← Chapters

လွတ်မြောက်ခြင်း ပိုင်နက်သို့ ပထမဆုံးအကြိမ် ဝင်ရောက်ခြင်း၊

Vol. 22 Ch. 307

လွတ်မြောက်ခြင်း ပိုင်နက်သို့ ပထမဆုံးအကြိမ် ဝင်ရောက်ခြင်း၊

Vol. 22 Ch. 307

ထိုသို့တွေးလိုက်မိသည်နှင့် စုရှင်း၏ မျက်လုံးများက အရောင်တောက်သွားသည်။

အကယ်၍သာ သူသည် ဧရာမ သားရဲကြီး တစ်ကောင်၏ ဝမ်းဗိုက်ထဲတွင် အသက်ရှင်သန်နိုင်မည်ဆိုလျှင်၊ ၎င်းသည် သူ၏ သရုပ်ပြခြင်း အချိန်ကို သက်တမ်းတိုးနိုင်ခြင်းနှင့် တူညီပေလိမ့်မည်။

သို့သော်လည်း ဧရာမ သားရဲကြီး၏ ဝမ်းဗိုက်အတွင်းမှ ပတ်ဝန်းကျင်သည် အလွန်တစ်ရာ ကြောက်မက်ဖွယ် ကောင်းလှသဖြင့် စုရှင်း၏ လက်ရှိအစွမ်းနှင့် ရှင်သန်နိုင်ရန် မဖြစ်နိုင်သေးချေ။

သူ၏ ကျင့်ကြံမှုအဆင့်သည် အလွန်မြင့်မားသော နယ်ပယ်တစ်ခုသို့ ရောက်ရှိသွားသည့်အခါတွင်တော့ တစ်ခေါက်လောက် စမ်းကြည့်နိုင်လိမ့်မည်။

“ဒီတစ်ခေါက်တော့ ငါ့ရဲ့ရည်မှန်းချက်ကို အတော်လေး ပြည့်မီလုနီးပါး ဖြစ်ခဲ့တယ်။”

“ဆေးလုံးဖော်စပ်တဲ့ ပညာရပ်မှာ တိုးတက်မှုကြီးကြီးမားမား ရခဲ့ရုံတင်မကဘူး၊ ငါ့ရဲ့ လွတ်မြောက်ခြင်း သန့်စင်ဆေးလုံးကလည်း မဟာယာနအဆင့်နဲ့ နီးစပ်နေပြီ…”

“ပြီးတော့ အခွင့်အရေးကို အသုံးချပြီး လွတ်‌မြောက်ခြင်း ပိုင်နက်ကိုလည်း နည်းနည်းပါးပါး စူးစမ်းလေ့လာခွင့်ရခဲ့တယ်! သိပ်ပြီး အသုံးဝင်တဲ့ သတင်းအချက်အလက်တွေ မရခဲ့ပေမယ့် နဂါးစောင့်ရှောက်သူနဲ့တော့ တွေ့ဆုံခဲ့ရတယ်။”

စုရှင်းသည် ဤသရုပ်ပြခြင်း၏ ရလဒ်များကို အတော်လေး ကျေနပ်နေပြီး သူ၏အကြည့်ကို သရုပ်ပြခြင်း ဖန်သားပြင်ပေါ်ရှိ ဆုလာဘ်များဆီသို့ လွှဲပြောင်းလိုက်သည်။

[အောင်မြင်ခြင်း၏ သခင်: ခရမ်းရောင် စွမ်းရည်၊ တန်ဖိုး - စွမ်းအင်အမှတ် ၁ သန်း။]

[ဆေးဖော်စပ်ခြင်း ပညာ နှစ်ဆယ့်ငါးနှစ်တာ အတွေ့အကြုံ: ဆေးဖော်စပ်ခြင်းဆိုင်ရာ ထိုးထွင်းဉာဏ်များ၊ ပြီးပြည့်စုံသော ပြန်လည် မွေးဖွားခြင်း ဆေးလုံးနှင့် လွတ်မြောက်ခြင်း သန့်စင်ဆေးလုံး၏ ကနဦးအဆင့်များ အတွက် ထိုးထွင်းသိမြင်မှုများ ပါဝင်သည်။ တန်ဖိုး - စွမ်းအင်အမှတ် ၁၀ သန်း။]

