ညတွင်းချင်း ချမ်းသာပြီး ဝိညာဉ်ကျောက် (၃) သိန်းအား ရယူခြင်း!_၂
Vol. 22 Ch. 300
စုရှင်းသည် စိတ်လှုပ်ရှားစွာဖြင့် "စွမ်းရည် ထီစနစ်" ကို ဖွင့်လိုက်သည်။
စုရှင်း၏ ရှေ့တွင် ရှေးဟောင်း စလော့စက်တစ်ခု ပေါ်လာသည်။
[ဒင်! သရုပ်ပြစက်၏ စွမ်းရည်ထီစနစ်အား အသုံးပြုသည့်အတွက် ကြိုဆိုပါသည်။ သင် ထုတ်ယူလိုသော စွမ်းရည်၏ အရည်အသွေးကို ရွေးချယ်ပေးပါ။ အဖြူရောင်စွမ်းရည် စွမ်းအင် အမှတ်တစ်ရာ... ခရမ်းရောင်စွမ်းရည် စွမ်းအင် အမှတ်တစ်သိန်း။]
စုရှင်း၏ ပစ်မှတ်မှာ ခရမ်းရောင် စွမ်းရည် "အောင်မြင်မှု၏သခင်" ဖြစ်ရာ သူသည် ခရမ်းရောင် စွမ်းရည်ကို ရွေးချယ်လိုက်သည်။
"ခရမ်းရောင် စွမ်းရည် ရွေးချယ်မှုအစုကို ရွေးမယ်!"
စုရှင်း၏ စကားဆုံးသည်နှင့် သူ၏ရှေ့ရှိ စလော့စက်ထဲတွင် ခရမ်းရောင် ဘောလုံးအချို့ ပေါ်လာသည်။
ခရမ်းရောင်ဘောလုံးများပေါ်တွင် စာလုံးအချို့ ထွင်းထုထားသည်။
မှော်စာလုံး၏သခင်၊ ကျင့်စဉ်၏သခင်၊ မျက်နှာအေးစက်သည့် ဧကရာဇ်၊ ငါက ဇာတ်ကောင် A…
ခရမ်းရောင်ဘောလုံး ဆယ်လုံးခန့် ရှိသည်။ ယင်းတို့သည် ယခင်က စုရှင်း ကြုံတွေ့ခဲ့ဖူးသော်လည်း သူနှင့်အတူ ယူမလာခဲ့သည့် စွမ်းရည်များချည်း ဖြစ်သည်။
[ကျပန်းမဲနှိုက်ရန် အတွက် စွမ်းအင်အမှတ် တစ်သိန်း ပေးချေပါ။]
သရုပ်ပြစက်၏ အချက်ပေးသံ သူ၏နားထဲတွင် မြည်လာသည်။ စုရှင်းသည် စိတ်လှုပ်ရှားစွာဖြင့် စွမ်းအင်အမှတ် တစ်သိန်းကို ပေးချေလိုက်သည်။
"အာ့၊ စွမ်းအင်အမှတ် တစ်သိန်းတည်းပဲဟာကို၊ ဘယ်သူ့ကို လာအထင်သေးနေတာလဲ?"
"ဆိုးလိုက်တာ၊ ငါ့မှာ သန်းရာချီရှိနေတာ၊ ဒီဘောလုံး ဆယ်လုံးလောက်နဲ့များ ငါ့ကို အခက်တွေ့စေနိုင်မယ် ထင်ဝာာလား?"
စုရှင်းသည် အေးစက်စွာ နှာခေါင်းရှုံ့ကာ တိတ်ဆိတ်စွာပင် အမိန့်ပေးလိုက်သည်။
"ပေးချေ!"
စုရှင်း၏ စကားဆုံးသည်နှင့် ဖောက်ထွင်းမြင်ရသော စလော့စက် မျက်နှာပြင်သည် ဆက်တိုက် တုန်ခါလာသည်။
စုရှင်းသည် "အောင်မြင်မှု၏သခင်" ဟု အမှတ်အသားပြုထားသည့် စွမ်းရည်ဘောလုံး လူးလိမ့်နေသည်ကို ကြည့်နေသည်။ အကြိမ်ကြိမ် ပေါ်လုနီးပါး ဖြစ်ခဲ့သည်။
သို့သော် နောက်ဆုံးတွင်မူ ၎င်းသည် "သူ့လက်ချောင်းများကြားမှ ချော်ထွက်သွားခဲ့သည်"...
