← Chapters

အခန်း (၁၇၉)

Vol. 12 Ch. 179

အခန်း (၁၇၉)

Vol. 12 Ch. 179

စိမ်းပြာဝတ်ကောင်လေးက သူ့အမြင်တွင် ပုရွက်ဆိတ်တစ်ကောင်ထက် မပိုသော မောင်နှမနှစ်ယောက်ကို အမှန်တကယ် သွားရောက်တောင်းပန်ခဲ့ခြင်း မရှိချေ။ ထိုအစား သူက ထိုလူများကို အမှုန့်ဖြစ်သွားအောင် မဖျက်ဆီးခဲ့သည်မှာပင် သူ့အတွက် ရက်ရောမှုတစ်ခုဟု သတ်မှတ်နိုင်သည်။

စိမ်းပြာဝတ်ကောင်လေးက လက်နှစ်ဖက်ကို နောက်ပစ်ထားခဲ့သည်။ သူက စစ်ကျောင်းသူတော်စင်ကျောင်းဆောင်မှ အဝေးကို သွားခဲ့ပြီးနောက် လေထဲတွင် ပေါ်လာပြီး အမိုးပေါ်၌ ဆင်းသက်လိုက်သည်။ ထိုနေရာတွင် သူက စိမ်းပြာရောင် မီးခိုးငွေ့တစ်ခုအဖြစ် ပြောင်းလဲပြီး မြို့ထဲမှ ထွက်သွား၍ ပို၍မြင့်မားသော နေရာသို့ လျင်မြန်စွာ ပျံသန်းလာခဲ့၏။

သူက တိမ်တိုက်များထဲသို့ တက်လှမ်းပြီး ကောင်းကင်ကြီးပေါ်သို့ ပျံသန်း၍ တောင်ထိပ်ပေါ်သို့ အလွန်ပြင်းထန်စွာ ဆင်းသက်လာခဲ့သည်။ သူက အစစ်အမှန် ရေမြွေပုံသဏ္ဌာန်ကို ပြန်ပြောင်းလဲလိုက်ပြီးနောက် အလွန်ကြီးမားသော အစွမ်းဖြင့် မြေကြီးကို ရိုက်ချလိုက်၏။ ထို့ကြောင့် အနီးအနားမြို့ထဲတွင်ပင် အလွန်ပြင်းထန်သော လှုပ်ရှားမှုများ ထွက်ပေါ်လာခဲ့သည်။

ရေမြွေက တောင်တန်းများပေါ်တွင် သွားလာနေပြီး သစ်ပင်များအားလုံးကို ချိုးချပစ်နေသည့်အတွက် တောင်ကုန်းပေါ်မှနေ၍ ကျောက်တုံးကျောက်ခဲများစွာ ကျဆင်းလာခဲ့သည်။ ထို့နောက် သူက စမ်းချောင်းအတိုင်း အထက်သို့ ဆန်တက်သွားခဲ့ပြီး ပတ်ပတ်လည်သို့ ရေများကို ဖယ်ရှားကာ မီးခိုးရောင်ချောက်ကမ်းပါးကြီးတစ်ခုသို့ ရောက်လာခဲ့သည်။

ထို့နောက် ရေမြွေက ချောက်ကမ်းပါးအပေါ်သို့ စတင်တက်သွားခဲ့ပြီး သူ့ခေါင်းက ချောက်ကမ်းပါးပေါ်သို့ ရောက်လာသည့်အချိန်တွင် သူ့အမြီးကတော့ ချောက်ကမ်းပါး၏ အောက်ခြေတွင် တွဲလောင်း ရှိနေသေးသည်။ သူက ချောက်ကမ်းပါးပေါ်တွင် ရှိနေသော သစ်ပင်အနည်းငယ်ကို နှုတ်လိုက်ပြီး လေထဲသို့ ပစ်ချလိုက်၏။

သို့သော် ဒေါသထွက်နေသော ရေမြွေကတော့ စိတ်မပြေသေးပေ။ သူက ဒေါသတကြီး ဖျက်ဆီးပစ်နေသည့်အတွက် သူ၏ဒေါသကြောင့် ချောက်ကမ်းပါးတစ်ခုလုံး ကြေမွပျက်စီးသွားခဲ့၏။ ဖုန်မှုန့်များအားလုံး ပျောက်ကွယ်သွားမှသာ ရေမြွေက လူသားပုံသဏ္ဌာန် ပြန်ပြောင်းလိုက်ပြီး လျှပ်စီးကြောင်းတစ်ခုကဲ့သို့ တောင်ပေါ်မှ ပြန်ဆင်းလာခဲ့သည်။

စိမ်းပြာဝတ်ကောင်လေး မသိလိုက်သည်မှာ တစ်ချိန်လုံး သူ့ကို တောင်ထိပ်ပေါ်မှ ငေးကြည့်နေသော လူနှစ်ယောက် ရှိနေသည်။ သူတို့နှစ်ယောက်ထဲမှ တစ်ယောက်ကတော့ မင်ကျောက်တုံးတစ်တုံးကို ကိုင်ထားပြီး ကွန်ဖြူးရှပ်ဝတ်စုံဝတ်ထားသည့် အသက်ကြီးကြီး လူတစ်ယောက် ဖြစ်သည်။ သူကတော့ ရေနဂါးအိုကြီး ဖြစ်၏။

သူက ခုံရုံးဝါတိုင်းပြည်၏ ယခင်အမတ်ကြီးလည်း ဖြစ်ခဲ့သည်။ သူက ရှေးဟောင်းရှုတိုင်းပြည်မှ တစ်ကောင်တည်း ကျန်ရှိနေသော ရေနဂါးတစ်ကောင်ဟုလည်း သတ်မှတ်နိုင်၏။ စာသင်သားသူတော်စင်ဆီမှ ရွှေရောင်စကားလုံးများကို ရရှိခဲ့ပြီး တာ့လီအင်ပါယာမှ တော်ဝင်နန်းဆရာနှင့်အတူ လျှို့ဝှက်ဆက်သွယ်မှုတစ်ခု တည်ဆောက်လိုက်ပြီးနောက် ရေနဂါးအိုကြီးက ချွေးချန်းကို တာ့ဆွေတိုင်းပြည်ဆီသို့ သယ်ဆောင်သွားခဲ့ပြီး ခုံရုံးဝါတိုင်းပြည်သို့ ပြန်လာခဲ့သည်။

သူက ထိုနေရာတွင် မင်ကျောက်တုံးထဲသို့ ရေနဂါးမျိုးဆက်များအားလုံးကို ဖမ်းဆီးထည့်ထားခဲ့၏။ အလွန်အစွမ်းထက်သော သူ၏အစွမ်းများကြောင့် သူက မြေကြီးထဲသို့ ငုပ်လျှိုးနိုင်ပြီး ရေထဲတွင် သွားလာသကဲ့သို့ လုပ်ဆောင်နိုင်သည်။

ချွေးချန်းကိုယ်တိုင် ဖမ်းဆီးထားသော ပန်းရောင်ဝတ် ကလေးမလေးနှင့် စိမ်းပြာဝတ်ကောင်လေးတို့ကလွဲလျှင် လက်ရှိအချိန်၌ မင်ကျောက်တုံးထဲတွင် ထိုကဲ့သို့ သတ္တဝါတစ်ဒါဇင်ကျော် ရှိနေခဲ့သည်။

ထိုအချိန်တွင် သူ့ဘေး၌ ခါးကုန်းကုန်း အဘွားအိုတစ်ယောက် ရှိနေပြီး ထိုအဘွားအို၏ အစစ်အမှန်ပုံသဏ္ဍာန်ကတော့ တောရိုင်းထဲတွင် ကြီးပြင်းလာသော အနီရောင်မြွေတစ်ကောင် ဖြစ်သည်။ သူက ကျင့်ကြံရေးအခွင့်အလမ်းတစ်ခု ရခဲ့ပြီး နှစ်ပေါင်း (၅၀၀)ခန့် ကျင့်ကြံပြီးမှသာ လက်ရှိပုံသဏ္ဍာန်ကို ရောက်ရှိလာခြင်း ဖြစ်သည်။

