← Chapters

နဂါးနိုင်လက်ဝါးသိုင်းက အံ့သြဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးတာပဲ

Vol. 3 Ch. 34

နဂါးနိုင်လက်ဝါးသိုင်းက အံ့သြဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးတာပဲ

Vol. 3 Ch. 34

လီရွှမ်သည် ရွှီယန်က ယခုကဲ့သို့ မေးခွန်းတစ်ခု မေးမြန်းလာမည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ပါ။ ကျပန်းဖန်တီးထားသည့် ကျင့်စဉ်တစ်ခုကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သည့် လူတစ်ယောက် ပီသလှသည်ဟုသာ ပြောမိသည်။

တစ်ဖက်လူ၏ အတွေးနှင့် အာရုံစိုက်မှုဟာ သာမန်လူများနှင့် ခြားနား၏။ သို့ပေမယ့် ထိုမေးခွန်းမှာ သူ့အတွက် ခက်ခဲခြင်းမရှိပါ။

သူက ချက်ချင်းပင် ရွှီယန်ကို အပြုံးတစ်ခုနှင့်ကြည့်ကာ သူ၏မျက်နှာပေါ်တွင် တပည့်ဖြစ်သူအတွက် ကျေနပ်မှုတို့ဖြင့် ပြည့်နက်လာ၏။

"တပည့်... ဒီအချိန်မှာ ဒီလိုမေးခွန်းမျိုးကို မေးနိုင်တယ် ဆိုကတည်းက မင်းမှာ ကောင်းမွန်တဲ့ နားလည်သဘောပေါက်နိုင်စွမ်း ရှိတယ်လို့ ပြသနေတယ်။ နဂါးနိုင်လက်ဝါးရဲ့ သဘောတရားတွေကို စတင်ဖမ်းဆုပ်နိုင်ဖို့အတွက် အရိပ်အယောင်တွေ ရှိလာခဲ့ပြီ.."

"ပြောစကားတစ်ခု ရှိတယ်။ အဆိပ်ကို အဆိပ်နဲ့ တိုက်ခိုက်တယ်တဲ့။ အဲ့ဒါကို မင်းကြားဖူးတယ်မှတ်လား ငါ့တပည့်.."

"နဂါးနိုင်လက်ဝါးသိုင်း အတွက်လည်း အတူတူပဲ။ နဂါးတစ်ကောင်ကို နဂါးတစ်ကောင်နဲ့ အနိုင်ယူတာမျိုး.."

"နဂါးဆိုတာ အထွတ်အထိပ် ဒီဗိုင်းသားရဲ တစ်ကောင်ပဲ။ မှော်စွမ်းအားတွေနဲ့ မွေးဖွားလာခဲ့တယ်။ ဘယ်လိုလုပ်ပြီး အလွယ်တကူ အနိုင်ယူလို့ရမှာလဲ.."

"ပြီးတော့ ဒီနဂါးနိုင်လက်ဝါးသိုင်းရဲ့ နဂါးကို အသုံးပြုပြီး နဂါးကို အနိုင်ယူတာက နဂါးခန္ဓာကိုယ်ကိုပဲ ရုပ်ပိုင်းဆိုင်ရာအရ အနိုင်ယူတာမျိုး မဟုတ်ဘူး.."

"နဂါးရဲ့ နှလုံးသားကိုပါ အနိုင်ယူမှုမျိုး ဖြစ်တယ်။ အဲ့ဒါက ခန္ဓာကိုယ်ကိုရော စိတ်ဆန္ဒကိုရော တိုက်ခိုက်တာ.."

လီရွှမ်က ပုံပြင်များကို စတင်ဖန်တီး၏။

"နဂါးခန္ဓာကိုယ်ကို အောင်နိုင်ဖို့အတွက် ငါတို့တွေက နဂါးရဲ့စိတ်ကိုလည်း အောင်နိုင်ဖို့ လိုအပ်တယ်။ အဲ့တော့ခန္ဓာကိုယ်ကိုရော သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကိုရော တိုက်ခိုက်ရမှာပေါ့.."

