ကောင်းကင်မိခင်၏ ဂရုဏာ၊ သက်ရှိအားလုံးအား ကူညီခြင်း
Vol. 3 Ch. 41
လီရွှမ်က ခြံဝန်းထဲတွင် မတ်တပ်ရပ်ကာ ပထမဆုံးအကြိမ် လူသူစည်ကားသည့် နေရာတစ်ခုသို့ ရောက်ရှိလာရာ နက်ရှိုင်းစွာ ခံစားလိုက်ရ၏။
အချိန်နှင့် စကြာဝဠာကို ဖြတ်သန်းခရီးသွားပြီးနောက်တစ်နေ့တွင် သူသည် ဒီလောကသို့ စစ်မှန်စွာ ဝင်ရောက်နိုင်ခဲ့လေပြီ။
ညအချိန်သို့ ကျရောက်လာခဲ့၏။ မြို့ငယ်၏ လမ်းများတွင် ပိုမိုပိုမိုကာ လူနည်းလာခဲ့ပြီး မြို့မှာ စတင်တိတ်ဆိတ်လာခဲ့၏။
ထိုအချိန်၌ ယွင်ရှန်းကောင်တီမြို့၏ အစိုးရရုံးအတွင်းတွင် ကောင်တီအုပ်ချုပ်သူ၊ ဒုတိယအုပ်ချုပ်သူနှင့် အရာရှိခေါင်းဆောင်တို့ အားလုံးတို့ စုစည်းနေကြသည်။
အံ့သြစရာကောင်းလှသည်မှာ သူတောင်းစားနှင့် လမ်းဘေးဆိုင် ပိုင်ရှင်တို့လည်း ဒီနေရာတွင် ရှိနေကြ၏။
အဓိကထိုင်ခုံတွင် ထိုင်နေသည်မှာ ကောင်တီအုပ်ချုပ်သူ မဟုတ်ပေ။ ဖျင်ကြမ်းဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက် ဖြစ်၏။
"ဒီနေ့မြို့ထဲကို ဝင်ခဲ့တဲ့လူက ရွှီကျွင်းဟယ်ရဲ့ ဦးနှောက်မကောင်းတဲ့သားနဲ့ သူ့ဆရာတို့ ဖြစ်တယ်ဆိုတာကို တွေ့ရတယ်.."
သူတောင်းစားက ထူးဆန်းသည့်အသွင်ဖြင့် ပြော၏။
"ရွှီယန်လား.. အဲ့ဒီ့လူငယ်က သူ့ရဲ့ဆရာလား။ မဖြစ်နိုင်ဘူးနော်.."
ကောင်တီအုပ်ချုပ်သူ၏ မျက်နှာက အံ့သြမှုတို့ဖြင့် ပြည့်နက်နေ၏။
"အရင်တုန်းက ရွှီကျွင်းဟယ်ရဲ့ ဦးနှောက်မကောင်းတဲ့သား ရှာလာတဲ့ ဆရာတွေအားလုံးက ဉာဏ်ပညာရှိတဲ့ လူအိုတွေချည်းပဲ။ ဒီလူငယ်ကတော့ သူ့ထက်နှစ်အနည်းငယ်ပဲ အသက်ကြီးပုံပဲ..."
ထိုလူငယ်၏ ရွှီယန်အား အရူးလုပ်ရန်အတွက် မည်ကဲ့သို့သော နည်းလမ်းကို အသုံးပြုခဲ့ပြီး ဆရာတစ်ယောက် ဖြစ်လာခြင်းကို သူအနေနှင့် နားမလည်နိုင်ပေ။
အဓိကထိုင်ခုံတွင် ထိုင်နေသည့် ဖျင်ကြမ်းဝတ်စုံနှင့် အဘိုးအိုကပြော၏။
"ရွှီကျွင်းဟယ်က ခေါင်းမာတဲ့အရူးတစ်ယောက်ပဲ.."