သူက အဆင့်(၇)ကို ရောက်ပြီး သိပ်မကြာခင် တောင်ခြေ၌ ရေနဂါးအိုကြီးက ပေတစ်ထောင်ခန့် မြောင်းတူးပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူမက ပုန်းအောင်းနေသည့်နေရာမှ ထွက်လာပြီး သူ့ကို အညံ့ခံခဲ့ရ၏။ သို့သော် သူမကတော့ ထိုကဲ့သို့ အစွမ်းထက်ပြီး နာမည်ကျော်ကြားသော သခင်တစ်ယောက်ကို ခစားရသည့်အတွက် ပို၍ဝမ်းသာနေခဲ့သည်။ သူမက မကျေမနပ်ဖြစ်နေခြင်း လုံးဝမရှိခဲ့ချေ။

“မင်းက ဘယ်လိုထင်လဲ…”

ရေနဂါးအိုကြီးက တည်ငြိမ်သော အမူအရာဖြင့် မေးလိုက်သည်။

“ဒီရေမြွေလေးက စိတ်ပိုင်းဆိုင်ရာ တော်တော်လေး အားနည်းတယ်။ ဒါပေမဲ့ သူ့ရဲ့ပါရမီနဲ့ သွေးမျိုးဆက်ကိုတော့ ကျွန်မက တော်တော်လေး အားကျမိတယ်..”

အဘွားအိုက တလေးတစား ပြန်ဖြေလိုက်သည်။

ရေနဂါးအိုကြီးက ခေါင်းညိတ်ပြီး ပြောလိုက်၏။

“သူ့မှာ တကယ်ပဲ ကောင်းမွန်တဲ့ သွေးမျိုးဆက်တစ်ခု ပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့ သူက အရမ်းကို ရူးမိုက်ပြီး မရင့်ကျက်ဘူး။ ကိစ္စတိုင်းကို မစဉ်းစားဘဲ လုပ်ဆောင်တတ်တယ်။ သူက ပေးထားတဲ့ လျှို့ဝှက်ကံကြမ္မာကို ဖျက်ဆီးပစ်နေတာတော့ နှမြောစရာပဲ…”

ထိုစကားကို ကြားသည့်အခါ အဘွားအိုက အတော်လေး အံ့ဩသွားခဲ့သည်။ ရေနဂါးအိုကြီးက မည်သည့်အရာကို ရည်ညွှန်းနေကြောင်း သူမလည်း သေချာ မသိပေ။

ရေနဂါးအိုကြီး၏ လက်ထဲတွင် ရေအနည်းငယ် ရှိနေပြီး သူက တိမ်တိုက်ပေါ်တွင် ရှိနေသော ကောင်းကင်ကြီးထဲတွင် ရပ်နေခဲ့သည်။ သူက အလွန်လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်တစ်ခုကို အသုံးပြုပြီး စွန့်ပစ်ထားသော စစ်ကျောင်းသူတော်စင် ကျောင်းဆောင်ထဲ၌ ဖြစ်ခဲ့သော အရာအားလုံးကို မြင်နိုင်သည်။

အကယ်၍ စိမ်းပြာဝတ်ကောင်လေးကသာ ချန်းပင်အန်းကို တိုက်ခိုက်ရဲမည်ဆိုလျှင် သို့မဟုတ် သူ့ကို ရန်စရဲမည်ဆိုလျှင် ရေနဂါးအိုကြီးက စဉ်းစားမနေဘဲ သူ့ကို ထိုနေရာတွင် ချက်ချင်းသတ်ပစ်မည် ဖြစ်သည်။

ရေနဂါးအိုကြီးက စိမ်းပြာဝတ်ကောင်လေးအပေါ် အနည်းငယ် ကြည့်မရ ဖြစ်နေသည်မှာ ထိုကောင်လေး၏ အကျင့်စရိုက်နှင့် သူလုပ်ခဲ့သော အရာများကြောင့် မဟုတ်ချေ။ ထိုအစား သူတို့၏သွေးမျိုးဆက်ထဲတွင် ရှိနေသော ပြဿနာကြောင့်သာ ဖြစ်သည်။

ကောင်းကင်ဘုံအောက်တွင် ရေနဂါးမျိုးဆက်များစွာ ရှိနေသည်။ ထိုစိမ်းပြာဝတ်ကောင်လေး၏ မျိုးဆက်ကတော့ အလွန်ထူးခြားသော ပါရမီ ပိုင်ဆိုင်ထားပြီး သူတို့၏ကျင့်ကြံမှုက လျင်မြန်စွာ တိုးတက်နိုင်ကြသည်။ သို့သော် တစ်ချိန်တည်းလိုလိုပင် သူတို့က အစစ်အမှန် ရေနဂါးများ အမုန်းဆုံး မျိုးနွယ်စုတစ်ခုလည်း ဖြစ်နေ၏။

ထိုအရာက အလွန်ကြီးကျယ်ခမ်းနားသော ကလန်တစ်ခုတွင် တရားမဝင်ကလေးက နန်းတွင်းစာမေးပွဲ အောင်မြင်သွားသည့် ကိစ္စရပ်မျိုးကဲ့သို့ ဖြစ်သည်။ သူတို့က ကောင်းမွန်သော အရာများ ရရန် အရည်အချင်းရှိသော်လည်း ထိုအရာက တခြားလူများ အတွက်တော့ မျက်စိစပါးမွှေးစူးစရာ ဖြစ်နေခဲ့သည်။

အဘွားအိုကတော့ ရေနဂါးအိုကြီး၏ ကျင့်စဉ်အဆင့်နှင့် အမြင်အာရုံကဲ့သို့ မရှိချေ။ ထို့ကြောင့် ထိုစိမ်းပြာဝတ်ကောင်လေးဆီတွင် မည်သည့်အရာက ထူးခြားနေကြောင်း မမြင်နိုင်ပေ။ အလွန်ဒေါသကြီးသော အဘွားအိုကတော့ ထိုအရာကို အားနည်းချက်ကြီး တစ်ခုဟုလည်း သတ်မှတ်နိုင်ခဲ့ခြင်း မရှိချေ။

သူမက ခါးကုန်းနေရသည့် အကြောင်းပြချက်ကတော့ သူမက စတင်လေ့ကျင့်ပြီး သိပ်မကြာခင် အလွန်နိမ့်ကျသော ကျင့်စဉ်အဆင့် ရှိနေသည့်အချိန်၌ သစ်တောထဲတွင် မြွေမုဆိုးတစ်ကောင်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ပြီးနောက် သေရာပါဒဏ်ရာတစ်ခုကို ခံစားခဲ့ရ၏။ရလဒ်အနေနှင့် သူမက လူသားပုံသဏ္ဍာန် ပြောင်းလဲပြီးသွားသည်ကိုပင် နောက်ကျောက ကိုင်းနေခဲ့၏။

ထိုအဖြစ်အပျက်ဖြစ်ပြီး နှစ်ပေါင်း (၂၀၀) ကျော် ကြာသွားခဲ့သည်ကိုပင် လက်တုံ့ပြန်သည့်အနေနှင့် သူမက ထိုမြွေမုဆိုး၏ မျိုးဆက်များအားလုံးကို ရှာဖွေပြီး တစ်ညတည်းနှင့် အကုန်လုံးကို သုတ်သင်ရှင်းလင်းခဲ့သည်။

ထိုအရာက စီရင်စုမြို့ထဲတွင် ရှိနေသော အလယ်အလတ်တန်းစား မိသားစုတစ်ခုလုံးကို သုတ်သင်ပစ်ခဲ့ခြင်း ဖြစ်၏။ သူမက မိန်းမပျိုနှင့် ကလေးများကိုပင် ချန်ထားပေးခဲ့ခြင်း မရှိဘဲ ထိုမြွေမုဆိုး၏ မျိုးဆက်အားလုံးကို အဆုံးသတ် ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။