ရွှီယန်က ကြီးစွာ အံ့သြသွားပြီး နဂါးနိုင်လက်ဝါးသိုင်းကို လျှို့ဝှက်ဆန်းကြယ်လှသည်ဟု ခံစားလာရသည်။

ခန္ဓာကိုယ်နှင့် စိတ်နှစ်ခုလုံးကို မည်ကဲ့သို့ အနိုင်ယူရမည်အား သူမသိပေမယ့် ဤသည်က ခန္ဓာကိုယ်နှင့် စိတ်ဆန္ဒနှစ်ခုလုံးကို တိုက်ခိုက်နိုင်သည့် နဂါးနိုင်လက်ဝါးသိုင်းအပေါ် သူ၏ အံ့သြမှုအား လျော့နည်းသွားစေခြင်း မရှိပါ။

သူက အလွန် စိတ်လှုပ်ရှားနေ၏။

'ငါနဂါးနိုင်လက်ဝါးသိုင်းကို တတ်မြောက်ရမယ်။ တစ်နေ့မှာ တကယ့် နဂါးတစ်ကောင်ကို ကြုံတွေ့တဲ့အခါ ဒီလက်ဝါးသိုင်းနဲ့ အဲ့ဒါကို အောင်နိုင်ရမယ်..'

"ဆရာ ကျွန်တော်နားလည်ပြီ။ ကျွန်တော်သေချာပေါက် နဂါးနိုင်လက်ဝါးသိုင်းကို တတ်မြောက်ပြီး အဲ့ဒါရဲ့ အစစ်အမှန်အဓိပ္ပါယ်ကို နားလည်လာစေရမယ်..'

ရွှီယန်က ခိုင်မာသည့်အကြည့်ဖြင့် ပြောသည်။

"ကောင်းပြီ... ဆရာ မင်းကို ယုံပါတယ်.."

လီရွှမ်က အလွန်ကျေနပ်သွားသည်။

"ငါတပည့်.. နဂါးနိုင်လက်ဝါးသိုင်းအတတ်ရဲ့ ဖော်မြူလာစကားစုကိုလည်း မင်းမှတ်သားထားရမယ်။ ဒါက နဂါးနိုင်လက်ဝါးရဲ့ စစ်မှန်တဲ့အဓိပ္ပာယ်ပဲ.."

"နည်းနည်းလောက် နားလည်သဘောပေါက်နိုင်ရုံနဲ့ နဂါးနိုင်လက်ဝါးသိုင်းရဲ့ စတင်မှုကို ဝင်ရောက်နိုင်ပြီ။ အဲဒါရဲ့ အစစ်အမှန်အဓိပ္ပာယ်ကိုသာ နားလည်လာရင် ဒါက သိုင်းပညာဒီဗိုင်းစကေးတစ်ခု ဖြစ်လာမှာ.."

နဂါးနိုင်လက်ဝါးသိုင်းအား ဖန်တီးနိုင်ရန်အတွက် လီရွှမ်သည် သူ၏ဦးခေါင်းကို အကိုက်ခံကာ စကားစုတစ်စုံကို ဖန်တီးခဲ့၏။ အလုပ်ဖြစ်မည်လား ဆိုတာကတော့ ရွှီယန်အပေါ်တွင် မူတည်ပါသည်။

"တပည့် နှလုံးသားထဲမှာ သေချာပေါက် မှတ်သားထားပါမယ်.."

ရွှီယန်က လေးစားစွာ ပြန်ကြားသည်။

"ကောင်းကောင်းနားထောင်.."