"သူ့မှာ များပြားလှတဲ့ စည်းစိမ်တွေကို ပိုင်ဆိုင်ထားပေမယ့် သာမန်လူတွေအပေါ်မှာ ဘာဂရုဏာတရားမှ မရှိဘူး.."
"ငါတို့ ကောင်းကင်မိခင်ဂိုဏ်းကို ဝင်ရောက်ဖို့အတွက် ငြင်းဆန်ခဲ့တဲ့အပြင် ငါတို့ရဲ့ နောက်လိုက် တွေကိုတောင် ဖမ်းဆီးပြီးတော့ အစိုးရကို ပို့ခဲ့တာတွေရှိတယ်.."
"သူ့ရဲ့သား ဒီကိုရောက်လာတာ ငါတို့အတွက် လမ်းညွှန်မှုတွေ ပြုပေးဖို့ အချိန်ကောင်းပဲ.."
"ပြီးရင် ငါတို့တွေ သူ့ရဲ့ဆရာကို ဘာသာတရားဆိုင်ရာ နိယာမတွေ အသုံးပြုပြီး လွှမ်းမိုးအောင် လုပ်ပြီးရင် ငါတို့ရဲ့ ဘာသာရေးအဖွဲ့ထဲကို စိတ်ရင်းနဲ့ ဝင်လာအောင် လုပ်ရမယ်.."
ကောင်တီအုပ်ချုပ်သူက ခေါင်းငြိမ့်ကာ ပြောသည်။ "စောင့်ရှောက်သူရဲ့ စကားက တကယ့်ကို မှန်ပါတယ်.."
ဖျင်ကြမ်းနှင့် အဘိုးအိုက မတ်တပ်ရပ်၏။
"ငါတို့အားလုံး သုံဟယ်ကောင်တီကို အာရုံစိုက်ထားရမယ်.."
"ဒီတစ်ကြိမ်မှာ အမှားလုပ်လို့ မဖြစ်ဘူး။ ရွှီကျွင်းဟယ်က ပြဿနာထဲကို ရောက်နေပြီ။ သူသာ ရပ်တည်ချက်ပြောင်းပေးရင် ငါတို့တွေ သူ့ကို ကယ်တင်လို့ရတယ်.."
"စိတ်မပူပါနဲ့ စောင့်ရှောက်သူ... အကြံပေးဆရာခုံက သုံဟယ်ကောင်တီရဲ့ အခြေအနေအရပ်ရပ်ကို ဦးဆောင်နေပါတယ်.."
"သူသုံဟယ်ကောင်တီကို အောင်အောင်မြင်မြင် လက်လွှဲယူနိုင်မှာ အသေချာပါပဲ.."
သူတောင်းစားက လေးစားသည့် အကြည့်တစ်ခုဖြင့် ပြော၏။
"အင်း.."
ဖျင်ကြမ်းအဝတ်နှင့် အဘိုးအိုက ခေါင်းငြိမ့်သည်။ အကြံပေးသူ ခုံမှာ ကောင်းကင်မိခင် ဂိုဏ်း၏ မဟာဗျူဟာ ကြီးကြပ်ရေးမှူးဖြစ်ကာ သူ၏တည်ရှိမှုသည် အရာအားလုံးကို သေချာစေရန် လုံလောက်၏။
"ငါနဲ့လိုက်ခဲ့ပြီး ရွှီယန်ရဲ့ ဆရာကို ငါတို့ဂိုဏ်းကို ဝင်လာအောင် သွားပြီးတော့ ညွှန်ကြားရအောင်.."
"ကောင်းပါပြီ.."