စုရှင်း၏ အငြိမ်မနေဘဲ ကြည့်ရှုနေသော မျက်လုံးများအောက်တွင် "ငါက ဇာတ်ကောင် A" ဟု အမှတ်အသား ပြုထားသော ခရမ်းရောင် ဘောလုံးတစ်လုံး ဖြည်းဖြည်းချင်း လှိမ့်ထွက်လာသည်။
"လခွမ်း..."
စုရှင်းက ကျိန်ဆဲတော့မလို ဖြစ်သွားစဉ် သရုပ်ပြစက်၏ အချက်ပေးသံသည် သူ၏နားထဲတွင် မြည်လာသည်။
[ဒင်! သင်သည် ခရမ်းရောင်စွမ်းရည် ငါက ဇာတ်ကောင် A ကို ရရှိခဲ့သည်။ ဤစွမ်းရည်ကို ရွေးချယ်မည်လား?]
စုရှင်းသည် စိတ်ပျက်လွန်း၍ မည်သည့်အရာကိုမှ ထိချင်စိတ်မရှိတော့ဘဲ ရေရွတ်လိုက်သည်။
" မရွေးဘူး၊ မရွေးဘူး! ထပ်ပြီး မဲနှိုက်ပေးဦး!"
ထိုသို့ဖြင့် စုရှင်းသည် သူ၏ မနားမနေ ထီပေါက်ခြင်း အခိုက်အတန့်ကို စတင်ခဲ့သည်။
[ဒင်! ခရမ်းရောင်စွမ်းရည် မှော်စာလုံး၏သခင်ကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[ဒင်! ခရမ်းရောင်စွမ်းရည် မျက်နှာအေးစက်သည့် ဧကရာဇ်ကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[ဒင်!]
အကြိမ်သုံးဆယ်ကျော် ဆက်တိုက်မဲနှိုက်ပြီးနောက် စုရှင်း၏ မျက်လုံးများ နီရဲလာပြီး သူ၏ သတိပင် မှေးမှိန်စပြုလာခဲ့သည်။
" မဟုတ်ဘူး... ဒါက မဖြစ်နိုင်ဘူး? စွမ်းရည် ဆယ်ခုလောက်ပဲ ရှိတာကို... ငါ အကြိမ်သုံးဆယ်ကျော် မဲနှိုက်ပြီးပြီ၊ ဘာလို့ မရသေးတာလဲ!"
စုရှင်းသည် သူ့ဘဝကိုပင် သံသယဝင်လာခဲ့သည်။ ယခင်ဘဝက ငန်းကုမ္ပဏီ၏ ဂိမ်းများကြောင့် ထီပေါက်နှုန်း၏ သဘောတရားအောက်တွင် ကြုံခဲ့ရသည့် ကြောက်ရွံ့မှုကို သတိရမိသည်။
သို့သော် အောင်မြင်မှု၏သခင် စွမ်းရည်က အလွန် အရေးပါလွန်းလှသည်။ စုရှင်းအတွက် ထိုစွမ်းရည်အား မဖြစ်မနေ ထုတ်ယူရမည့် အကြောင်းပြချက်များ ရှိနေခဲ့သည်။
" နှိုက်! ငါ့အတွက် ဆက်နှိုက်!"
စုရှင်းသည် SSR များကို ထုတ်ယူရာတွင် စွဲလမ်းနေသော ကစားသမားတစ်ဦးကဲ့သို့ အံကြိတ်ကာ ပြောလိုက်သည်။
ဤနည်းအားဖြင့် စုရှင်းသည် နောက်ထပ် အကြိမ်နှစ်ဆယ် ထပ်နှိုက်ပြီးနောက် နောက်ဆုံးတွင် ထိုနှစ်လိုဖွယ် အချက်ပေးသံကို ကြားခဲ့သည်။
[ဒင်! ခရမ်းရောင်စွမ်းရည် အောင်မြင်မှု၏သခင်ကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။ ၎င်းကို ရွေးချယ်မည်လား?]
"ဆက်ပြီးတော့... ခဏလေး၊ ဒါပဲ!"
မဲနှိုက်ရာမှ ထုံကျဉ်လုနီးပါး ဖြစ်နေသော စုရှင်းသည် စွမ်းရည်ဘောလုံး ဆယ်ခုကျော်ထဲမှ သူလိုချင်သော စွမ်းရည်ကို မရရှိမီ အကြိမ် (၆၀) ကျော် နှိုက်ခဲ့ရသည်။
ထီပေါက်နှုန်းသည် အမှန်တကယ်ပင် မကြုံစဖူး ဖြစ်၏။
"သရုပ်ပြခြင်းစွမ်းအင် ခြောက်သန်းကျော်... ငါ့အတွက်တော့ သိပ်မများပါဘူး၊ ဒါပေမဲ့ အဓိကကတော့၊ ဒီထီပေါက်ခြင်းက စိတ်အခြေအနေကို တကယ် ဒုက္ခပေးတာပဲ!"
