ ဗလာမျက်ဝန်းများဖြင့် လဲပြိုကျလျက်သား ကျန်ရစ်၏။

"သခင်လေးလင်း"

လူတိုင်းက မတ်တပ်ရပ် ကြိုဆိုလိုက်ပြီး ရွှမ်ကျန်းသည် အလိုက်သိစွာ လက်ဖက်ရည်ငှဲ့ပေး၍ ပြုစုပေးနေသည်။

"ဘာတွေပျော်စရာကောင်းနေတာလဲ။ ငါ ရယ်သံတွေ ကြားလိုက်ရတယ်"

လင်းချန်က သူ၏ ဘက်တော်သားများကို ယဥ်ကျေးနှိမ့်ချစွာ ဆက်ဆံခြင်းဖြင့် စည်းရုံးတတ်သည်။

"ငါတို့အတွက် အောင်ပွဲတစ်ခု။ ဆန့်ကျင်ဘက်မှာတော့ အရှုံးပေါ့"

ကုရွှမ်က ကျန်းမုနှင့် မိတ်ဆက်ပေးပြီး ငရဲနတ်ဆိုး ဓားစက်ကွင်းများအကြောင်း ဇာတ်ကြောင်းပြန်ခဲ့သည်။

"ခင်ဗျားက အစ်ကို့ကို သတ်ပြီး မရီးကို လိုချင်နေတယ်။ တကယ့်ကို လူကောင်း မဟုတ်ဘူး"

လင်းချန်၏ မှတ်ချက်ကြောင့် ကျန်းမု ရင်ထိတ်သွားကာ အလျင်အမြန်ဒူးထောက်၍ တောင်းပန်နေသည်။

"ကျုပ်က လူငယ်ပီပီ စိတ်အလိုလိုက်မိလို့ အမှားကြီး ကျူးလွန်ခဲ့ပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ သခင်လေးလင်း"

"အမှားကြီး မဟုတ်ပါဘူး။ ကျင့်ကြံရေးလမ်းကြောင်းမှာ အောင်မြင်ဖို့ ပြင်းပြတဲ့ ဆန္ဒလည်း လိုအပ်တယ်။ စိတ်အားထက်သန်မှု မရှိတော့ရင် လူက အခေါင်းပေါက် ဖြစ်သွားပြီး လောကကြီး ထိန်းချုပ်တာ ခံရလိမ့်မယ်။ မင်းက စိတ်ဆန္ဒအတိုင်း လုပ်ဆောင်လို့ စစ်မှန်တဲ့ တာအိုရှာဖွေသူတစ်ယောက်ပါပဲ"

လင်းချန်က လက်ကာပြ၍ မတ်တပ်ရပ်ရန် အချက်ပြလိုက်သည်။ သူ၏ အသက်အရွယ်ဖြင့် ဤရင့်ကျက်မှုမျိုး မရှိနိုင်သောကြောင့် ကြီးကြပ်သူသုံးယောက်နှင့် ကုရွှမ်မှာ အင်မော်တယ် လူဝင်စားဟု ယုံကြည်နေကြ၏။

"ကျုပ် ကျန်းမုက သခင်လေးလင်းအတွက် အသက်စွန့်ပြီး ခစားဖို့ ဆန္ဒရှိပါတယ်"

ကျန်းမု၏ မျက်ဝန်းများ တောက်လောင်လာကာ လေးနက်စွာ သစ္စာဆိုလိုက်သည်။

"ဒါဆိုရင် သူတို့က သွေးရေကန်ကို ငရဲနတ်ဆိုး သွေးကျောက်ယူဖို့ ရောက်လာပေမယ့် မင်းက လှည့်စားပြီး ငါ့အတွက် ယူလာပေးတယ်ပေါ့"

လင်းချန်၏ အကြည့်က စားပွဲပေါ်ရှိ အထုပ်ငယ်ထံ ကျရောက်သွားသည်။

"ဟုတ်ပါတယ်"

"ဒါဆိုရင် လက်ခံလိုက်ပါမယ်"

သူက အတွင်းသို့ လက်လှမ်း၍ ပဲစေ့အရွယ် သွေးကျောက်တစ်ခုကို ဆွဲထုတ်လိုက်သောအခါ အပြာရောင် မီးလျှံ တောက်လောင်နေ၏။ မိုးပြာရောင် ဖီးနစ်တစ်ကောင်၏ ပုံရိပ် ထွက်ပေါ်လာကာ နန်းဆောင်အမိုးပင် မီးတောက်များ ဟပ်နေသည်။ ၎င်းက မိုးပြာဖီးနစ်၏ သွေးကျောက်ဖြစ်ကာ ခုနစ်ခုအနက် မည်သည့်သွေးကျောက်.ဖြစ်ပါစေ အခြားသူများ သေလောက်အောင် မနာလိုအားကျစေရန် လုံလောက်၏။

"ဒါက သူရဲကောင်းတစ်ယောက်ရဲ့ ဓားကို အလှလေးတစ်ယောက်နဲ့ တန်ဆာဆင်လိုက်သလိုပါပဲ"

လင်းချန်သည် အရောင်ကိုးမျိုး ဓားဝိညာဥ်၏ အပြာရောင် အပိုင်းတွင် ၎င်းကို တပ်ဆင်လိုက်သောအခါ ကုရွှမ်က ဖားယားမြှောက်ပင့်ရန် မေ့မနေခဲ့ပေ။

"ငါ့အတွက် အဆင့်နိမ့်တဲ့ ရတနာတွေပဲ။ ခနလောက် သုံးပြီးရင် လွှင့်ပစ်ရမယ်"

ကြီးကြပ်သူများ အမြဲတောင့်တနေသည့် သွေးကျောက်များ ဖြစ်နေသည့်အတွက် သူက ဤအတွေးကို စိတ်ထဲ၌ ထိန်းသိမ်းထားရသည်။

"သခင်လေးလင်းရဲ့ ဓားဝိညာဥ်မှာ ဓားစက်ကွင်း ဘယ်နှခု တပ်ဆင်နိုင်ပါသလဲ"

ထိုအချိန်တွင် ကြီးကြပ်သူများသည် အရောင်ကိုးမျိုး ဓားဝိညာဥ်၌ ဓားစက်ကွင်း မည်မျှတပ်ဆင်နိုင်ကြောင်း သိချင်စိတ် တဖွားဖွား ဖြစ်ပေါ်လာခဲ့လေသည်။

All Chapters