ကောင်တီအုပ်ချုပ်သူနှင့် အခြားသူများက ဖျင်ကြမ်းဝတ်စုံနှင့် အဘိုးအိုကြီး၏ နောက်မှ နီးကပ်စွာလိုက်ကာ ကောင်တီရုံးအတွင်းမှ ထွက်ခွာ၏။
ရွှီယန်က ခြံဝန်းအတွင်းတွင် ကျင့်ကြံနေပါသည်။ လီရွှမ်မှာတော့ စာအုပ်တစ်အုပ်ကို ကိုင်ကာ ကုလားထိုင်ပေါ်တွင် ထိုင်နေ၏။
ဤသည်မှာ သူဝယ်ယူလာခဲ့သည့် ချီနိုင်ငံ၏ နာမည်ကြီး ပုံပြင်စာအုပ်တစ်အုပ် ဖြစ်ပါသည်။ သူ၏ အရူးတပည့် ရွှီယန်၏ ပုံပြင်စာအုပ်များကို ဖတ်ရှု့ပြီးနောက် ဒီလောကတွင် အလွန်စွမ်းအားကြီးမားသည့် သိုင်းပညာရှင်များ ရှိနေပြီး ထိုသူများကို နေရာတိုင်းတွင် ရှာဖွေကာ ဆရာတင်ရန် ယုံကြည်ခဲ့ပုံကို အဘယ်ကြောင့်နည်းဟု သိလိုနေပါသည်။
"ကောင်းကင်မိခင်ရဲ့ ကောင်ချီးပေးမှု... သက်ရှိအားလုံးရဲ့ ကယ်တင်သူ... ကောင်းကင်မိခင်ကို ဆုတောင်းမှုပြုပြီး ဝဋ်ဆင်းရဲအပေါင်းကနေ လွတ်မြောက်နိုင်တယ်... နောင်ဘဝမှာ ချမ်းသာကြွယ်ဝမှုကို ရရှိနိုင်တယ်..."
တိတ်ဆိတ်နေသည့် လမ်းပေါ်တွင် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ၎င်းနှင့်အတူ လမ်း၏အစွန်ဘက်မှ ခြေသံများနှင့် ခေါင်းလောင်းသံတစ်ခု ပေါ်လာခဲ့သည်။
"ကောင်းကင်မိခင်က ငါတို့ကိုကာကွယ်ပါစေ.."
"ကောင်းကင်မိခင်က ငါတို့ကိုကာကွယ်ပါစေ.."
ရုတ်တရက် လမ်းတစ်ဖက်တစ်ချက်ရှိ တံခါးများ ပွင့်လာခဲ့ပြီး ယုံကြည်ကိုးကွယ်သူ နိုင်ငံသားများက စတင်ဆုတောင်းကြသည်။
"ချလျွန်. ချလျွန်.. ချလျွန်.."
သတ္တုများ ပြုတ်ကျသည့် အသံတို့ ဆက်တိုက်ထွက်ပေါ်လာခဲ့၏။
လီရွှမ်က နားထောင်နေရင်းမှ ဤသည်မှာ ကြေးပြားများ မြေပြင်ပေါ်သို့ ပြုတ်ကျခြင်း ဖြစ်ကြောင်းကို သိလိုက်ရသည်။
"ကောင်းကင်မိခင်က အပြစ်သားတွေကို ပြောင်းလဲဖို့အတွက် ထွက်ပေါ်လာပြီး လူကောင်းတွေကို ကယ်တင်တယ်။ လောကကြီးမှာရှိတဲ့ မကောင်းမှုအားလုံးကို ဖယ်ရှားတယ်..."
ခေါင်းလောင်းသံက ပိုမိုနီးကပ်လာကာ ပိုမိုပိုမို ရှင်းလင်းလာခဲ့၏။
လီရွှမ်၏ပုံက ထူးဆန်းသွားသည်။ ဒီလူများသည် သူ့ကိုပစ်မှတ်ထားနေသည်လား။
"မဟုတ်ဘူး... သူတို့က ရွှီယန်အတွက် ရောက်လာတာပဲ ဖြစ်ရမယ်.."
ထိုအချိန်၌ ရွှီယန်မှာ လေ့ကျင့်မှုကို ရပ်တန့်ပြီးဖြစ်ကာ သူ၏မျက်နှာပေါ်၌ မနှစ်မျို့သည့် အကြည့်တစ်ခု ပေါ်လာခဲ့သည်။
"ငါတပည့်. ဘာဖြစ်တာလဲ.."