စုရှင်းသည် အနည်းငယ် ဒေါသတကြီး ငြီးငြူလိုက်သည်။
သူလိုချင်သော စွမ်းရည်ကို သူ့ရှေ့တွင် မြင်ရသည့်အခါ စုရှင်းသည် အနည်းငယ် စိတ်သက်သာရာရသွားပြီး ပြောလိုက်သည်။
"သရုပ်ပြခြင်းကို စတင်ပါ!"
[ဒင်! ဤသရုပ်ပြခြင်းအတွက် စွမ်းအင် ၅၃၀၀ သုံးစွဲခဲ့ပြီး သင့်တွင် လက်ကျန် စွမ်းအင်အမှတ် ၃၁၇.၀၆ သန်း ကျန်ရှိသည်။ သရုပ်ပြခြင်း အခွင့်အရေးများ အကန့်အသတ်မရှိ ကျန်ရှိသည်။]
[သင်ရွေးချယ်ထားသော စွမ်းရည် "အောင်မြင်မှု၏သခင်" ကို ထောက်လှမ်းတွေ့ရှိသည်။ သရုပ်ပြခြင်းကို တရားဝင် စတင်လိုက်သည်။]
စုရှင်း၏ အကြည့်သည် သရုပ်ပြခြင်း ဖန်သားပြင်ဆီသို့ ရောက်ရှိသွားသည်။
[ဝိညာဉ်စိုက်ခင်းဂူတွင် သင်သည် သင် သရုပ်ပြနေကြောင်း သဘောပေါက်သွားသည်။]
[သင်သည် ကျိုတိုတွင် သုံးပတ်ကြာ နေထိုင်ခဲ့ပြီး ထိုကာလအတွင်း ကျင်းချုံးရွှယ်မှ သန့်စင်ပြီးသား ထူးခြားသတ္တုများကို သင့်ထံ ပို့ပေးခဲ့သည်။]
[သုံးပတ်အကြာတွင် သင်သည် ရွှမ်ချင်းမြို့သို့ ဦးတည်ခဲ့ပြီး ကျုံးကို သတ်ရန် အသင့်ဖြစ်နေခဲ့သည်။]
[သင်သည် ကိုယ်ဖျောက်ကာ သင်၏ အရှိန်အဝါကို ဖုံးကွယ်ပြီး သင်၏ ကံကြမ္မာကို ပိတ်ဆို့သည်။ ထို့နောက် သင်၏ နတ်အာရုံကို ထုတ်လွှတ်ကာ ကျုံးကို ထွက်ပေါ်လာအောင် ဆွဲဆောင်နိုင်ရန် မျှော်လင့်ခဲ့သည်။]
[မျှော်လင့်ထားသည့်အတိုင်း သင်သည် ကျုံးအား လျင်မြန်စွာ ဆွဲဆောင်နိုင်ခဲ့သည်။]
စုရှင်းသည် ခပ်ဖွဖွ ခေါင်းညိတ်ကာ ပြောသည်။
"ကောင်းပြီ၊ ဒါဆိုရင် ကျုံးကို လေ့ကျင့်မှုအနေနဲ့ ထပ်သတ်ရဦးမှာပေါ့!"
"မြှုပ်နှံသရုပ်ပြခြင်း လုပ်ဆောင်ချက်ကို တစ်နာရီကြာ အသုံးပြုမယ်။"
[သင်သည် မြှုပ်နှံသရုပ်ပြခြင်း လုပ်ဆောင်ချက်အား အောင်မြင်စွာ အသုံးပြုခဲ့သည်။ စွမ်းအင်အမှတ် ၁၀၀,၀၀၀ သုံးစွဲခဲ့ပြီး သင့်တွင် စွမ်းအင်လက်ကျန် ၃၁၆.၉၆ သန်း ကျန်ရှိသည်။]
အချက်ပေးသံ ဆုံးသည်နှင့် စုရှင်း၏ အမြင်အာရုံများ ပြောင်းလဲသွားပြီး သူသည် မရင်းနှီးသော ပတ်ဝန်းကျင် တစ်ခုတွင် ပေါ်လာသည်။
"အကြီးအကဲ!"