လီရွှမ်က လေးနက်စွာ ပြော၏။

"နဂါးတွေက ဒီဗိုင်းစကေးတွေကို ပိုင်ဆိုင်ထားတယ်။ အခြေအနေအလိုက် ပြောင်းလဲနိုင်ကြတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေက လောကကြီးကို အုပ်စိုးနိုင်တယ်.."

"သူတို့ရဲ့ဒေါသက ကောင်းကင်နဲ့ ကမ္ဘာမြေကြီးကို လှုပ်ခါစေနိုင်တယ်။ ဒေါသထွက်တဲ့အခါ မှုန်တိုင်းထန်စေပြီး ပုန်းအောင်းတဲ့အခါ ဘာသဲလွန်စမှ မကျန်ရစ်ဘူး.."

"မိုင်ထောင်ချီကို ဖြတ်ကျော်တိုက်ခိုက်ပြီး အစွန်းရောက်ယန်နဲ့ စွမ်းအားကြီးကြတယ်။ သူတို့ကို ဘာကမှ မတားဆီးနိုင်ဘူး.."

"ရေလိုပဲ ပြောင်းလွယ်ပြင်လွယ်ရှိပြီး ခန့်မှန်းလို့ မရဘူး။ စိတ်ဆန္ဒအလျှောက် ပြုမူကြတယ်...."

ရွှီယန်က စကားစုကို ရေရွတ်ကာ သူ၏မျက်လုံးများက နက်ရှိုင်းသွားသည်။

စိတ်ထဲတွင် ဉာဏ်အလင်းပွင့်မှုတစ်ခု ဖြတ်သွားသည့်အလား တစ်ခုခုကို နားလည်သဘောပေါက်လိုက်သည်ဟု ရေးတေးတေး ခံစားလာရသည်။ သို့ပေမယ့် ၎င်းကို ဖမ်းဆုပ်နိုင်ခြင်းမရှိဘဲ ရှိနေ၏.."

"ငါ့နောက်က လိုက်ခဲ့.."

လီရွှမ်က လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ သဘာဝတရား၈ပါး ပုံကြမ်းကို ရေးဆွဲထားသည့် မြေပြင်ဆီသို့ လျှောက်သွားသည်။

"ဟုတ်ကဲ့ပါ ဆရာ.."

ရွှီယန်က လေးစားစွာဖြင့် နောက်မှလိုက်၏။

"မင်းတွေ့လား။ ဒါက သဘာဝတရား၈ပါးရဲ့ ပုံကြမ်းပဲ.."

လီရွှမ်က မြေပြင်ပေါ်ရှိ ပုံကြမ်းကို ညွှန်ပြကာပြောသည်။

"ချန်၊ ခွမ်၊ ကျန်၊ ရွှမ်၊ ခန်၊ လီ၊ ကန်၊ သွေ့..."

လီရွှမ်က သဘာဝတရား၈ပါး ပုံကြမ်းနှင့် ပတ်သက်ပြီး သူမှတ်မိသည့် အသိပညာအားလုံးတို့ကို ရွှီယန်အား ရှင်းပြသည်။

တစ်ချိန်တည်းတွင် လျို့ဝှက်ဆန်းကြယ်ကာ စွမ်းအားကြီးမားပုံပေါ်သည့် သီအိုရီအချို့ကိုလည်း ကျပန်းဖန်တီးလေ့ရှိ၏။

"သဘာဝတရား၈ပါးရဲ့ ဆန်းကြယ်မှုနဲ့ အဆုံးမသတ်နိုင်တဲ့ ပြောင်းလဲမှုတွေကို မင်းဘယ်လောက်နားလည်နိုင်မယ်... ဘယ်လောက် ဉာဏ်အလင်းရလာမယ်ဆိုတာ မင်းအပေါ်ကိုပဲ မူတည်တယ်.."

"ခန္ဓာကိုယ်လှုပ်ရှားမှု၊ ခြေလှမ်း၊ အစရှိသဖြင့် အားလုံးကို သဘာဝတရား၈ပါး ပုံကြမ်းကနေ နားလည်သဘောပေါက်နိုင်တယ်.."