ထို့နောက် အဘွားအိုက ကျေနပ်နိုင်ခြင်း မရှိသေးပေ။ မြွေမုဆိုးများက ကျင့်ကြံသူ မဟုတ်သည့် အချက်ကို သူမက ကျိန်ဆဲမိခဲ့၏။ မဟုတ်လျှင် သူမက သူ့ကို ဖမ်းဆီးပြီး နှိပ်စက်မည်သာ ဖြစ်သည်။ ပြင်ဆင်၍ မရသော အခြေအနေမျိုးတွင် စိမ်းပြာဝတ်ကောင်လေးကတော့ သူ၏ဒေါသကို လုံးဝဖြေလျှော့ပစ်နိုင်ပြီး သူ၏ ဒေါသကို ထိန်းချုပ်နိုင်ခဲ့သည်။ သူက သစ်တောထဲကို ဝင်သွားပြီးမှသာ ပေါက်ကွဲပစ်ခဲ့၏။ အဘွားအို၏ မျက်လုံးထဲတွင်တော့ ထိုအရာက အလွန်အံ့ဩစရာကောင်းသော ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ဖြစ်သည်။

ရေနဂါးအိုကြီးက ခေါင်းခါပြီး မှတ်ချက်ပေးလိုက်၏။

“မင်းရဲ့ပါရမီက အဲဒီရေမြွေလေးနဲ့ ယှဉ်လိုက်မယ်ဆိုရင် တော်တော်နိမ့်တယ်။ ဒါပေမဲ့ အဲဒီ မီးစပါးအုံးမြွေလေးနဲ့ ယှဉ်လိုက်မယ်ဆိုရင်လည်း မင်းရဲ့အသိဉာဏ်နဲ့ အမြင်အာရုံတွေက ပိုပြီးတော့ နိမ့်ပါးသေးတယ်..”

ထိုစကားကို ကြားသည့်အခါ အဘွားအိုက အလွန်ကြောက်လန့်သွားခဲ့သည်။ ရေနဂါးအိုကြီးက သူမကို သတ်ပစ်လိုက်မှာ စိုးရိမ်နေခဲ့၏။ သူမက ရေနဂါးအိုကြီး၏ ဘေးတွင် အချိန်ကုန်ဆုံးခဲ့သည့် အချိန်များ အတောအတွင်း သူတို့နှင့် တွေ့ရသည့် ရေနဂါးမျိုးဆက်တိုင်းက သူတို့ကို အညံ့ခံခဲ့ခြင်း မဟုတ်ချေ။ သူတို့ကို ခုခံရဲသည့်လူတိုင်းက ချွင်းချက်မရှိ သတ်ပစ်ခံခဲ့ရ၏။

သူတို့သေဆုံးသွားပြီးနောက် သူတို့၏ စိတ်ဝိညာဉ်က လွတ်မြောက်နိုင်ခြင်း မရှိဘဲ သူတို့အားလုံးကို မင်ကျောက်တုံးထဲသို့ ဆွဲခေါ်ခံခဲ့ရသည်။ သူတို့က မင်ကျောက်တုံးပေါ်တွင် အလွှာပါးပါးလေးသာ ဖြစ်လာခဲ့၏။

“မဟာတာအိုလမ်းစဉ်မှာ လူတိုင်းက တခြားသူတွေထက် ကျော်လွန်နိုင်ဖို့ ကြိုးစားကြတယ်။ တကယ်လို့ မင်းက နောက်ကျကျန်ခဲ့မယ်ဆိုရင် နောက်မှာ တဖြည်းဖြည်းနဲ့ ကျန်သွားလိမ့်မယ်…”

ရေနဂါးအိုကြီးက အပြုံးနှင့် ပြောလိုက်သည်။

“တချို့လူတွေကတော့ ကြိုးစားအားထုတ်မှုမရှိဘဲ သူတို့ရဲ့ ကျင့်ကြံမှုက မြန်မြန်ဆန်ဆန် တိုးတက်နိုင်တာ ကံကောင်းတယ်။ ဒါပေမဲ့ တခြားသူတွေကတော့ နေ့ရော ညရော မရပ်မနား ကြိုးစားနေရတယ်။ ဒီတော့ သူတို့အတွက်တော့ အဲဒီအရာမျိုးက ဟန်ပြသက်သက် မဟုတ်ဘူး။ ဒါက ကျင့်ကြံမှုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သဘာဝပဲ…”

“ဘိုးဘေး…

အဲဒီကောင်လေးက ဒီလောက်တောင် အံ့ဩဖို့ကောင်းတာလား…”

အဘွားအိုက လုံခြုံသော အနေအထားကို ပြင်ဆင်ပြီး ခေါင်းစဉ်ပြောင်းရန် ကြိုးစားလိုက်၏။

“အဲဒီကောင်လေးကိုယ်တိုင်က ဘာမှမထူးခြားဘူး။ ဒါပေမဲ့ သူ့ဆီမှာ အရမ်းထူးခြားတဲ့ ဆရာတစ်ယောက် ရှိတယ်…”

ရေနဂါးအိုကြီးက ပြန်ဖြေလိုက်သည်။

“တကယ်လို့ အဲဒီကောင်လေးက တစ်ယောက်တည်းဆိုရင်တော့ သူ ဘယ်လောက်ပဲ ဇွဲရှိရှိနဲ့ ကြိုးစားကြိုးစား သူက သိုင်းပညာရှင်တစ်ယောက်အဖြစ် အဆင့်မြင့်မြင့် ရောက်နိုင်မှာ မဟုတ်ဘူး။ အများဆုံး သူက အဆင့်(၆) အဆင့်(၇)ကိုပဲ ရောက်နိုင်လိမ့်မယ်…”

ရေနဂါးတစ်ကောင် ဖြစ်လာရန် မြစ်ထဲသို့ ဝင်ရောက်ခြင်းက ရေနဂါးမျိုးဆက်များအားလုံး မျှော်လင့်နေရသည့် အဓိကအတားအဆီးနှစ်ခုလည်း ဖြစ်သည်။ ထိုအဖြစ်အပျက်ဟာ အလွန်အမင်းကို ကြမ်းတမ်းခက်ခဲသည်။ ထိုအရာက ခန္ဓာကိုယ်နဲ့ စိတ်နှစ်ခုလုံးအပေါ် ပြင်းထန်သော စမ်းသပ်မှုတစ်ခုလည်း ဖြစ်၏။

ထိုအဖြစ်အပျက်အတောအတွင်း အဆင့်တစ်ခုချင်းဆီတိုင်းဟာ အသေးအဖွဲ့ အောင်မြင်မှုတစ်ခုသာ သတ်မှတ်နိုင်သည်။ အဓိကအချက်နှစ်ခုကတော့ ရေနဂါးမျိုးနွယ်များအားလုံး ကျော်ဖြတ်ရမည့် အခက်အခဲနှစ်ခုကို ပြောပြထားခြင်းသာ ဖြစ်သည်။

ရေနဂါးအိုကြီးက လေထဲသို့ ပျံသန်းသွားခဲ့ပြီး တောင်ထိပ်ပေါ်တွင် ဆင်းသက်လိုက်သည်။ အဘွားအိုကတော့ သူ့နောက်မှ လိုက်သွားရန် သူမ၏ အစစ်အမှန်ပုံစံကို အသုံးပြုခဲ့ရသည်။ ထို့ကြောင့် ပေ (၇၀) (၈၀) ခန့် အရှည်ရှိသော ကွင်းဆက်အနီရောင်မြွေက ရေနဂါးအိုကြီး၏ နောက်ဘက်လေထဲတွင် ပေါ်လာခဲ့သည်။