[လွတ်မြောက်ခြင်းသို့ ပြန်လည် ရောက်ရှိခြင်းအဆင့် - ပထမအလွှာ: လွတ်မြောက်ခြင်း ပိုင်နက်သို့ ကနဦးဝင်ရောက်ပြီး လွတ်မြောက်ခြင်းသို့ ပြန်လည် ရောက်ရှ်ိခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သော်လည်း၊ လွတ်မြောက်ခြင်း နတ်မိုးကြိုး၏ နှစ်ခြင်းခံယူမှုတွင် အနည်းငယ် ချို့ယွင်းချက်ရှိခဲ့ပြီး ဝိညာဉ်စွမ်းအင် တိုးတက်မှုကို အမြင့်ဆုံး ရရှိခဲ့ခြင်း မရှိပါ။ တန်ဖိုး - စွမ်းအင်အမှတ် သန်း ၁၀၀။]

[ကျင်းနှစ်သောင်းခုနစ်ထောင် အထိ ကျယ်ပြန့်သော နတ်အာရုံ: လွတ်မြောက်ခြင်းသို့ ပြန်လည် ရောက်ရှိခြင်းအဆင့်သို့ ရောက်ရှိကာ လွတ်မြောက်ခြင်း ပိုင်နက်သြို ထိုးဖောက်ဝင်ရောက်ပြီး နတ်မိုးကြိုး၏ နှစ်ခြင်းကို ခံယူခဲ့သဖြင့် နတ်အာရုံ အလွန်အမင်း ကြီးထွားလာခဲ့သည်။ သုိ့သော်လည်း အနည်းငယ် ချို့ယွင်းချက်ရှိနေပြီး ပြီးပြည့်စုံခြင်း မရှိသေးပါ။ တန်ဖိုး - စွမ်းအင်အမှတ် သန်း ၁၇၀။ (မှတ်ချက်: ဤဆုလာဘ်ကို ရွေးချယ်ပြီးပါက ပထမဆုံးအကြိမ် လွတ်မြောက်ခြင်း နတ်မိုးကြိုး၏ နှစ်ခြင်းကို ထပ်မံခံယူနိုင်တော့မည် မဟုတ်ပါ။)]

ယခင်ကနှင့်မတူဘဲ၊ ဤသရုပ်ပြခြင်းတွင် စုရှင်းရဲ့ လုပ်ဆောင်ချက်များ၏ ရည်ရွယ်ချက်သည် ရှင်းသည်။

ဆေးဖော်စပ်သည့် ပညာကို လေ့ကျင့်ရန်နှင့် လွတ်မြောက်ခြင်းသို့ ပြန်လည် ရောက်ရှိခြင်းအဆင့်သို့ တက်လှမ်းနိုင်မည့် နည်းလမ်းကို ရှာဖွေရန်သာ ဖြစ်သည်။

ထို့ကြောင့် သူ၏ ဆုလာဘ်ရွေးချယ်မှုမှာလည်း အတော်လေးကို တည့်တိုးဆန်လှသည်။

ဤတစ်ကြိမ်၏ ဆုလာဘ်များအတွက်မူ စုရှင်းအနေဖြင့် လုံးဝ တုံ့ဆိုင်းနေစရာ မရှိချေ။

အောင်မြင်ခြင်း၏ သခင် စွမ်းရည်သည် စုရှင်း ကြိုတင်ပြင်ဆင်ထားသည့် အရာတစ်ခုဖြစ်ပြီး၊ နောက်ပိုင်းတွင် လောရွှေရင်နှင့် ရင်ဆိုင်ရသည့်အခါ သူ့ကို ပို၍ တည်ငြိမ်စေမည် ဖြစ်သည်။

ထို့အပြင် ဤစွမ်းရည်သည် အမှန်တကယ်ပင် အစွမ်းထက်လွန်းလှပြီး သရုပ်ပြခြင်း အတွင်း စုရှင်းအား မျှော်မှန်းထားသည်ထက်ပင် ပို၍ စွမ်းဆောင်နိုင်စေခဲ့သည်။

