ဒီနေ့မှာဆရာ့ရဲ့ စကေးတွေကိုပြမယ်
Vol. 3 Ch. 37
လီရွှမ်တစ်ယောက် ကုလားထိုင်ပေါ်တွင် ထိုင်ကာ သက်သက်သာသာနှင့် အေးအေးလူလူ ရှိဟန်တူ၏။ သို့ပေမယ့် သူသည် အနည်းငယ် မသက်မသာ ခံစားနေရပါသည်။
ဒီလောက် အချိန်အတော်ကြာတာတောင်....
ရွှီယန်သည် နဂါးနိုင်လက်ဝါးသိုင်းကို တတ်မြောက်ခြင်း မရှိသေးပေ။
ဖြစ်နိုင်တာက သူ၏ဖန်တီးမှုက အလွန်မရေမရာနိုင်လှသောကြောင့် နားလည်သဘောပေါက်ရန် ခက်ခဲသွားသည်လား။
'စိတ်အေးအေးထား.. တိုးတက်မှုတွေ ရှိနေတာပဲ... မျှော်လင့်ချက် ရှိပါသေးတယ်..'
လီရွှမ်က နှလုံးသားထဲတွင် ကိုယ့်ကိုယ်ကို နှစ်သိမ့်သည်။
'နဂါးနိုင်လက်ဝါးသိုင်းကို ကျင့်ကြံလို့ ကျရှုံးရင်တောင် သူ့ရဲ့ကျင့်ကြံမှုအဆင့်သာ ဆက်ပြီးတော့ မြင့်မားလာပြီး မူလအဆင့်ကို ရောက်နိုင်မယ်ဆိုရင် အဆင်ပြေတယ်။ အလွန်ဆုံး သူ့မှာ နဂါးနိုင်လက်ဝါးသိုင်းကို ကျင့်ကြံဖို့ ပါရမီမရှိဘူးလို့ ပြောလိုက်ရုံပဲ..'
'ပြီးရင် ဓားသိုင်းကို သင်ပေးရမလား..'
'အဲ့ဒါဆိုရင် ပိုပြီးတော့ လွယ်ကူလောက်တယ် မှတ်လား။
ရွှီယန်က ဓားသိုင်ကျင့်ကြံရာမှာ ပိုပြီးတော့ ပါရမီထူးကဲလောက်တယ်..'
လီရွှမ်က ရွှီယန်အား ဓားပညာ သင်ကြားပေးလိုပါက မည်ကဲ့သို့သော ပုံပြင်မျိုးကို ပြောဆိုရန်အတွက် စဉ်းစားသည်။
ရွှီယန်သည် အမြဲတမ်း ဓားတစ်ချောင်းကို ဆောင်ထားလေ့ရှိ၏။ ဆိုလိုသည်ကား ဓားပညာတွင် အလွန်စိတ်ဝင်စားလောက်ပါသည်။ ထို့ကြောင့် ထူးကဲသည့် ပါရမီရှိနေမှာပါ။ သူ့ကို မည်ကဲ့သို့ သင်ကြားပေးရမည်မှာသာ ပြဿနာတစ်ခုဖြစ်သည်။
ဘာပဲဖြစ်ဖြစ် လီရွှမ်ကိုယ်တိုင်လည်း မည်သည့်ဓားသိုင်းပညာ သို့မဟုတ် ဓားကွက်များကိုမှ မသိပါ။ ထို့ကြောင့် မျက်စိစုံမှိတ်ကာသာ ရမ်းသမ်းပြီး ပုံဖော်ပြရမည်ဖြစ်၏။
ထို့အပြင် တကယ်ပြဿနာမှာ ရွှီယန်၏ ၎င်းတို့ကိုလေ့လာရာတွင် အကူအညီပေးမည့် ဓားပညာသီအိုရီဖွဲ့စည်းပုံအား မည်ကဲ့သို့ ဖန်တီးရန်ဖြစ်သည်။
'နည်းနည်းလောက် ထပ်ပြီးတော့ စောင့်တာပေါ့။ ဖြစ်နိုင်တာက တစ်နေ့မှာ သူဉာဏ်လင်းပွင့်မှုရလာပြီး နဂါးနိုင်လက်ဝါးသိုင်းကို တတ်မြောက်သွားမှာလည်း ဖြစ်နိုင်တာပဲ..'
လီရွှမ်က သူ၏စိတ်ကို အာရုံစူးစိုက်ကာ ရွှေရောင်အလင်းကို ရှာဖွေရန်အတွက် ကြိုးစားသည်။ သို့ပေမယ့် မည်သူကိုမှ တွေ့ရှိခြင်းမရှိဘဲ ဖြစ်နေပြန်ပါသည်။
'ရွှေလက်ချောင်းက ဘာဖြစ်တာလဲ။ အလိုလျှောက်ပဲ ပေါ်လာနိုင်တာလား..'
သူက ဘေးသို့ အနည်းငယ်စောင်းထိုင်ကာ ကိုယ့်ကိုယ်ကို ပိုမိုသက်တောင့်သက်သာရှိအောင် ပြုလုပ်လိုက်သည်။
အစက ဒီတစ်ကြိမ် ရွှီယန်ပြန်လာပြီးပါက နေရာရွှေ့ပြောင်းရန် စဉ်းစားထားခဲ့၏။ ရလဒ်အနေနှင့် ရွှီယန်ကို သိုင်းပညာ သင်ကြားပေးရန်အတွက် သူသည် ရွာငယ်တွင်သာ ဆက်လက်၍ နေထိုင်ရ၏။
"သင်၏တပည့်သည် သင်တီထွင်ထားသည့် နဂါးနိုင်လက်ဝါးသိုင်းကို တတ်မြောက်သွားသည်။
သင်၏ ပြီးပြည့်စုံခြင်းအဆင့်ရှိ နဂါးနိုင်လက်ဝါးသိုင်းသည် အဆင့်တူသည့် အခြားလူများထက် ၁၀ဆပိုစွမ်းအားကြီး၏.."
ရုတ်တရက် ရွှေရောင်အလင်းတစ်ခု ထွန်းလင်းလာခဲ့သည်။
"ဘုန်း.."
လီရွှမ်၏စိတ်ထဲတွင် နဂါးနိုင်လက်ဝါးသိုင်း၏ စစ်မှန်သည့် အဓိပ္ပါယ်များ ပေါ်လာခဲ့၏။ ၎င်းတို့သည် ချက်ချင်းပင် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားပြီး စွမ်းအားက အဆင့်တူများထက် ၁၀ဆကြီးမားလေသည်။
ခဏတာအတွင်း သူ၏မျက်လုံးထဲတွင် ပေ၁၀၀ ရှည်လျားသည့် နဂါး၁၈ကောင်တို့၏ လှည့်လည်နေမှု ပေါ်ထွက်လာခဲ့သည်။
"ဖာ့ချ.."