ရေနဂါးအိုကြီးက အပြုံးနှင့် ပြောလိုက်၏။

“ဒီကောင်လေး လျှောက်လှမ်းနေတဲ့ လမ်းကြောင်းက သေချာပေါက် မှန်ကန်နေတယ်လို့တော့ ငါ မပြောနိုင်ဘူး။ ဒီလမ်းကြောင်းက တော်တော်လေးကို မြင့်မားတဲ့အဆင့်ကို တက်လှမ်းနိုင်တဲ့ လမ်းကြောင်းတစ်ခု ဖြစ်နိုင်သလို ဦးတည်ချက်မရှိဘဲ ပျောက်ကွယ်သွားနိုင်တဲ့ လမ်းကြောင်းတစ်ခုလည်း ဖြစ်သွားနိုင်တယ်။ တကယ်လို့ ဒုတိယအမျိုးအစား ဖြစ်သွားမယ်ဆိုရင်တောင် ဒီရေမြွေလေးက ရေနဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားဖို့ သေချာပေါက် လုံလောက်ပါသေးတယ်…”

“သူက ဘယ်လောက်ကံကောင်းလဲဆိုတာ နားမလည်တာတော့ နှမြောစရာပဲ။ သူ့ရှေ့မှာ ရှိနေတဲ့ အနာဂတ်ကိုတောင် စိတ်မဝင်စားဘူး။ သူက အကူအညီမပေးတဲ့အတွက် ကောင်းကင်ဘုံကို အပြစ်တင်လို့မရဘူး။ တစ်ဖက်မှာတော့ သူက အကူအညီပေးတဲ့လက်ကို ဖယ်ရှားခဲ့တာပဲလေ…”

“အဆုံးမဲ့ အသိပညာ ဗဟုသုတတွေ ၊ အတွေ့အကြုံတွေကြောင့် ဘိုးဘေးက ကျွန်မတို့ထက် အဆပေါင်းများစွာ ပိုပြီး အမြင်ရှိပါတယ်…”

ကွင်းဆက်အနီရောင်မြွေက ပြောလိုက်သည်။

ကျွန်မလုပ်ဖို့ လိုအပ်တာက ဘာမေးခွန်းမှ မမေးဘဲ ဘိုးဘေးရဲ့ နောက်ကနေ လိုက်ဖို့ပဲ။ ကျွန်မက ဘိုးဘေးရဲ့ အနားမှာနေပြီး ဘိုးဘေး၏ အမှုတော်ကို ထမ်းဆောင်ခွင့်ရတာ တော်တော်လေး ကံကောင်းနေပါပြီ…”

ရေနဂါးအိုကြီးက ပြုံးရုံလေးပြုံးပြီး ပြန်ဖြေခဲ့ခြင်း မရှိချေ။ ရေနဂါးအိုကြီး ကွင်းဆက်အနီရောင်မြွေကို ပြောမပြခဲ့သော အကြောင်းအရာများစွာ ရှိနေသည်။ တချို့အရာများကတော့ သူ့အဆင့်အတန်းနှင့် မကိုက်ညီသည့်အတွက် ရည်ရွယ်ချက်ရှိရှိ ပြောခဲ့ခြင်း ဖြစ်၏။

ချန်းပင်အန်း၏ သိုင်းပညာပါရမီက ထူးခြားမှုမရှိသည်မှာ အမှန်ဖြစ်၏။ သူက ရေနဂါးအိုကြီး ပြောသကဲ့သို့ အံ့ဩလောက်စရာ မရှိချေ။ သို့သော် ရေနဂါးအိုကြီးက တာ့ဆွေတိုင်းပြည်သို့ သွားသော လမ်းတစ်လျှောက်တွင် ချန်းပင်အန်းနှင့် ကလေးအဖွဲ့ကို ပထမဆုံးတွေ့ခဲ့ရသည့်အချိန်၌ အလွန်လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်တစ်ခုကို သုံးပြီး သူတို့ကို မြင်တွေ့ခဲ့ရသည်။

ထိုအဖွဲ့ထဲတွင် ချန်းပင်အန်းက ထူးခြားမှုအနည်းဆုံး ဖြစ်ပုံရ၏။ သို့သော် လူတိုင်းက ချန်းပင်အန်း၏ အနားတွင် လှည့်ပတ်နေကြောင်း သူက လျင်မြန်စွာ သတိထားမိခဲ့သည်။ သူက ကျောရိုးမကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး ထိုအဖွဲ့၏ စိတ်ပိုင်းဆိုင်ရာ ခေါင်းဆောင်တစ်ယောက် ဖြစ်သည်။ ထိုအရာက အလွန်ထူးခြားပြီး ထိတွေ့၍မရနိုင်သော အရည်အသွေးတစ်ခုလည်း ဖြစ်၏။

မိုးရွာနေသော ညအချိန်တွင် ရေနဂါးကြီးက အလွန်ချောမောခန့်ညားသော အဖြူရောင်ဝတ်လူငယ်၊ နောက်ကျောတွင် စာအုပ်သေတ္တာလေးလွယ်ထားသော အနီရောင်ဝတ်ကလေးမလေး၊ ကျင့်ကြံမှုလမ်းကြောင်းကို စတင်လျှောက်လှမ်းနေပြီး တစ်ယောက်တည်း နေတတ်သည့် ကောင်လေး၊ ထူးခြားသော ပါရမီရှိနေသည့် ပိန်ပိန်သွယ်သွယ်နှင့် ကလေးမလေး၊ နဂါးချီစွမ်းအင်များကို ပိုင်ဆိုင်ထားသော အရပ်ရှည်ရှည် လူငယ်နှင့် သူ့ကိုယ်သူ ထင်ထားသည့်ထက် အဆပေါင်းများစွာ ပို၍ အရည်အချင်းရှိသော ကြောက်လန့်တတ်သည့် ကလေးငယ်တို့ကို မြင်တွေ့ခဲ့ရသည်။

သူတို့အားလုံးနှင့် ယှဉ်လိုက်မည်ဆိုလျှင် ရေနဂါးအိုကြီး၏ မျက်လုံးထဲတွင် ချန်းပင်အန်းက စဉ်းစားစရာပင် မလိုအပ်ပေ။ သို့သော် ထိုအဖွဲ့ကို အချိန်တော်တော်ကြာ လေ့လာခဲ့ပြီးနောက် ချန်းပင်အန်းအပေါ် သူ၏သုံးသပ်ချက်က လုံးဝကို ပြောင်းလဲသွားခဲ့ရ၏။

သူက ကြယ်များ ကြားထဲမှ လတစ်စင်း၊ တောင်ကုန်းများကြားထဲမှ တောင်မြင့်ကြီးကဲ့သို့ ဖြစ်နေသည်။ သူက ရှေ့မှဦးဆောင်နေပြီး ကောင်းကင်ကြီး ပြိုကျလျှင်ပင် ပုခုံးထမ်း၍ တင်ထားပေးမည်ဖြစ်ကြောင်း သူ့နောက်မှ လိုက်လာသူများကို စိတ်ချနေစေနိုင်သည်။ သူ ရှိနေရုံနှင့်ပင် လူတိုင်းက တည်ငြိမ်အေးချမ်းမှုကို ခံစားခဲ့ရ၏။

………….