လီရွှမ်က မေး၏။
"ဆရာ.. သူတို့တွေက ကောင်းကင်မိခင်ဂိုဏ်းရဲ့ အယောင်ဆောင် ဆရာတွေပါ.."
ရွှီယန်က ဒေါသအနည်းငယ်ဖြင့် ပြော၏။
"ကောင်းကင်မိခင်ဂိုဏ်း.."
လီရွှမ်က မှင်သက်သွားသည်။ ဤသည်မှာ ချီနိုင်ငံအတွင်းရှိ မိစ္ဆာဂိုဏ်းတစ်ခုလေလား။
"ဟုတ်ပါတယ်ဆရာ.. ကောင်းကင်မိခင်ဂိုဏ်းကို အင်ပါရီယာရုံးတော်က ပုံမှန်လူတွေအတွက် မိစ္ဆာတွေလို့ သတ်မှတ်ထားပါတယ်.."
"သူတို့ကို ခဏခဏ ဝန်းရံပြီးတော့ ဖိနှိပ်ခဲ့တယ်။ ဒါပေမယ့် အရှင်းမသုတ်သင်နိုင်ဘူး ဖြစ်နေတယ်.."
"အဲ့ဒါက ချီနိုင်ငံမှာတင်မကဘူး ဝူနိုင်ငံမှာလည်း အတူတူပဲ.."
"သူတို့တွေကို ဆက်တိုက်အမဲလိုက်နေတာ.."
"ကောင်းကင်မိခင်ဂိုဏ်းက ပုန်ကန်မှုများစွာကို လှုံ့ဆော်ပေးခဲ့တယ်။ ဘယ်ဟာမှ မအောင်မြင်ခဲ့ဘူး.."
"နောက်ဆုံး ပုန်ကန်မှုက လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀လောက်ကပဲ။ သတ်ဖြတ်ခံရပြီးတဲ့နောက်မှာ သူတို့တွေ ပိုပြီးတော့ အားနည်းလာခဲ့တယ်။ အယူဝါဒကို ဖြန့်ကျက်တဲ့ ပွဲတွေတောင် ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့တယ်..."
ကောင်းကင်မိခင်ဂိုဏ်းမှာ ပြီးခဲ့တုန်းက မင်းဆက်များကတည်းက ရှိခဲ့သည့် ရှေးဟောင်းဂိုဏ်းတစ်ခု ဖြစ်သည်။
ချီနိုင်ငံကို တည်ထောင်ကတည်းက သူတို့ ပုန်ကန်ခဲ့သည်မှာ ၁၀ကြိမ်မကတော့ပေ။ ချီနိုင်ငံရုံးတော်၏ မျက်လုံးထဲတွင် သူတို့သည် ဆူးငြောင့်ခလုတ်များ ဖြစ်ကြသည်။
သို့ပေမယ့် အကြိမ်ပေါင်းများစွာ သတ်ဖြတ်ခဲ့သည့်တိုင်အောင် သူတို့ကို အကုန်အစင် သုတ်သင်နိုင်ခြင်း မရှိခဲ့ပေ။
ခဏအကြာတိုင်းတွင် ပြန်လည် မြင့်တက်လာပြန်၏။ ဝူနိုင်ငံတွင်လည်း တူညီစွာဖြစ်သည်။ ကောင်းကင်မိခင်ဂိုဏ်းသည် ကောင်းကင်မိခင်ဟုခေါ်သည့် ပုဂ္ဂိုလ်တစ်ယောက်အား ကိုးကွယ်၏။