'ငါ့တပည့်က မိုက်လိုက်တာ။ သူကျင့်ကြံမှုမှာ တကယ်အောင်မြင်သွားတာလား..'
လီရွှမ် အလွန် စိတ်လှုပ်ရှားသွား၏။
သူက ကုလားထိုင်ပေါ်မှ ခုန်ထကာ ရွာမှတစ်ခါတည်း ထွက်ခွာသွားခဲ့သည်။
ရွှီယန်ကျင့်ကြံသည့် တောင်းစောင်းဆီသို့ ရောက်ရှိပြီးနောက် အဝေးမှ ၇ပေ၊ ၈ပေလောက် ရှည်လျားသည့် အနီရောင်နဂါး၂ကောင်ကို တွေ့လိုက်ရသည်။
၎င်းတို့သည် အလွန်သွက်လက်စွာဖြင့် ကခုန်လှည့်လည်နေကြ၏။ မြေပြင်ပေါ်သို့ ဝင်ဆောင့်ကြလျှင်လည်း ကြီးမားသည့် အပေါက်ကြီးများကို ဖြစ်ပေါ်စေသည်။
သူ၏စိတ်ထဲတွင် တောင်းတမျှော်လင့်စွာ ခံစားလိုက်ရ၏။
"ငါတပည့်.. အရမ်းကောင်းတယ်။ မင်းနဂါးနိုင်လက်ဝါးသိုင်းရဲ့ အပေါ်ယံသဘောတရားကို ထိတွေ့နိုင်ရုံရှိလာခဲ့ပြီ.."
လီရွှမ်က လျှောက်သွားကာ သူ၏အသံက ကျေနပ်မှုတစ်ခုကို သယ်ဆောင်ထား၏။
"ဆရာ.."
ရွှီယန်က ကျင့်ကြံမှုကို ရပ်တန့်ကာ လေးစားစွာ ဦးညွတ်ပြီးပြောသည်။
"ဆရာ.. အဲ့ဒါက ဆရာကျွန်တော့်ကို ကောင်းကောင်းသင်ကြားလို့ပါ.."
လီရွှမ်က အရွယ်အစားပေါင်းစုံနှင့် ချိုင့်ကွက်များပြည့်နေသည့် မြေပြင်ကိုကြည့်သည်။ ပတ်ဝန်းကျင်ရှိ အပင်အားလုံးတို့ ပျက်စီးကာ ပျောက်ကွယ်ကုန်ကြ၏။
"မင်းရဲ့နဂါးနိုင်လက်ဝါးသိုင်းက အသွင်သဏ္ဍာန်ရှိပေမယ့် အသက်ဓာတ်ကင်းမဲ့နေတယ်.."
"အခု မင်းရဲ့ကိုယ်ပိုင် စကေးအပေါ် တတ်မြောက်မှုရှိလာပြီဆိုတော့ သရုပ်ပြပေးလိုက်တာက မင်းရဲ့နဂါးနိုင် လက်ဝါးသိုင်း ကျင့်ကြံခြင်းမှာ သက်ရောက်မှုရှိလာမှာကို စိုးရိမ်စရာမလိုတော့ဘူး.."
"ဒီနေ့မှာ ငါ့ရဲ့စကေးကို မင်းကိုပြမယ်။ ချီနဲ့သွေးအဆင့်ရဲ့ နဂါးနိုင် လက်ဝါးက ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်တဲ့အခါမှာ ဘယ်လိုဖြစ်လာမလဲဆိုတာကို မင်းကြည့်လိုက်.."
လီရွှမ်က ဤသည်မှာ ချီနှင့်သွေးအဆင့်ရှိ နဂါးနိုင် လက်ဝါးသိုင်း၏ စွမ်းအားဖြစ်ကြောင်း သူ၏စစ်မှန်သည့် ခွန်အားမဟုတ်ကြောင်းကို ပြောပြသည်။
"ဟုတ်ကဲ့ပါ ဆရာ.."
ရွှီယန် အလွန် စိတ်လှုပ်ရှားနေ၏။ ဆရာက ချီနှင့်သွေးအဆင့်ရှိ နဂါးနိုင်လက်ဝါးသိုင်း၏ ပြီးပြည့်စုံသည့် စွမ်းအားကို ပြသတော့ပေမည်။ ထိုအထဲမှ ဉာဏ်အလင်းအချို့ ရရှိနိုင်ရန် မျှော်လင့်မိ၏။
"ကြည့်လိုက်.."
လီရွှမ်က လက်ကိုမြှောက်ကာ ရိုက်ထုတ်လိုက်သည်။
"ဝေါင်း.."
နဂါးဟိန်းသံတစ်ခုနှင့်အတူ ပေ၁၀၀လောက် ရှည်လျားသည့် ရွှေရောင်နဂါးကြီးတစ်ကောင် ရုတ်တရက် ပေါ်လာ၏။
၎င်းက ဦးခေါင်းကို မြှောက်ကာ အသက်ရှင်နေသည့်အလား နဂါးဟိန်းသံတစ်ခုကို ဟိန်းလာခဲ့သည်။
"ဘုန်း.."
ကြီးမားသည့် ရွှေရောင်နဂါးကြီးက ပျံသန်းထွက်ခွာသွား၏။ ၎င်း၏ လက်သည်းများနှင့် ကုတ်ခြစ်လိုက်ချိန်၌ များပြားလှသည့် သစ်ပင်များ တစ်စစီ ဖြစ်ကုန်ကြသည်။
နဂါး၏ အမြှီးက မြေပြင်ကို ရိုက်ခတ်လိုက်ချိန်၌ နက်ရှိုင်းသည့်မြောင်းကြီးတစ်ခု ဖြစ်လာခဲ့၏။
"ဘုန်း.."