"ဆရာက မင်းကိုလမ်းညွှန်မှုပဲ လုပ်ပေးနိုင်တယ်။ ကျင့်ကြံမှုကတော့ မင်းရဲ့အပေါ်မှာပဲ မူတည်တယ်။ အခိုက်အတန့်တွေရဲ့ ဉာဏ်အလင်းပွင့်မှုတွေကို ဖမ်းဆုပ်တဲ့နေရာမှာ မင်းထူးချွန်နေဖို့ လိုတယ်.."

"ဒီနေ့မှာ ဆရာက မင်းကို နဂါးနိုင်လက်ဝါးသိုင်းနဲ့ သဘာဝတရား၈ပါးပုံကြမ်းရဲ့ အံ့ဖွယ်တွေကို သင်ကြားပေးခဲ့တယ်။ အဲ့ဒါတွေကို မင်းသေသေချာချာ လေ့လာပါ.."

ရှင်းပြမှုအပြီးတွင် ရွှီယန်က နက်ရှိုင်းစွာ ပြော၏။ "ဟုတ်ကဲ့ပါ ဆရာ.. ကျွန်တော် သေချာပေါက် ဆရာ့ကို စိတ်မပျက်စေရပါဘူး.."

ရွှီယန်က လေးစားစွာဖြင့် ခေါင်းငြိမ့်သည်။ သူ၏စိတ်ထဲတွင် သဘာဝတရား၈ပါး ပုံကြမ်းနှင့် ပတ်သက်ပြီး သီအိုရီပေါင်းစုံတို့ ပေါ်လာခဲ့၏။

စဉ်းစားလေလေ ပိုမိုလျှို့ဝှက်ဆန်းကြယ်သည်ဟု ခံစားရလေ ဖြစ်လာခဲ့သည်။ ဆက်လက်လေ့လာရန်သာ ပိုမိုတွေးမိ၏။

"ဒါက အထွတ်အထိပ် သိုင်းပညာပဲ.."

ရွှီယန်၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားစွာ စဉ်းစားသည်.."

"မင်းရဲ့ ကိုယ်ပိုင်ကျင့်ကြံတဲ့ အချိန်ကို စီမံခန့်ခွဲထား။ ချက်ပြုတ်တာတွေ၊ ကြက်အစာကျွေးတာတွေက တစ်နေ့ကို တစ်ကြိမ်ပဲ လုပ်လို့ရတယ်.."

လီရွှမ်က ခဏတာတုံ့ဆိုင်းနေပြီးနောက် ပြော၏။ တပည့်ဖြစ်သူကို ကျင့်ကြံရန် အချိန်များပိုမိုပေးကာ ကြက်စာကျွေးခြင်း၊ အပင်စိုက်ခြင်းနှင့် ချက်ပြုတ်ခြင်းတို့တွင် အချိန်ဖြုန်းခြင်းကို လျော့ချရပေမည်။

သူ၏ လက်ရှိအခြေအနေတွင် ရက်အနည်းငယ်လောက် မစားမသောက်ဘဲ နေလျှင်လည်း ပြဿနာမရှိပါ။ တစ်နေ့တွင် တစ်ကြိမ်စားသောက်ခြင်းက လုံလောက်၏။

"ဟုတ်ကဲ့ တပည့်နားလည်ပါပြီ.."

ရွှီယန်က လေးစားစွာ ပြောသည်။

"ကောင်းပြီ။ မင်းကောင်းကောင်း လေ့ကျင့်တော့.."

လီရွှမ်က လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ အေးအေးလူလူဖြင့် လျှောက်ထွက်သွား၏။

ရွာသို့ပြန်ပြီးနောက် သစ်ပင်ကြီးတစ်ပင်အောက်ရှိ ကုလားထိုင်ပေါ်တွင် ထိုင်သည်။ လီရွှမ်တစ်ယောက် သက်ပြင်းချမိ၏။ တပည့်ဖြစ်သူ ကျင့်ကြံခြင်းတွင် အောင်မြင်မည်လားဟူသည်ကို တွေးတောနေမိသည်။

သူက အသိစိတ်ကို စူးစိုက်ကာ ရွှေလက်ချောင်းကို ရှာဖွေရန်အတွက် ကြိုးစားလိုက်သည်။ သို့ပေမယ့် မည်သည်ကိုမှ တွေ့ရှိခြင်း မရှိပေ။ ရွှေလက်ချောင်းသည် ရွှီယန်၏ ကျင့်ကြံမှုတွင် အောင်မြင်မှုရကာ တန်ပြန်အကျိုးပေးမှုများကို ပေးဆောင်မှသာလျှင် ပေါ်လာတတ်သည်။

"ဖြစ်နိုင်တာက ငါ့ရဲ့ခွန်အားက အရမ်းနိမ့်လို့ ရွှေလက်ချောင်းကို ကိုယ့်ဘာသာ ကြည့်လို့ မရတာလား.."

လီရွှမ်က သုံးသပ်ချက်အချို့အား စိတ်ထဲတွင်ခန့်မှန်း၏။

'ရွှေလက်ချောင်းရဲ့ အထူးလုပ်ဆောင်ချက်က ငါကျပန်း တီထွင်လိုက်တဲ့ ကျင့်စဉ်တွေကိုအောင်မြင်အောင် လုပ်ပေးတာဖြစ်မယ်..'

'ဒါပေမယ့် ကန့်သတ်ချက်တွေလည်း ရှိနေလောက်မှာ။ ဥပမာအားဖြင့် ကျင့်ကြံသူရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက အရမ်းကြီး နိမ့်ပါးမနေတာမျိုးပေါ့..'

'ဒီငတုံးတပည့်က စဉ်းစားတာတော့ တကယ် အားကောင်းတယ်။ နားလည်သဘောပေါက်မှုလည်း မြင့်တယ်။ ဒါ့ကြောင့် သူကျင့်ကြံမှုမှာ အောင်မြင်ခဲ့တာဖြစ်မယ်..'

'ငါကျပန်းဖန်တီးလိုက်တဲ့ ကျင့်စဉ်ကို ရွှီယန်ကျင့်ကြံတာ အောင်မြင်လို့ ဒီရွှေလက်ချောင်းက အသက်ဝင်လာတာဖြစ်မယ်..'

'သူ့ကိုပဲ ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ဒီရွာငယ်လေးမှာပဲ သောင်တင်နေပြီး ဘယ်ကိုမှ သွားလို့ရမှာမဟုတ်ဘူး'

လီရွှမ်က နှလုံးသားထဲတွင် သက်ပြင်းချသည်။ ရွှီယန်ကို တပည့်အဖြစ် လက်ခံခဲ့ခြင်းမှာ မှန်ကန်သည့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်၏။

ရွှီယန်က သဘာဝတရား၈ပါး ပုံကြမ်းကို လှည့်လည်ရင်းနှင့် အတွေးနက်သွားသည်။ သူ၏စိတ်ထဲတွင် ဉာဏ်အလင်းများ ရေးတေးတေး ပေါ်လာ၏။

သို့ပေမယ့် ၎င်းတို့ကို တိကျစွာ ဖော်ပြနိုင်ခြင်းမရှိဘဲ ဖြစ်နေပါသည်။

'အခု ငါကျင့်ကြံခြင်းအချိန်ကို ခွဲခြားထားရမယ်..'

'မနက်ပိုင်းမှာ နဂါးနိုင်လက်ဝါးကို ကျင့်မယ်။ နေ့လယ်ပိုင်းမှာ သဘာဝတရား၈ပါး ပုံကြမ်းကို လေ့လာမယ်..'