စစ်ကျောင်းသူတော်စင်ကျောင်းဆောင်သို့ ပြန်ရောက်လာပြီးနောက် စိမ်းပြာဝတ်ကောင်လေးက ပုံမှန်အတိုင်း ပြန်ပြောင်းသွားခဲ့သည်။

ချန်းပင်အန်းကလည်း သူ့ကို ပုံမှန်အတိုင်းသာ ဆက်ဆံခဲ့၏။ ပထမတွင်တော့ ချန်းပင်အန်းက သူ့စကားရုပ်သိမ်းသွားမှာကို စိမ်းပြာဝတ်ကောင်လေးက စိုးရိမ်နေခဲ့သည်။ သူ့ကိုပေးရန် ကတိပေးထားသော မြွေကျောက်တုံးနှစ်လုံးကို မြွေကျောက်တုံးနှစ်လုံးရုပ်သိမ်းလိုက်မှာကို စိုးရိမ်နေခဲ့၏။ သို့သော် ချန်းပင်အန်းကိုမေးလိုက်သည့်အခါ သူက မြွေကျောက်တုံးနှစ်တုံး ရမည်ဖြစ်ကြောင်း အာမခံခဲ့သည့်အတွက် သူလည်း စိတ်သက်သာရာ ရသွားခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ ချန်းပင်အန်းက ပုံမှန်အတိုင်းဆက်လက်သွားလာနေပြီး စိမ်းပြာဝတ်ကောင်လေးကတော့ လိုအပ်သည့်အချိန်တိုင်း နောက်ကျောပေါ်တွင် သယ်ဆောင်ခြင်း၊ လေ့ကျင့်မှု အကူအဖြစ် လုပ်ဆောင်ပေးခဲ့သည်။ ထိုကောင်လေး၏ စကားလုံးများ ၊ လုပ်ရပ်များနှင့် ပတ်သက်ပြီး ချန်းပင်အန်းက မကျေနပ်ခြင်းများ စိတ်တိုင်းမကျခြင်းများ ပြသခဲ့သော်လည်း အထင်သေးခဲ့ခြင်းတော့ မရှိချေ။

သို့သော် စိမ်းပြာဝတ်ကောင်လေးက တစ်စုံတစ်ခုလွဲမှားနေကြောင်း ခံစားမိသော်လည်း မည်သည့်အရာဖြစ်ကြောင်း အတိအကျမသိခဲ့ပေ။ သူတို့က ချန်းပင်အန်း၏ မွေးရပ်မြေနှင့် တဖြည်းဖြည်း နီးကပ်လာသည့်အချိန်တွင် ပန်းရောင်ဝတ် ကလေးမလေးက တဖြည်းဖြည်း ပို၍ပျော်ရွှင်ဝမ်းသာလာကြောင်း စိမ်းပြာဝတ်ကောင်လေးက မြင်နေရသည်။ ထို့ကြောင့် သူက ပို၍မကျေမနပ် ခံစားလာခဲ့ရ၏။

သူတို့က တာ့လီအင်ပါယာ၏ ပိုင်နက်ထဲသို့ ဝင်ရောက်လာပြီးနောက် စိမ်းပြာဝတ်ကောင်လေးက သူ၏ဝှက်ဖဲတစ်ခုကို ထုတ်လိုက်သည်။ တစ်ရက်တွင်တော့ မှောင်ရည်ပျိုးစအချိန် သူတို့(၃)ယောက်က လမ်းလျှောက်လာနေရင်း နှစ်ပေါင်းများစွာ စွန့်ပစ်ထားသော နေရာတစ်ခုကို ရောက်လာခဲ့သည်။ သူတို့က ထိုနေရာတွင် ခဏရပ်တန့်ပြီး အနားယူရန် ဆုံးဖြတ်လိုက်ကာ ကျယ်ဝန်းသော လိုဏ်ဂူတစ်ခုထဲတွင် မီးမွှေးခဲ့သည်။ လိုဏ်ဂူ၏အတွင်းထဲတွင်တော့ သူက သူ၏အိတ်ဆောင်ရတနာထဲမှနေ၍ အလွန်ကြီးမားသော ပန်းကန်လုံးတစ်လုံးကို ထုတ်လိုက်သည်။

ထိုပန်းကန်လုံးထဲတွင်တော့ ရေအနည်းငယ်ရှိနေပြီး စိတ်ဝိညာဉ်ချီစွမ်းအား ချီစွမ်းအားများ ထွက်ပေါ်လာနေသည့်အတွက် သာမန်ရေ မဟုတ်ကြောင်း ပြသနေသည်။ ထိုပုဂံလုံးထဲတွင် ရှိနေသောရေက အတော်လေး ထူးခြားကြောင်း ပန်းရောင်ဝတ် ကလေးမလေးကပင် ချက်ချင်းပြောနိုင်သည်။ သို့သော် သူမက သေချာကြည့်ရှုရန် အနားသို့ ကပ်မသွားချင်ခဲ့ပေ။

စိမ်းပြာဝတ်ကောင်လေးက ထိုပန်းကန်လုံးနှင့်အတူ ချန်းပင်အန်း၏အနားသို့ လျှောက်လာပြီး လက်နှစ်ဖက်နှင့် ကိုင်ထားခဲ့၏။ ထို့နောက် သူက ချန်းပင်အန်းဘေးတွင် ထိုင်ချလိုက်ပြီး အလွန်လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။

“ဆရာ …

ကျွန်တော်က အတော်ထူးခြားတဲ့အရာတစ်ခုပြမယ်…။ သိပ်မကြာခင် အသင့်ဖြစ်လိမ့်မယ်။ (၁၅)မိနစ်လောက်ပဲ စောင့်နေလိုက်…”

စိမ်းပြာဝတ်ကောင်လေးက ပန်းရောင်ဝတ်ကလေးမလေးကို ပြန်လှည့်ကြည့်လိုက်ပြီး လက်ချောင်းလေးများကို လှုပ်ရှား၍ ဝမ်းသာနေသော အမူအရာနှင့် ပြောလိုက်သည်။ “ငါ့ဆီမှာ မတူညီတဲ့ ကျင့်ကြံရေးဂိုဏ်းတွေကနေ ဒီလိုအမျိုးအစားရေ ဒီလိုအမျိုးအစား ရေ ပန်းကန်လုံး(၅)လုံးရှိတယ်။ အဲဒီထဲမှာ ကျန့်ယန်တောင် မိုးကြိုးရေကန်ကနေ ယူထားတဲ့ ရေပန်းကန်လုံးလည်း ပါတယ်။ အဲဒါက ဘယ်လောက်တန်ကြေးရှိလဲ သိလား…”

“ဒီရေပန်းကန်လုံးတစ်လုံးတည်းကတင် နင့်ထက်ပိုပြီးတော့ တန်ကြေးရှိတယ်။ ငါကတော့ အထွဋ်အထိပ်မှာ ပန်းကန်လုံး (၇)လုံးတောင် ရှိခဲ့တယ်။ ဒါပေမဲ့ နင်က မီးစပါးအုံးမြွေဆိုတော့ ထူးခြားတဲ့သစ်သားတွေ ဒါမှမဟုတ် အမွှေးတိုင်တုတ်တွေတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နင့်ဆီမှာ အဲဒီလိုပစ္စည်းတစ်ခုမှ ပိုင်ဆိုင်မထားဘူး မဟုတ်လား..”

ချန်းပင်အန်းက အလွန်ဂုဏ်ယူနေသော စိမ်းပြာဝတ်ကောင်လေးနှင့် ရှက်ရွံ့နေသော ပန်းရောင်ဝတ်ကလေးမလေးတို့ကိုကြည့်ပြီး မေးလိုက်သည်။

“မင်းက ဒီပန်းကန်လုံးလေးကိုကြည့်ပြီး ဘာမြင်နိုင်လဲ…”

စိမ်းပြာဝတ်ကောင်လေးက ပြုံးလိုက်ပြီး ပြန်ဖြေခဲ့ခြင်း မရှိချေ။ သူက တမင်ရည်ရွယ်ချက်ရှိရှိ ဟန်ဆောင်ထားခဲ့ခြင်းဖြစ်၏။

ပန်းရောင်ဝတ်ကလေးမလေးက တိတ်တဆိတ် ရှင်းပြလိုက်သည်။

“ဆရာ ကျွန်မ ကျင့်ကြံနေခဲ့တဲ့ စာအုပ်စာကြည့်တိုက်ထဲမှာ စာအုပ်တစ်အုပ် ဖတ်ခဲ့ဖူးတယ်။ အဲဒါက အရမ်းကို အရမ်းကိုအဖိုးတန်တဲ့အရာတစ်ခုပဲ။ ဒါကြောင့် အင်မော်တယ်ဂိုဏ်းတွေ တော်တော်များများက စိတ်ဝင်စားစရာပုံရိပ်တွေကို အပြင်လူတွေဆီပြသပြီး ငွေကြေးရှာဖွေကြတယ်…”

“ဥပမာအနေနဲ့ပြောရရင် သူတို့ဂိုဏ်းထဲမှာရှိတဲ့ ထူးခြားတဲ့မြင်ကွင်းမျိုး ၊ နာမည်ကျော် ကျင့်ကြံရေးပါရမီရှင်တွေရဲ့နေ့စဉ်ဘဝမျိုးနှင့် အစွမ်းထက်ပညာရှင်တွေ ကောင်းကင်ပေါ်ကို တက်လှမ်းသွားတဲ့ မြင်ကွင်းမျိုးပေါ့။ ဒါကြောင့် အပြင်လူတွေက အဲဒီ အဲဒီဂိုဏ်းထဲကို သွားစရာမလိုဘဲ သူတို့ရဲ့အဖြစ်အပျက်တွေကို မြင်တွေ့နိုင်တယ်။ ဒါက အတော်လေးကို အချိန်ကုန်သက်သာပြီး အတော်လေးဈေးကြီးတဲ့ အရာတစ်ခုလည်းဖြစ်တယ်….”