နောက်ဆုံးတွင် နဂါးကြီးက မြေပြင်ကိုဝင်ဆောင့်ကာ ကြီးမားသည့်ချိုင့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
လီရွှမ်၏ မျက်နှာက တည်ငြိမ်၏။ သူက အထင်ကြီးစရာမရှိသည့် အသာတကြည်ရိုက်ချက်တစ်ခုကို ထုတ်လွှတ်လိုက်သည့်ပုံပါ။
တကယ်တော့ စိတ်ထဲတွင် သူလည်းပဲ အလွန်စိတ်လှုပ်ရှားနေ၏။ ဒီလက်ဝါးရိုက်ချက်တွင် သူ၏ ခွန်အားအားလုံးတို့ကို အသုံးပြုထားခြင်း ဖြစ်သည်။
နဂါးနိုင် လက်ဝါးသိုင်း၏ ပြီးပြည့်စုံခြင်းအဆင့်သည် အသက်ဝင်ခြင်း၏ အသွင်သဏ္ဍာန်အချို့အား ပိုင်ဆိုင်ထားပြီးဖြစ်၏။
သူ၏ အဆင့်တူများထက် ၁၀ဆပိုမို စွမ်းအားကြီးမားသည့် ခွန်အားနှင့်ပေါင်းစပ်လိုက်ပါက ထိုတိုက်ခိုက်မှုသည် အနှိုင်းမဲ့သည့် အရှိန်အဟုန် အထွတ်အထိပ်ယန်နှင့် စွမ်းအားကြီးမှုတို့ကို ပြီးပြည့်စုံစွာ ပြသနေပါသည်။
ရွှီယန်အနေနှင့် ပြီးပြည့်စုံခြင်းအဆင့်သို့ ကျင့်ကြံပြီးဖြစ်လျှင်တောင် ယခုကဲ့သို့ စွမ်းအားမျိုးကို ထုတ်ဖော်နိုင်မည် မဟုတ်ပါ။
ဤသည်မှာ ဆရာတစ်ယောက်၏ စွမ်းအားဖြစ်၏။ ဘာပဲဖြစ်ဖြစ် လီရွှမ်၏ နဂါးနိုင်လက်ဝါးသိုင်းမှာ အဆင့်တူများထက် ၁၀ဆပိုမို စွမ်းအားကြီးပါသည်။
ရွှီယန်၏ မျက်လုံးများက အံ့သြစွာ ပြူးကျယ်နေ၏။ 'ဒါက ချီနဲ့သွေးအဆင့်က စွမ်းဆောင်နိုင်တဲ့ နဂါးနိုင်လက်ဝါးသိုင်းလား..'
'ကြောက်စရာကောင်းလွန်းတယ်။ ဒီလောက်စွမ်းအားနဲ့ သူတစ်ယောက်တည်းနဲ့ လူ၁၀၀၀၀ကိုတောင် အလွယ်တကူ အနိုင်ယူနိုင်လောက်တယ်..'
'ဆရာက ဒီလက်ဝါးချက်ကို အသာတကြည် ရိုက်ထုတ်လိုက်တာ.. အဲ့ဒါတောင် ဒီလိုစွမ်းအားမျိုးရှိနေသေးတယ်..'
'အဲ့ဒီ့အပြင် နဂါးလက်ဝါးက နဂါးဟိန်းသံတစ်ခုကိုလည်း ပေါ်လာစေခဲ့တယ်။ အသက်ဝင်နေတဲ့ နဂါးတစ်ကောင်လို့ပဲ..'
'ငါက တကယ့်ကို အဝေးကြီး အလှမ်းကွာသေးတာပဲ..'
ရွှီယန်က နက်ရှိုင်းစွာ အံ့သြသွားခဲ့သည်။ ကိုယ့်ကိုယ်ကို၏ အားနည်းချက်ကို နားလည်လာခဲ့၏။
သူ၏ကိုယ်ပိုင် နဂါးနိုင်လက်ဝါးသိုင်းမှာ အသက်ဓာတ်တို့ ကင်းမဲ့နေပါသည်။ ဆရာနှင့်နှိုင်းယှဉ်ပါက ကြည့်ရတာ အလွန်တောင့်တင်းနေ၏။
'နဂါးတွေမှာ ဒီဗိုင်းစွမ်းအားတွေ ရှိကြတယ်။ သူတို့က အခြေအနေအလိုက် ပြောင်းလဲနိုင်ကြတယ်။ ဪ ဒါကဒီစကားစုရဲ့အဓိပ္ပာယ်ကို..'
'ဒါက ချီနဲ့သွေးအဆင့်က နဂါးတစ်ကောင်ပဲ ရှိသေးတယ်။ အဆင့်တွေ ပိုပြီးတော့ မြင့်လာမယ်ဆိုရင် ဖန်တီးနိုင်မယ့် နဂါးမှာ တကယ်ပဲ ဒီဗိုင်းစွမ်းအားတွေ ပိုင်ဆိုင်လာနိုင်မှာလား..'
သူက စဉ်းစားလေလေ ပိုမိုမျှော်လင့်မိလေ ဖြစ်လာခဲ့၏။ ရွှီယန်တစ်ယောက် နဂါးနိုင်လက်ဝါးသိုင်း၏ စွမ်းအားနှင့် လျှို့ဝှက်ဆန်းကြယ်မှုကို ပိုမိုကာ ခံစားလာရလေဖြစ်သည်။
သို့ရာတွင် သူ၏နဂါးနိုင်လက်ဝါးသိုင်း၏ ဖော်မြူလာစကားစုအပေါ် နားလည်သဘောပေါက်မှုမှာ အပေါ်ယံသာ ဖြစ်ပါသေးသည်။
တပည့်ဖြစ်သူ၏ အံ့ဩနေသည့် အသွင်အပြင်ကို တွေ့ရပြီးနောက် လီရွှမ်က ကျေနပ်စွာ ခံစားလိုက်ရသည်။
လက်နှစ်ဖက်ကို နောက်သို့ပစ်ကာပြော၏။
"ငါ့တပည့်.. ငါ့လက်ဝါးချက်ရဲ့ စွမ်းအားနဲ့ အလွှမ်းမိုးမခံနဲ့.."
"မင်းရဲ့ကိုယ်ပိုင် အထူးသီးသန့် နဂါးနိုင်လက်ဝါးသိုင်းရဲ့ အနှစ်သာရကို နားလည်သဘောပေါက်အောင် မင်းကြိုးစားရမယ်.."
"ဟုတ်ကဲ့ပါဆရာ ကျွန်တော်နားလည်ပါတယ်.."
ရွှီယန်က လေးစားစွာဖြင့် ဦးညွတ်သည်။
"အင်း နဂါးနိုင်လက်ဝါးသိုင်းရဲ့ အခြေခံသဘောတရားကို မင်း ဖမ်းဆုပ်နိုင်ပြီဆိုတော့ သဘာဝတရား၈ပါး ပုံကြမ်းကို ပိုပြီးတော့ လေ့လာမှုပြုပါ.."
"အဲ့ဒါကလည်း ဉာဏ်အလင်းအချို့ ရနိုင်ရင် မင်းအတွက် အကျိုးအများကြီး ဖြစ်ထွန်းစေမှာ.."