ကောင်းကင်မိခင်အား ကိုးကွယ်ခြင်းမှာ သက်ရှိများကို ဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပြီး နောင်ဘဝတွင် ချမ်းသာကြွယ်ဝမှုများကို စံစားနိုင်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့နေပါသည်။
ကောင်းကင်မိခင်ဂိုဏ်းက ပြဿနာတစ်ခု ပြုလုပ်တိုင်းတွင် အကြောက်တရားကင်းမဲ့သည့် ယုံကြည်သက်ဝင်သူ နောက်လိုက်တစ်စု ရှိနေတတ်၏။
သူတို့သည် ကောင်းကင်မိခင်၏ ထွေးပိုက်မှုဆီသို့ ပြန်ကာ သေမျိုးလောက၏ နာကျင်မှုများကို လွတ်မြောက်နိုင်မည်ဟု ကြွေးကြော်ကြသည်။
နောင်ဘဝတွင် ချမ်းသာကြွယ်ဝမှုနှင့် ဂုဏ်သရေကို စံစားရမည် ဖြစ်၏။ ထိုလူများက သေခြင်းတရားကို ကြောက်ရွံ့ခြင်းမရှိဘဲ ချီနိုင်ငံ၏ စစ်တပ်များကို အကြိမ်ပေါင်းများစွာ ကြီးမားသည့် ထိခိုက်မှုများ ဖြစ်စေခဲ့သည်။
ကောင်းကင်မိခင်ဂိုဏ်း၏ နောက်လိုက်များမှာ ဘယ်တုန်းကမှ မနည်းပါးခဲ့ပေ။ ရုံးတော်က ထိုဂိုဏ်းကို လုံးဝ လိုက်လံသတ်ဖြတ်ရန် ကြိုးစားခဲ့စဉ်ကပင် တူညီစွာဖြစ်၏။
အထူးသဖြင့် ငတ်မွတ်ခေါင်းပါးမှုနှင့် ကပ်ဘေးသင့်သည့် နေရာများတွင် ဖြစ်သည်။ ထိုနေရာရှိ လူများသည် ကောင်းကင်မိခင်ဂိုဏ်းပေါ်တွင် ပိုမိုကာ ယုံကြည်လေ့ရှိကြ၏။
"ကောင်းကင်မိခင်ဂိုဏ်းရဲ့ အဖွဲ့ဝင်တွေက အခြားသူတွေဆီကနေ ချမ်းသာကြွယ်ဝမှုကို လုယူလိုကြတယ်.."
"ပြီးရင် ဆင်းရဲသူတွေကို ခွဲဝေပေးပြီး.. အဲ့ဒီ့ဖြစ်စဉ်ကနေ သူတို့ရဲ့ယုံကြည်မှုတွေကို ရယူကြတယ်.."
"သူတို့တွေက အစိုးရ အမှုထမ်းတွေကိုတောင် လုယူပြီး ပြန်လှူဒါန်းမှုတွေတောင် လုပ်ကြတယ်.."
"ဒါပေမမယ့်.. အခုဆိုရင် ကောင်းကင်မိခင်ဂိုဏ်း တိတ်ဆိတ်နေခဲ့တာ နှစ်ပေါင်း၂၀နီးပါးရှိနေပြီ.."
"အနည်းဆုံးတော့ ကျွန်တော် မွေးဖွားပြီးကတည်းက သူတို့တွေ သူတို့ရဲ့အယူဝါဒကို ပွင့်ပွင့်လင်းလင်း ဖြန့်ကျက်တာမျိုး ဘယ်တုန်းကမှ မကြားရခဲ့ဘူး.."