ပန်းရောင်ဝတ်ကလေးမလေးက ချန်းပင်အန်းကိုရှင်းပြနေသည့်အချိန်တွင် သူမကတော့ သူမကတော့ ပန်းကန်လုံးထဲတွင် ရှိနေသောရေကို တိတ်တဆိတ် ခိုးကြည့်နေမိခဲ့သည်။ သူမက လက်ချောင်းလေးများကို လှုပ်ရှားပြီး ဆက်ပြောလိုက်၏။

“အဲဒီအရာတွေက အတော်လေးကို ထူးခြားတယ်ဆရာ။ ဒီလိုအရာမျိုးကို ရဖို့အတွက် ကျင့်ကြံရေးဂိုဏ်းတွေက သူတို့ဂိုဏ်းရဲ့ သဘာဝကံကြမ္မာတွေနဲ့ ဆက်သွယ်ဖို့ လိုအပ်တယ်။ ဥပမာအနေနဲ့ပြောရရင် အရိပ်နိုင်ငံ ကျောက်တုံးငယ်လေး ၊ တောင်တစ်တောင်ထဲကနေ အရိပ်နိုင်ငံ ကျောက်တုံးလေးတစ်ခုကို ကျောက်တုံးလေးတစ်ခုကို ထွင်းထုလိုက်သလိုမျိုးပဲ…”

“ဂိုဏ်းထဲမှာရှိတဲ့ သစ်ပင်တစ်ပင်ကနေ သစ်ကိုင်းတစ်ခုကို ခုတ်ချလိုက်သလိုမျိုးပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီရေပန်းကန်လုံးကတော့ ကျန့်ယန်တောင် လှုပ်ရှားခြင်း မိုးကြိုးရေကန်ထဲက ရေကန်ထဲကနေ ရောက်လာတာ…”

“ပုံရိပ်ကို မပြခင် အဲဒီပစ္စည်းက ဝယ်သူကို ဆွဲဆောင်နိုင်တဲ့ စာကြောင်းတစ်ခု ပါတယ်။ သူတို့က အဲဒီပုံရိပ်ကို ကြည့်ချင်လားမေးလို့လည်း မေးလို့ရတယ်။ သူတို့က ပုံရိပ်ထဲမှာပါတဲ့ ပစ္စည်းကိုကြည့်ဖို့အတွက် ချီစွမ်းအားတွေသုံးချင်လား မသုံးချင်လားကတော့ သူတို့ရဲ့သဘောအတိုင်းပဲ။ တကယ်လို့ သူတို့ကသာ အပေးအယူကို သဘောတူတယ်ဆိုရင်တော့ ချီစွမ်းအားနည်းနည်းလေး ပေါင်းထည့်လိုက်ဖို့ပဲ လိုအပ်တယ်…။ ဒါဆိုရင် သူတို့က လျှို့ဝှက်ဆန်းကြယ်တဲ့စွမ်းရည်ကနေတစ်ဆင့် အဲဒီဂိုဏ်းထဲမှာရှိတဲ့ ပုံရိပ်တွေကို မြင်တွေ့နိုင်မယ်။ အဲဒါက အတော်လေး ပျော်ဖို့ကောင်းတယ်…”

ပန်းရောင်ဝတ် ကလေးမလေးကတော့ တဖြည်းဖြည်းပို၍စိတ်ဓာတ်ကျလာပြီး ပြောလိုက်သည်။

“အဲဒီလို ပစ္စည်းတွေအကြောင်း ဖတ်ပြီးသွားတဲ့အချိန်မှာ ကျွန်မအတွက် သစ်သားစလေးတစ်ခု ဝယ်ပေးဖို့ ချောင်ကလန်ကို တောင်းဆိုခဲ့တယ်။ ကျွန်မက အပေးအယူအနေနဲ့ သူတို့လိုချင်တဲ့အရာကို ပေးမယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ သူတို့ကတော့ ကျွန်မကို လှည့်စားနေခဲ့တာပဲ။ သူတို့က သဘောတူညီချက်ကို လိုက်နာဖို့အတွက် ဆင်ခြေမျိုးစုံပေးနေကြတာ။ အဆုံးမှာတော့ ကျွန်မက ီကိစ္စကို လုံးဝ လုံးဝမေ့လိုက်ရတယ်…”

စိမ်းပြာဝတ်ကောင်လေး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး ဝမ်းသာအားရ ပြောလိုက်သည်။

“ဒါက နင်က အရမ်းအားနည်းလို့လေ။ တကယ်လို့ ငါသာ နင့်နေရာမှာဆိုရင် ချောင်ကလန်က ကတိကိုဖျက်ရဲမှာ မဟုတ်ဘူး…”

ထိုစကားကိုကြားသည့်အခါ ပန်းရောင်ဝတ်ကလေးမလေးက ပို၍ပင် မကျေမနပ်ဖြစ်သွားခဲ့၏။

ချန်းပင်အန်းက သူ၏ခေါင်းကိုလက်နှင့် လက်နှင့်ပုတ်ပြီး ညင်သာစွာ ပြောလိုက်သည်။ “ဆုံးရှုံးမှု ခံစားရတာကလည်း ခံစားရတာကလည်း ကံကောင်းမှုရဲ့ အခြေအနေတစ်မျိုးပါပဲ။ ငါတို့က ဆုံးရှုံးမှုတွေကနေ သင်ယူကြရလိမ့်မယ်။ ဒါဆိုရင် နောက်ပိုင်းမှာ ငါတို့က နောက်ထပ်ဆုံးရှုံးမှုတွေ မကြုံရတော့ဘူးပေါ့…”

ပန်းရောင်ဝတ် ကလေးမလေးက ချန်းပင်အန်းကို မော့ကြည့်ပြီး အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။

တစ်ဖက်တွင်တော့ စိမ်းပြာဝတ်ကောင်လေးက မျက်ခုံးပင့်လိုက်မိပြီး သူက ထိုအရူးဆရာတပည့်ကို ကြည့်နေမိသလို ခံစားနေရ၏။ ခဏကြာပြီးနောက် သူက ဝမ်းသာသွားသောအသံနှင့် ပြောလိုက်၏။

“ဒီမှာ ရပြီ…”

ပန်းကန်လုံးထဲတွင် ရှိနေသော ရေများက စတင်လှုပ်ရှားလာပြီး စိမ်းပြာဝတ်ကောင်လေးက လက်ဖျောက်တီးလိုက်ရာ ရေများက ပန်းကန်လုံးထဲမှနေ၍ လေထဲကို ဖြည်းညင်းစွာ ဖြည်းညင်းစွာ တက်လာခဲ့သည်။ ထို့နောက် မျက်နှာပြင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။