လီရွှမ်က ခေါင်းငြိမ့်သည်။ ယခုအချိန်၌ ရွှီယန်က နဂါးနိုင်လက်ဝါးသိုင်းကို အောင်မြင်စွာ ကျင့်ကြံခဲ့ပြီးဖြစ်ရာ သဘာဝတရား၈ပါးပုံကြမ်းကို ပိုမို လေ့လာစေချင်လေသည်။
ရွှီယန်သာ နားလည်မှုအချို့ ရလာပါက သူ့အတွက် များပြားလှသည့် တန်ပြန်အကျိုးသက်ရောက်မှုများကို ရရှိစေမှာ ဖြစ်၏။
သဘာဝတရား၈ပါး ပုံကြမ်းအား သူ၏ရှင်းပြချက်မှာ အလွန်နက်ရှိုင်းကာ လျှို့ဝှက်ဆန်းကြယ်လှပါသည်။
ဤသည်မှာ ချီနှင့်သွေးအဆင့်များသာ ကျင့်ကြံနိုင်သည့်အရာ မဟုတ်ပေ။ အချိန်တိုင်းတွင် လေ့လာကျင့်ကြံနိုင်သည့်အရာ ဖြစ်၏။
အဆင့်တိုင်းတွင် ခြားနားသည့် ဉာဏ်အလင်းများ ရရှိနိုင်ပါသည်။ သို့ပေမယ့် ဤသည်အားလုံးတို့မှာ ရွှီယန်၏ လုပ်ဆောင်နိုင်မည်လား ဟူသည့်အပေါ် မူတည်၏။
"ဟုတ်ကဲ့ပါ ဆရာ.."
ရာသီဥတုက ပိုမိုအေးစက်လာခဲ့သည်။ ဆောင်းရာသီ၏ နှောင်းပိုင်းသည် အေစက်မှုတို့ ပိုမိုအားကောင်းလာခဲ့၏။
သို့ပေမယ့် လီရွှမ်အတွက်မူ ဒီဆောင်းမှာ အလွန်သက်တောင့်သက်သာ ရှိလှပါသည်။ သူသည် ပါးလွှာသည့် အဝတ်များကို ဝတ်ဆင်ထားလျှင်တောင် အေးစက်မှုကို ခံစားရခြင်း မရှိပေ။
ဒီအရက်များအတွင်းတွင် ရွှီယန်ဟာ သဘာဝတရား၈ပါးပုံကြမ်းအပေါ်တွင် ပိုမိုကာ အချိန်ပေးလေ့ရှိ၏။ သူက ပုံကြမ်းကို လေ့လာရင်းမှ လှုပ်ရှားမှုများ ပြုလုပ်ကာ သူ၏ခန္ဓာကိုယ်လှုပ်ရှားမှုတို့ ပိုမိုသွက်လက်လာခဲ့သည်။
အမြန်နှုန်းမှာလည်း သိသာစွာ တိုးတက်လာခဲ့၏။ သို့ပေမယ့် ခန္ဓာကိုယ်လှုပ်ရှားမှု ဖွဲ့စည်းပုံတစ်ခုကို နားလည်သဘောပေါက်ခြင်း မရှိသေးပေ။
လီရွှမ် အတွေးနက်သွား၏။ သူက ရွှီယန်၏ လျှင်မြန်သွက်လပ်သည့် ကျင့်ကြံနေပုံကို ကြည့်သည်။
'ဖော်မြူလာစကားစုမရှိလို့ နားလည်သဘောမပေါက်နိုင်ဘူး ဖြစ်နေတာလား..'
'ငါရှင်းပြခဲ့တဲ့ ပုံကြမ်းအကြောင်းမှာ နက်ရှိုင်းတာတွေ အများကြီးပါဝင်တယ်။ ရုပ်ပိုင်းဆိုင်ရာ စကေးတစ်ခုပဲ မဟုတ်ဘူး..'
'ဒါ့ကြောင့် လျှို့ဝှက် ဖော်မြူလာစကားစုကို မသင်ပေးတဲ့အခါမှာ နားမလည်ဖြစ်နေတာလား..'
ထိုကဲ့သို့ တွေးမိပြီးနောက် လီရွှမ်က မနေနိုင်ဘဲ စဉ်းစားသည်။
'စာသားနှစ်ကြောင်းလောက်တော့ ဖန်တီးတာပေါ့..'
သူ၏တပည့်ဖြစ်သူ၏ ကြေးအရိုးများမှ ချိုးဖျက်ကာ ရွှေအရိုးအား သန့်စင်နိုင်ခဲ့ခြင်းအကြောင်းမှာ သူကျပန်းတီထွင်ပေးလိုက်သည့် စကားစုကြောင့် ဖြစ်ကြောင်းကို ပြန်လည်စဉ်းစားမိသည်။
နဂါးနိုင်လက်ဝါးသိုင်းကို အောင်မြင်စွာ ကျင့်ကြံနိုင်ရန်အတွက်လည်း စကားစုတစ်ခုကို ဖွဲ့စည်းပေးခဲ့၏။
ထိုအချိန်၌မှသာ ရွှီယန်သာ အောင်မြင်စွာ ကျင့်ကြံလာနိုင်ခဲ့သည်။ ထို့ကြောင့် သီအိုရီဆိုင်ရာ ဖွဲ့စည်းမှုတစ်ခုသက်သက်နှင့် ကျင့်ကြံရန် မဖြစ်နိုင်ခြင်း ဖြစ်ပေလိမ့်မည်။
စကေးများနှင့် စကားစုကို ပေါင်းစပ်ပြီးသည့် အခါမှသာ ကျင့်ကြံခြင်း၏ အောင်မြင်နိုင်ခြေမှာ ကြီးစွာ မြင့်တက်လာခဲ့၏။
'ငါခန္ဓာကိုယ်လှုပ်ရှားမှုအတွက် ဖော်မြူလာစကားစုကို ဘယ်လိုဖန်တီးရမလဲ..'
လီရွှမ်က အတွေးနက်သွားသည်။
လေတစ်ဝှေ့က တိုက်ခတ်လာခဲ့ပြီး အဝေးရှိ သစ်ကိုင်းပေါ်မှ အဝါရောင်အရွက်များသည် လေနှင့်အတူ ကျဆင်းလာခဲ့သည်။
လီရွှမ်၏ စိတ်ထဲတွင် စိတ်ကူးတစ်ခု လက်သွားခဲ့၏။
"ငါသိပြီ.."
