တပည့်.. ငါမင်းကို နဂါးနိုင်လက်ဝါးသိုင်း သင်ပေးမယ်
Vol. 3 Ch. 33
"ဘုန်း.."
လီရွှမ်က လက်ဝါးချက်ဖြင့် ရိုက်ထုတ်လိုက်၏။ သူ၏ သွေးနှင့်ချီစွမ်းအင်က လှိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပေများစွာအကွာရှိ ပေါင်လုံးလောက်ကြီးသည့် သစ်ပင်တစ်ပင်ကို ထိမှန်သည်။
သစ်ပင်သည် လက်ဝါးချက်ကြောင့် ချက်ချင်းပင် ပျက်စီးသွားပြီး အစအနများက နေရာအနှံ့ လွင့်စင်ကုန်ကြသည်။
'ဒါကတော်တော်လေး စွမ်းအားကြီးတယ်။ ဒါပေမယ့် ချီနဲ့သွေးစွမ်းအင်ကိုလည်း အများကြီး ကုန်ဆုံးစေတယ်..'
'အသေအချာပဲ။ ခွန်အားသက်သက်ကို မှီခိုနေတာက အလုပ်မဖြစ်ဘူး။ တူညီတဲ့ခွန်အားနဲ့ ရန်သူတစ်ယောက်ကိုတွေ့ရင် သေချာပေါက် ရှုံးနိမ့်မှုနဲ့ကြုံရမှာ..'
'ငါ့မှာ ဒီလက်ဝါးချက်ရဲ့ စိတ်ကူးတစ်ခုတော့ ရှိနေပြီးပြီ။ အထောက်အကူပြု စကားစုဖော်မြူလာ တစ်ခုကို ဖန်တီးပြီးရင် ရွှီယန်ကို လက်ဆင့်ကမ်းလို့ရပြီ..'
လီရွှမ်က လေပူများကို မှုတ်ထုတ်သည်။
'ခန္ဓာကိုယ်လှုပ်ရှားမှု အတတ်ကရော။ ငါသူ့ကို ဘယ်လိုသင်ပေးရမှာလဲ..'
'ငါ့ကိုယ်ငါတောင် ဘာမှန်းမသိတာ။ ငါတပည့်ကို ဘယ်လို သင်ပေးရမှာလဲ။ အကြမ်းထည် ခွန်အားကိုပဲ အသုံးပြုပြီး သရုပ်ပြလို့တော့ ဖြစ်မှာမဟုတ်ဘူး..'
ခန္ဓာကိုယ် လှုပ်ရှားမှုအတတ်အား တွေးကြည့်ပြီးနောက် လီရွှမ်ဟာ ခေါင်းခဲလာပြန်ခဲ့၏။
'ငါစဉ်းစားတာက အရမ်းကြီး ရှေ့ရောက်နေတာများလား...ငါဘာလို့ သူ့ကိုကိုယ်တိုင် လုပ်ပြရမှာလဲ..'
'စကားစုဖော်မြူလာနဲ့ သီအိုရီဖွဲ့စည်းပုံကို သင်ပေးလိုက်ပြီး သူ့ဘာသာ နားလည်သဘောပေါက်အောင် လုပ်ခိုင်းလိုက်ရင် ရတယ်မှတ်လား..'
ထိုကဲ့သို့ တွေးမိပြီးနောက် လီရွှမ်တွင် စိတ်ကူးတစ်ခု ရုတ်တရက် ရလာခဲ့သည်။ ရွာ၏အပြင်ဘက်တွင် ပြန့်ပြူးသည့် မြေပြင်တစ်ခုကို ရှာ၏။
'သဘာဝ၈ပါးပုံကြမ်း(ပါကွာ)ကို ဘယ်လိုဆွဲရမလဲ..'
လီရွှမ် သူ၏ပြီးခဲ့တုန်းကဘဝတွင် မြင်တွေ့ခဲ့ဖူးသည့် သဘာဝ၈ပါးပုံကြမ်းကို ပြန်လည်စဉ်းစားကာ လက်ကိုဝှေ့ရမ်းလိုက်သည်။
သွေးနှင့်ချီစီးကြောင်းက ထွက်ပေါ်လာပြီး မြေပြင်ပေါ်တွင် ပုံတစ်ခုကို စတင်ဆွဲ၏။
"ကြည့်ရတာ ဒီလိုမျိုးထင်တယ်.."