မျက်နှာပြင်ပေါ်တွင် ရှိနေသော ပုံရိပ်များက တိမ်တိုက်များထဲတွင် ရှိနေသော တောင်တန်းကြီးတစ်ခုကို ပြသနေပြီး ပတ်ပတ်လည်တွင် တောင်တန်းငယ်လေးများ ပြည့်နှက်နေသည်။ ရုတ်တရက်ဆိုသလို အဖြူဝတ် မိန်းမပျိုတစ်ယောက်က ဓားပျံတစ်ချောင်းနှင့်အတူ လေထဲတွင် ပေါ်လာခဲ့သည်။

ထိုမိန်းမပျို၏ခါးတွင် ရှေးဟောင်းဘူးသီးခြောက်တစ်ခု ရှိနေပြီး သူမက တောင်ထိပ်ပေါ်သို့ အလွန်လျင်မြန်စွာ ပျံသန်းလာခဲ့သည်။ ပထမတွင်တော့ ပုံရိပ်ထဲတွင် ရှိနေသော သူမက ဆန့်စေ့တစ်စေ့ အရွယ်အစားခန့်သာရှိပြီး တဖြည်းဖြည်းနှင့် လူသားတစ်ယောက်၏ လက်တစ်ဖက်အရွယ်အစားခန့် ကြီးထွားလာသည်။

သူမက အလွန်လှပပြီး အေးစက်သော အမူအရာမျိုး ရှိ၏။ သူမက တောင်ထိပ်နှင့် အနည်းငယ်အကွာ အနည်းငယ် ခပ်လှမ်းလှမ်းသို့ ရောက်သည့်အချိန်တွင် လေထဲ၌ရှိနေသော ဓားချီစွမ်းအင်များက ပုံသဏ္ဌာန်ပေါ်လာပြီး တိမ်တိုက်များထဲတွင် တစ်စုံတစ်ခု ပုံသဏ္ဌာန် ပေါ်လာခဲ့သည်။ ထိုအရာက အလွန်အံ့ဩစရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်၏။

သူမက အပေါ်ကိုဆက်၍ တက်သွားရမည့်အစား ဓားပျံပေါ်တွင် ရပ်နေပြီး ဓားချီစွမ်းအင်ထဲတွင် ပါဝင်နေသော ဓားဆန္ဒများကို လေ့လာကြည့်နေခဲ့သည်။ သူမက ဓားဆန္ဒထဲတွင် ပေါင်းစပ်ထားသော အငွေ့အသက်ပေါင်းစုံကို ခံစားမိနေကြ၏။ တချို့က ရှေးကျပြီး အသက်စွမ်းအင်များ ပြည့်နှက်နေသည်။ တချို့ကတော့ ပင်လယ်ပေါ်တွင် ထွက်ပေါ်လာသော နေမင်းကြီးကဲ့သို့ဖြစ်နေ၏။ တချို့ကတော့ မုန်တိုင်းကြီးထဲတွင်ရှိနေသော မိုးရေစက်လေးများကဲ့သို့ စုစည်းနေသည်။

စိမ်းပြာဝတ်ကောင်လေးကတော့ ထိုပုံရိပ်ထဲတွင် ရှိနေသော ဓားချီစွမ်းအင်များကို အလေးမထားခဲ့ပေ။ ထိုအစား သူက ဓားပျံပေါ်တွင် မတ်တပ်ရပ်နေသော မိန်းမပျိုကိုသာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့၏။

သူက အပြုံးနှင့် ပြောလိုက်သည်။

“ဒါက ကျန့်ယန်တောင်က ကောင်းကင်မိန်းမပျို စုကျားလေ။ သူက ကျွန်တော် ကျွန်တော် အကြိုက်ဆုံးမိန်းကလေးတွေထဲက တစ်ယောက်ပဲ။ ကျွန်တော်က သူ့ကို သူ့ကို တခြားကောင်းကင်မိန်းမပျိုတစ်ယောက်ထက်ပဲ အဆင့်နှိမ့်ထားတယ်။ သူ့ရဲ့ ခန္ဓာကိုယ်အချိုးအစားနှင့် မျက်နှာကို ကြည့်ဦး…”

“ကျွန်တော့်ရဲ့အစ်ကို မြစ်နတ်ဘုရားက ကောင်းကင်မိန်းမပျို စုကျားကို အတော်လေး သဘောကျတယ်။ ဒါပေမဲ့ သူကတော့ ဆွဲဆောင်မှုရှိတဲ့ မိန်းမပျိုတွေကို ပိုပြီးလိုလားတယ်။ စကားပုံတစ်ခုတောင် ရှိတယ်လေ။ အသားများများပါတဲ့အရာကိုစားမှပဲ ပိုပြီးတော့ ပိုပိုပြီးတော့ ဗိုက်ဝမှာပေါ့။ သူတော်စင်တွေရဲ့ စကားလုံးက မမှန်ဘူးဆိုတာတော့ ကျွန်တော်က လက်ခံတယ်..”

လက်ချောင်းလေးများကို လှုပ်ရှားလိုက်ရာ ပုံရိပ်များက ပြောင်းလဲသွားပြီး သူက စုကျား၏နောက်ဖက်မှနေ၍ မြင်နိုင်ခဲ့သည်။ ထို့နောက် သူက လက်ကို ညင်သာစွာ ဆုပ်လိုက်ရာ စုကျား၏ပုံရိပ်က ကြီးထွားလာခဲ့၏။

စိမ်းပြာဝတ်ကောင်လေးက အရူးတစ်ယောက်ကဲ့သို့ပြုံးနေပြီး ပါးစပ်ကို လက်ခုံနှင့် ပိတ်ထားခဲ့၏။ သူကတော့ စုကျား၏နောက်ကျောပုံရိပ်ကိုကြည့်ပြီး လက်နှင့် ကိုင်ကြည့်ချင်နေခဲ့သည်။ အမှန်အတိုင်းပြောရလျှင် ချန်းပင်အန်းနှင့် ပန်းရောင်ဝတ် ကလေးမလေးတို့သာ မရှိလျှင် သူက ထိုအရာကို လုပ်ဆောင်ပြီးသွားပြီဖြစ်သည်။

စိမ်းပြာဝတ်ကောင်လေးက အလွန်ကျေနပ်နေသောအမူအရာနှင့် ပြောလိုက်၏။

“ကောင်းကင်မိန်းမပျိုစုကျားက အတော်လေးကို လှနေသေးတယ်။ ဒါပေမဲ့ တာအိုမိန်းမပျို ဟယ်ရှောင်လျန့်က ကျွန်တော့်ရဲ့စာအုပ်ထဲမှာ နံပါတ်(၁) ဖြစ်နေသေးတယ်။ သူက ကောင်းကင်မိန်းမပျိုတွေကြားထဲမှာ ကောင်းကင်မိန်းမပျိုပဲ။ အင်မော်တယ်တွေကြားထဲက အင်မော်တယ်ပဲ…”

“ကျွန်တော်က သူ့ရဲ့လက်ကို တစ်ကြိမ်လောက် ကိုင်ခွင့်ရမယ်ဆိုရင် ကျွန်တော့်ရဲ့ နှစ်ပေါင်းတစ်ရာ သက်တမ်းကိုတောင် ပေးဖို့ဆန္ဒရှိတယ်။ အဲဒါက ချဲ့ကားပြီး ပြောနေတာ မဟုတ်ဘူး။ တကယ်လို့ တစ်ယောက်ယောက်ကသာ ကျွန်တော့်ကို ဟယ်ရှောင်လျန့်နဲ့ မိတ်ဆက်ပေးမယ်ဆိုရင် ကျွန်တော်က သူတို့ရဲ့သား ၊ သူတို့ရဲ့မြေးအဖြစ်တောင် ဝမ်းမြောက်ဝမ်းသာ နေပေးနိုင်တယ်…”

ချန်းပင်အန်းက ဓားဆန္ဒများနှင့် ဖန်တီးထားသော တိမ်တိုက်ကြီးကို ကြည့်နေခဲ့သည်။ ထိုအရာက အမှန်တကယ်ထူးခြားသော မြင်ကွင်းတစ်ခုလည်းဖြစ်၏။ သို့သော် သူက ပုံရိပ်ကို မည်မျှ စူးစိုက်ပြီး ကြည့်နေစေကာမူ သူမြင်နေရသည့်အရာကို အာရုံခံစားနိုင်ခြင်း မရှိချေ။