အပိုင်း၃၈- ရွှီယန်၏ နောက်ထပ်ဉာဏ်အလင်းရလာမှု၊ ဘဲငန်းကိုယ်ဖော့ခြေလှမ်း
ခန္ဓာကိုယ်ရွေ့လျားမှု အတတ်၏ ဖော်မြူလာ စကားစုကို စဉ်းစားပြီးနောက် လီရွှမ်က သဘာဝတရား၈ပါး ပုံကြမ်းဆီသို့ သွားရောက်ကာ ရွှီယန်ကို ပြောသည်။
"ငါတပည့်.. ဒီရက်တွေမှာ မင်းကြိုးကြိုးစားစား လေ့ကျင့်နေခဲ့တယ်။ မင်းရဲ့အမြန်နှုန်းကလည်း တိုးတက်လာခဲ့တယ်။ ခြေလှမ်းတွေက အများကြီး ပေါ့ပါးသွတ်လပ်လာတယ်.."
"ဒါပေမယ့် လှုပ်ရှားမှုအတတ်တစ်ခုကို စစ်မှန်စွာ နားလည်မှုရဖို့အတွက်တော့ အလှမ်းကွာနေတုန်းပဲ.."
"အခု မင်းရဲ့လှုပ်ရှားမှုပညာမှာ တိုးတက်မှုအချို့ ရလာပြီးပြီဆိုတော့ မင်းကို ဖော်မြူလာစကားစုကို သင်ပေးရမယ့်အချိန်ပဲ.."
"နားထောင်ပြီးတော့ မှတ်သားထား.."
ရွှီယန်က ရပ်တန့်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် ခေါင်းငြိမ့်သည်။
"ဟုတ်ကဲ့ပါဆရာ.."
"ရွေ့လျားမှုရဲ့ အနှစ်သာရက ပေါ့ပါးမှုနဲ့ မြန်ဆန်မှုအပေါ်မှာ မူတည်တယ်.."
"ပေါ့ပါးတယ်ဆိုတဲ့ အဓိပ္ပာယ်က လူတစ်ယောက်က တိတ်ဆိတ်နေပြီး ဘယ်သူမှ သတိမထားမိနိုင်ဘူးလို့ပဲ။ မြန်ဆန်တာကတော့ အလင်းလိုမျိုး လျှပ်တပြတ်နိုင်ခြင်းပဲ..."
လီရွှမ်က ပညာရှိတစ်ယောက်၏ ဉာဏ်ပညာမျိုးနှင့် ပြောသည်။
ရွှီယန်က တွေးဆစွာ နားထောင်ပြီးနောက် လှုပ်ရှားမှုအတတ်အား မည်ကဲ့သို့လေ့လာရန် ရေးတေးတေး နားလည်လာခဲ့သည်။
"ဘဲငန်းရဲ့ အတောင်မွှေးတစ်ခုလို.. ဒါမှမဟုတ် ကြွေကျနေတဲ့ သစ်ရွက်တစ်ခုလိုနဲ့.. ဘာရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်မှမရှိတဲ့ လျှပ်စီးရဲ့မြန်ဆန်မှုမျိုးပေါ့...."
လီရွှမ်က အသစ်ဖန်တီးထားသည့် စကားစုကို တစ်ခွန်းပြီးတစ်ခွန်း အသေးစိတ်စွာ ရွတ်ပြသည်။
"ငါတပည့်.. ဒီစကားစုအပေါ်မှာ မင်းသေသေချာချာစဉ်းစား.."
စကားဆုံးပြီးနောက် သူက နောက်သို့လှည့်ကာ လက်နှစ်ဖက်ကို နောက်ကိုပစ်ပြီး ထွက်ခွာသွား၏။
"ဟုတ်ကဲ့ပါဆရာ.."
ရွှီယန်က ဦးညွှတ်သည်။
ရွှီယန်အား စကားစုနှစ်ခုတို့ကို ပေးပြီးနောက် ယခုအချိန်၌ လှုပ်ရှားမှုအတတ်ကို နားလည်သဘောပေါက်နိုင်မနိုင်မှာ သူကိုယ်တိုင်၏ အပေါ်တွင်သာ မှီခိုပါတော့သည်။
သို့ရာတွင် သူ၏တပည့်ဖြစ်သူက သူ့အား စိတ်ပျက်စေမှာမဟုတ်ဟု လီရွှမ် ယုံကြည်မှုရှိ၏။
ရွှီယန်၏ စိတ်ထဲတွင် ထိုဖော်မြူလာစကားစုနှစ်ခုတို့ဖြင့် ပြည့်နက်နေ၏။ သူက ၄င်းတို့အပေါ်တွင် စဉ်းစားလေလေ ပိုမိုနက်ရှိုင်းသည်ဟု ရှာတွေ့လာလေ ဖြစ်သည်။
ခေါင်းမော့ကြည့်ကာ ဆရာဖြစ်သူ၏ ထွက်ခွာသွားမှုကို တွေ့ရပြီးနောက် ဆက်လက်ကျင့်ကြံရန် ပြင်ဆင်၏။
ထိုအချိန်၌ ရုတ်တရက် ရပ်တန့်သွားသည်။
'ဆရာပြောတာ ရွေ့လျှားမှုရဲ့ အနှစ်သာရက ပေါ့ပါးမှုနဲ့ မြန်ဆန်မှုတဲ့...'
'ဒါကဘာလဲ... ဆရာ့ရဲ့ခြေလှမ်းတွေက အရမ်းကို သက်တောင့်သက်သာနဲ့ အေးအေးလူလူ ရှိနေပါလား...'
ရွှီယန်က ဆရာဖြစ်သူ၏ လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ထွက်ခွာသွားမှုကို ကြည့်ကာ ခြေလှမ်းများကို သတိထားမိလိုက်သည်။
သူ၏ သက်တောင့်သက်သာရှိလှသည့် ခြေလှမ်းများ၊ အေးဆေးနေပုံနှင့် ဖော်မပြနိုင်သည့် နက်နဲရှိမှုတစ်ခုတို့ ဖြစ်သည်။
'ဆရာ့ရဲ့ အေးအေးလူလူရှိနေတဲ့ ခြေလှမ်းတွေက သူ့ရဲ့လှုပ်ရှားမှုအတတ်ကို အလိုလို ပြသနေတာလား..'
'မဟုတ်ဘူး.. ဆရာ့ရဲ့အဆင့်က မြင့်မားလွန်းတယ်။ သူက အစစ်အမှန်အဆင့်ကို ပြန်လည်ရောက်ရှိနေပြီးပြီ.."
"ဖြည်းဖြည်းလေးပဲ လျှောက်ပုံပေါ်ပေမယ့် လှုပ်ရှားမှုအတတ်ရဲ့ အမြင့်ဆုံးနိယာမကို သယ်ဆောင်ထားတယ်..'