“နှစ်ဆယ့်ငါးနှစ်တာ ဆေးဖော်ပညာ အတွေ့အကြုံနဲ့ အောင်မြင်ခြင်း၏သခင် စွမ်းရည်ကို ငါရွေးချယ်တယ်။”

စုရှင့်သည် သူ၏ ကျင့်ကြံမှုအဆင့်ကို နှမြောတသသော အကြည့်ဖြင့် ကြည့်လိုက်သည်။

သို့သော် သူသည် ချက်ချင်းပင် အသိတရားတစ်ခုကို ရရှိသွားသည်။

“ဟုတ်သားပဲ! ငါက လွတ်မြောက်ခြင်း သန့်စင်ဆေးလုံး အတွက် ဆေးဖော်စပ်ပညာ လိုအပ်တာမှ မဟုတ်တာ၊ ငါလိုအပ်တာက အဆင့်မြင့် လွတ်‌မြောက်ခြင်း သန့်စင်ဆေးလုံး တစ်လုံးပဲ!_

“ဒီလိုဆိုရင် နောက်တစ်ကြိမ် သရုပ်ပြခြင်းမှာ အဆင့်မြင့် လွတ်မြောက်ခြင်း သန့်စင်ဆေးလုံး တစ်လုံးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်တာနဲ့ လွတ်မြောက်ခြင်းသို့ ပြန်လည် ရောက်ရှိခြင်း အဆင့်ကို တက်လှမ်းဖို့ ကြိုးစားလို့ရပြီ၊ ပြီးမှ ငါ့ရဲ့ကျင့်ကြံမှုအဆင့်ကို အပြင်ထုတ်ယူလာလို့ ရတာပဲ!”

စုရှင်း၏ မျက်လုံးများက တစ်ဖန် အရောင်တောက်လာပြန်သည်။

ယခင်က နတ်ဘုရား ခွန်အားဆေးလုံးနှင့် အခြားဆေးလုံးများကဲ့သို့ မဟုတ်ဘဲ။ လွတ်မြောက်ခြင်း သန့်စင်ဆေးလုံးသည် လွတ်မြောက်ခြင်းသို့ ပြန်လည် ရောက်ရှိခြင်းအဆင့်သို့ တက်လှမ်းပြီး လွတ်မြောက်ခြင်း ပိုင်နက်သို့ ဝင်ရောက်သည့်အခါမှသာ အသုံးဝင်သည်။

စုရှင်းအနေဖြင့် ဤဆေးလုံး ဖော်စပ်နည်းကို အလွန်မြင့်မားသော အဆင့်အထိ တတ်မြောက်ထားရန် မလိုအပ်ချေ။

ဤသို့တွေးမိသောအခါ စုရှင်းသည် ချက်ချင်းပင် စိတ်လှုပ်ရှားလာသည်။

“အရာအားလုံးသာ ချောချောမွေ့မွေ့ ဖြစ်သွားရင်၊ နောက်တစ်ကြိမ် သရုပ်ပြခြင်းမှာပဲ ငါ လွတ်မြောက်ခြင်းသို့ ပြန်လည် ရောက်ရှိခြင်း အဆင့်ကို တန်းရောက်သွားနိုင်တာပဲ မဟုတ်လား။”

ထိုစဉ်မှာပင် စုရှင်း၏ နားထဲသို့ သရုပ်ပြစက်မှ သတိပေးသံတစ်ခု ဝင်လာသည်။

[ဒင်၊ သင်၏ စွမ်းရည် ထည့်သွင်းသည့်နေရာ ပြည့်နေကြောင်း တွေ့ရှိရပါသည်။ စွမ်းအင်အမှတ် ၁၀ သန်း အသုံးပြု၍ စွမ်းရည်နေရာ အပိုတစ်ခုကို ဖွင့်လှစ်လိုပါသလား?]