မြေပြင်ပေါ်တွင် ရေးဆွဲပြီးသည့် သဘာဝတရား၈ပါးပုံကြမ်းကို တစ်ချက်ကြည့်ပြီးနောက် လီရွှမ်က ကျေနပ်စွာ ခေါင်းငြိမ့်သည်။
ရွှီယန်ပြန်လာသည့်အခါ သူ့ကို ဒီနေရာတွင် ကျင့်ကြံခိုင်းရပေမည်။ တစ်ချိန်တည်းတွင် သဘာဝ၈ပါး ပုံကြမ်းအပေါ်၌ လေ့လာမှုပြုခိုင်းကာ ဉာဏ်အလင်းအချို့ ရရှိလာနိုင်စေမှာလည်း ဖြစ်နိုင်၏။
အရာအားလုံး အဆင်သင့်ဖြစ်ပြီးနောက် သူ့တွင် တပည့်ဖြစ်သူ ရွှီယန်၏ ပြန်လာမှုကိုသာ စောင့်ဆိုင်းရန် လိုအပ်ပါတော့သည်။ ယခုအချိန်၌ လီရွှမ် လုံးဝစိတ်သက်သာရာ ရသွားခဲ့ပါပြီ။
ရွှီယန်သည် အိမ်သို့ပြန်မည်ဟု ထွက်ခွာသွားပြီးနောက် ၁၀ရက်ပင်မကြာဘဲ ပြန်လာခဲ့၏။ ဓားပြများကို တိုက်ခိုက်ရာတွင် သူ၏အကြမ်းထည် ခွန်အားကိုသာ အသုံးပြုခဲ့ရပြီးနောက် သိုင်းပညာစကေး လိုအပ်နေမှုကို သတိထားမိပြီး အိမ်တွင်အကြာကြီး မနေလိုတော့ပါ။
ထို့ကြောင့် အမြန်ပြန်ခဲ့ခြင်းဖြစ်၏။
"ဆရာ.."
သူက လေးစားစွာဖြင့် အရိုအသေပေးသည်။ ဆရာ့ဆီမှ သိုင်းပညာစကေးကို သင်ကြားရန်အတွက် မည်ကဲ့သို့ စကားစရမည်အား စဉ်းစား၏။
"အင်း.."
လီရွှမ်က ခေါင်းငြိမ့်ကာ မတ်တပ်ရပ်သည်။ ရွာ၏အပြင်ဘက်သို့ လျှောက်ထွက်သွား၏။
"မင်းပြန်လာတာ အချိန်ကောင်းပဲ။ ငါနဲ့လိုက်ခဲ့.."
တပည့်ဖြစ်သူက မေးမြန်းခြင်း မပြုခင်တွင်ပင် သိုင်းပညာစကေးများကို သင်ကြားပေးရန်အတွက် ဆုံးဖြတ်လိုက်သည်။ သူ၏ ဆရာသခင်တစ်ယောက်၏ အရာအားလုံးကို မြင်နိုင်ကာ အနှိုင်းမဲ့ပုံအား ပြသလေသည်။
"ဟုတ်ကဲ့ပါဆရာ.."
ရွှီယန်က ကြောင်တောင်သွား၏။ ဆရာဖြစ်သူက မည်သည်အား ညွှန်ကြားလိုသည်ကို နားမလည်နိုင်ဘဲ ရှိနေပါသည်။
သူတို့တွေ ရွာ၏အပြင်ဘက်ရှိ တောင်ကုန်းတစ်ခုအပေါ်သို့ ရောက်ရှိသွား၏။ လီရွှမ်က လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ပြောသည်။
"တပည့်... မင်းက သိုင်းပညာရဲ့ စတင်ခြင်းအဆင့်ကို ရောက်ရှိနေပြီး ဖြစ်ပေမယ့် မင်းမှာ ချီနဲ့သွေးစွမ်းအင်ပဲ ရှိတယ်.."
"အဲ့ဒါကို ဘယ်လို အသုံးပြုရမယ် သို့မဟုတ် ရန်သူကို ဘယ်လို တိုက်ခိုက်ရမယ်ဆိုတာ မသိသေးဘူး.."