'စကားလုံးတွေက အတွေ့အကြုံက လာတယ်တဲ့။ အဲ့ဒါကြောင့် ဆရာက ငါ့ကိုစကားစုကို သင်ပေးပြီးတဲ့နောက်မှာ သူ့ရဲ့တည်ငြိမ်တဲ့ ခြေထောက်တွေနဲ့ သရုပ်ပြပေးတာများလား..'
'ဟုတ်တယ်.. အဲ့လိုပဲဖြစ်ရမယ်။ ဆရာ့ရဲ့ခြေလှမ်းတွေထဲမှာရှိတဲ့ နက်ရှိုင်းတဲ့ အဓိပ္ပါယ်ကို ငါရှင်းရှင်းလင်းလင်း နားလည်အောင်လုပ်ရမယ်..'
ရွှီယန်တစ်ယောက် ကိုယ်ပိုင် အဓိပ္ပာယ်ကောက်မှုအား ရရှိပြီးနောက် သူ၏စိတ်အစဉ်တို့ ချက်ချင်းပင် တက်ကြွလာခဲ့သည်။
မျက်တောင်ခတ်ခြင်းမရှိဘဲ ဆရာ၏ခြေလှမ်းများကို ကြည့်ရှု့နေ၏။ ခြေလှမ်းများသည် ဖော်ပြရန် ခက်ခဲသည့် ဆွဲဆောင်မှုတစ်ခုကို သယ်ဆောင်ထားသည်။ သက်တောင့်သက်သာနှင့် ပေါ့ပါးကာ အနှောင်အဖွဲ့ကင်းမဲ့လှ၏။
သူက ကြည့်လေလေ ဆရာ၏ခြေလှမ်းများအတွင်းရှိ ပုန်းအောင်းနေသည့် နိယာမတို့ကို ဖမ်းဆုတ်နိုင်လာလေလေ ဖြစ်လာခဲ့သည်။
'ဘဲငန်းအတောင်မွှေး တစ်ခုလို.. ဒါမှမဟုတ် ကြွေကျနေတဲ့ သစ်ရွက်တစ်ခုလို... ရုပ်ပိုင်းဆိုင်ရာအသွင်မရှိတဲ့ မြန်ဆန်တဲ့ လျှပ်စီးတစ်ခုလို... ငါနားလည်မှုအချို့ ရလာပြီ..'
ဆရာ၏ခြေလှမ်းများကို ကြည့်ကာ တဖြည်းဖြည်းနှင့် ရွှီယန်၏ စိတ်ထဲတွင် ဉာဏ်လင်းပွင့်မှုတစ်ခု ပေါ်ထွက်လာသည့်ပုံ ရှိသည်။
တစ်ဖက်လူ၏ ပေါ့ပါးမှု၊ အေးဆေးမှုနှင့် လွတ်လပ်မှုတို့က ဖော်မြူလာစကားစုနှင့်အတူ ပေါင်းစပ်သွားသည်။
သူသည် တဖြည်းဖြည်းနှင့် တစ်ခုခုကို ရေးတေးတေး နားလည်လာခဲ့၏။ ထိုအချိန်၌ လီရွှမ်၏ပုံရိပ်မှာ ရွှီယန်၏ မြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွားပြီးဖြစ်သည်...
ဒီအချိန်၌ လီရွှမ်၏ စိတ်အခြေအနေမှာ ကောင်းမွန်စွာရှိနေပါသည်။ သူသည် စကားစုနှစ်ခုတို့ကို ဖန်တီးပြီး တပည့်ဖြစ်သူအား သင်ကြားပေးခဲ့၏။
မကြာခင် ခန္ဓာကိုယ်လှုပ်ရှားမှုအတတ်နှင့် ပတ်သက်ပြီး တန်ပြန်အကျိုးပြုမှုတို့ ရရှိလာမှာဖြစ်သည်။ ထို့ကြောင့် သက်တောင့်သက်သာနှင့် လွတ်လပ်စွာ ရှိနေပြီး ခြေလှမ်းများက ပေါ့ပါးနေပါသည်။
နှလုံးသားထဲတွင် လန်းဆန်းစွာ ခံစားရပြီး သီချင်းအချို့ကိုပင် ဆိုညည်းလိုမိ၏။
ရွှီယန်တစ်ယောက် ထိုလွတ်လပ်ကာ ပေါ့ပါးသည့် ခြေလှမ်းများကို တွေ့မြင်ပြီး သူ၏ကိုယ်ပိုင် စိတ်ကူးစိတ်သန်းများကို အသုံးပြုကာ ခြေလှမ်းများ၏နောက်ရှိ နက်ရှိုင်းသည့် သဘောတရားများကို လေ့လာနေကြောင်းက်ုတော့ တွေးမိခြင်းမရှိပါ။
...
ရွှီယန်သည် ဆရာ့၏ခြေလှမ်းများတွင် နက်ရှိုင်းသည့် သဘောတရားတို့ ပါဝင်နေကြောင်းကို စိတ်ကူးမိစဉ်ကတည်းက ဆရာဖြစ်သူ သင်ကြားပေးခဲ့သည့် ခန္ဓာကိုယ်လှုပ်ရှားမှု ဖော်မြူလာစကားစုအား လေ့လာကာ ခန္ဓာကိုယ်လှုပ်ရှားမှုအား ကျင့်ကြံတိုင်းတွင် စိတ်ထဲ၌ လွတ်လပ်ကာ အေးအေးလူလူနှင့် ပေါ့ပါးသည့်ခြေလှမ်းများက ဆက်တိုက်ပေါ်လာနေ၏။
စကားစုနှင့် အတွေးအမြင်တို့ ပေါင်းစပ်ကာ ဉာဏ်အလင်းပွင့်မှုအသစ်များကို ဆက်လက်ရရှိလာခဲ့သည်။
ကြည့်ရတာ အလွှာတစ်ခုကို ချိုးဖျက်ပြီးပါက စွမ်းအားကြီးမားသည့် ခန္ဓာကိုယ်လှုပ်ရှားမှုအတတ် တစ်ခုအား နားလည်သဘောပေါက်လာမည့် ပုံပါ။
သဘာဝတရား၈ပါး ပုံကြမ်း၏ အတွင်းတွင် ရွှီယန်၏ ခြေလှမ်းများက ပိုမိုကာ ပေါ့ပါးလာခဲ့၏။ သူ၏ ခြေထောက်ချမှုများသည် အသံကင်းမဲ့လာပြီး လားရာအလှည့်အပြောင်းများက ချောမွေ့လာခဲ့သည်။
ခုန်ချက်များတွင် အလေးအပင်မရှိသည့် အရိပ်အယောင်တို့ သယ်ဆောင်လာ၏။ သူ၏ပုံရိပ်က သဘာဝတရား၈ပါး ပုံကြမ်း၏ ပတ်ဝန်းကျင်တွင် လွင့်မျောနေပြီး ခြေလှမ်းများ ပိုမိုပေါ့ပါးကာ အမြန်နှုန်းတို့ ဆက်တိုက် မြင့်တက်လာခဲ့သည်။
'ငါပိုမြန်လာပြီ..'