ထိုအသံကို ကြားပြီးနောက် စုရှင်းသည် များများစားစား တုံ့ဆိုင်းမနေတော့ပေ။

စွမ်းအင်အမှတ် ၁၀ သန်းသည် လက်ရှိ စုရှင်းအတွက် များပြားသော ပမာဏ မဟုတ်တော့ချေ။

“စွမ်းအင်အမှတ် ၁၀ သန်းသုံးပြီး စွမ်းရည် နေရာအပိုတစ်ခု ဖွင့်မယ်!”ဟု စုရှင်း စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်သည်။

[ဒင်၊ သင်သည် စွမ်းအင်အမှတ် ၁၀ သန်း အသုံးပြု၍ စွမ်းရည် နေရာအပိုတစ်ခု ဖွင့်လှစ်ပြီးပါပြီ။ ကျန်ရှိသော စွမ်းအင်အမှတ်မှာ ၃၆၆.၆ သန်း ဖြစ်ပါသည်။]

[သင်သည် အောင်မြင်ခြင်း၏သခင် စွမ်းရည်ကို အောင်မြင်စွာ ထုတ်ယူပြီးပါပြီ။ စွမ်းအင်အမှတ် ၁ သန်း သုံးစွဲခဲ့ပြီး ကျန်ရှိသော စွမ်းအင်အမှတ်မှာ ၃၆၅.၆ သန်း ဖြစ်ပါသည်။]

[သင်သည် နှစ်ဆယ့်ငါးနှစ်တာ ဆေးဖော်စပ်ခြင်း အတွေ့အကြုံကို အောင်မြင်စွာ ထုတ်ယူပြီးပါပြီ၊ စွမ်းအင်အမှတ် ၁၀ သန်း သုံးစွဲခဲ့ပြီး ကျန်ရှိသော စွမ်းအင်အမှတ်မှာ ၂၉၅.၆၆ သန်း ဖြစ်ပါသည်။]

သတိပေးသံများ ဆုံးသွားသည်နှင့်အမျှ၊ နက်နဲသော စွမ်းအားနှစ်ခုသည် စုရှင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။

တစ်ချိန်တည်းမှာပင်၊ မှတ်ဉာဏ်များစွာသည် စုရှင်း၏ စိတ်ထဲတွင် ပေါ်ပေါက်လာသည်။

လွတ်မြောက်ခြင်း သန့်စင်ဆေးလုံးနှင့် ပြန်လည် မွေးဖွားခြင်း ဆေးလုံးများကို ဖော်စပ်ခဲ့သည့် အမှတ်တရများပင်!

စုရှင်းသည် မျက်လုံးများကို ခေတ္တမှိတ်ထားရင်း ဤမှတ်ဉာဏ်အသစ်များကို လက်ခံစုပ်ယူလိုက်သည်။

သူ မျက်လုံး ပြန်ဖွင့်လိုက်သောအခါတွင်၊ လွတ်မြောက်ခြင်း သန့်စင်ဆေးလုံးနှင့် ပြန်လည် မွေးဖွားခြင်းဆေးလုံး နှစ်မျိုးလုံးအား မည်သို့ဖော်စပ်ရမည်ကို နက်ရှိုင်းစွာ နားလည်သွားခဲ့ ပြီဖြစ်သည်။

“လွတ်မြောက်ခြင်း သန့်စင်ဆေးလုံး ဖော်စပ်တဲ့ ငါ့ရဲ့စွမ်းရည်က မဟာယာနအဆင့်နဲ့ တကယ်ကြီး အတော်လေး နီးကပ်လာပြီပဲ။ နောက်ထပ် သရုပ်ပြခြင်းမှာ နှစ်အနည်းငယ်လောက် ကြိုးစားလိုက်ရင် ငါ အဆင့်တက်သွားမယ်ဆိုတာ သေချာတယ်။”

“ပြန်လည် မွေးဖွားခြင်း ဆေးလုံးအတွက် ဆိုရင်တော့၊ ဒဏ္ဍာရီအဆင့် ပြန်လည် မွေးဖွားခြင်း ဆေးလုံးကလွဲရင် ကျန်တာအားလုံးကို ငါ ကျွမ်းကျင်သွားပြီ။ အဲ့ဒီဆေးလုံးကိုတော့ လီမီးလျှံသိုင်းကျမ်းရဲ့ စွမ်းအားမလုံလောက်လို့ အောင်မြင်အောင် မဖော်စပ်နိုင်သေးတာ!”