"သိုင်းပညာရဲ့ လမ်းစဉ်က သက်ဆိုင်ရာ အဆင့်တစ်ခု ရှိနေရုံနဲ့မပြီးဘူး။ သိုင်းပညာရှင်တွေက ပိုပြီးတော့ သန်မာလေလေ ပိုမိုနက်ရှိုင်းပြီး စွမ်းအားကြီးမားတဲ့ စကေးတွေ သိုင်းကွက်တွေကို တတ်မြောက်လေလေပဲ.."
ထိုစကားကို ကြားရပြီးနောက် ရွှီယန် အလွန်စိတ်လှုပ်ရှားသွား၏။
'ဆရာကငါ့ကို သိုင်းပညာစကေးတွေ သင်ကြားပေးတော့မှာလား။ နောက်ဆုံးတော့ အကြမ်းထည် ခွန်အားကို အသုံးပြုဖို့ပဲသိတဲ့ လူတစ်ယောက်အဖြစ်ကနေ ပြောင်းလဲတော့မယ်..'
လီရွှမ်က နောက်သို့လှည့်ကာ သူ၏ ငတုံးတပည့်ကိုကြည့်ပြီး နက်ရှိုင်းစွာ ပြောသည်။
"ဒီနေ့ကစပြီး ငါမင်းကို နဂါးနိုင်လက်ဝါးသိုင်း သင်ပေးမယ်.."
"အဲ့ဒါက သိုင်းပညာစကေးတစ်ခု ဖြစ်သလို ဒီဗိုင်းစွမ်းအားတစ်ခုလည်း ဖြစ်တယ်။ မင်းရဲ့အဆင့် ပိုပြီးမြင့်မားလေလေ.. နားလည်သဘောပေါက်မှု ပိုမိုမြင့်မားလေလေ ပိုပြီးစွမ်းအားကြီးလေပဲ.."
ထိုသိုင်းပညာ၏ အကြောင်းကို စဉ်းစားကာ အစက လီရွှမ်သည် ၎င်းကို နဂါးနိုင်လက်ဝါးသိုင်း၁၈ကွက်ဟူ၍ အမည်ပေးလိုလေသည်။
သို့ပေမယ့် ပြန်လည်တွေးတောပြီးနောက် ဤသည်က တပည့်ဖြစ်သူ၏ နားလည်သဘောပေါက်မှု လမ်းစဉ်ကို ကန့်သတ်သလို ဖြစ်မည်အား စိုးရိမ်သွား၏။
ထို့ကြောင့် ၎င်းကို နဂါးနိုင်လက်ဝါးဟုသာ အမည်ပေးလိုက်ခြင်း ဖြစ်သည်။
အမည်က ကိစ္စမရှိပေ။ အဓိကအချက်မှာ စွမ်းအားဖြစ်၏။ ထို့အပြင် သူ၏အစီအစဉ်မှာ နဂါးနိုင်လက်ဝါသိုင်းကို တပည့်ဖြစ်သူ၏ တိုးတက်မှုနှင့်အတူ ဆက်လက်စွမ်းအားကြီးလာစေရန် ဖြစ်သည်။
စွမ်းအားကြီး ဒီဗိုင်းသိုင်းစကေးတစ်ခု ဖြစ်လာစေလို၏။ အောင်မြင်မည်မအောင်မြင်မည်ကတော့ တပည့်ဖြစ်သူ၏ နားလည်သဘောပေါက်မှုအပေါ်တွင် လုံးဝမှီခိုနေပါသည်။
"နဂါးနိုင်လက်ဝါသိုင်း.."
ရွှီယန်တစ်ယောက် စကားလုံးဖြင့် ဖော်ပြနိုင်မှုမရှိလောက်အောင် စိတ်လှုပ်ရှားသွားသည်။
"ကျေးဇူးတင်ပါတယ်ဆရာ.."
"နဂါးတစ်ကောင်ဆိုတာ ကြီးမားတဲ့စွမ်းအားနဲ့ မွေးရာပါဒီဗိုင်းစကေးတွေကို ပိုင်ဆိုင်ထားတဲ့ ဒဏ္ဍာရီလာသတ္တဝါပဲ... ငါ့တပည့် မင်းနားလည်လား.."
လီရွှမ်က စတင်သင်ကြားသည်။
"ဆရာ အစစ်အမှန်နဂါးရဲ့ အကြောင်းကို ကျွန်တော်စာအုပ်ဟောင်းတစ်ခုထဲမှာပဲ ဖတ်ခဲ့ဖူးပါတယ်.."