'ငါ့ကိုငါ ခန္ဓာကိုယ်ရွေ့လျားမှုအတတ်ကို နားလည်သဘောပေါက်နိုင်ဖို့အတွက် နည်းနည်းပဲလိုတော့တယ်လို့ ခံစားရတယ်..'
ရွှီယန်၏အကြည့်က ခိုင်မာ၏။
အချိန်တစ်ခုတွင် သူ၏စိတ်ထဲတွင် ကျန်ရှိခဲ့သည့် တစ်ခုတည်းသော အရာမှာ ဆရာဖြစ်သူ၏ သက်တောင့်သက်သာနှင့် လွတ်လပ်သည့်ခြေလှမ်းများ ပိုမိုထူးကဲကာ ရှင်းလင်းလာခြင်း ဖြစ်သည်။
သူ၏ နှလုံးသားထဲတွင် ဉာဏ်အလင်းပွင့်မှုတစ်ခု မြင့်တက်လာသည်ဟု ခံစားရ၏။
'ဘဲငန်းတစ်ကောင်ရဲ့ အတောင်မွှေးလို.. ကြွေကျနေတဲ့သစ်ရွက်လို.. အကောင်အထည်မရှိတဲ့ လျှပ်စီးလို... ငါနားလည်စပြုလာပြီ..'
'ဘဲငန်းအတောင်မွှေးတစ်ခုလို တိတ်ဆိတ်စွာ မျောလွင့်ပြီး လျှပ်စီးတစ်ခုလို အခိုက်အတန့်တစ်ခုပဲ ကြာညောင်းမယ်... ဒါကို ဘဲငန်းကိုယ်ဖော့ပညာလို့ ခေါ်သင့်တယ်..'
'စစ်မှန်တဲ့ အဓိပ္ပါယ်ကို ငါဖမ်းဆုပ်နိုင်ခြင်း မရှိသေးပေမယ့် အနည်းဆုံးတော့ လှုပ်ရှားမှုအတတ်ကို စတင်နိုင်ခဲ့ပြီ..'
'တိတ်ဆိတ်မှုနဲ့ အရိပ်အယောင်ကင်းမဲ့မှုက မျောလွင့်နေတဲ့ ဘဲငန်းအတောင်မွှေးတစ်ခုလိုပဲ... ဘဲငန်းလှုပ်ရှားမှုအတတ်..'
အခိုက်အတန့်တစ်ခုတွင် ရွှီယန်တစ်ယောက် သူ၏နှလုံးသားထဲ၌ အဆုံးမဲ့သည့် ဉာဏ်အလင်းပွင့်မှု ခံစားချက်တို့ ပေါ်လာသည်ဟု ထင်လိုက်၏။
ထိုအခိုက်အတန့်တွင် သူ၏ပုံရိပ်မှာလည်း စတင်ဖမ်းဆီးမရအောင် ဖြစ်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းတွင် တယ်လီပို့သကဲ့သို့ နောက်ထပ်နေရာ တစ်ခုသို့ ရောက်ရှိသွား၏။
မြေပြင်ပေါ်သို့ တိတ်ဆိတ်စွာ ကျဆင်းကာ မည်သည့်ဖုန်မှုန့်မှ မြင့်တက်လာခြင်း မရှိပေ။ ပုံရိပ်များက သဘာဝတရား၈ပါး ပုံကြမ်းထဲတွင် ဆက်လက်စီးမျောနေပြီး ပိုမိုမြန်ဆန်ကာ ပေါ့ပါးလာခဲ့သည်။
ချက်ချင်းပင် နေရာပြောင်းသွား၏။ ထို့အပြင် ထိုကဲ့သို့သော မြန်ဆန်လှသည့် ရွေ့လျားမှုနှင့်ပင် မည်သည့်လေသံမှ ပေါ်လာခြင်းမရှိပေ။
ခုန်ကူးမှုတိုင်းတွင် ဘဲငန်းအတောင်ပံမွှေးကဲ့သို့ ပေါ့ပါးကာ တိတ်ဆိတ်ပြီး အရိပ်အယောင်တို့ ကင်းမဲ့နေ၏။
'ငါ နောက်ဆုံးတော့ ဘဲငန်းလှုပ်ရှားမှုအတတ်ကို အောင်မြင်ခဲ့ပြီ..'
ရွှီယန်သည် အလွန် စိတ်လှုပ်ရှားနေ၏။
သူက အော်လိုက်ပြီးနောက် လေထဲသို့ ထိုးတက်သွားသည်။ ချက်ချင်းပင် ပေ၁၀၀အကွာအဝေးသို့ ရောက်ရှိသွား၏။
လက်ကိုမြှောက်ကာ နဂါးနိုင်လက်ဝါးကို ရိုက်ထုတ်လိုက်သည်။ အနီရောင်နဂါးတစ်ကောင် ထွက်ပေါ်လာပြီး မြေပြင်ပေါ်တွင် အပေါက်ကြီးတစ်ခု ဖြစ်သွားစေ၏။
ရွှီယန်၏ ခန္ဓာကိုယ်လှုပ်ရှားမှုများက လျှပ်တပြတ်နိုင်လှပြီး သူသည် နဂါးနိုင်လက်ဝါးဖြင့် တိုက်ခိုက်နေကာ ဘယ်ညာအထက်အောက်အား ရွေ့လျားနေ၏။
ချက်ချင်းပင် ရွေ့လျားခြင်း၊ လားရာပြောင်းခြင်း၊ ခန္ဓာကိုယ်အနေအထားပြောင်းခြင်းတို့အား ပြုလုပ်ကာ နဂါးနိုင်လက်ဝါးများက အရပ်မျက်နှာပေါင်းစုံတို့ ဆီသို့ လျှပ်တပြတ် ထွက်ပေါ်နေကြသည်။
ခန္ဓာကိုယ်လှုပ်ရှားမှုအတတ်ကို တတ်မြောက်ပြီးနောက် ရွှီယန်၏ တိုက်ခိုက်မှုစွမ်းအားက ချက်ချင်းပင် မြင့်တက်သွားခဲ့၏။
'ပြီးရင် ချီနဲ့သွေးအဆင့်မှာ အဆင့်မြင့်တက်မှု ရဖို့အတွက် အမြန်ဆုံးကျင့်ကြံရမယ်..'