ရွှီယန်က ကြောင်တောင်စွာ ပြော၏။
လီရွှမ် အံ့ဩသွားသည်။ ကောင်းကင်မိခင်ဂိုဏ်းသည် သူတော်ကောင်းများအလား သံယောင်လိုက်ကာ လူစုကြသည့်ပုံ ရှိ၏။
ချီနိုင်ငံတွင် တင်းကျပ်စွာ တားမြစ်ထားပြီး ပစ်မှတ်ထားကာ သုတ်သင်ခဲ့ကတည်းက ဒီလူများဟာ ယွင်ရှန်းကောင်တီတွင် သူတို့၏ အယူဝါဒကို အဘယ်ကြောင့် ပွင့်လင်းမြင်သာစွာဖြင့် ဖြန့်ကျက်နိုင်ရသနည်း။
ဖြစ်နိုင်တာက ယွင်ရှန်းကောင်တီကို ကောင်းကင်မိခင်ဂိုဏ်းက တိတ်တဆိတ် ထိန်းချုပ်ထားသည်လား။
ကောင်တီအတွင်းရှိ လူများသည်လည်း ဂိုဏ်း၏ နောက်လိုက်များ သို့မဟုတ် အဖွဲ့ဝင်များ ဖြစ်ကြသည်လား။
"ကြည့်ရတာ ယွင်ရှန်းကောင်တီကို ကောင်းကင်မိခင်ဂိုဏ်းက ထိန်းချုပ်ပြီးပြီ ဖြစ်လိမ့်မယ်.."
လီရွှမ်က အပြုံးတစ်ခုဖြင့် ပြောသည်။
ရွှီယန်က ခဏတာ မှင်သက်သွားပြီးနောက် ရုတ်တရက် တစ်ခုခုကို နားလည်လာခဲ့သည်။
"ဖြစ်နိုင်တာက.. ကျွန်တော်တို့အိမ်ရဲ့ ယွင်ရှန်းမြို့က ဆိုင်လည်း ကောင်းကင်မိခင်ဂိုဏ်းက ထိန်းချုပ်ထားတာလား။ သူတို့ဂိုဏ်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာတာလား.."
"ဆရာ.. သူတို့တွေက ဒီလမ်းအတိုင်း လာနေကြပုံပဲ.." တဖြည်းဖြည်း နီးကပ်လာသည့်အသံကို နားထောင်ကာ ရှင်းလင်းစွာပင် သူတို့ဆီသို့ ဦးတည်နေပါသည်။
"ဒီကောင်တွေ.. ကျွန်တော်တို့မိသားစုရဲ့ ဆိုင်ကို ထိန်းချုပ်ပြီး ကျွန်တော့်ရဲ့ကျင့်ကြံမှုကို လာနှောက်ယှက်ရဲတယ်... အခုပဲသွားပြီးတော့ ရှင်းပစ်လိုက်မယ်.."
ရွှီယန်က ဒေါသတကြီး ပြောသည်။
"မလောနဲ့.. သူတို့တွေ လာကြပါစေဦး။ အဲ့ဒါမှ အပျင်းနည်းနည်းပြေမှာ.."
လီရွှမ်က ရယ်၏။ သူသည် တောင်ပေါ်မှ ထွက်လာခါစသာ ရှိသေးပြီး အပြင်ဘက်လောကရှိ ကိစ္စများကို အလွန်စိတ်ဝင်စားမိပါသည်။
"ဟုတ်ကဲ့ပါဆရာ.."
ရွှီယန်က လေးစားစွာ သဘောတူ၏။ သက်ပြင်းချကာ စဉ်းစားသည်။
'ဆရာ့ရဲ့ စိတ်ပိုင်းဆိုင်ရာက တကယ့်ကို ထူးခြားတာပဲ။ သူက လောကကြီးနဲ့အတူ ကစားနေတာလား။ ဒါက စစ်မှန်တဲ့ ဆရာသခင်တစ်ယောက်ရဲ့ အသွင်အပြင်လား..'
ခြေသံများက ခြံဝန်းအပြင်ဘက်တွင် ရပ်တန့်သွား၏။ ခေါင်းလောင်းသံက စည်းချက်အတိုင်း ထွက်ပေါ်လာပြီး စကားသံတစ်ခု ပေါ်လာခဲ့သည်။
"ကောင်းကင်မိခင်က ဂရုဏာတရားကြီးမားပြီး သက်ရှိအားလုံးကို ကူညီပေးတယ်။ မင်းတို့တွေလည်း သက်ရှိအားလုံးကို ကူညီရာမှာ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိုကြလား.."