စုရှင်းသည် သူ၏ တိုးတက်မှု အတွက် အလွန် ကျေနပ်နေသည်။

သို့ဆိုလျှင်၊ နောက်ထပ်ပန်းတိုင်မှာ လွတ်မြောက်ခြင်းသို့ ပြန်လည် ရောက်ရှိခြင်း အဆင့်ပင်!

ထိုသို့တွေးလိုက်သည်နှင့် စုရှင်း၏ နှလုံးသားသည် တွန်းအားများဖြင့် ပြည့်နှက်သွားသည်။

ထို့ကြောင့်၊ နောက်တစ်ပတ်လုံးလုံး စုရှင်းသည် သူ၏ ပုံမှန်အစီအစဉ် ဖြစ်သော ဆေးဖော်စပ်ခြင်းနှင့် ကျင့်ကြံခြင်းကို တည်ငြိမ်စွာ ဆက်လက် လုပ်ဆောင်ခဲ့သည်။

တစ်ပတ်ကြာပြီးနောက်၊ စုရှင်းသည် ပုံစံပြောင်းကာ ကျင်းချုံးရွှယ်နှင့် တွေ့ဆုံရန် ဗီလာသို့ သွားခဲ့သည်။

ကျင်းချုံးရွှယ်သည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မိတ်ကပ်အနည်းငယ် လိမ်းထားသည်။ သို့သော်လည်း သူမ၏ပုံစံမှာ အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံရသည်။

ထိုမြင်ကွင်းကြောင့် စုရှင်းသည် ခဏတာ အံ့အားသင့်သွားပြီး မေးလိုက်သည်။

“အစ်မရွှယ်၊ ဘာလို့ ဒီလောက် ပင်ပန်းနေတဲ့ပုံပေါက်နေတာလဲ။ ညက အိပ်ရေးမဝခဲ့ဘူးလား။”

ထိုစကားကို ကြားသောအခါ ကျင်းချုံးရွှယ်သည် မျက်စောင်းတစ်ချက်ထိုးကာ ပြန်ပြောလိုက်သည်။

“ဟွန့်၊ နင့်ကြောင့် ဖြစ်ရတာလေ! နင်က အဆင့်မြင့် အထူးသတ္တုတွေ အများကြီး ယူလာတာကိုး... ဒါက လွယ်တဲ့ကိစ္စမှမဟုတ်တာ!”

“ငါက သတ္တုတွင်း နယ်ပယ်ခွဲထဲမှာ နေ့ရောညပါ အလုပ်တွေကို ကြီးကြပ်နေရတာ၊ တစ်ချက်လေးတောင် မျက်ခြေအပျက်မခံရဲဘူး…”

ကျင်းချုံးရွှယ်သည် သမ်းဝေလိုက်ရင်း ဆက်ပြောသည်။

“ဒါပေမဲ့ ဒီအထူးသတ္တုတွေကို သန့်စင်တဲ့အလုပ်ကို အရှိန်မြှင့်နေပါတယ်။ အလွန်ဆုံး နောက်ထပ် နှစ်ပတ်လောက်ပဲ ကြာတော့မှာပါ…”

“အော်၊ ပြီးတော့ နင်လိုချင်တဲ့ အဆင့်လေး အထူးသတ္တုနဲ့လုပ်ထားတဲ့ ဆေးဖော်ဖိုကိုလည်း စီစဉ်ထားပြီးပြီ။ ပစ္စည်းတွေ အကုန် အဆင်သင့် ဖြစ်တဲ့အခါ တခြားပစ္စည်းတွေနဲ့အတူ တစ်ခါတည်း ပေးလိုက်မယ်နော်။”

ကျင်းချုံးရွှယ်၏ စကားကိုကြားပြီးနောက် စုရှင်းသည် စိတ်လှုပ်ရှားသွားမိသည်၊ အကြောင်းမှာ ကျင်းချုံးရွှယ်သည် သူ့အတွက် အလွန် ပင်ပန်းခံခဲ့သည်မှာ ထင်ရှားသောကြောင့် ဖြစ်သည်။

“ကျေးဇူးတင်ပါတယ် အစ်မရွှယ်!”

