← Chapters

အခန်း (၁၇၈)

Vol. 12 Ch. 178

အခန်း (၁၇၈)

Vol. 12 Ch. 178

တာ့လီအင်ပါယာမှ အခြေတည်လာခဲ့သော ခုံရုံးဝါတိုင်းပြည်ထဲရှိ မြစ်ကြီးမှနေ၍ ချန်းပင်အန်းက မထင်မှတ်ထားသော ငါးကြီးတစ်ကောင်ကို ဖမ်းမိခဲ့သည်။ ပန်းရောင်ဝတ် ကလေးမလေးက ထိုအရာကို အလွန်အရသာရှိသော ငါးစွပ်ပြုတ်အဖြစ် ချက်ပေးခဲ့သည်။

စားသောက်လိုက်ကြပြီးနောက် သူတို့(၃)ယောက်က စကားပြောရန် ထိုင်နေခဲ့ကြသည်။

ချန်းပင်အန်းက နေနှင့်လမှနေ၍ အနှစ်သာရများကို စုပ်ယူနိုင်သော အင်မော်တယ်များ၏ စာအုပ်တချို့ကို ဖတ်နေခဲ့သည်။ ထိုအရာက လူတစ်ယောက်၏ ကျင့်ကြံမှုကို အဆင့်မြှင့်ရန် အမှန်တကယ် အသုံးဝင်ခြင်းရှိမရှိ သူလည်း သိချင်နေခဲ့သည်။

ပန်းရောင်ဝတ် ကလေးမလေးက ခေါင်းညိတ်ပြလိုက်သော်လည်း စိမ်းပြာဝတ် ကောင်လေးကတော့ မြစ်ကမ်းကို ဖြတ်သန်းထားသော ကျောက်တုံးများပေါ်တွင် ခုန်ပေါက်နေရင်း ခေါင်းခါ၍ ပြောလိုက်သည်။

“အကျိုးအမြတ်က အရမ်းကို နည်းလွန်းတော့ မရှိသလောက်ပဲ။ ကျွန်တော်တို့လို ရေနဂါးတွေရဲ့ မျိုးဆက်တွေဆိုရင်တော့ ကျွန်တော်တို့ မဟာတာအိုရဲ့ သော့ချက်က သဘာဝတရားကြီးကို လိုက်နာပြီး တောင်တန်းနဲ့ မြစ်တွေရဲ့ ကံကြမ္မာကို ယူဆောင်ဖို့ပဲ။ အရာအားလုံးက အသုံးမဝင်သလို အကျိုးသက်ရောက်မှုလည်း မရှိဘူး…”

ချန်းပင်အန်းက အပြုံးနှင့် မေးလိုက်သည်။

“တကယ်လို့ အကျိုးအမြတ် နည်းနည်းလေး ရှိနေဦးမယ်ဆိုရင်တောင် ဘာလို့ မသုံးကြရမှာလဲ။ မင်းတို့နှစ်ယောက်လုံးက ရေနဂါးအဖြစ် အသွင်ပြောင်းချင်ကြတယ်။ နောက်ပိုင်းမှာ မင်းတို့က ပင်လယ်ထဲကို သွားလာဖို့အတွက် မြစ်ကြီးတစ်စင်းကို ရွေးချယ်ကြရမှာပဲ။ အဲဒါဆိုရင် မင်းတို့က အစစ်အမှန်နဂါးခန္ဓာကိုယ်ကို ရရှိနိုင်ပြီး မင်းတို့ရဲ့မဟာတာအိုကို ပြည့်စုံအောင် လုပ်နိုင်လိမ့်မယ်။ ဒါက မင်းတို့ရဲ့ ကျင့်ကြံမှုလမ်းကြောင်းမှာ ကြိုးစားအားထုတ်မှုအတွက် လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်ဘူးလား…”

စိမ်းပြာဝတ်ကောင်လေးက ရေထဲတွင် ရှိနေသော နောက်ဆုံးကျောက်တုံးကို ကျော်လာပြီး လက်နှစ်ဖက်ကို ဆုပ်၍ အပြုံးနှင့် ပြောလိုက်သည်။

“ကျင့်ကြံမှုဆိုတာက ပါရမီကို အလေးထားရတဲ့ အရာတစ်ခုပဲ။ ကြိုးစားအားထုတ်မှုအပေါ် မူတည်တာ မဟုတ်ဘူး…”

“တကယ်လို့ မင်းက ကျင့်ကြံမှုအတွက် ပါရမီရှိတယ်ဆိုရင်တောင် မင်းက အဲဒီကျင့်ကြံမှုကို မြှင့်တင်နိုင်ဖို့အတွက် ပိုပြီးကြိုးစားအားထုတ်သင့်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား..”

ချန်းပင်အန်းက မေးလိုက်သည်။

ထိုစကားကို ကြားသည့်အခါ စိမ်းပြာဝတ်ကောင်လေးက အနည်းငယ် လှုပ်ရှားသွားခဲ့၏။ ထို့နောက် သူက ပြန်ဖြေလိုက်သည်။

“ဆရာ…

ကျွန်တော်က ရုတ်တရက် ခေါင်းကိုက်လာပြီ။ ကျွန်တော်က အအေးမိသွားတာလား၊ တခြားတစ်ခုခုလားတော့ မသိဘူး။ ဒါကြောင့် သွားပြီး အိပ်တော့မယ်…”

ထိုစကားကို ကြားသည့်အခါ ချန်းပင်အန်းက ပြုံးလိုက်မိသည်။

“ဒါပေမဲ့ မင်းက ရေမြွေတစ်ကောင်ပဲ။ မင်းက ဘယ်လိုဖြစ်ပြီး…”

သူ့စကားမဆုံးသေးခင် စိမ်းပြာဝတ်ကောင်လေးက မြစ်ထဲသို့ ခုန်သွားပြီး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထိုနေရာတွင် အလွန်ကြီးမားသော ရေမြွေကြီးတစ်ကောင် အစားထိုးဝင်ရောက်လာပြီး သူ၏်ပိုင်နက် နယ်မြေကို စစ်ဆေးနေသော ဘုရင်တစ်ပါးကဲ့သို့ မြစ်အောက်ခြေကို ကူးခတ်သွားခဲ့၏။

“သူ့ကို ခေါင်းထဲထည့်မနေနဲ့ ဆရာ။ သူက အရမ်းပျင်းတယ်..”

ပန်းရောင်ဝတ် ကလေးမလေးက တိတ်တဆိတ် ပြောလိုက်သည်။

“ဒါပေမဲ့ သူ့ရဲ့မွေးရာပါ ပါရမီနဲ့ သွေးမျိုးဆက်က ကျွန်မထက် ပိုပြီးတော့ အဆင့်မြင့်တယ်။ သူ့ရဲ့ခန္ဓာကိုယ်ကလည်း ပိုပြီးတော့ အစွမ်းထက်တယ်။ တကယ်လို့ ကျွန်မက နောက်ထပ် နှစ်ပေါင်း (၂၀၀)၊ (၃၀၀) လောက် လေ့ကျင့်လိုက်မယ်ဆိုရင်တောင် သူ့ကို အမီလိုက်နိုင်မှာ မဟုတ်ဘူး..”

“ဒီလိုဆိုမှတော့ မင်းက သူနဲ့ နှိုင်းယှဉ်မနေနဲ့လေ။ ကိုယ့်ကိုယ်ကိုယ် ယှဉ်ပြိုင်ရမယ်။ ဒီနေ့ထက် မနက်ဖြန်က ပိုပြီးတော့ ကောင်းမွန်ဖို့ ဦးတည်ထားရမယ်။ ဒီနေ့ထက် မနက်ဖြန်က ပိုပြီးတော့ ကောင်းဖို့ ကြိုးစားရမယ်..”

ချန်းပင်အန်းက နှစ်သိမ့်လိုက်သည်။

ပန်းရောင်ဝတ် ကလေးမလေးက ချက်ချင်းပင် အားအင်များ ပြည့်ဝလာခဲ့၏။

“ဟုတ်တယ်ဆရာ။ ဒါကြောင့်လည်း ဆရာက အဆင့်(၂) သိုင်းပညာရှင်အဆင့်ပဲ ရှိသေးပေမဲ့ လက်သီးကျင့်စဉ်ကို ပြင်းပြင်းထန်ထန် လေ့ကျင့်နေတာ။ စကားပုံတစ်ခုလိုပဲ ဉာဏ်ထိုင်းတဲ့ ငှက်တွေက စောစောစတင်ရတယ်လေ..”

ပန်းရောင်ဝတ် ကလေးမလေးက ပါးစပ်ကို လက်နှင့် အလျင်အမြန် အုပ်လိုက်သည်။ သူမက ချန်းပင်အန်းကို ဉာဏ်ထိုင်းသော ငှက်တစ်ကောင်ဟု ပြောလိုက်သလို ဖြစ်သွားကြောင်း နားလည်သွားခဲ့၏။

ထိုစကားကို ကြားသည့်အခါ ချန်းပင်အန်းကတော့ အလွန်သဘောကျသွားပြီး ပြောလိုက်သည်။

“မင်း ပြောတာမှန်တယ်။ ငါက တကယ့်ကို ဉာဏ်ထိုင်းတဲ့ငှက်တစ်ကောင်ပဲ။ ဒါကြောင့်လည်း ငါက တော်တော်လေး ကြိုးစားနေရတာ…”

ထို့နောက် သူက မြစ်ကမ်းဘေးတွင် လမ်းလျှောက်ကျင့်စဉ်ကို စတင်လေ့ကျင့်နေသည်။ ပန်းရောင်ဝတ် ကလေးမလေးလို အလွန်တည်ငြိမ်သော လူတစ်ယောက်ကပင် ချန်းပင်အန်း လမ်းလျှောက်ကျင့်စဉ် လေ့ကျင့်နေသည်ကို မြင်သည့်အခါ တဖြည်းဖြည်း ပျင်းရိလာခဲ့သည်။ သူမက ထိုအရာကို အကြိမ်ပေါင်းများစွာ မြင်ခဲ့ဖူးပြီးသား ဖြစ်၏။

ရက်ပေါင်းများစွာ ကြာပြီးနောက် ချန်းပင်အန်းက ဝါးတစ်ချောင်းကို အသုံးပြုပြီး တောင်ပေါ်သို့ ဖြည်းညင်းစွာ တက်လာခဲ့သည်။ တောင်ပေါ်သို့ တက်လာနေစဉ် အတောအတွင်း သူက မြေသား လက်တစ်ဆုပ်ခန့်ကို ကောက်ယူပြီး သူကြိုတင်ပြင်ဆင်ထားခဲ့သော အိတ်ရှုံ့လေးထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။ ထိုမြေသားအိတ်ရှုံ့လေးများက တဖြည်းဖြည်းနှင့် သူ့ခြင်းတောင်းတစ်ခုလုံးတွင် အလေးလံဆုံးအရာများ ဖြစ်လာခဲ့သည်။

ပန်းရောင်ဝတ် ကလေးမလေးနှင့် စိမ်းပြာဝတ်ကောင်လေးတို့ကတော့ ဘာကြောင့် ထိုသို့ လုပ်ဆောင်နေရကြောင်း မမေးကြပေ။ ထိုအရာက ချန်းပင်အန်း၏ ကျင့်စဉ်နှင့် ပတ်သက်သော လျှို့ဝှက်ချက်တချို့ ဖြစ်နိုင်သည်

ပထမတွင်တော့ စိမ်းပြာဝတ်ကောင်လေးက သူ၏ အစစ်အမှန်ပုံစံကို ပြောင်းလဲပြီး ချန်းပင်အန်းကို နောက်ကျောပေါ်တွင် သယ်ဆောင်ရခြင်း မရှိတော့သည့်အတွက် အတော်လေး ဝမ်းသာနေခဲ့သည်။ သို့သော် အချိန်အတော်ကြာ နှေးကွေးစွာ လမ်းလျှောက်လာခဲ့ရပြီးနောက် သူ၏စိတ်ရှည်မှုက ကုန်ခမ်းသွားခဲ့၏။

သို့သော် သူက ချန်းပင်အန်းကို မေးခွန်းမထုတ်ရဲပေ။ ထို့ကြောင့် သူက ပျင်းရိငြီးငွေ့မှုအတွက် စကားစတချို့ ပျိုးလိုက်ရသည်။

“ဆရာ…

ကျွန်တော်တို့ ဖြတ်လာခဲ့တဲ့ စီရင်စုမြို့ထဲမှာ ဘာလို့ ဒီလောက်တောင် ချွေတာနေရတာလဲ။ တကယ်လို့ ဆရာ့မှာ ငွေမရှိတော့ရင် ကျွန်တော့်ငွေကို သုံးလို့ရတယ်။ ကျွန်တော့်မှာ ငွေတွေ အများကြီး ရှိတယ်။ ဒါကြောင့် ကုန်သွားမှာကို မကြောက်နဲ့။ တကယ်လို့ ကျွန်တော့်မှာ ပါလာတဲ့ ငွေတွေအားလုံး သုံးပြီးသွားပြီဆိုရင်တောင် ကျွန်တော်က မြစ်အောက်ထဲကို သွားပြီး ရတနာတွေကို ငွေရောင်းချဖို့အတွက် ရတနာတွေ ရှာလို့ရသေးတယ်။ ကျင့်ကြံမှုဆိုတာက ငွေကြေးအကုန်အကျ အရမ်းများတဲ့ အရာတစ်ခုလို့ ကြားဖူးတယ်…”

ချန်းပင်အန်းက နောက်တစ်ကြိမ် ခြေလှမ်းရန် ပြင်ဆင်နေသည်။ ထိုအချိန်တွင် စိမ်းပြာဝတ်ကောင်လေးက ချက်ချင်းပြောလိုက်၏။

“ကျွန်တော်က ဆရာ့ကို စတာပါ။ ဆရာ … ကျွန်တော်က တော်တော်လေး ပျင်းနေပြီ..”

သူက ချန်းပင်အန်း၏ ခေါင်းရိုက်ခံရခြင်းကို ရှောင်တိမ်းရန်အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည်။ သို့သော် အဆုံးတွင်တော့ စိမ်းပြာဝတ်ကောင်လေးက တစ်ယောက်တည်း ဆက်၍ မနေနိုင်တော့ပေ။

ချန်းပင်အန်း တိတ်ဆိတ်သွားပြီးနောက် သူက နောက်တစ်ကြိမ် စကားစလိုက်ပြန်သည်။

“ဆရာ…

ကျွန်တော်က ဆရာ့ကို အပြစ်တင်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ငွေကြေးတတ်နိုင်သမျှ များများသုံးမှသာ အေးအေးဆေးဆေးနဲ့ လေ့ကျင့်နိုင်မှာလေ။ ကျွန်တော်တို့က ဒီကမ္ဘာကြီးထဲမှာ ကျွန်တော်တို့ရဲ့ အမှတ်တံဆိပ်တွေ ပြည့်နေတဲ့ဘဝမှာ အသက်ရှင်နေတဲ့ သူရဲကောင်းတွေ ဖြစ်နိုင်တယ်။ ကျွန်တော်တို့က အသေးအဖွဲကိစ္စလေးတွေ နည်းနည်းကိုတောင် စိုးရိမ်နေရတဲ့လူမျိုး ဖြစ်လာဖို့ မလေ့ကျင့်သင့်ဘူး…”

ချန်းပင်အန်းကတော့ ထိုအကြောင်းကို ငြင်းဆန်ခဲ့ခြင်း မရှိချေ။ သူက တောင်ပေါ်သို့ ဖြည်းညင်းစွာ ဆက်၍ တက်သွားခဲ့သည်။ သူနှင့် စိမ်းပြာဝတ်ကောင်လေးတို့က တစ်နေ့နေ့တွင် လမ်းခွဲသွားကြရမည် ဖြစ်သည်။ လက်ရှိအချိန်တွင်တော့ သူတို့က တစ်လမ်းတည်း လျှောက်နေကြရသေး၏။ ထိုအရာက တာ့ဆွေတိုင်းပြည်သို့ လီပေါင်ဖျင်တို့အဖွဲ့နှင့်အတူ သွားလာခဲ့ရာမှ ချန်းပင်အန်း နားလည်လာခဲ့ရသည့် အကြောင်းအရာတစ်ခုလည်း ဖြစ်၏။

ခုံရုံးဝါတိုင်းပြည်နှင့် တာ့လီအင်ပါယာ၏ ကြားထဲတွင် ရှိနေသော နယ်စပ်တွင် ချန်းပင်အန်းက သူ့ခြေထောက်အောက်တွင် အလွန်ပြင်းထန်စွာ လှုပ်ရှားသွားသော ငလျင်တစ်ခု သဘာဝဘေးတစ်ခုကို ကြုံတွေ့ခဲ့ရသည်။ ပတ်ဝန်းကျင်မှနေ၍ ဖုန်မှုန့်များ မြင့်တက်လာသည်။

ထိုဖြစ်စဉ်ကို မြင်သည့်အခါ ချန်းပင်အန်းက ကလေးနှစ်ယောက်နှင့်အတူ နေရာမှ ပြေးထွက်သွားခဲ့၏။ အဆုံးတွင်တော့ သူတို့က ခုံရုံးဝါ တိုင်းပြည်ထဲရှိ မြို့ငယ်လေးတစ်ခုကို ရောက်လာပြီး အလွန်ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့ခဲ့ရသည်။

မြို့နံရံများ၊ အိမ်ပေါင်းမြောက်မြားစွာနှင့် ကျောင်းဆောင်များက ပြိုကျသွားခဲ့၏။ မြို့သူမြို့သား တစ်ဝက်နီးပါးခန့်က သူတို့၏အိမ်ကို ဆုံးရှုံးလိုက်ရပြီး လူတိုင်းက စိတ်ဓာတ်ကျဖွယ် အခြေအနေတစ်ခုကို ကြုံတွေ့ခဲ့ရသည်။

ကျောင်းဆောင်များထဲမှ ထွက်လာပြီး ကူညီနေကြသည့် အသက်အရွယ်မျိုးစုံရှိသော တာအိုသခင်များ ရှိနေပြီး သူတို့ဆီတွင်လည်း ခံစားချက်မျိုးစုံ ရှိနေကြသည်။ ငယ်ရွယ်သော တာအိုသခင်လေးများကတော့ မြို့ထဲသို့ ကျရောက်လာသော သဘာဝတရားကြီးကို အပြစ်တင်နေကြပြီး အသက်ကြီးသော တာအိုသခင်များကတော့ အတော်လေး ဝမ်းသာနေခဲ့သည်။ သူတို့က ထိုသဘာဝဘေးဆီမှ အကျိုးအမြတ်များ ရနေသလို ထင်မှတ်ရ၏။

မြို့ငယ်လေးက အတော်လေးကို အဆင်ပြေအောင် ထိန်းသိမ်းထားနိုင်သေးသည်မှာ ကံကောင်းသွားသည်။ ချန်းပင်အန်းက အဖွဲ့တစ်ဖွဲ့ဆီသို့ ပြေးသွားခဲ့ရာ ထိုနေရာတွင် မောင်နှမနှစ်ယောက်ဖြစ်ပုံရသော လူငယ်တစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်ကို တွေ့လိုက်ရသည်။

သူတို့ကတော့ သဘာဝဘေးတွင် မိဘများကို ဆုံးရှုံးသွားရပုံ ပေါ်၏။ ချန်းပင်အန်းက ချက်ချင်းပင် မိန်းကလေးကို ပြန်ပေးဆွဲပြီး ပြည့်တန်ဆာအဖြစ်ရောင်းချရန် ကြိုးစားနေသော သူခိုးဓားပြများကို ဝင်ရောက်တားဆီးလိုက်သည်။ ထိုသူခိုးဓားပြများက သူတို့၏ အကျိုးအမြတ်အတွက် အခြေအနေကို အခွင့်ကောင်းယူနေခြင်း ဖြစ်သည်။

သူတို့အနက် အနည်းငယ်က ချန်းပင်အန်း၏ လက်သီးချက်နှင့် ကန်ချက်များကြောင့် နောက်ဆုတ်သွားလိုက်ရပြီး သူတို့အားလုံးက အဝေးသို့ လျင်မြန်စွာ ထွက်သွားခဲ့ကြသည်။ ထို့နောက် ချန်းပင်အန်းက မိဘမဲ့ မောင်နှမနှစ်ယောက်ကို ငွေစ (၂၀) ပေးခဲ့ပြီး ထွက်ခွာသွားခဲ့၏။

အဆုံးတွင်တော့ သူက စွန့်ပစ်ထားသော စစ်ကျောင်းဆောင်တစ်ခုထဲတွင် အနားယူရန် ဆုံးဖြတ်လိုက်သည်။ အံ့ဩသွားခဲ့ရသည်မှာ ထိုကျောင်းဆောင်က ငလျင်ဘေးကြောင့် အနည်းငယ်လေးပင် ထိခိုက်သွားခဲ့ရခြင်း မရှိချေ။ စစ်ကျောင်းသူတော်စင်ရုပ်ထုကတော့ အာဏာရှိသော အမူအရာနှင့် ငုံ့ကြည့်နေခဲ့သည်။

ထို စစ်ကျောင်းသူတော်စင်ရုပ်ထုကို ကြည့်လိုက်ရုံနှင့် ဘာကြောင့် ထိုကျောင်းဆောင်က ငလျင်ဘေးအတောအတွင်း လုံးဝထိခိုက်မှုမရှိကြောင်း စိမ်းပြာဝတ်ကောင်လေးက နားလည်သွားခဲ့သည်။

“ဒါက မြို့ငယ်လေးထဲမှာရှိတဲ့ ကျောင်းဆောင်ငယ်လေးတစ်ခုပဲ။ ပြီးတော့ လာရောက်ကိုးကွယ်သူတွေ သိပ်ပြီးတော့ အလုံအလောက်မရှိဘူး။ တကယ်လို့ စားစရာအလောက်အလောက်မရှိရင်တော့ အစာငတ်ပြီး သေသွားရမှာပဲလေ။ ဒါက လူသားတွေနဲ့ နတ်ဘုရားတွေလည်း အတူတူပဲ။ ဒါကြောင့် ဒီကျောင်းဆောင်ရဲ့ နတ်ဘုရားက ထွက်သွားတာ ကြာပြီ။ ဒါကြောင့် မြို့တစ်မြို့လုံးကို မကာကွယ်နိုင်ဘူး။ သူက ဒီကျောင်းဆောင်ကို ထိန်းသိမ်းထားနိုင်ရုံပဲ ရှိတယ်..”

ပန်းရောင်ဝတ် ကလေးမလေးကတော့ စိမ်းပြာဝတ်ကောင်လေးကဲ့သို့ အတွေ့အကြုံနှင့် ဗဟုသုတများ မရှိပေ။ သို့သော် သူမ၏ အကျင့်စရိုက်က ပို၍သန့်စင်ပြီး အပြစ်ကင်းစင်သည်။ သူမက စစ်ကျောင်းသူတော်စင်ရုပ်ထုကို တလေးတစား ဦးညွှတ်လိုက်သည်။

ချန်းပင်အန်းက ကြမ်းပြင်ပေါ်ကို တံမြက်စည်းလှည်းနေကြောင်း သတိထားမိသည့်အခါ သူမကလည်း ရုပ်ထု စင်မြင့်ပေါ်တွင် ရှိနေသော ဖုန်မှုန့်များကို ရှင်းပေးရန် ကူညီပေးခဲ့သည်။

စိမ်းပြာဝတ်ကောင်လေးက ချန်းပင်အန်းကို ပြဿနာမရှာရဲပေ။ ထို့ကြောင့် သူက ပန်းရောင်ဝတ် ကလေးမလေးကို လှောင်ပြောင်သလို ပြောလိုက်၏။

“နင်က စာအုပ်နည်းနည်းလေးပဲ ဖတ်ထားတဲ့ မီးစပါးအုံးမြွေတစ်ကောင်ပဲ။ ဘာလို့ ဒီလိုနတ်ဘုရားတစ်ပါးကို ကူညီပေးဖို့ ကြိုးစားနေရတာလဲ။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာမှာ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲကြီးအတောအတွင်း ကမ္ဘာကြီးတစ်ခုလုံးက အကြီးအကျယ် ပြောင်းလဲလာပြီ…”

“ရေနဂါးတွေရဲ့ မျိုးဆက်ဖြစ်တဲ့အတွက် ငါတို့တွေကို သစ္စာဖောက်လို့ပဲ သတ်မှတ်ကြတယ်။ ဒီနေရာမှာ အဆင့်နိမ့်တဲ့ နတ်ဘုရားတွေ မရှိတာတောင် အရမ်းကောင်းနေပြီ။ မဟုတ်ရင် မင်း အရိုအသေပေးတာက သူတို့အတွက် ရန်စသလိုပဲ ဖြစ်သွားလိမ့်မယ်။ ဒီနတ်ဘုရားတွေက သူ့ရဲ့အစစ်အမှန်ပေါ်လာပြီး သူ့ရဲ့နတ်ဘုရားခန္ဓာကိုယ်နဲ့ နင့်ရဲ့ခေါင်းကို ဖျက်ဆီးပစ်လိမ့်မယ်။ ဒီလိုဖြစ်မယ်ဆိုရင် ငါကတော့ လက်ခုပ်တီးပြီး ဝမ်းသာနေမှာပဲ…”

“ဘာလို့ မင်းတို့ကို နတ်ဘုရားတွေက သစ္စာဖောက်တွေလို့ သတ်မှတ်နိုင်ရတာလဲ..”

ချန်းပင်အန်းက စိတ်ဝင်စားနေသော အမူအရာနှင့် မေးလိုက်သည်။

စိမ်းပြာဝတ်ကောင်လေးက သူ မပြောသင့်သော စကားတစ်ခွန်းကို ပြောခဲ့မိပြီဖြစ်ကြောင်း နားလည်သွားခဲ့၏။ သူက အလျင်အမြန် ပါးစပ်ပိတ်လိုက်ပြီး ခေါင်းခါ၍ ပြောလိုက်သည်။

ပန်းရောင်ဝတ် ကလေးမလေးကတော့ လက်ခုပ်တီးလိုက်ပြီး ချန်းပင်အန်းကို သနားစဖွယ် အမူအရာနှင့် လှည့်ကြည့်လိုက်သည်။ သူမက ပြောလိုက်၏။

“ကျေးဇူးပြုပြီး ကျွန်မကို မမေးပါနဲ့ဆရာ။ တကယ်လို့ ကျွန်မက သိနေတယ်ဆိုရင်တောင် ဆရာ့ကို အရာအားလုံး ပြောမပြရဲဘူး..”

ကောင်းကင်ကြီးတစ်ခုလုံးက အနီရောင်တိမ်တိုက်များနှင့် ပြည့်နှက်နေသည်။ ချန်းပင်အန်းနှင့် ပန်းရောင်ဝတ် ကလေးမလေးတို့က ကျောင်းဆောင်ထဲတွင် မီးမွှေးပြီး စတင်ချက်ပြုတ်နေခဲ့၏။

ထိုအချိန်တွင် စိမ်းပြာဝတ်ကောင်လေးကတော့ ပျင်းနေသော အမူအရာနှင့် အစာစားရမည့်အချိန်ကို စောင့်နေခဲ့၏။ သူက မြင့်မားသော တံခါးဝတွင် အသွားအပြန် လမ်းလျှောက်နေခဲ့သည်။ ရုတ်တရက်ဆိုသလို သူက လှေကားထစ်မှ လျင်မြန်စွာ ဆင်းသွားခဲ့ပြီး မောင်နှမနှစ်ယောက် ရောက်လာသည့်နေရာကို လျှောက်သွားခဲ့၏။

ထို့နောက် သူက လည်ချောင်းရှင်းလိုက်ပြီး အလွန်အစွမ်းထက်သော အမူအရာနှင့် ပြောလိုက်သည်။

“မင်းက ငါ့ဆရာကို ရှာနေတာမဟုတ်လား။ မင်းမှာ ဘာကိစ္စရှိလို့လဲ။ တကယ်လို့ ငါ့ဆရာက မင်းတို့နှစ်ယောက်ကို နောက်ထပ်အကူအညီပေးဖို့ မျှော်လင့်နေတာဆိုရင်တော့ အခုချက်ချင်းထွက်သွားဖို့ အကြံပေးချင်တယ်…”

စိမ်းပြာဝတ်ကောင်လေး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး မိန်းမပျိုကို စိုက်ကြည့်လိုက်သည်။ သူမ၏အဝတ်အစားများက စုတ်ပြတ်နေပြီး ချန်းပင်အန်း ဝတ်ဆင်ထားသော အဝတ်အစားများကဲ့သို့ ဖြစ်နေသည့်အပြင် သူမ၏ရုပ်ရည်က ထူးခြားမှု မရှိချေ။ သို့သော် သူမဆီတွင် အလွန်ထူးခြားသော ခန္ဓာကိုယ်ရှိပြီး သူမက အသက်ငယ်သော်လည်း ဆွဲဆောင်မှုရှိသော မိန်းမပျိုတစ်ယောက်၏ အလှတရားမျိုးကို ပိုင်ဆိုင်ထားသည်။ သူမက အလွန်ငယ်ရွယ်သော်လည်း ရှားရှားပါးပါး ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားခဲ့၏။

စိမ်းပြာဝတ်ကောင်လေး၏ မျက်နှာပေါ်တွင် ရှိနေသော အပြုံးက ပျောက်ကွယ်သွားပြီး လေးလေးနက်နက် အမူအရာနှင့် ပြောလိုက်သည်။

“တကယ်လို့ မင်းတို့က ငါ့ဆရာကို ပြန်ပြီး ပေးဆပ်စရာနည်းလမ်းမရှိလို့ သူ့ရဲ့ အိပ်ယာထဲမှာ ဖျော်ဖြေပေးဖို့ ကိုယ့်ကိုယ်ကိုယ် ပေးဆပ်ချင်တယ်ဆိုရင်တော့ မင်းတို့ ရောက်လာတာကို ချက်ချင်း ငါ့ဆရာဆီ သတင်းပို့လိုက်မယ်…”

လူငယ်က မောင်နှမနှစ်ယောက်ထဲတွင် အကြီးဖြစ်ပုံရသည်။ သူ့မျက်နှာပေါ်တွင် ဒေါသထွက်နေသော အမူအရာတစ်ခု ပေါ်လာပြီး ပြန်လှည့်သွားရန် ပြင်ဆင်လိုက်၏။ သို့သော် သူ့ညီမက အင်္ကျီလက်ကို ညင်သာစွာ ဆွဲလိုက်မှသာ သူတို့၏ ကယ်တင်ရှင်က စစ်ကျောင်းသူတော်စင် ကျောင်းဆောင်ထဲမှ ထွက်လာကြောင်း တွေ့လိုက်ရသည်။

ချန်းပင်အန်းက စိမ်းပြာဝတ်ကောင်လေးကို ခေါင်းခေါက်ပြီး တောင်းပန်သလို အမူအရာနှင့် ပြောလိုက်၏။

“သူ့ကို ခေါင်းထဲထည့်မထားနဲ့။ သူက ဒီလိုပဲ စနောက်နေတာ…”

“အဆင်ပြေပါတယ်။ ကျွန်မရဲ့အစ်ကိုနဲ့ ကျွန်မက ဘာမှပြဿနာမရှိပါဘူး…”

မိန်းမပျိုက ရှက်ရွံ့နေသော အမူအရာနှင့် ပြန်ဖြေလိုက်သည်။ သူတို့နှစ်ယောက်က ချန်းပင်အန်းအတွက် စားစရာပို့ရန် ရောက်လာခဲ့ခြင်းဖြစ်သည်။

သူတို့က စကားလုံးကောင်းကောင်း မပြောတတ်ကြသော်လည်း ချန်းပင်အန်းက သူတို့မောင်နှမ၏ စားစရာကို လက်ခံလိုက်ပြီးနောက် လူငယ်က ချက်ချင်း ပြန်လှည့်ထွက်သွားခဲ့သည်။ မိန်းမပျိုကတော့ ချန်းပင်အန်းကို တလေးတစားဦးညွှတ်ပြီး ထွက်ခွာသွားခဲ့၏။

ချန်းပင်အန်းက သက်ပြင်းချလိုက်ပြီးနောက် စစ်ကျောင်းသူတော်စင် ကျောင်းဆောင်ဆီသို့ ပြန်လျှောက်လာခဲ့သည်။ စိမ်းပြာဝတ်ကောင်လေးက တံခါးထစ်ဆီသို့ လျှောက်လာစဉ် ချန်းပင်အန်းက သူ့ကို တိုးညင်းစွာ ပြောလိုက်သည်။

“မင်းမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ မရှိဘူးဆိုတာ ငါသိတယ်။ ဒါပေမဲ့ တခြားသူတွေနဲ့ စကားပြောတဲ့အချိန်မှာ စနောက်ပြီးတော့ မပြောသင့်ဘူး။ တစ်ခါတစ်ရံ မင်းရဲ့စကားလုံးတွေက မထိခိုက်နိုင်ပေမဲ့ သူတို့အတွက်တော့ နှစ်ပေါင်းများစွာ အမာရွတ်တွေ ဖြစ်သွားနိုင်တယ်…”

စိမ်းပြာဝတ်ကောင်လေး၏ မျက်လုံးထဲတွင် မကျေမနပ်အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူက ထိုအရာကို အလွန်ကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်သော်လည်း ခေါင်းညိတ်ပြလိုက်၏။ ထိုအရာက ကိစ္စကို မြန်မြန်အဆုံးသတ်သွားစေနိုင်သည်။

ချန်းပင်အန်းက ထိုကိစ္စကို ထပ်မပြောတော့ဘဲ ထိုင်လျက် လေ့ကျင့်ရန်အတွက် စစ်ကျောင်းသူတော်စင် ကျောင်းဆောင်ဆီသို့ ပြန်လာခဲ့သည်။ မူလတုန်းက ရွှံ့ပုလင်းလမ်းကြားထဲတွင် နေထိုင်ခဲ့သော ကလေးငယ်ကုစန့်က ရန်သူများအပေါ် အလွန်အမင်းကို အငြိုးအတေးကြီးမားသည်။

သူက ထိုလူများအကြောင်း ချန်းပင်အန်းကို တီးတိုးပြောသည့်အချိန်တိုင်း သူ့ဆီတွင် မကျေနပ်မှုများ ၊ အမုန်းတရားများ ပြည့်နေခဲ့၏။ သူက အလွန်ငယ်ရွယ်သော်လည်း သူ့အပေါ် ပြဿနာရှာခဲ့သောသူများ၏ ဘိုးဘေးအုတ်ဂူကို တူးဖော်သည့်အရာမျိုးကိုပင် လုပ်ဆောင်ရန် စဉ်းစားခဲ့သည်။

ထိုကိစ္စတွင် မည်သူက မှားကြောင်း ပြောရန်ခက်ခဲ၏။ သို့သော် အရာအားလုံးကို အကြောင်းအရာ အစဉ်အလိုက် ကြည့်ရှုတတ်သော စာသင်သားသူတော်စင်၏ စကားအရ ကုစန့်၏ ရင်ထဲတွင် ရှိနေသော အရာများစွာကို သတ်မှတ်နိုင်သည်။ ထိုအရာများက အရှက်ခွဲခံရမှုများ၊ စနောက်ခံရမှုများ၏ အကျိုးဆက်များကို အခြေခံခဲ့ခြင်း ဖြစ်၏။

စိမ်းပြာဝတ်ကောင်လေးက အလုပ်များနေသော ပန်းရောင်ဝတ်ကလေးမလေးကို ကြည့်လိုက်ပြီးနောက် လေ့ကျင့်နေသော ချန်းပင်အန်းကို ကြည့်လိုက်သည်။ သူက တစ်စုံတစ်ခု ပြောချင်နေသော်လည်း အဆုံးတွင်တော့ မည်သည့်အရာမျှ မပြောခဲ့ပေ။ သို့သော် သူက ပြောချင်နေသည့် စကားများကို ဖိနှိပ်ထားရသည့်အတွက် ပို၍စိတ်လှုပ်ရှားလာပြီး လှေကားထစ်တွင် ရှေ့ပြန်နောက်ပြန် မြန်မြန်ဆန်ဆန် လျှောက်နေမိခဲ့သည်။

အဆုံးတွင်တော့ သူက စကားပြောရန် မထိန်းထားနိုင်တော့ဘဲ လှေကားထစ်တွင် မတ်တပ်ရပ်လိုက်ပြီး ကျောင်းဆောင်အတွင်းနှင့် အပြင်ကို တစ်လှည့်ဆီ လျှောက်နေခဲ့ပြန်သည်။ သူက ချန်းပင်အန်းကို ပြောလိုက်၏။

“အဲဒီကောင်က တော်တော်လေးကို ကျေးဇူးမသိတတ်တာပဲ။ သူက ဒီလိုဟာသမျိုးကိုတောင် လက်မခံနိုင်ဘူး။ တကယ်လို့ ကျွန်တော့်ရဲ့သဘောအတိုင်းသာဆိုရင် သူက အဲဒီငလျင်နဲ့အတူ သေသွားသင့်တယ်။ သူက တခြားသူတွေထက်တောင် ပိုပြီးတော့ မောက်မာနေသေးတယ်။ သူက နာကျင်မှုတွေ ၊ ဒုက္ခတွေနဲ့ ဘဝမျိုးမှာပဲ နေရမှာ…”

ချန်းပင်အန်းကတော့ စကားတစ်ခွန်းမျှ ပြန်မပြောဘဲ အေးအေးဆေးဆေး ထိုင်နေခဲ့သည်။

စိမ်းပြာဝတ်ကောင်လေးက ခဏကြာ တိတ်ဆိတ်သွားခဲ့ပြီး ချန်းပင်အန်းကို စူးစူးနင့်နင့် စိုက်ကြည့်၍ မျက်လုံးထဲတွင် အေးစက်သော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူက စနောက်နေသော အမူအရာမျိုးနှင့် မဟုတ်ဘဲ ဆက်ပြောလိုက်၏။

“ဆရာ…

ကျွန်တော်တို့က အပြင်ဘက်ကမ္ဘာကြီးကို သွားတဲ့အချိန်မှာ မှားတယ်မှန်တယ်ဆိုတာကို မတွေးဘဲ ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့သူတွေကိုပဲ ကူညီကြတယ်။ အဲဒါဆိုရင် ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ်အတွက် ပိုပြီးတော့ ကောင်းကောင်းလုပ်နိုင်တယ်။ ပြီးတော့ ကျွန်တော်တို့က အဲဒီမောင်နှမနှစ်ယောက်လိုမျိုး အရာမျိုးကို လုပ်ခဲ့မှာ မဟုတ်ဘူး။ ဆရာကတော့ သူတို့ကို ကြင်ကြင်နာနာ ဆက်ဆံတယ်။ ညီမဖြစ်သူကတော့ သူနဲ့ ထိုက်တန်တဲ့ ကျေးဇူးတရားကို သိတတ်တယ်။ ဒါပေမဲ့ သူ့ရဲ့အစ်ကိုကတော့ တော်တော်လေးကို နှာခေါင်းရှုံ့စရာပဲ…”

“သူက ဒီလိုဒေါသထွက်နေရတယ်ဆိုတာ ကျွန်တော့်ရဲ့ဟာသကြောင့် အရှက်ခွဲခံလိုက်ရတယ်လို့ ခံစားမိလို့ပဲ။ ဒါပေမဲ့ အဓိကအကြောင်းပြချက်ကတော့ သူ့ရဲ့နိမ့်ကျမှုကြောင့်ပဲ။ ပြောရမယ်ဆိုရင် သူက ဘာမှအသုံးမဝင်တဲ့ အမှိုက်တစဆိုတာ သူ သိတယ်။ တကယ်လို့ အဲဒီကပ်ဆိုးတွေက သူ့မိသားစုဆီကိုသာ ကျလာရင် သူက သူ့ညီမကိုတောင် ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ သူ့လို လူတစ်ယောက်က ဒီလောက်ဂုဏ်မောက်ပြီး နောက်ပိုင်းမှာ မပြင်ချင်ဘူးဆိုရင် ပိုပြီးတော့ ဒုက္ခတွေ့လိမ့်မယ်။ ဒါကြောင့် ကျွန်တော်က သူတို့အတွက် စဉ်းစားနေတာပါ ဆရာ..”

ထိုစကားကို ကြားသည့်အခါ ချန်းပင်အန်းက မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူကြားသည့်စကားကို သေချာစဉ်းစားကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြီး ပြောလိုက်၏။

“မင်းပြောတဲ့စကားတွေက မှန်တယ်။ ဒါပေမဲ့ နေရာတိုင်းမှာ အမှားအမှန်ဆိုတာလည်း ရှိတယ်။ မင်းက မမှန်ကန်တဲ့ စကားလုံးမျိုးကို ပြောခဲ့တဲ့အတွက် မင်းမှန်တယ်ဆိုတဲ့အရာကို ပြောလို့မရဘူး…”

စိမ်းပြာဝတ်ကောင်လေးက အင်္ကျီလက်ထဲတွင် လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။ တစ်ချိန်တည်းတွင် သူက ခေါင်းငုံ့လိုက်၏။ ချန်းပင်အန်းက သူ့မျက်လုံးမှတစ်ဆင့် လှုပ်ရှားနေသော ခံစားချက်များ တွေ့သွားမှာကို ကြောက်လန့်နေခဲ့သည်။

သူက တော်ဝင်မြစ်ထဲတွင် စိတ်ကြိုက်လုပ်ဆောင်နိုင်ပြီး မြစ်နတ်ဘုရားကလွဲလျှင် မြစ်ထဲ၌ ရှိနေသော အရာအားလုံးကို စိုးမိုးနိုင်သည်။ လက်ရှိအချိန်တွင် သူ့ရင်ထဲ၌ ဒေါသမီးများ လောင်ကျွမ်းနေခဲ့၏။ သူက လက်သီးတစ်ချက်တည်းနှင့် သူ့ဆရာကို သတ်ပစ်ချင်နေပြီး မီးစပါးအုံးမြွေကို သူ၏ကျင့်ကြံမှုအတွက် ဝါးမြိုပစ်ချင်နေခဲ့၏။

စိမ်းပြာဝတ်ကောင်လေးက ပြန်လှည့်ပြီး လှေကားထစ်ပေါ်မှ ခုန်ချ၍ ပြောလိုက်သည်။ “ကျွန်တော် သူတို့ကို အခုပဲသွားပြီး တောင်းပန်လိုက်မယ် ဆရာ…”

သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း သူ၏အမူအရာကတော့ ဒေါသမီးများ ၊ သတ်ဖြတ်ခြင်းစိတ်များ ပြည့်နှက်နေခဲ့သည်။

သူ ထွက်သွားသည့်အချိန်တွင် ပန်းရောင်ဝတ်ကလေးမလေးက ကြောက်လန့်နေသော အသံနှင့် ပြောလိုက်၏။

“သူက တော်တော်လေးကို ဒေါသထွက်နေတာ ဆရာ။ သူ့ရဲ့အကျင့်စရိုက်အရ တော်ဝင်မြစ်ထဲမှာသာဆိုရင် အခုအချိန် မြစ်တစ်ခုလုံး ရေလွှမ်းနေလောက်ပြီ။ နယ်မြေခံမှတ်တမ်းတွေအရ တော်ဝင်မြစ်က လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀) ကျော် အတောအတွင်း အကြိမ်ကြိမ် ရေလွှမ်းခဲ့တယ်။ မြစ်နတ်ဘုရားက အဲဒီရေတွေကို ဖိနှိပ်ဖို့ မကြိုးစားခဲ့တဲ့အပြင် ကူညီပေးဖို့တောင် မကြိုးစားခဲ့ဘူး…”

ချန်းပင်အန်းက သူမ၏ခေါင်းကိုပုတ်ပြီး ပြန်ဖြေလိုက်သည်။

“တကယ်လို့ သူက ငါ သင်ပေးတာတွေကို နားမထောင်ချင်ဘူးဆိုရင် အခုကစပြီး သူ့ကို ထပ်ပြီး မသင်ပေးတော့ဘူး…”

ထိုစကားကို ပြောလိုက်ပြီးနောက် ချန်းပင်အန်းက စိမ်းပြာဝတ်ကောင်လေးကို ထပ်မံသင်ကြားမပေးတော့ကြောင်း ခေါင်းထဲတွင် ဆုံးဖြတ်ချက်ချလိုက်သည်။ သူတို့က ခရီးလမ်းတစ်လျှောက် အတူတူသွားလာခဲ့ရသည့်အတွက် အနည်းငယ်ပို၍ ရင်းနှီးလာသည်ကို တွေ့ခဲ့မိသည်။ ထို့ကြောင့်လည်း စိမ်းပြာဝတ်ကောင်လေးအတွက် အကျိုးရှိပြီး မှန်ကန်သည်ဟု ခံစားရသော အရာတချို့ကို သင်ကြားပေးရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။

သို့သော် သူ၏သင်ကြားမှုကသာ စိမ်းပြာဝတ်ကောင်လေးအတွက် ပြဿနာဖြစ်နေလျှင် သူကတော့ နောက်တစ်လှမ်းဆုတ်ပြီး ထိုကောင်လေးကို လူစိမ်းတစ်ယောက်အဖြစ်သာ ဆက်ဆံတော့မည် ဖြစ်၏။ယခုမှစ၍ ချန်းပင်အန်းက ထိုစိမ်းပြာဝတ်ကောင်လေးကို အလွန်အကျွံမလုပ်တော့သည့်အပြင် မည်သည့်စကားမျှ မပြောတော့ပေ။

သူတို့ ပထမဆုံး တွေ့ခဲ့သည့်အချိန်တွင် ချန်းပင်အန်းကတော့ ထိုကဲ့သို့ အသေးအဖွဲ့အရာများကို မပြောခဲ့ပေ။ သူက ရင်ထဲမှလာသော အရာများကိုလည်း မပြောခဲ့ပေ။ သူနှင့် ချွေးတုံရှန်းတို့က ခရီးရှည်တစ်ခုကို သွားလာခဲ့ရသော်လည်း ချန်းပင်အန်းက ရင်ထဲမှ စကားတစ်ခွန်းမျှ မပြောခဲ့ပေ။

ပန်းရောင်ဝတ် ကလေးမလေးက အပြစ်ကင်းစင်သော အမူအရာနှင့် ချန်းပင်အန်းကို ကြည့်ပြီး ပြောလိုက်၏။

“ကျွန်မကိုတော့ သင်ပေးလို့ရနိုင်ပါတယ် ဆရာ။ ကျွန်မက အဲဒီအရာတွေ အဲဒီစကားတွေကို နားထောင်ရတာ သဘောကျတယ်…”

ချန်းပင်အန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။

“တကယ်လို့ တစ်ခုခုမှားနေတယ်ဆိုရင် ငါ့ကို ပြင်ဆင်ပေးဖို့ မမေ့ပါနဲ့…”

ပန်းရောင်ဝတ်ကလေးမလေးက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။

“အစောပိုင်းတုန်းက လုပ်ရပ်တွေရဲ့ အကျိုးဆက်အကြောင်း ဆရာပြောလိုက်တာက အရမ်းကောင်းတယ် ဆရာ။ ကျွန်မက အဲဒီစကားတစ်ခွန်းတည်းကတင် အများကြီး နားလည်ခဲ့တယ်…”

ထို့နောက် သူမက အလျင်အမြန် ပြင်ဆင်ပေးလိုက်သည်။

“ကျွန်မဆိုလိုတာက အဲဒီအရာတွေ လုပ်တာကို ကြိုက်တယ်လို့ ပြောတာမဟုတ်ဘူး ဆရာ…”

ချန်းပင်အန်းက မီးတောက်ကို စိုက်ကြည့်နေခဲ့သည်။ ထမင်းက ကျက်တော့မည် ဖြစ်၏။

ထိုအချိန်တွင် ပန်းရောင်ဝတ် ကလေးမလေး၏ မျက်နှာပေါ်တွင် စိတ်ပျက်နေသော အမူအရာတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။

“သူ့အတွက် ဘာမှချန်မထားနဲ့ဆရာ။ သူ့ကို ဗိုက်ဆာအောင် ပစ်ထားလိုက်။ ဆရာကတော့ ဒါတွေအားလုံး သူ့အတွက် ပြောတာ။ ဒါပေမဲ့ သူကတော့ ဆရာ့ကို ဒေါသထွက်နေတယ်။ တကယ်လို့ သူ့ရဲ့အစစ်အမှန်ခန္ဓာကိုယ်ကသာ မင်ကျောက်တုံးထဲမှာ ပိတ်မိနေတာမဟုတ်ရင် သူက ဆရာ့ကို သေချာပေါက် တိုက်ခိုက်လိမ့်မယ်။ ကျွန်မက အရမ်းကြောက်တော့ နှလုံးခုန်သံတောင် မြန်နေတယ်…”

“အဲဒီလို မလုပ်ဘူး…”

ချန်းပင်အန်းက ခေါင်းခါပြီး အပြုံးနှင့် ပြောလိုက်သည်။

“ငါတို့က သူ စားဖို့အတွက် တစ်ခုခုတော့ ချန်ထားရမယ်…”

“ကျွန်မက ဆရာ့စကားကို နားထောင်ပါ့မယ်…”

ပန်းရောင်ဝတ်ကလေးမလေးက တောက်ပသော အပြုံးနှင့် ပြန်ဖြေလိုက်သည်။

ချန်းပင်အန်းက သူမ၏ခေါင်းကို ညင်သာစွာ ပုတ်လိုက်၏။

Translated by Hein Htet.

All Chapters