ထိုအသံက ထည်ဝါမှုရှိကာ အဝေးသို့တိုင်အောင် ပြန့်လွင့်သွားသည်။
လီရွှမ်၏ မျက်ခုံးများက မြင့်တက်သွား၏။ ယခုအော်လိုက်သည့်လူမှာ သာမန်မဟုတ်ပေ။ ဖြစ်နိုင်တာက သိုင်းလောကရှိ ထိပ်တန်းကျွမ်းကျင်သူ တစ်ယောက်လေလား။
ရွှီယန်ပြောသကဲ့သို့ပင် သူတို့က အလွန်အားနည်းပါသည်။ သူနှင့်ရွှီယန်အတွက် ထိုပြောဆိုသူမှာ အလွန် အားနည်း၏။
သို့ပေမယ့် သာမန်လူများအတွက်မူ သူသည် လေးစားစရာကောင်းသည့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။
ရွှီယန်က မျက်မှောင်ကြုံ့သွားပြီး ပြော၏။
'ထိပ်တန်းအဆင့် သိုင်းသမားတစ်ယောက်လား။ ယွင်ရှန်းကောင်တီက ကောင်းကင်မိခင်ဂိုဏ်းမှာ ဘာလို့ဒီလို သိုင်းသမားတစ်ယောက် ရှိနေရတာလဲ။ ဖြစ်နိုင်တာက သူတို့ရဲ့ အခြေစိုက်စခန်းတစ်ခုများလား..'
လီရွှမ်က အံ့ဩသွား၏။ သူက စကားပြောခဲ့သူကို ဦးဆောင်လာသည့် သိုင်းသမားတစ်ယောက်ဖြစ်မည်ဟုသာ တွေးထားခဲ့တာပါ။
သိုပေမယ့်တစ်ဖက်လူမှာ ထိပ်တန်းအဆင့် သိုင်းသမားတစ်ယောက် ဖြစ်နေ၏။ ချီနိုင်ငံရှိ သိုင်းပညာလောက၏ ခွန်အားက အမှန်တကယ်ကို အဆင့်နိမ့်လှပါသည်။
"ဒါက ထိပ်တန်းသိုင်းသမားတစ်ယောက်လား။ အားနည်းလိုက်တာ.."
လီရွှမ်က အကူအညီမဲ့စွာ ပြောသည်။
"ဆရာ.. သူတို့ရဲ့သိုင်းပညာက သေမျိုးအတိုင်းအတာအတွင်းမှာပဲ ရှိတယ်။ သူတို့ရဲ့ခွန်အားက အကန့်အသတ်နဲ့.."
"ထိပ်တန်းအဆင့် သိုင်းသမားဆိုတာ အတွင်းအားကို ကျင့်ကြံထားတဲ့ လူတစ်ယောက်သက်သက်ပဲ။ သူ့ရဲ့အသံကို နားထောင်ရတာ အတွင်းအားကြောင့် အဝေးကို ပျံ့နှံ့နိုင်တာဖြစ်မယ်..."
ရွှီယန်က ရှင်းပြသည်။
"အတွင်းအားလား.."
လီရွှမ်က အနည်းငယ် သိလိုသွား၏။
ဒီအတွင်းအားက ဘာဖြစ်တာလဲ။ ဘာလို့ဒီလောက်တောင် အားနည်းရတာလဲ...
"အဲဒါက ခွန်အားထုတ်လွှတ်နိုင်စွမ်း အားနည်းတဲ့ စွမ်းအားနိမ့် အားတစ်မျိုးပါ.."
"အကြမ်းဖျင်းအရဆိုရင် အရိုးသန့်စင်ခြင်းရဲ့ စတင်ခြင်းအဆင့်နဲ့ ညီမျှတယ်။ သံအရိုးသန့်စင်ခြင်းရဲ့ အစောပိုင်းအဆင့်ပေါ့.."
ရွှီယန်က ဖြေကြား၏။ သူ၏အသံက မရေရာစွာ ရှိနေပါသည်။