"အဲ့ဒါက အနှိုင်းမဲ့တဲ့ သင်္ကေတတစ်ခုလိုပဲ.. လှုပ်ရှားလိုက်တာနဲ့ လေတွေ၊ မိုးကြိုးတွေ၊ မြင့်တက်လာပြီး ကောင်းကင်နဲ့ကမ္ဘာမြေကြီးက အရောင်ပြောင်းသွားရတယ်..."
ရွှီယန်က လေးစားစွာပြောသည်။
'ဒီလောကမှာ နဂါးတွေရဲ့ဒဏ္ဍာရီ ရှိတာလား။ ရွှီယန်ဖတ်ခဲ့တဲ့ ပုံပြင်စာအုပ်က ဒီအတိုင်း စိတ်ကူးယဉ်ထားတာလား။ ဒါမှမဟုတ် လောကမှာ တကယ်တည်ရှိနေတာကို ရေးထားတာလား မသိဘူး..'
လီရွှမ်က ခဏတာ အံ့ဩသွားသည်။ ဒီလောကတွင်လည်း နဂါးများ၏ ဒဏ္ဍာရီရှိနေပြီး ရွှီယန်မှာလည်း ၎င်းနှင့်သက်ဆိုင်သည့် ဒဏ္ဍာရီပုံပြင်များကို ဖတ်ထားရာ ကိစ္စများက ပိုမိုပြောလို့ ကောင်းသွားပါပြီ။
"ဆရာ.. ဒီလောကမှာ အစစ်အမှန်နဂါးတွေ တကယ်ရှိလို့လား.."
ရွှီယန်က စိတ်လှုပ်ရှားစွာနှင့် သိလိုစွာမေးသည်။
"အဲ့ဒါက မင်းနဲ့အများကြီး ဝေးကွာသေးတယ်။ ရှိတာမရှိတာဆိုတာ မင်းလုံလောက်အောင် သန်မာလာပြီးတဲ့အခါကျရင် သိလာလိမ့်မယ်.."
လီရွှမ်က ထိုမေးခွန်းအတွက် တိကျသည့်အဖြေကို ပေးခြင်းမပြုပါ။
"ဟုတ်ကဲ့ပါဆရာ.."
ရွှီယန်က လေးစားစွာ ခေါင်းငြိမ့်သည်။
"ကောင်းပြီ။ ငါမင်းကို နဂါးနိုင်လက်ဝါးသိုင်း သင်ပေးမယ်။ အဲဒီနဂါးသိုင်းရဲ့ အမည်ကို နဂါးနိုင်လက်ဝါးလို့ ပေးထားကတည်းက ဘယ်လောက်စွမ်းအားကြီးမယ်ဆိုတာကို မင်းနားလည်တယ်မှတ်လား.."
"တပည့် နားလည်ပါတယ်.."
"ကြည့်နေ.."
လီရွှမ်က ပြောပြီးနောက် သူ၏လက်ဝါးကို မြှောက်ကာ ရိုက်ထုတ်လိုက်သည်။
"ဘုန်း.."
စွမ်းအားကြီးမားသည့် ချီနှင့်သွေးစွမ်းအားက အလွန်ထည်ဝါစွာဖြင့် ၁၀ပေကျော်အကွာရှိ ပေါင်တစ်ခုမျှ ကြီးမားသည့် သစ်ပင်တစ်ခုကို ချက်ချင်းပျက်စီးသွားစေသည်။
ရွှီယန်က မှင်သက်သွား၏။ နဂါးနိုင်လက်ဝါးသည် အလွန် စွမ်းအားကြီးလှသည်လား။
လီရွှမ်က တပည့်ဖြစ်သူ၏ တုံ့ပြန်ပုံကိုကြည့်ကာ အလွန်ကျေနပ်သွားသည်။ သူ၏လက်များကို နောက်သို့ပစ်ကာ မျက်လုံးများဖွင့်လျှက်နှင့် စတင်လိမ်လည်၏။
"ဒါက ချီနဲ့သွေးအဆင့်ကို ဝင်ရောက်ပြီးတဲ့နောက်မှာ ပြသနိုင်တဲ့ နဂါးနိုင်လက်ဝါးသိုင်းရဲ့ စွမ်းအားပဲ.."