ရွှီယန်သည် အလွန် စိတ်လှုပ်ရှားနေ၏။
"သင်၏တပည့်ဖြစ်သူသည် သင်ဖန်တီးလိုက်သည့် လှုပ်ရှားမှုအတတ်ကို အောင်မြင်စွာ ကျင့်ကြံခဲ့ပြီး ၎င်းကို ဘဲငန်းက်ုယ်ဖော့ပညာဟု အမည်ပေးလိုက်သည်.."
"ယခုအချိန်၌ သင်သည် ထိုအတတ်၏ ပြီးပြည့်စုံခြင်းအဆင့်သို့ တစ်ခါတည်း ရောက်ရှိသွားပြီး အဆင့်တူများထက် ၁၀ဆပိုမို သာလွန်လိမ့်မည်.."
ရွှီယန်အား ဖော်မြူလာစကားစုကို လက်ဆင့်ကမ်းပေးပြီး တတိယမြောက်နေ့တွင်...
လီရွှမ်သည် ကုလားထိုင်ပေါ်တွင် ထိုင်ရင်းက ကျောက်စိမ်းအဆောင်နှင့် ကစားနေ၏။
ရုတ်တရက် ရွှေရောင်အလင်းတစ်ခု ပေါ်လာခဲ့သည်။ သူ၏စိတ်ထဲတွင် ဘဲငန်းလှုပ်ရှားမှုအတတ်၏ သဘောတရားများ ရုတ်တရက်ပေါ်လာပြီး ချက်ချင်းပင် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွား၏။
လီရွှမ် ချက်ချင်းပင် မတ်တပ်ရပ်ကာ သူ၏မျက်နှာက စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နက်နေပါသည်။
'ထင်ထားတဲ့အတိုင်းပဲ.. ဖော်မြူလာစကားစု ရှိတာနဲ့ မရှိတာက အရမ်းကို ကွာခြားချက် ကြီးမားတယ်..'
'ငါတပည့်ရဲ့ ပါရမီက တကယ့်ကို ဆန်းကြယ်တာပဲ။ စကားစုသာရှိရင် အဓိပ္ပါယ်ကို ခံစားနိုင်တယ်..'
'ငါ့ရဲ့ဦးနှောက်ကို အတင်းအလုပ်ပေးပြီး အထောက်အကူစကားစုကို ဖန်တီးခဲ့တာ တကယ့်ကို တန်သွားပြီ..'
'ကြည့်ရတာ မူလအဆင့်ရဲ့ ကျင့်ကြံခြင်းနည်းလမ်းကို သူ့ကို ကြိုတင်ပြီးတော့ လက်ဆင့်ကမ်းပေးရမယ့် ပုံပဲ..'
'အဲ့ဒါဆိုရင် သူ့ကိုယ်သူ အဲ့တာနဲ့ ကြိုပြီးတော့ ရင်းနှီးမှုရလာပြီး အမြန်ဆုံး အဆင့်အချိုးဖျက်နိုင်မှာ..'
ငါဘဲငန်းအတောင်မွှေး တစ်ခုကဲ့သို့ ပေါ့ပါးသည့် ခြေလှမ်းတစ်ခုနှင့်အတူ တိတ်ဆိတ်စွာနှင့် အရိပ်အယောင်ကင်းမဲ့စွာဖြင့် သူက ချက်ချင်းပင် ရွာငယ်မှ ထွက်ခွာသွား၏။
သူ၏ပုံရိပ်သည် အလွန်မြင့်မားသည့် အမြန်နှုန်းနှင့် တရိပ်ရိပ်ရွေ့လျားနေပြီး မည်သည့်လေသံမှ ထွက်ပေါ်လာခြင်းမရှိပေ။ အလွန် တိတ်ဆိတ်လှ၏။
လီရွှမ်၏လက်မှာ ကျောက်စိမ်းအဆောင်နှင့် ကစားနေရင်းမှ ရွှီယန်၏ လေ့ကျင့်ရာအရပ်သို့ ရောက်ရှိနေပြီး ဖြစ်သည်။
တပည့်ဖြစ်သူ၏ လှုပ်ရှားမှုအတတ်ကို အသုံးပြုရင်းက လက်ဝါးချက်များအား ဆက်တိုက်ရိုက်ထုတ်ကာ ရန်သူအား မည်ကဲ့သို့ ရင်ဆိုင်နိုင်မည်ကို လေ့ကျင့်နေပုံအား တွေ့လိုက်ရသည်။
'ဒီအချိန်က ဆရာသခင်တစ်ယောက်ရဲ့ စကေးတွေကို ပြဖို့အချိန်ရောက်ပြန်ပြီ..'
လီရွှမ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
သူ၏ ခန္ဓာကိုယ်က လှုပ်ရှားမှုတစ်ခုနှင့်အတူ ရွှီယန်၏ နောက်သို့ တိတ်ဆိတ်စွာ ရောက်ရှိသွား၏။
ချီနှင့်သွေးအဆင့်၏ ပြီးပြည့်စုံခြင်းရှိ အဆင့်တူများထက် အဆ၁၀၀ ပိုမိုစွမ်းအားကြီးမှု၊ ဘဲငန်းလှုပ်ရှားမှု ပြီးပြည့်စုံခြင်းအဆင့်နှင့် အဆင့်တူများထက် ၁၀ဆပိုမိုသာလွန်မှု.. ထိုနှစ်ခုတို့ကို ပေါင်းစပ်ပြီးနောက် ရွှီယန်အနေနှင့် သူ၏ရောက်ရှိလာမှုကို အာရုံခံနိုင်ခြင်း လုံးဝမရှိပေ။
ထိုအချိန်၌ စိတ်လှုပ်ရှားစွာဖြင့် သူ၏နောက်တွင် လူတစ်ယောက်ရောက်နေခြင်းအား လုံးဝနားမလည်နိုင်ဘဲ ရှိနေပါသည်။ ထိုလူက သူနှင့်အတူ လိုက်လံရွေ့လျားနေ၏။
လီရွှမ်သည် လက်နက်ဖက်ကို နောက်သို့ပစ်ထားပြီး ရွှီယန်တစ်ယောက် မည်ကဲ့သို့ပင် လှုပ်ရှားစေကာမူ တိတ်ဆိတ်စွာဖြင့် အနောက်မှ လိုက်ပါသွား၏။
ရွှီယန်မှာ သတိထားမိခြင်း လုံးဝမရှိပေ။
"ငါ့တပည့်.. ခဏအတွင်းမှာ မင်းဆရာရဲ့ စွမ်းအားတွေကို မင်းခံစားနိုင်တော့မယ်.."
သူ၏ မျက်နှာပေါ်၌ ပျော်ရွှင်သည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
လီရွှမ်:
Thaw Tar: