← Chapters

နဂါးနိုင်လက်ဝါးသိုင်းအား စတင်ခြင်း

Vol. 3 Ch. 36

နဂါးနိုင်လက်ဝါးသိုင်းအား စတင်ခြင်း

Vol. 3 Ch. 36

"ငါ့တပည့်.. အခုမှ မင်းက ချီနဲ့သွေးကို ထိန်းချုပ်တာ စတင်ကျင့်ကြံတုန်းပဲ ရှိသေးတယ်။

ဒီကြက်က အရမ်းကို သေးလွန်းတယ်။ အဲ့ဒါကြောင့် ချီနဲ့သွေးက ဖုံးလွှမ်းသွားရော။ ဘယ်လိုလုပ်ပြီး မင်းရဲ့ထိန်းချုပ်နိုင်မှုကို တိုးတက်စေမှာလဲ.."

"ပိုပြီးတော့ ကြီးတာကို ရှာပြီးလေ့ကျင့်နှင့်.."

လီရွှမ်က လေးနက်စွာ အကြံပေး၏။

"ဟုတ်ကဲ့ပါ.. ဆရာကျွန်တော် နားလည်ပါပြီ.."

ရွှီယန်၏ မျက်လုံးများက လင်းလက်သွား၏။ လက်ထဲရှိ တူးနေသည့်ကြက်ကို မြေပြင်ပေါ်သို့ ပစ်ချကာ သူစီးသည့် မြင်းဆီသို့ စိတ်လှုပ်ရှားစွာဖြင့် သွားရောက်၏။

လက်နှစ်ဖက်ကို ပွတ်ကာ စမ်းသပ်ကြည့်ရန်အတွက် စိတ်အားထက်သန်နေပါသည်။

လီရွှမ် "..."

သူ၏ ဒီတပည့်တွင် အမှန်တကယ်ကို ကောင်းမွန်သည့် ဦးနှောက်မရှိပေ။

"တပည့် ဒီမြင်းကလည်း မသင့်တော်ဘူး.."

ရွှီယန်က ခေါင်းငြိမ့်သည်။ မြင်းမှာ အလွန်ကြီးမားလှပြီး သူ၏ချီနှင့်သွေးနှင့် လွှမ်းခြုံနိုင်ခြင်း မရှိပေ။ ထို့ကြောင့် ပိုမို‌သေးငယ်သည့် သားကောင်ကို ရှာဖွေသင့်ပေသည်။

"ဆရာ... ကျွန်တော် အခုပဲသွားပြီး အမဲလိုက်လိုက်မယ်.."

နောက်ဆုံးတွင် တပည့်ဖြစ်သူ၏ စိတ်ကူးတစ်ခု ရလာမှုကို တွေ့ရပြီးနောက် လီရွှမ် စိတ်သက်သာရာရသွား၏။

ကံကောင်းမှုအချို့နှင့် မကြာခင်တွင် သားကောင်ကို စားရတော့မှာဟု တွေးမိသည်။

၃ရက်ကြာပြီးနောက်...

ရွှီယန်၏ လက်များတွင် သွေးစွမ်းအင်က မြင့်တက်လာ၏။ လေထုကို ပူလောင်သည့် အငွေ့အသက်တစ်ခု ပြည့်နှက်လာခဲ့သည်။ သူ၏လက်ထဲရှိ အသားတွင် အနံ့တစ်ခု ထွက်ပေါ်လာ၏။

ဤသည်မှာ တောဝက်ကင်ဖြစ်သည်။ အစိတ်အပိုင်းအများစုတို့ လောင်ကျွမ်းသွားပြီး ဖြစ်ပေမယ့် အနည်းဆုံးတော့ အသားတစ်ဝက်မှာ ကောင်းမွန်သည့် အခြေအနေတွင် ရှိနေပြီး စားသောက်လို့ ရပါသည်။

'ငါ့ရဲ့ချီနဲ့သွေးအပေါ် ထိန်းချုပ်မှုက အများကြီးတိုးတက်လာခဲ့ပြီ..'

ရွှီယန်မှာ စိတ်အားထက်သန်စွာ ရှိနေ၏။

သူက လက်ကိုမြှောက်ကာ ရိုက်ထုတ်လိုက်သည်။ ချီနှင့်သွေး လက်ဝါးချက် ထွက်ပေါ်လာပြီး ထိုချီနှင့်သွေးသည် ရှည်လျားသည့် ဦးချွန်များနှင့် မြွေနဂါးကြီးတစ်ကောင်အဖြစ် စုစည်းနေ၏။ မြွေနဂါး၏ မျက်လုံးများနှင့် ပါးစပ်များအား ဖော်ကျူးထားပုံမှာ ရှင်းလင်းစွာ မြင်နိုင်နေပါပြီ။

'ရတော့မယ်။ နဂါးသဏ္ဍာန် လက်ဝါးစွမ်းအားကို စုစည်းနိုင်ဖို့အတွက် ငါအဝေးကြီး မလိုတော့ဘူး..'

ရွှီယန်က အလွန်စိတ်လှုပ်ရှားနေ၏။ လက်ထဲရှိ ဝက်ကင်ကို လွှင့်ပစ်ကာ လေ့ကျင့်ရန်အတွက် တောဝက်များကို ဆက်လက်ဖမ်းဆီးသည်။

'ငါ့ရဲ့ငတုံးတပည့်.. လေ့ကျင့်တာ ဘယ်လိုနေလဲမသိဘူး..'

လီရွှမ်က နှလုံးသားထဲတွင် သက်ပြင်းချသည်။ သူသည် မည်သည့်သားကောင်ကိုမှ စားရသေးခြင်း မရှိသေးပါ။ ရွှီယန်က အမြဲတမ်း ဂျိုးတူးအောင် ကင်းပစ်လေ့ရှိ၏။

ဘယ်လိုလုပ်ပြီး စားရမည်လဲ။

"သင်၏တပည့်သည် လက်ဗလာနှင့် အသားကင်ခြင်းအား စတင်ခြင်းအဆင့်သို့ ရောက်ရှိခဲ့သည်.."

"သူ၏ ချီနှင့်သွေးအပေါ် ထိန်းချုပ်မှုမှာ တိုးတက်လာခဲ့၏။ သင်သည် လက်ဗလာနှင့် အသားကင်ခြင်းအတတ်ကို တတ်မြောက်သွားပြီး ချီနဲ့သွေးအပေါ် ထိန်းချုပ်မှု ၁၀၀%ရှိလာခဲ့သည်.."

ရုတ်တရက် ရွှေရောင်အလင်းတစ်ခု ပေါ်လာ၏။ လီရွှမ်သည် လက်ဗလာနှင့် အသားကင်ခြင်းအတတ်ကို သူကိုယ်တိုင် အကြိမ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားသည်ဟု ခံစားလိုက်ရသည်။

ထို့အပြင် ချီနှင့်သွေးအပေါ် ၁၀၀%ထိန်းချုပ်နိုင်၏။ ချီနှင့်သွေးအပေါ် ၁၀၀% ထိန်းချုပ်လာနိုင်သည်နှင့် လီရွှမ်၏ သူ၏ချီနှင့်သွေးအပေါ် အသုံးပြုနိုင်စွမ်းက အံ့သြစရာကောင်းလှသည့် အဆင့်တစ်ခုသို့ ရောက်ရှိသွားသည်ဟု ခံစားလိုက်ရသည်။

ချီနှင့်သွေး အစအန တစ်ခုတိုင်းကို စိတ်ကြိုက် အသုံးပြုနိုင်၏။ ထိုအခါ ခွန်အားကလည်း ကြီးစွာမြင့်တက်လာခဲ့သည်။

ထိုအချိန်၌ သူ၏ခန္ဓာကိုယ်အတွင်းရှိ ချီနှင့်သွေးက လုံးဝဝတ်ဆင်းသွားပြီး အနည်းငယ်မျှပင် ပြင်ပသို့ ထွက်ခွာနေခြင်းမရှိပါ။

လက်ကိုမြှောက်ပြီးနောက် ချီနှင့်သွေးကို လက်ညိုးထိပ်တွင် မီးတောက်သဖွယ် စုစည်းလိုက်သည်။ ကြီးသွားအောင်လုပ်လိုက် ကျုံ့သွားအောင်လုပ်လိုက်နှင့် ချီနှင့်သွေးအပူ၏ ဒီဂရီကိုပင် စိတ်ကြိုက်ထိန်းချုပ်နိုင်ပါသည်။

'ဒါက.. ချီနဲ့သွေးအပေါ် ၁၀၀%ထိန်းချုပ်နိုင်မှုလား..'

လီရွှမ် အံ့ဩသွားသည်။ ငတုံးတပည့်က တော်ပါသည်။ လျှင်မြန်စွာ တိုးတက်မှု ရလာခဲ့၏။

ထိုညတွင် ရွှီယန်က ပြန်လာခဲ့၏။ သူသည် ကိုယ့်ကိုယ်ကို နဂါးသဏ္ဍာန်လက်ဝါးစွမ်းအားအား စုစည်းနိုင်ရန်အတွက် မကွာဝေးတော့ဟု ခံစားရ၏။ ချီနှင့်သွေးအပေါ် ထိန်းချုပ်မှုက ကြီးစွာမြင့်တက်လာခဲ့သည်။

လီရွှမ်မှာ ကုလားထိုင်ပေါ်တွင် ထိုင်နေ၏။ ဒီအချိန်၌ သူ၏ငတုံးတပည့်အား စကေးများကို ပြသရန်အချိန်သို့ ကျရောက်လာပါပြီ။

"ငါတပည့်.. ဒီကိုလာခဲ့.."

လတ်ဆတ်စွာ သတ်ဖြတ်ထားသည့် ကြက်ကို ကိုင်ဆောင်ထားသည့် ရွှီယန်က ညစာကို သွားရောက် ချက်ပြုတ်တော့မှာပါ။

"ဆရာ.."

လီရွှမ်က လက်ကိုမြှောက်ကာ သူ့ဆီမှကြက်ကို ယူလိုက်သည်။

"တပည့် မင်းသေသေချာချာကြည့်.."

သူက ပြောရင်းနှင့် သူ၏လက်ချောင်းကို ကြက်၏ခြေထောက်သို့ ညွှန်လိုက်သည်။ ချီနှင့်သွေးတို့ ထွက်ပေါ်လာပြီး မကြာခင် အသားကင်အနံ့က ရစ်ဝဲလာခဲ့သည်။

သူက ကြက်ကို ရွှီယန်အား ပြန်ပေးပြီးပြော၏။

"ဖြုတ်ပြီးကြည့်ကြည့်.."

ထိုစကားကို ကြားရပြီးနောက် ရွှီယန်က ကြက်ခြေထောက်ကို ဆွဲဖြုတ်ကာ သူ၏မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွား၏။ အဘယ်ကြောင့်ဆိုသော် ကြက်ခြေထောက်က တစ်ပိုင်းတစ်စသာ ကျက်သွားသောကြောင့် ဖြစ်သည်။

လက်ချောင်းနေရာ၌ရှိသည့် အသားများသာ ကျက်သွားပြီး လက်ချောင်းအပြင်ဘက်ရှိ အသားများမှာ အစိမ်းလိုက် ရှိနေပါ‌သေးသည်။

"ဒါက ချီနဲ့သွေးကို ၁၀၀%ထိန်းချုပ်နိုင်စွမ်းပဲ.."

"ကြက်ခြေထောက်ကို ပတ်ဝန်းကျင်က အသားတွေကို ဘားမှမဖြစ်စေဘဲ လုံးဝကျက်သွားအောင် ကင်နိုင်မယ်ဆိုရင် မင်းရဲ့ချီနဲ့သွေးအပေါ် ထိန်းချုပ်နိုင်စွမ်းက လုံလောက်ပြီ.."

တပည့်ဖြစ်သူ၏ အရှေ့တွင် သူ၏စကေးများကို ပြသပြီးနောက် လီရွှမ်တစ်ယောက် စိတ်သက်သာရာရစွာ ခံစားရ၏။

ရွှီယန် ကြီးစွာ အံ့သြသွားခဲ့သည်။ ဤသည်က ချီနှင့်သွေးအပေါ် ၁၀၀%ထိန်းချုပ်နိုင်မှုလား။

"ဆရာ ကျွန်တော်သေချာပေါက် လုပ်နိုင်မှာပါ.."

"ကောင်းပြီ အကောင်းဆုံးသာ ကြိုးစား။ အရမ်းကြီး ဖိအားမဖြစ်နဲ့။ ဒါလုပ်နေတာနဲ့ မင်းရဲ့ကျင့်ကြံမှုကိုလည်း မမေ့ထားနဲ့ဦး.."

လီရွှမ်က ခေါင်းငြိမ့်ကာ သတိပေးသည်။ သူ၏ငတုံးတပည့်သည် ချီနှင့်သွေးအပေါ် ထိန်းချုပ်မှု ၁၀၀%ရရှိရန်အတွက် ကျင့်ကြံမှုအား လစ်လျူရှု့ထားမည်ကို စိုးရိမ်သွား၏။

ဤသည်က ကျင့်ကြံခြင်းတွင် နှေးကွေးသည့် ဖြစ်စဉ်တစ်ခုကို ဖြစ်စေမှာပါ။ ဤသည်က နွားရှေ့ထွန်ကြူးသကဲ့သို့ ဖြစ်နေမှာပါ။

"တပည့် နားလည်ပါပြီ.."

လီရွှမ်က နှလုံးသားထဲတွင် သက်ပြင်းချမိသည်။ တပည့်ဖြစ်သူ၏ ပါရမီမှာ အမှန်တကယ်ကို မြင့်မားလှ၏။

သူ၏ သရုပ်ပြသမှုအပြီးတွင် ရွှီယန်သည် ၅ရက်တာအချိန်ယူကာ လေ့ကျင့်ခဲ့ပြီးနောက် ကြက်ခြေထောက်ကို ကျွမ်းကျင်စွာ ကင်နိုင်လာခဲ့၏။

ခြေထောက်မှလွဲ၍ အခြားအသားများကို ထိခိုက်ခြင်းလုံးဝမရှိပါ။ ချီနှင့်သွေးအပေါ် ၁၀၀%ထိန်းချုပ်မှု မရှိသေးပေမယ့် ၈၀%လောက်တော့ ထိန်းချုပ်နိုင်နေပါပြီ။

ဤသည်မှာ အလွန်အထင်ကြီးစရာ ကောင်းလှပြီးဖြစ်၏။

ရွှီယန်သည် ဉာဏ်လည်းကောင်းပါသည်။ သူ၏ ချီနှင့်သွေးအပေါ် ၁၀၀% ထိန်းချုပ်မှု ရရန်အတွက် အတင်းစိတ်ဆွဲမနေဘဲ အဲ့ဒီ့အစား သူ၏အာရုံက နဂါးနိုင်လက်ဝါးသိုင်းကို ကျင့်ကြံမှုအပေါ်သို့ အာရုံစိုက်လာခဲ့သည်။

တောင်စောင်းပေါ်တွင် ရွှီယန်က လက်ဝါးတစ်ခုကို ရိုက်ထုတ်လိုက်၏။ ၁၀ပေလောက်ရှည်သည့် အနီရောင်နဂါးတစ်ကောင်က နွားပေါက်တစ်ကောင်လောက်ရှိသည့် ကိုယ်ထည်နှင့် မြေပြင်ကိုထိမှန်၏။

ကြီးမားသည့် ချိုင့်ကြီးတစ်ခုကို ဖြစ်ပေါ်စေသည်။

'နဂါးသဏ္ဍာန်လက်ဝါးစွမ်းအားကို ကျင့်ကြံပြီးနောက်မှာ စွမ်းအားက၂ဆပိုတိုးလာတယ်။ ဒါပေမယ့် တစ်ခုခုလိုအပ်နေသေးတယ်လို့ ငါအမြဲခံစားနေရတယ်..'

ရွှီယန်က မျက်မှောင်ကြုံ့သွားသည်။ သူသည် နဂါးသဏ္ဍာန်လက်ဝါးစွမ်းအားကို စုစည်းခဲ့ပေမယ့် မျှော်လင့်ထားသည့် စွမ်းအားကြီးမားသည့် ခွန်အားက ပေါ်လာခြင်းမရှိပေ။

အမြဲတမ်း တစ်ခုခုလိုအပ်နေသည်ဟု ခံစားရ၏။

'နဂါးတွေမှာ ဒီဗိုင်းစွမ်းအားရှိတယ်။ သူတို့က အခြေအနေအရ ပြောင်းလဲတယ်။ ဒီဗိုင်းစွမ်းအားဆိုတာ အရမ်းစွမ်းအားကြီးတယ်လို့ ဆိုလိုတာပဲ..'

'ပြီးတော့ အခြေအနေအရ ပြောင်းလဲတယ်ဆိုတာ ပြောင်းလွယ်ပြင်လွယ်တာကို ဆိုလိုတာပဲ...ငါနားလည်ပြီ..'

'ငါလိုအပ်နေတာက ပျော့ပျောင်းမှုပဲ။ ခုနက ငါ့ရဲ့ လက်ဝါးချက်က အရမ်းကို တောင့်တင်းလွန်းတယ်..'

'အဲ့ဒါက အသက်ဓာတ်မရှိဘူးလို့ ခံစားရတယ်..'

ရွှီယန်သည် စစ်မှန်သည့် စတင်ခြင်းအား မည်ကဲ့သို့ ရောက်ရှိရန်အတွက် နားလည်မှု ထပ်မံရလာခဲ့ပြန်သည်။

နောက်ထပ် ရက်အနည်းငယ်အတွင်းတွင် ကိုယ့်ကိုယ်ကို နဂါးနိုင်လက်ဝါးသိုင်းအား ကျင့်ကြံခြင်း၌ နှစ်မြုပ်ထား၏။

သဘာဝတရား၈ပါးပုံကြမ်း သို့မဟုတ် ခန္ဓာကိုယ်လှုပ်ရှားမှုအတတ်များကို ကျင့်ကြံရန်ပင် စိတ်ဝင်စားခြင်းမရှိပါ။

အဲ့ဒီ့အစား နဂါးနိုင်လက်ဝါးကိုသာ အကြိမ်ကြိမ် ကျင့်ကြံနေ၏။ ကိုယ့်ကိုယ်ကို ဆက်လက်မွမ်းမံမှုများ ပြုလုပ်ကာ နဂါးနိုင်လက်ဝါးသိုင်းကို ဖော်မြူလာစကားစု အပေါ် နားလည်သဘောပေါက်မှုအတိုင်း ကျင့်ကြံ၏။

ဤနည်းအားဖြင့် နောက်ထပ်၇ရက် ကုန်ဆုံးသွားခဲ့သည်။ နဂါးနိုင်လက်ဝါးသိုင်းကို ကျင့်ကြံနေသည့် ရွှီယန်က လက်ဝါးတစ်ချက်ကို ရိုက်ထုတ်လိုက်၏။

၁၀ပေလောက် ရှည်လျားသည့် နဂါးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။ ၎င်း၏ဦးခေါင်းနှင့် အမြှီးတို့ဟာ လှုပ်ခါနေပြီး ရှေ့ရှိသစ်ပင်ကို ထိမှန်တော့မှာပါ။

ရွှီယန်က လက်ဝါးကို အသားဝှေ့ရမ်းလိုက်သည်။ နဂါးနီက ရုတ်တရက် သစ်ပင်ကို ကွေ့ဝိုက်သွားပြီး ဘေးမှဖြတ်ကျော်သွား၏။

ထို့နောက် နဂါးအမြှီးကိုမြှောက်ကာ ပင်စည်ကို ရိုက်ချလိုက်သည်။

"ဖြောင်း.."

သစ်ပင်မှာ နဂါးအမြှီး၏ ရိုက်ချက်ဖြင့် ပျက်စီးသွားခဲ့၏။

နဂါးနီက အခြားတစ်နေရာရှိ မြေကြီးသို့ ထိမှန်ကာ ကြီးမားသည့် အပေါက်ကြီးတစ်ခု ဖြစ်လာစေခဲ့သည်။

'နောက်ဆုံးတော့ ငါတတ်မြောက်လုနီးပါး ရှိလာခဲ့ပြီ။ ဒီလက်ဝါးချက် တိုက်ခိုက်မှုက နဂါးနိုင်လက်ဝါးသိုင်းကို မကျင့်ကြံခင်ကနဲ့ နှိုင်းယှဉ်ရင် ၁၀ဆလောက် ပိုပြီးတော့ စွမ်းအားကြီးလာခဲ့တယ်..'

'ဒါက နဂါးနိုင်လက်ဝါးရဲ့ စွမ်းအားပဲ..'

ရွှီယန်တစ်ယောက် အလွန် စိတ်လှုပ်ရှားနေ၏။ သူက လက်နှစ်ဖက်ကို မြှောက်ကာ ညာဘက်လက်ကို ရိုက်ထုတ်လိုက်သည်။

အနီရောင် နဂါးသဏ္ဍာန်လက်ဝါးအားက ၁၀ပေမျှရှည်လျားစွာ ထွက်ပေါ်လာ၏။ ထို့နောက် ဘယ်ဘက်လက်ဖြင့် ရိုက်ထုတ်လိုက်ပြန်သည်။ နောက်ထပ် နဂါးသဏ္ဍာန်လက်ဝါးအားလည်း ထွက်ပေါ်လာ၏။

သူ၏လက်များကို လှုပ်ရှားလိုက်သည့် အချိန်တွင် နဂါးသဏ္ဍာန်လက်ဝါးအား နှစ်ခုတို့မှာ လှည့်လည်နေရာမှတစ်ခုက ခန္ဓာကိုယ်ကို ကာကွယ်ရန်အတွက် အဝိုင်းပတ်နေပြီး အခြားတစ်ခုက ရုတ်တရက် တိုက်ခိုက်သွားလေသည်။

ကြည့်ရတာ နဂါးဦးခေါင်းက ပစ်မှတ်ကို ထိမှန်တော့မည့်ပုံပေါ်၏။ သို့ပေမယ့် ၎င်းသည် ရုတ်တရက် လေထဲသို့ ခေါင်းထောင်သွားကာ နဂါးအမြှီးက မြေပြင်သို့ တစ်ချက်ရိုက်ပြီး နဂါးဦးခေါင်းက ပြန်လှည့်လာကာ ကျယ်လောင်သော အသံတစ်ခုနှင့်အတူ တိုက်ခိုက်မှုပြုသည်။

"ဘုန်း.."

တောင်စောင်းပေါ်တွင် နဂါးဟိန်းသံများ ပြည့်နက်နေ၏။ အနီရောင် နဂါးသဏ္ဍာန်လက်ဝါးအား နှစ်ခုတို့ ပျံသန်းကာ ရစ်ဝဲနေကြသည်။

ရံဖန်ရံခါတွင် ထိုးဆင်းကာ ရံဖန်ရံခါတွင် မြေကြီးများအားတူးပြီး တစ်ခါတစ်လေ ဦးခေါင်းများနှင့် အမြှီးများကို လှုပ်ခါခြင်းများလည်း ရှိသည်။

'နဂါးတွေမှာ ဒီဗိုင်းစွမ်းအားရှိရှိတယ်။ သူတို့က အခြေအနေအလိုက် ပြောင်းလဲနိုင်ကြတယ်။ ဒါက ဒီလိုကို..'

'နောက်ဆုံးတော့ ငါနားလည်သွားပြီ..'

'ငါ့မှာ ဒီဗိုင်းစွမ်းရည်တွေရဲ့ စွမ်းအားကို မပိုင်ဆိုင်ထားသေးပေမယ့် အခြေခံကိုတော့ နားလည်သဘောပေါက်နိုင်သွားပြီ..'

'လက်ရှိ ငါ့ရဲ့ခွန်အားအဆင့်က နိမ့်နေသေးတုန်းပဲ။ စတင်ခြင်းအဆင့်ကို ရောက်လာတာ မဆိုးပါဘူး..'

'ငါနောက်ဆုံးတော့ နဂါးနိုင်လက်ဝါးသိုင်းကို တတ်မြောက်သွားခဲ့ပြီး..'

ရွှီယန်က အလွန် စိတ်လှုပ်ရှားနေ၏။ သူသည် နောက်ဆုံးတွင် နဂါးနိုင်လက်ဝါးသိုင်း၏ ဖော်မြူလာစကားစုနှစ်ခုတို့အား နားလည်သွားခဲ့လေပြီ။

အခြေခံကိုသာ ဖမ်းဆုပ်မိခြင်းဖြစ်လျှင်တောင် ဖြစ်၏။ စတင်ခြင်းအဆင့်သို့ ဝင်ရောက်ခဲ့လေပြီ။

သူသာ ဓားပြများကို သတ်ဖြတ်ချိန်၌ နဂါးနိုင်လက်ဝါးသိုင်းကို တတ်မြောက်နေပါက ဘယ်လိုလုပ်ပြီး အကြမ်းထည်ခွန်အား သက်သက်ကို အားကိုးရန် လိုမည်နည်း။

လက်ဝါးချက်တစ်ချက်ဖြင့် ထိုဓားပြအားလုံးတို့ကို သတ်ဖြတ်နိုင်ပါသည်။

'ငါပိုပြီးတော့ လေ့ကျင့်ရဦးမယ်။ အဲ့ဒါမှ စိတ်ကြိုက်အသုံးပြုနိုင်ပြီး ချောချောမွေ့မွေ့နဲ့ စီမံနိုင်မှာ..'

'အခု ငါနဂါးနှစ်ကောင်ကိုပဲ ထုတ်နိုင်သေးတယ်။ ငါ့မှာ အသေးစား အောင်မြင်မှုအဆင့်ကို ရောက်ဖို့အတွက် အဝေးကြီးလိုသေးတယ်..'

'ပြီးတော့ ငါ့ရဲ့စွမ်းအားကလည်း လုံလုံလောက်လောက် မသန်မာသေးဘူး။ ငါဖန်တီးလိုက်တဲ့ နဂါးက လုံလောက်တဲ့ ပျော့ပျောင်းမှု မရှိသေးဘူး..'

ရွှီယန်က သူ၏အားနည်းချက်များကို ဆင်ခြင်ကာ တောင်စောင်းပေါ်တွင် ဆက်လက်လေ့ကျင့်သည်။

ခဏတာအတွင်း တောင်စောင်းတစ်ခုလုံးတွင် ကျောက်စရစ်များ လွင့်စင်ကာ မြက်ပင်နှင့်သစ်ပင်များ ပျက်စီးကုန်ကြသည်။

ချိုင့်ကြီးများ တစ်ခုပြီးတစ်ခု ပေါ်လာပြီး မြေပြင်ပေါ်တွင် ထူထဲစွာ ရှိနေကြ၏။

All Chapters