စုရှင်းသည် စိတ်ရင်းအမှန်ဖြင့် ကျေးဇူးတင်စကား ဆိုပြီးနောက် အဆင့်မြင့် ထိပ်တန်း မျက်နှာ အာဟာရပြု ဆေးလုံးအချို့ကို ထုတ်ယူလိုက်သည်။

၎င်းတို့သည် သုံးနှစ်တိုင်တိုင် နုပျိုသောရုပ်ရည်ကို ထိန်းသိမ်းပေးနိုင်သည့် ဝိညာဉ်ဆေးလုံးများပင် ဖြစ်သည်။

ဆေးလုံးများကို ပေးလိုက်ရင်း စုရှင်းက မျက်စိတစ်ဖက်မှိတ်ပြကာ ပြောလိုက်သည်။

“အစ်မရွှယ်... အစ်မအတွက် လက်ဆောင်၊ ဒါတွေက ထပ်တန်း နုပျိုဆေးလုံးတွေ!”

“သုံးနှစ်တစ်ခါ တစ်လုံးသောက်ရုံနဲ့ သုံးနှစ်တိတိ နုပျိုတဲ့ရုပ်ရည်ကို ထိန်းသိမ်းပေးပြီး ငယ်ရွယ်မှုကို ပြန်လည်ရှင်သန်စေမှာ!”

ထိုစကားကိုကြားသောအခါ ကျင်းချုံးရွှယ်၏ မျက်လုံးများက ချက်ချင်းပင် အရောင်တောက်သွားသည်။ တစ်လုံးတည်းက နုပျိုမှုကို သုံးနှစ်အထိ သက်တမ်း တိုးပေးနိုင်သည်တဲ့လား။

ဤသည်မှာ မည်သည့် အမျိုးသမီးအတွက်မဆို သေလောက်အောင် ဆွဲဆောင်နိုင်သော အရာပင်။

“ဟွန့်၊ နင်တော်တော် သဘောပေါက်တတ်တဲ့ ကလေးပဲ!”

ကျင်းချုံးရွှယ်သည် ဆွဲဆောင်မှု အပြည့်ဖြင့် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

မကြာမီ လုပ်ငန်းကိစ္စများ ပြောဆိုပြီးစီးသွားသောအခါ စုရှင်းသည် ထိုအပတ်အတွက် ကုန်ပစ္စည်း အသစ်များကို လက်ဝယ်ကိုင်ဆောင်ကာ ဝိညာဉ်စိုက်ခင်းဂူသို့ ပြန်လာခဲ့သည်။

သတ္တုတွင်း နယ်ပယ်ခွဲသည်လည်း စုရှင်း၏ အဆင့်မြင့် အထူးသတ္တုများကို လုပ်ဆောင်နေရသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ထိုအပတ်အတွက် ကုန်ပစ္စည်းများ၏ တန်ဖိုးမှာ သရုပ်ပြခြင်း စွမ်းအင် သန်းငါးဆယ်ကျော်မျှသာ ရှိသည်။

သရုပ်ပြခြင်း စွမ်းအင်များကို စုပ်ယူပြီးနောက်၊ စုရှင်း၏ စုစုပေါင်းစွမ်းအင်သည် အမှတ် သန်း ၃၅၀ သို့ တစ်ဖန် ပြန်လည် ရောက်ရှိသွားသည်။

ထို့နောက်တွင် စုရှင်းသည် သရုပ်ပြခြင်း အသစ်တစ်ခုကို စတင်ရန် ပြင်ဆင်လိုက်သည်။

“ဒီတစ်ခေါက် သရုပ်ပြခြင်း ကတော့ သေချာပေါက် အောင်မြင်ရမယ်၊ ပြီးပြည့်စုံတဲ့အထိ ရောက်အောင်သွားပြီး လွတ်မြောက်ခြင်းသို့ ပြန်လည် ရောက်ရှိခြင်း အဆင့်ကို ထိုးဖောက်ဝင်ရောက်ရမယ်!”

…

All Chapters