"ဒါပေမယ့် အခု ပြသတဲ့အချိန်မှာ နဂါးနိုင်လက်ဝါးကို အသုံးမပြုထားဘူး။ အဲ့ဒါမှ နဂါးနိုင်လက်ဝါးသိုင်းအပေါ် မင်းရဲ့ကိုယ်ပိုင် စစ်မှန်တဲ့ နားလည်သဘောပေါက်မှုနဲ့ နောင်အခါ မရောထွေးသွားမှာ.."
ရွှီယန်က လေးစားစွာ နားထောင်၏။ သူ၏မျက်နှာက နီရဲနေပြီး မည်မျှ စိတ်လှုပ်ရှားနေသည်အား ပြသနေပါသည်။
"ဆရာ့ရဲ့ ချီနဲ့သွေးအဆင့်ကို ဝင်ရောက်တဲ့အခြေအနေမှာ အသာရိုက်ထုတ်လိုက်တဲ့ ခွန်အားက ဒီလောက်ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ရှိနေတာလား.."
"အဲ့ဒီအပြင် ဆရာက နဂါးနိုင်လက်ဝါးသိုင်းရဲ့ နည်းပညာကိုတောင် မသုံးခဲ့ဘူး။ ဒီနဂါးနိုင်လက်ဝါးသိုင်းက တကယ့်ကို ပြိုင်ဘက်ကင်းအောင် စွမ်းအားကြီးမှာ.."
လီရွှမ်က လေးနက်သည့် အသွင်ဖြင့် နဂါးနိုင်လက်ဝါးသိုင်းကို စတင်ရှင်းပြသည်။
"နဂါးနိုင်လက်ဝါးသိုင်းရဲ့ နည်းပညာက နဂါးတစ်ကောင်သဏ္ဍာန် လက်ဝါးအားတစ်ခုကို လက်ဝါးရိုက်ချက် တစ်ချက်နဲ့ ထုတ်လွှတ်တာပဲ.."
"အဲ့ဒါက နဂါးတစ်ကောင်လိုပဲ စွမ်းအားကြီးပြီးတော့ မြန်ဆန်သွက်လပ်တယ်။ မင်းရဲ့နားလည်သဘောပေါက်မှု ပိုမိုနက်ရှိုင်းလာလေလေ စစ်မှန်တဲ့ နဂါးလက်ဝါးအားကို ထုတ်လွှတ်နိုင်လေပဲ..."
ထို့နောက် သူက လက်ဝါးချက် အနည်းငယ်လောက်အား အသာရိုက်ထုတ်လိုက်သည်။ တပည့်ကို ဆက်လက်ရှင်းပြ၏။
"တကယ့် နဂါးလက်ဝါးအားကို ငါမင်းကို မပြတာက ဘာလို့လဲဆိုတော့ ဆရာ့ရဲ့ နဂါးနိုင်လက်ဝါးမှာ ပါဝင်တဲ့ အစစ်အမှန်နဂါးရဲ့ အဓိပ္ပာယ်အတွင်းမှာ မင်းကျရှုံးသွားမှာကို စိုးရိမ်လို့ပဲ။ အဲ့လိုသာဖြစ်ရင် မင်းရဲ့ကိုယ်ပိုင် နဂါးနိုင်လက်ဝါးကို ကျင့်ကြံနိုင်မှာ မဟုတ်ဘူး.."
"ဆရာက မင်းကို ငါ့ရဲ့အရိပ်အောက်မှာ ချည်နှောင်မခံရစေချင်ဘူး။ သိုင်းပညာမှာ အကန့်အသတ်မရှိဘူး ။ မင်းရဲ့ကိုယ်ပိုင် အစစ်အမှန်အဓိပ္ပါယ်ကို ကျင့်ကြံနိုင်ဖို့ ငါမျှော်လင့်တယ်.."
"မင်းနားလည်လား.."
'ငါကတကယ်ပဲ မင်းကောင်းဖို့အတွက်ပါ..'
'နဂါးသဏ္ဍာန်လက်ဝါးအားကို ပုံဖော်မပြတာက ငါမတက်လို့ မဟုတ်ဘူး..'
လီရွှမ်က လေးနက်စွာ ကြည့်သည်။
ရွှီယန်က နက်ရှိုင်းစွာ ခံစားသွားရ၏။
'ဆရာက တကယ့်ကို အတုမရှိတဲ့ ဆရာပဲ..'