စုရှင်း၏ ရှေ့တွင် ကျုံး၏ အသံ ထွက်ပေါ်လာသည်။ အလွန်ပင် ရိုသေလေးစားသော လေသံဖြင့် ဖြစ်သည်။
ဤအခြေအနေကို မြင်သောအခါ စုရှင်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားသည်။
နောက်တစ်စက္ကန့်တွင် တန်ချိန်တစ်သန်းခန့် အင်အားသည် လွင့်စဉ်ထွက်လာကာ ကျုံးအား တစ်ခါတည်း အစအနပင် မကျန်အောင် ဖျက်ဆီးပစ်လိုက်သည်။
ကျုံးမှာ တုံ့ပြန်ရန် အချိန်ပင် မရလိုက်ဘဲ လုံးဝ ပျက်စီးသွားခဲ့သည်။
ထို့နောက် ကျုံး၏ မူလဝိညာဉ်သည် သူ့ခန္ဓာကိုယ်မှ ထွက်ခွာသွားသည်။ စုရှင်းသည် မတွန့်ဆုတ်ဘဲ ချက်ချင်းပင် ချေမှုန်းပစ်လိုက်သည်။
စုရှင်းသည် ကျုံးမသေမီ မယုံနိုင်ခြင်းများကို မြင်လိုက်ရသလို ဖြစ်နေသည်။
ထို့နောက် သူသည် အထီးကျန်ဆန်သော ခြေရာတစ်ခုကို ပြသပြီး ရေရွတ်သည်။
"ငါ ဘာလို့ ဒီလောက် ကျွမ်းကျင်ရတာလဲဆိုတာ မင်း နားမလည်တဲ့ပုံပဲ?"
"ဘာမှမဟုတ်ဘူး... ရိုးရိုးလေးပဲ လေ့ကျင့်ခြင်းက ပြီးပြည့်စုံစေတာ!"
စုရှင်းသည် ကျုံး၏ သိုလှောင်အိတ်ကို ကောက်ယူလိုက်သည်။ သူ့ကို သတ်ခြင်းသည် ယခုတစ်ကြိမ်တွင် အဆင်ပြေစေရန်သာ ဖြစ်သည်။
နောက်ထပ်ကတော့ စုရှင်း၏ ဤခရီးစဉ်အတွက် အမှန်တကယ် ရည်ရွယ်ချက် ဖြစ်သည်။
သူ၏ အောင်မြင်မှု၏သခင် စွမ်းရည်ဖြင့် လောရွှေရင်၏ ယုံကြည်မှုကို သူ့ကိုယ်သူ မဖော်ထုတ်ဘဲ ရယူနိုင်မလားဆိုတာ ကြိုးစားကြည့်ရန် ဖြစ်သည်။
စုရှင်း၏ နတ်အာရုံသည် ပတ်ဝန်းကျင်ကို ဝန်းရံထားသည်။ သူ့ကို တစ်စုံတစ်ယောက်က စောင့်ကြည့်နေသည်ကို သူ သဲ့သဲ့လေး သတိပြုမိလိုက်သည်။
သို့သော် စုရှင်းသည် သူ့ကိုယ်သူ မဖော်ထုတ်ဘဲ သူ၏ဓားပေါ်တွင်ရပ်၍ တိုက်ရိုက် ပျံသန်းထွက်ခွာသွားခဲ့သည်။
စုရှင်း၏ နတ်အာရုံ ခံစားချက်အရ ထိုပုံရိပ်သည် သူ့နောက်ရှိ အလှမ်းဝေးဝေးမှ လိုက်နေခဲ့သည်။
နာရီဝက်ခန့် အကြာတွင် စုရှင်းသည် တောင်တန်းကြီးတစ်ခုတွင် ရပ်တန့်လိုက်ပြီး ကျောက်စားပွဲတစ်လုံးနှင့် ကျောက်ခုံနှစ်လုံးကို ထုတ်ယူလိုက်သည်။
ထို့နောက် သူက ပုံစံထုတ်ကာ လက်ဖက်ရည်နှစ်ခွက် ဖျော်ရင်း အသံကျယ်စွာ ပြောလိုက်သည်။
"အဝေးက မိတ်ဆွေလာလည်တာ ပျော်စရာ မကောင်းဘူးလား!"
"ဧည့်သည်၊ ဘာလို့ ပေါ်မလာတာလဲ?"
စုရှင်းသည် စကားပြောပြီးနောက် အခြားသူများကို ဂရုမစိုက်သကဲ့သို့ သူ၏ လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည်။
မကြာမီပင် လောရွှေရင်၏ ပုံရိပ်သည် စုရှင်းနှင့် မလှမ်းမကမ်းတွင် ပေါ်လာသည်။ သူမသည် သူ့ကို အနည်းငယ် သတိထားကာ ကြည့်ရင်း မေးသည်။
…