ထို့ကြောင့် မျက်လုံးကို လျင်မြန်စွာ ရုပ်သိမ်းလိုက်ပြီး ပုံရိပ်ထဲတွင် လူတစ်ယောက်ကို စတင်ရှာဖွေနေခဲ့၏။ ထိုအရာကတော့ မြို့ငယ်လေးထဲတွင် ဖျက်ဆီးပစ်ခဲ့သော ကျန့်ယန်တောင်မှလူဝံကြီးဖြစ်သည်။ သူ့အတွက် ကံဆိုးသွားသည်မှာ ပုံရိပ်ထဲ၌ စုကျားတစ်ယောက်တည်းသာ ပါဝင်နေသည်။ အကယ်၍ သူသာ သေချာစဉ်းစားကြည့်လိုက်မည်ဆိုလျှင် စုကျားဟူသည်မှာ လေမိုးကြိုးဥယျာဉ်မှ လျှိုပါ့ချောင်ဟူသော ဓားသမားလူငယ် သဘောကျနေသော မိန်းကလေးဖြစ်ပုံရသည်။

(၁၅)မိနစ်ခန့်ကြာပြီးနောက် ရေမျက်နှာပြင်ပေါ်တွင် ရှိနေသော ပုံရိပ်က ပျောက်ကွယ်သွားပြီး ရေမျက်နှာပြင် ကိုယ်တိုင်ကလည်း လေထဲမှ ပြုတ်ကျလာခဲ့သည်။ ထိုအရာက ရေခွက်တစ်ခွက်အဖြစ် ပြန်ပြောင်းသွားခဲ့၏။ သို့သော် ရေခွက်ထဲတွင် ရှိနေသော ရေအမြင့်ကတော့ သိသိသာသာ လျော့ကျသွားခဲ့သည်။

စိမ်းပြာဝတ်ကောင်လေးက ထိုအဖြူရောင်ပန်းကန်လုံးလေးကို သိမ်းလိုက်ပြီးနောက် လက်နှစ်ဖက်ကိုပွတ်၍ ကျေနပ်သော ပျော်ရွှင်နေသောအမူအရာနှင့် ရှေ့နောက် လမ်းလျှောက်နေခဲ့၏။

“ကျန့်ယန်တောင်ရဲ့တောင်ထိပ်ပေါ်မှာမြင်ရတဲ့ ဓားချီစွမ်းအင်တွေကြောင့် ရေတော်တော်လေး ကုန်သွားခဲ့တယ်။ ဒါပေမဲ့ ကြည့်ရတာ တန်ပါတယ်။ ကျွန်တော်က ကျန့်ယန်တောင်ကို အဝေးကနေ အကြိမ်ပေါင်းများစွာ ကြည့်ခဲ့ဖူးတယ်။ ဒါပေမဲ့ ကောင်းကင်မိန်းမပျိုစုကျားကိုတော့ ခဏပဲမြင်ရတယ်။ ကောင်းကင်မိန်းမပျိုစုကျားက အတော်လေး အံ့ဩစရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ပဲ…”

ချန်းပင်အန်းက တိတ်တဆိတ် မတ်တပ်ရပ်လိုက်ပြီးနောက် လိုဏ်ဂူအပြင်ဘက်သို့ ထွက်သွားခဲ့သည်။ တောင်တန်းထဲတွင် လေလှိုင်းများ တိုက်ခတ်နေသည့်အတွက် သူ၏အဝတ်အစားများက လှုပ်ရှားနေခဲ့၏။ သို့သော် သူကတော့ သိုင်းပညာအဆင့်(၂)တွင် တည်ငြိမ်သွားခဲ့ပြီဖြစ်သည်။

သူ လမ်းတစ်လျှောက်တွင် တောင်တန်းများပေါ်မှ စုစည်းလာခဲ့သော အိတ်ရှုံ့လေးများကလည်း ချန်းပင်အန်းအတွက် မလှုပ်ရှားနိုင်သော တောင်တန်းကြီးတစ်ခုကဲ့သို့ ဖြစ်လာနေသည်။ သူကတော့ တောင်မျက်နှာပြင်ကို မျက်နှာချင်းဆိုင်ထားရသလို ဖြစ်နေခဲ့၏။

ရုတ်တရက်ဆိုသလို ချန်းပင်အန်းက ဝမ်းသာသွားသော အမူအရာနှင့် ရေရွတ်လိုက်သည်။

“နှင်းကျလာပြီပဲ…”

သူက လက်နှစ်ဖက်ကိုထုတ်ပြီး ကျဆင်းလာသော နှင်းများကို လက်နှင့် ခံထားခဲ့သည်။ ပန်းရောင်ဝတ် ကလေးမလေးနှင့် စိမ်းပြာဝတ်ကောင်လေးတို့ကလည်း ဝမ်းသာသွားသော အမူအရာနှင့် သူ့လို လိုက်လုပ်နေကြ၏။

“လာကြည့်ဦး နှင်းကျနေပြီပဲ…”

အမှန်တကယ်ကို အပြင်ဘက်ကောင်းကင်ပေါ်မှ ဆီးနှင်းများ ရုတ်ချည်းကျဆင်းလာခဲ့သည်။ နှစ်တစ်နှစ်တွင် နေမင်းအခေါ်အဝေါ် အခေါ်အဝေါ် နေမင်းပြက္ကဒိန်အရ နှင်းကျချိန် (၂၄)ရက် ရှိနေပြီး ယခုနှစ်၏ အခြေအနေများကတော့ တစ်ခုပြီးတစ်ခု ကုန်ဆုံးသွားခဲ့သည်။

အစောပိုင်းတွင် အသေးအဖွဲနှင်းကျမှုများ ရှိခဲ့သော်လည်း ထိုအရာက မိုးရွာသကဲ့သို့ တဖျောက်ဖျောက်သာ ကျဆင်းလာခြင်းဖြစ်သည်။ သို့သော် ယနေ့တော့ သူတို့က အစစ်အမှန် ဆီးနှင်းကျဆင်းမှုကို ကြုံတွေ့ခဲ့ရပြီး ကျဆင်းလာသော ဆီးနှင်းများကို ကြည့်ရှုနေခဲ့ရ၏။

ကလေးငယ် ကလေးငယ်နှစ်ယောက်ကို ခေါ်လိုက်ပြီးနောက် ချန်းပင်အန်းက လက်နှစ်ဖက်နှင့် ကျဆင်းလာသောနှင်းများကို ဆက်၍ဖမ်းထားခဲ့သည်။ သူက ကောင်းကင်ကြီးပေါ်သို့ မော့ကြည့်လိုက်ပြီး တစ်ယောက်တည်းဝမ်းမြောက်ဝမ်းသာ ပြောလိုက်၏။

“နှင်းကျနေပြီ…”

သူမ၏ဆရာက ထိုမျှဝမ်းသာနေသည်ကို ပန်းရောင်ဝတ် ကလေးမလေးက လုံးဝမမြင်ဖူးချေ။ ထို့ကြောင့် သူမကလည်း သူ့အနားတွင် ဝမ်းမြောက်ဝမ်းသာ ခုန်ပေါက်နေခဲ့၏။

စိမ်းပြာဝတ်ကောင်လေးကတော့ ထိုမျှကလေးဆန်ပြီး မရင့်ကျက်သော လူတစ်ယောက်ကို မမြင်ဖူးချေ။ သူက နေရာတွင် ရပ်နေပြီး ထိုကဲ့သို့သော ဆရာတစ်ယောက်ကို ခစားနေရသည်မှာ အဓိပ္ပာယ်ရှိမရှိ ပြန်လည်စဉ်းစားနေမိခဲ့လေ၏။

Translated by Hein Htet.

All Chapters