'ငါ့ကိုတပည့်အဖြစ် လက်ခံပြီးတဲ့နောက်မှာ သိုင်းပညာကို ဒီအတိုင်း သင်ပေးရုံတင်မကပဲ ငါ့အတွက် မြင့်မားတဲ့ မျှော်လင့်ချက်တွေလည်း ထားရှိတယ်။ ငါ့ရဲ့သိုင်းပညာအပေါ် စစ်မှန်တဲ့ ကိုယ်ပိုင်အဓိပ္ပာယ်ကို ရှာတွေ့စေဖို့လည်း မျှော်လင့်တယ်..'
'သူ့ရဲ့ပုံရိပ်အောက်ကို ကျဆင်းပြီး ဘယ်တော့မှ တစ်ဘဝလုံး သူ့ကို ဖြတ်ကျော်နိုင်ခြင်း မရှိမှာကို မဖြစ်ရအောင် စီမံပေးတယ်..'
သူ၏မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် နီရဲလာပြီး ခေါင်းငြိမ့်ကာပြောသည်။
"ဆရာ.. ကျွန်တော် နားလည်ပါပြီ.."
"အရမ်းကောင်းတယ်။ ဒီနဂါးနိုင်လက်ဝါးသိုင်းက ငါမင်းကို သင်ပေးခဲ့တဲ့ ကျင့်စဉ်တွေလိုပဲ။ အသွင်သဏ္ဍာန်အစား နားလည်သဘောပေါက်မှုနဲ့ အဓိပ္ပါယ်ကို ပိုပြီးတော့ အာရုံစိုက်ဖို့လိုတယ်။ စစ်မှန်တဲ့ အဓိပ္ပါယ်ကို ခံစားပြီး လေ့လာဖို့လိုတယ်.."
"စစ်မှန်တဲ့ နဂါးလက်ဝါးအားကို တစ်ခါတည်းရိုက်ထုတ်နိုင်ပြီဆိုရင် အစောပိုင်းအဆင့်ကို ရောက်ရှိပြီလို့ ယူဆလို့ရတယ်.."
လီရွှမ်က မူလစကားဟောင်းများအတိုင်းပင် ထပ်မံပြောဆိုကာ သူ၏တပည့်ဖြစ်သူအား ခုနက သူပြသခဲ့သည့် လက်ဝါးရိုက်ချက်အချို့ အပေါ်တွင် အာရုံစိုက်မှု အရမ်းကြီး မပြုရန်နှင့် နားလည်သဘောပေါက်မှုနှင့် အစစ်အမှန်အဓိပ္ပါယ်၏ အရေးပါပုံကို ရှင်းပြသည်။
နဂါးနိုင်လက်ဝါးသိုင်း၏ သီအိုရီဆိုင်ရာ ဖွဲ့စည်းမှုမှ ကိုယ်ပိုင် နားလည်သဘောပေါက်မှုကို ရှာဖွေရမည်ဟုဆို၏။
"ဟုတ်ကဲ့ပါဆရာ.. ကျွန်တော်နားလည်ပါတယ်.."
ရွှီယန်က ခေါင်းငြိမ့်သည်။
လီရွှမ်က ကျေနပ်စွာ ခေါင်းငြိမ့်၏။ နဂါးနိုင်လက်ဝါးသိုင်းအတွက် ရမ်းသန်းတီထွင်ထားသည့် ဖော်မြူလာစကားစုကို မသင်ပေးခင်တွင် မေး၏။
"ငါ့တပည့် မင်းမှာ ဘာမေးခွန်းရှိသေးလဲ.."
ဤသည်မှာ သူ၏ပုံမှန် လုပ်ဆောင်မှုဖြစ်သည်။ သင်ကြားမှုအပြီးတွင် တပည့်ဖြစ်သူအား နားမလည်တာ ရှိသေးလားဟု အမြဲတမ်း မေးလေ့ရှိ၏။
"ဆရာ... ကျွန်တော့မှာ မေးခွန်းတစ်ခုရှိပါတယ်.."
ရွှီယန်က ပြော၏။
"ပြောလေ.."
"ဆရာနဂါးနိုင် လက်ဝါးသိုင်းက နဂါးကိုအနိုင်ယူဖို့ သုံးတာဆိုပြီး.. ဘာလို့ နဂါးသဏ္ဍာန် လက်ဝါးအားကို ထုတ်လွှတ်ရတာလဲ.."
ရွှီယန်၏ မျက်နှာပေါ်၌ ပဟေဠိဖြစ်မှုတစ်ခု ပေါ်လာ၏။
လီရွှမ် "..."