'ဒီနေ့မှာ အရင်ဆုံး နဂါးနိုင်လက်ဝါးသိုင်းကို လေ့ကျင့်တာပေါ့..'

ထိုကဲ့သို့ တွေးမိပြီးနောက် ဆရာဖြစ်သူက နဂါးနိုင်လက်ဝါးသိုင်းအား သင်ကြားပေးခဲ့သည့် တောင်ကုန်းနေရာဆီသို့ ပြန်သွား၏။

အသက်ကို နက်ရှိုင်းစွာရှူပြီး လက်ဝါးကို ရုတ်တရက် ရိုက်ထုတ်လိုက်သည်။ သူ၏ချီနှင့်သွေး စွမ်းအင်တို့က ပြင်းထန်သည့် လှိုင်းတစ်ခုအဖြစ် ထွက်ပေါ်လာခဲ့၏။

'မဟုတ်ဘူး ဒါက ချီနဲ့သွေးစွမ်းအား သက်သက်ပဲ။ အစစ်အမှန် နဂါးလက်ဝါးရဲ့စွမ်းအား လုံးဝမဟုတ်ဘူး..'

ရွှီယန်က မျက်မှောင်ကြုံ့သွားပြီး အတွေးနက်သွား၏။ စိတ်ထဲတွင် နဂါးနိုင်လက်ဝါးသိုင်း၏ ဖော်မြူလာစကားစုအား စဉ်းစားနေပါသည်။

'နဂါးတွေမှာ ဒီဗိုင်းစွမ်းအားတွေရှိပြီး သူတို့ရဲ့စွမ်းအားတွေက အရမ်းကို ကြီးမားကြတယ်။ စွမ်းအားကြီးဖို့အတွက် လူတစ်ယောက်က ကြမ်းကြုတ်ပြီးတော့ ရက်စက်ရတယ်။ ခွန်အားအားလုံးကို ချက်ချင်းပဲ စုစည်းနိုင်ရတယ်...'

'ငါ့ရဲ့အဆင့်က အရမ်းကို နိမ့်ပါးလွန်းတယ်။ ငါအရမ်းကြီး မျှော်မှန်းနေလို့ မဖြစ်ဘူး။ ငါ့ရဲ့လိုချင်မှုတွေကို နည်းနည်းလောက် နိမ့်ပါးရမယ်...'

'နဂါးတွေမှာ ဒီဗိုင်းစွမ်းအားတွေ ရှိတယ်။ ငါကဘယ်လိုလုပ်ပြီး နဂါးတွေရဲ့ ဒီဗိုင်းစွမ်းအားအတိုင်း လက်ဝါးချက်ကို ထုတ်လွှတ်နိုင်မလဲ..'

ရွှီယန်သည် ကိုယ့်ကိုယ်ကိုနှင့် လောကကြီးကို မေ့ပျောက်သွားသည့် နက်ရှိုင်းသည့် စဉ်းစားမှု အခြေအနေသို့ ဝင်ရောက်သွားသည်။

ထိုအချိန်၌ သူ၏စိတ်ထဲတွင် စစ်မှန်သည့် နဂါးများ၏ ဒဏ္ဍာရီပုံပြင်များနှင့် ပုံရိပ်များ ပေါ်လာခဲ့၏။ ချက်ချင်းပင် နှလုံးသားထဲ၌ ဉာဏ်အလင်းပွင့်မှုအချို့ ရလာသည့်ပုံ ရှိသည်။

"ဘုန်း.."

ချီနှင့်သွေးက သူ၏လက်ဝါးထဲတွင် စုစည်းလာခဲ့ပြီး ချက်ချင်းပင် ၎င်းတို့သည် တစ်ခုနှင့်တစ်ခု ဖိနှိပ်ကာ တစ်ခုတည်းအဖြစ် စုစည်းသွားကြသည်။

ပြီးနောက် စွမ်းအားကြီးမားသည့် လက်ဝါးရိုက်ချက် တစ်ခုအဖြစ် ထုတ်လွှတ်လိုက်၏။ သွေးနှင့်ချီအားလှိုင်းမှာ နှစ်ဆမျှ စွမ်းအားကြီးလာပြီး မလှမ်းမကမ်းရှိ သစ်ပင်တစ်ပင်ကို ရုတ်တရက် ထိမှန်သည်။

"ဗြောင်း.."

သစ်ပင်မှာ ချက်ချင်းပင် ကျိုးပျက်ကာ ပြိုလဲသွားခဲ့သည်။

'အခု ငါလက်ဝါးအားကို ပိုပြီးတော့ စွမ်းအားကြီးအောင် ဘယ်လိုလုပ်ပြီး ပုံမှန်ထက် ပိုပြီးမြင့်မားနေအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို ငါနားလည်ပြီ..'

ထိုအချိန်၌ ရွှီယန်၏ မျက်လုံးများ ပွင့်လာခဲ့၏။ သူ၏စိတ်ထဲတွင် ဉာဏ်အလင်းပွင့်မှု တစ်ခု ရုတ်တရက် လက်သွားခဲ့သည်။

သူ၏ စွမ်းအားကြီးမားသည့် လက်ဝါးအားကို မည်ကဲ့သို့ ထုတ်ဖော်ရန် နားလည်လာခဲ့၏။ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့၏ ပြင်းထန်စွာ လှုပ်ခါမှုကို ကြည့်ရင်းက လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

ချက်ချင်းပင် ချီနှင့်သွေးအားလှိုင်းတို့ အလွန် ကြမ်းတမ်းလာပြီး ကျယ်လောင်သော အသံတစ်ခု နှင့်အတူ ထွက်ပေါ်လာခဲ့၏။ စွမ်းအားမှာ နှစ်ဆဖြစ်သွားပြန်သည်။

"ဘုန်း.."

မြေပြင်ပေါ်တွင် သေးငယ်သည့် အပေါက်တစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။

'ငါနောက်ဆုံးတော့ အခြေခံအချို့ကို နားလည်သဘောပေါက်လာပြီ။ ဒါက အစပဲရှိသေးတယ်။ ငါ့ရဲ့ လက်ဝါးချက်က နဂါးနိုင်လက်ဝါးသိုင်းကို မကျင့်ကြံစဥ်က ငါ့ရဲ့ခွန်အားအပြည့်ထက်စာရင် နှစ်ဆကျော်ရှိလာခဲ့ပြီ..'

'ဒါတောင်.. ဒါက အကန့်အသတ် မဟုတ်သေးဘူး။ အစပဲရှိသေးတာ..'

ရွှီယန်သည် ဒီအချိန်၌ အလွန် စိတ်လှုပ်ရှားနေပါသည်။

'ငါအခုမှ နည်းနည်းပဲ နားလည်သေးတယ်။ ဒါပေမယ့် အခုလိုစွမ်းအားကြီးမားတဲ့ လက်ဝါးအားကိုတောင် ထုတ်ဖော်နိုင်နေပြီ။ နဂါးနိုင်လက်ဝါးက တကယ့်ကို စွမ်းအားကြီးတာပဲ..'

ဉာဏ်အလင်းပွင့်မှုအား ရရှိပြီးနောက် နောက်တစ်ဆင့်မှာ ဉာဏ်အလင်းပွင့်မှုကို တည်မြဲစေရန် လုပ်ဆောင်ဖို့ ဖြစ်သည်။

ထိုနားလည်မှာတွင် ပိုမိုကျွမ်းကျင်မှု ရလာပြီးမှ ဆက်လက်လေ့လာမှုများ ပြုလုပ်ကာ ပြီးပြည့်စုံအောင် ဆောင်ရွက်ရပေမည်။

All Chapters