ပင်းမို ... ။
Vol. 31 Ch. 362
“ အိုး ... ဒေါ်လေးဆရာနဲ့ မတွေ့တာ သုံးနှစ်ရှိနေပြီ ... ဒေါ်လေးဆရာ ဘယ်လိုနေလဲ သိချင်သား။ ”
ချင်းယာက တောင့်တသော အကြည့်များဖြင့် ညည်းတွားလိုက်သည်။
“ မင်းရဲ့ ဒေါ်လေးဆရာက အသက်ဆယ့်လေးနှစ်တုန်းက ငါတို့ကောင်းကင် ဓားခန်းမရဲ့ မျိုးဆက်သစ်လူငယ်တွေကြားမှာ အထူးချွန်ဆုံးဓားသမားပဲ ‘ဓားကလေး’လို့ လူသိများတယ် ...
... သူမ အသက်ဆယ့်ငါးနှစ်မှာ ကောင်းကင်ဓားခန်းမက ဘယ်သူမှ သူမကို ဓားရေး မသင်ပေးနိုင်တော့ဘူး ...
... ဒါကြောင့် ငါတို့မဟာအကြီးအကဲက မဟာရှရဲ့ပထမတန်းစား ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်တဲ့ တိမ်လွှာနန်းတော်ဆီ စေလွှတ်ခဲ့တယ် ...
... တိမ်လွှာနန်းတော်က အတွင်းပိုင်း သန့်စင်ခြင်း အဆင့်(၁၈)ယောက်နဲ့ ကောင်းကင် နတ်ဓားဝင်္ကပါကို ဖွဲ့စည်းပြီး ချိုးဖြတ်ခိုင်းတယ် မင်းဒေါ်လေးဆရာက ကောင်းကင်ဘုံနတ်ဓား ဝင်္ကပါကို ဓားတစ်ချက်တည်းနဲ့ ချိုးဖြတ်ပြခဲ့တယ် ... ။ ”
“ ဟမ့် ... ဘာလို့ ဒီအကြောင်းကို မသိရတာလဲ။ ”
ချင်းယာမှ မျက်ခုံးပင့်လိုက်သည်။
“ ဟားဟားဟား ... အဲဒီတုန်းက မင်းငယ်သေးတယ် တစ်ချိန်လုံး စော့ကစားပြီး ကျင့်ကြံမှုကို စိတ်မဝင်စားဘူးလို့ ပြောနေတာ မဟုတ်လား ... ဒါဆို မင်းဘယ်လိုလုပ် သိနိုင်မှာလဲ။ ”
ထိုအဖြေကြောင့် ချင်းယာခမျာ အနည်းငယ်ရှက်ရွံ့သွားတော့၏။ ယွမ်ဟမ်နှင့် ပိုင်ဝမ်ချင်းသည် ချင်းယာ၏ ဒေါ်လေးဆရာ ဆိုသူသည် ပါရမီရှင်ဖြစ်ကြောင်း နားလည်လိုက်သည်။
“ အဲဒီစမ်းသပ်မှုအပြီးမှာ ... တိမ်လွှာနန်းတော်ရဲ့ အကြီးအကဲတွေအားလုံး ထိတ်လန့်ကုန်ကြတယ် ... အနှစ်သုံးဆယ် တံခါးပိတ်ကျင့်ကြံနေတဲ့ တိမ်မီးခိုးက ...
.... ချက်ချင်း ထွက်လာပြီး မင်းရဲ့ဒေါ်လေးဆရာကို နောက်ဆုံးတပည့် အဖြစ် ခေါ်ယူဖို့ ကြိုးစားခဲ့တယ် ...
... ဒါပေမယ့် မင်းရဲ့ဒေါ်လေးဆရာက ဓားတာအိုအတွက် တိမ်လွှာနန်းတော်ကို သူ လာခဲ့တာ ... သူ့ရဲ့ဓားတာအိုကို လမ်းပြ ပေးနိုင်တဲ့ အရည်အချင်းရှိရဲ့လားလို့ ပြန်မေးခဲ့တယ်။”
“ ဘာဆက်ဖြစ်လဲ ... ။ ”
“ တိမ်မီးခိုးက တစ်နေ့မှာ မင်းရဲ့ဒေါ်လေးဆရာအပေါ် သူ လမ်းပြနိုင်ခြင်း မရှိတော့ရင် ... ဆရာနဲ့တပည့် ဆက်ဆံရေးကို အဆုံးသတ်ပြီး ထွက်သွားခွင့်ပေးမယ်လို့ ကတိပေးလိုက်ရတယ်။ ”
“ အိုး ... အဲဒီစီနီယာ တိမ်မီးခိုးက ... တကယ့်ကို ထူးထူးခြားခြား စိတ်ထားမျိုး ရှိနေတာပဲ။ ”
“ မှတ်တယ် ဒါကြောင့်ပဲ၊ အဲဒီနေ့ကစပြီး မင်းရဲ့ဒေါ်လေးဆရာက တိမ်မီးခိုးရဲ့ တပည့်မ ဖြစ်လာခဲ့တော့တယ် အခုဆို သုံးနှစ်ကျော် သွားခဲ့ပါပြီ ...
... သူမရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ နောက်ခံအရ အတွင်းပိုင်း သန့်စင်ခြင်းအဆင့်မှာ မရှိတော့မှာ ငါကြောက်မိတယ်။ ”
“ တာအိုလင်း ... မင်းရဲ့ ဂျူနီယာညီမလေး နာမည်က ဘယ်လိုခေါ်လဲ။ ”
ယွမ်ဟမ်မှ မနေနိုင်တော့ဘဲ မေးမြန်းလိုက်လေသည်။
“ ဝမ်ရှင်းကျောက် ... ။ ”
သို့သော် ထိုနာမည်ကို ယွမ်ဟမ်နှင့် ပိုင်ချင်းဝမ်မှ မရင်းနှီးသောကြောင့် တိတ်ဆိတ် သွားတော့၏။
***
“ ငါသိသလောက်၊ မင်းရဲ့ တစ္ဆေခေါင်းတလားထမ်းသူ မျိုးရိုးက အမြဲတမ်း ဆက်ခံသူရှားပါတယ် ... ခေါင်းတလားထမ်း သရဲအိုကြီးနဲ့ မင်း ... ဘယ်လို ပတ်သတ်မှုမျိုး ရှိနေလဲ။ ”
တစ်ဖက်အခန်းတွင် စုရီသည် ကြိမ်ထိုင်ခုံပေါ်တွင် ပျင်းရိစွာ ကျောဆန့်လျက် မျက်မမြင်အဘိုးကြီးကို မေးမြန်းနေခဲ့သည်။
မျက်မမြင်အဘိုးအိုသည် အခန်းထဲသို့ ဝင်လာပြီးကတည်းက သူ့ကိုယ်သူ အနည်းငယ် ကိုင်းညွှတ်လျက် လက်နှစ်ဖက်ရှေ့ထားကာ ရိုသေဟန်ပြထားသည်။
သို့သော် ခေါင်းတလားထမ်းသရဲအိုကြီး ဟူသည့် နာမည်ကို ကြားလိုက်ချိန်၌ မျက်မမြင် အဘိုးအိုခမျာ ချက်ချင်း မော့ကြည့်မိ၏။
“ ရိုးသားစွာပြောရရင် မင်းပြောခဲ့တဲ့ ခေါင်းတလားထမ်းသရဲအိုကြီးက ဒီမျက်မမြင် အဘိုးကြီးရဲ့ ဘိုးဘေးပါ ... ဒီအဖိုးကြီးက တတိယမျိုးဆက် ဆက်ခံသူပါ။ ”
“ ဟမ့် ... တတိယမျိုးဆက်လား၊ ဒါဆို မင်းရဲ့ဆရာက ဘယ်သူလဲ။”
“ ငါ့ဆရာနာမည်က ဝူကျန်း ... လူတိုင်းကတော့ သူ့ကို သွေးသခင်လို့ ခေါ်ကြပါတယ်။ ”
“ သွေးခေါင်းတလားသခင်လား။ ”
စုရီက အနည်းငယ် မျက်မှောင်ကြုတ် လိုက်ပြီး ထိုလူမည်သူဖြစ်မည်ကို ခက်ခက်ခဲခဲ စဉ်းစားနေမိသည်။ ခဏမျှ စဉ်းစားပြီးနောက် လက်လျော့လိုက်ကာ၊
“ မင်း ... ဒီတိုက်ကြီးကို ဘယ်လို ရောက်လာတာလဲ မင်းမျိုးရိုးရဲ့ စည်းမျဉ်းအရ ဘေးဥပဒ် မကြုံမချင်း ငရဲကမ္ဘာကနေ ထွက်ခွာခွင့်မရှိပါဘူး။ ”
စုရီ၏ မေးခွန်းများသည် မျက်မမြင်အဘိုးအိုကို တဖြည်းဖြည်းချင်း မျက်ရည်များဝဲလာစေခဲ့သည်။
အစောပိုင်းတွင် ဤလူငယ်အပေါ် ‘ကြွေးတောင်းသူ’အဖြစ် အနည်းငယ်သံသယ ရှိနေခဲ့၏။
သို့သော် ခေါင်းတလားထမ်းသော သူရဲအိုကြီးဟူသည့် ဘိုးဘေးနာမည်ပြောင်နှင့် မျိုးရိုး၏စည်းမျဉ်းများကို သိနေသည့်အတွက် သံသယကင်းသွားတော့သည်။
“ ဒီအဖိုးကြီးမျိုးရိုးက ကပ်ဘေးတစ်ခု ကြုံတွေ့ရတယ်ဆိုတာ ... မင်း မသိခဲ့ဘူးလား သခင်လေး ... ငါသာ အမြန်ထွက်မလာရင် သေရလိမ့်မယ် ...
... ဒါပေမယ့် မိုးပြာတိုက်ကြီးကို ထွက်ပြေးလာတုန်းက ငါ့ခန္ဓာကိုယ်ပျက်စီးပြီး ဝိညာဉ်ပဲ ရှင်သန်နိုင်ခဲ့တယ်။ ”
“ ကပ်ဘေးလား ... မရဏကမ္ဘာမှာ ခေါင်းတလားထမ်းတဲ့မျိုးရိုးကို ဘယ်သူတွေက ဒုက္ခပေးဝံ့တာလဲ ... မင်းဘိုးဘေးက သူ့အတွက် ခေါင်းတလား လာပို့မှာ မကြောက်ဘူးလား။ ”
ဤတစ်ကြိမ်၌ စုရီတစ်ယောက် မျက်ခုံးပင့်လိုက်မိသည်။ ခေါင်းတလားထမ်း သရဲအိုကြီးသည် မြေအောက်ကမ္ဘာတွင် ထူးဆန်းသည့်လူတစ်ဦးဖြစ်၏။
၎င်းတွင် လျှို့ဝှက်ချက်များစွာကို ကိုင်စွဲထားကာ အချိန်မရွေး၊ နေရာမရွေး ချက်ချင်း ထွက်ပေါ်လာနိုင်ကာ ရုတ်ချည်း ပျောက်ကွယ်သွားနိုင်၏။
သာမာန် ဧကရာဇ်များပင် သူ့ကို ရန်စရန်မဝံ့ကြချေ။ စုရွှမ်ကြွယ်ဘဝတွင် ၎င်းနှင့် လောင်းကစားတစ်ခု လုပ်ခဲ့ဖူးသည်။
စုရီရှုံးသော် ငရဲဘုံကိုးပါးဓားနှင့် စကြာဝဠာနှလုံးသားငယ် တို့ကို လွှဲပေးရမည်။ တစ်ဖက်လူ ရှုံးသော် ‘ပြန်လည်မွေးဖွားခြင်း နည်းလမ်းခြောက်သွယ် ခေါင်းတလား’ကို လွှဲပြောင်းပေးရမည်။
ကစားနည်းသည် ငရဲကမ္ဘာရှိ ‘ပြန်လည်မွေးဖွားခြင်းရေကန်’မှ ‘အသက်ငါး’ကို ဖမ်းယူခြင်းပေပင်။
ထိုငါးသည် ‘မွေးဖွားခြင်းစွမ်းအား’များဖြင့် ကြီးပြင်းလာကာ အလွန် လျှို့ဝှက်ဆန်းကြယ် လှသည်။
သမိုင်းတစ်လျှောက် အကြိမ် အနည်းငယ်မျှသာ ၎င်းတို့ ပေါ်ထွက်ခဲ့ဖူးသည်။ ဤနည်းဖြင့် သူနှင့် သာရဲအိုကြီးသည် နှစ်ပေါင်း တစ်ရာကျော် ရေကန်ဘေးတွင်ထိုင်ကာ ငါးမျှားနေခဲ့ကြသည်။
အဆုံးတွင် စုရီသည် တာအိုကို ငါးမျှားကြိုးအဖြစ်အသုံးပြုပြီး အသက်ငါးအပေါ် ဆွဲဆောင်နိုင်ခဲ့၏။ ထိုအသက်ငါးကို လက်ရ ဖမ်းဆီးနိုင်ခြင်း မရှိသော်လည်း တစ်ဖက်လူမှ ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်သည်။
သို့သော် သရဲအိုကြီးသည် လှည့်ကွက်များဖြင့် ‘ပြန်လည်မွေးဖွားခြင်း နည်းလမ်းခြောက်သွယ် ခေါင်းတလား’ သည် သူ့လက်ထဲတွင် မရှိသေးကြောင်း၊ ထိုခေါင်းတလားကို ငရဲကမ္ဘာ၏ အမည်မသိ နေရာတစ်ခုတွင် မြှုပ်နှံထားကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် ၎င်းထွက်ပေါ်လာသည်နှင့် စုရီထံသို့ လာရောက်ပေးအပ်မည်ဟု ကတိပေး သွား၏။
ဤနည်းဖြင့် စုရွှမ်ကြွယ်သည် သရဲအိုကြီးအတွက် ကြွေးရှင် ဖြစ်လာခဲ့သည်။ သို့သော် သူ ပြန်လည်မွေးဖွားရန် အချိန်အထိ ထိုသရဲအိုကြီးကို ထပ်မတွေ့ရတော့ချေ။
ယခုကဲ့သို့ ခေါင်းတလားထမ်းသူ သရဲအိုကြီး၏ မျိုးရိုးသည် ဆိုးရွားသော ဘေးဒုက္ခကို ခံစားခဲ့ရလိမ့်မည်ဟု မထင်ထားမိချေ။
“ ငါတို့ဘိုးဘေးက ပြန်လာတော့တာ ကြာနေပါပြီ ငါ့သခင်ရဲ့အဆိုအရ ဘိုးဘေးက ပြန်လည်မွေးဖွားခြင်း နည်းလမ်း ခြောက်ပါး ခေါင်းတလားကို ရှာဖို့ သွားခဲ့တယ်လို့ ပြောတယ် ...
... ဘိုးဘေးမရှိတုန်း ဒီကပ်ဘေးက ငါတို့မျိုးရိုးအပေါ် လွန်ခဲ့တဲ့နှစ်ငါးရာလောက်က ရောက်ရှိလာခဲ့တာပဲ။ ”
မျက်မမြင်အဘိုးအိုသည် ပြန်ပြောင်းပြောပြနေလျက်မှ မသက်မသာ ဖြစ်လာတော့သည်။
“ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးရာလား။ ”
စုရီက အံ့သြသွားသည်။ ထိုကာလတွင် သူသည် ပြန်လည်မွေးဖွားရန် ရွေးချယ်ခဲ့သော အချိန်အခါဖြစ်၏။
“ မင်းတို့ ဘာဖြစ်ခဲ့တာလဲ။ ”
စုရီက သိချင်စိတ်များ ပြင်းပြလာသည်။ မျက်မမြင်အဘိုးအိုမှ ခေါင်းခါပြပြီး၊
“ မသိဘူး ... အဲဒီအချိန်တုန်းက ဂူထဲမှာ ငါတံခါးပိတ်ကျင့်ကြံနေခဲ့တာ ငါ့ဆရာသခင်က အလျင်အမြန် ပြေးလာပြီး ... ပင်းမိုလို့ခေါ်တဲ့ ဧကရာဇ်တစ်ပါး ... ငါတို့ ငရဲကမ္ဘာထဲဝင်လာပြီး ဘိုးဘေးကို လာရှာတယ်ပြောတယ်။ ”
“ ပင်းမို ... ။ ”
ထိုအမည်ကြောင့် စုရီတစ်ယောက် မျက်ဝန်းများ ချက်ချင်း မှေးစင်းသွားလေသည်။ ဤသည်မှာ သူ့ကိုယ်တိုင်ပေးအပ်ထားခဲ့သော တာအိုအမည်ဖြစ်၏။
သစ္စာဖောက် တပည့်ကြီးအတွက် သူ့ကောင်းချီးဖြစ်သည်။ အဓိပ္ပါယ်မှာ ဖုန်မှုန့်နှင့် အညစ်အကြေး ကင်းစင်ခြင်းဟု ဆို၏။
သို့သော် သူ သေဆုံးသည့် နေ့မှာပင် ထိုတပည့်ကြီးသည် ရန်သူများနှင့် ပေါင်းကာ ရတနာများအတွက် သစ္စာဖောက်ခဲ့သည်။
ဤအဖြစ်အပျက်သည် နှလုံးသား၏ အမာရွတ်ဖြစ်၏။ ကွမ်လင်မြို့၌ အသိဉာဏ်များ ပြန်လည်နိုးထပြီးနောက် အရိုင်းမြေကိုးပါးထံ သွားရောက်ကာ ၎င်းကို ဖြုတ်ချရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။
“ အဲဒီတုန်းက သူက ငါတို့ဘိုးဘေးကို မတွေ့တာမို့ ငါ့သခင်ကို လိုက်ခဲ့ဖို့ပြောတယ် ငါ့သခင်က သဘောမတူဘဲ သူ့ကျင့်ကြံမှုကို လောင်ကျွမ်းပြီး ထွက်ပြေးခဲ့ရတယ် ...
... ဂိုဏ်းကို ပြန်ရောက်လာတဲ့အခါ ငါ့ဆရာမှာ ပြင်းထန်တဲ့ ဒဏ်ရာတွေကြောင့် သေလုမျောပါး ဖြစ်နေပါပြီ။ ”
ဤနေရာအရောက်တွင် မျက်မမြင်အဘိုးအို၏ မျက်နှာသည် နာကြည်းမှု များဖြင့် ပြည့်နှက်လာခဲ့သည်။
“ ငါတို့အမျိုးအနွယ်ကို ဆက်လက် ရှင်သန်စေဖို့အတွက် ဆရာက မသေခင်မှာ ဘိုးဘေးထားရစ်ခဲ့တဲ့ ငရဲကမ္ဘာ နတ်သံသရာ စွမ်းအားကိုသုံးပြီး ငါ့ကိုဝေးရာပို့ပေးခဲ့တယ်
... ဒါပေမယ့် ငရဲကမ္ဘာနတ်သံသရာ စွမ်းအားက ပြင်းထန်လွန်းတော့ ငါ့ခန္ဓာကိုယ်နဲ့ ကျင့်ကြံမှု ပျက်စီးသွားရတယ် ...
... အခု ငါ့ယန်ဝိညာဉ်သုံးပါးနဲ့ ယင်ဝိညာဉ်ခုနစ်ပါးလုံး ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ ... နောက်ဆုံးတော့ ငါ့မှာ ယင်နဲ့ယန် ဝိညာဉ်တစ်ပါးဆီပဲ ကျန်တော့မယ် ... မသေခင် ဒီတစ္ဆေဈေးငယ်လေးမှာ သရဲတစ္ဆေအဖြစ် ဟန်ဆောင်ပြီးနေထိုင်နေခဲ့ရတယ် ...
... တစ်နေ့မှာ ငါ့မျိုးရိုးအမွေကို ဆက်ခံနိုင်မဲ့လူမျိုး တစ်ယောက်လောက်သာ တွေ့ရင် ငါသေနိုင်နေပါပြီ။ ”
ထိုစကားကို ပြောပြီးနောက် မျက်မမြင်အဘိုးအိုခမျာ အထီးကျန်သွား၏။ သည်ကိစ္စက သူ့စိတ်ထဲ စွဲနေသည်မှာ အတော်ကြာပြီဖြစ်သည်။
ဤတိုက်ကြီးတွင် မည်သူမျှ သူ့ကို ခေါင်းတလားထမ်းသူမျိုးရိုးမှ ဆင်းသက်လာသူ အဖြစ် အသိအမှတ် မပြုနိုင်ကြချေ။ စုရီက မျက်မှောင်ကြုတ်လျက်၊
“ ပင်းမိုက ... မင်းရဲ့ဘိုးဘေးကို ဘာလို့ရှာနေတာလဲ။ ”
-ဟု မေးမြန်းလိုက်သည်။
မျက်မမြင်အဘိုးအိုက ခေါင်းခါပြပြီး၊
“ အဲဒီတုန်းက အရေးတကြီးပါပဲ ငါ့ဆရာလဲ ငါ့ကိုအများကြီးရှင်းပြဖို့ အချိန် မရှိခဲ့ဘူး ... ငါ့ကို ငရဲကမ္ဘာကနေ ချက်ချင်းလွှတ်လိုက်တာ ... ပင်းမိုက ဘယ်သူလဲ၊ ဘာကြောင့် ဒီလိုလုပ်တာလဲ ငါမသိဘူး။ ”
စုရီမှ နှုတ်ဆိတ်သွား၏။ လွန်ခဲ့သော နှစ်ပေါင်းငါးရာတွင် သူသည် ပြန်၍မွေးဖွားရန် ပြင်ဆင်နေခဲ့ချိန်ဖြစ်သည်။
ထိုနှစ်တွင်ပင် ပင်းမိုသည် မြေအောက်ကမ္ဘာသို့ ဝင်ကာ သရဲအိုကြီးကို ရှာခဲ့၏။ ယင်းသည် သူ့ကို ရှာဖွေရန် ဖြစ်နိုင်ခြေအရှိဆုံးပေပင်။
ထိုစဉ်အချိန်က သူ့ခန္ဓာကိုယ်နှင့် ငရဲဘုံကိုးပါးဓားသည် ပျောက်ကွယ်သွားသဖြင့် ပင်းမိုမှ သံသယဝင်ခဲ့ပုံရလေသည်။
ဤနည်းဖြင့် ခေါင်းတလားထမ်း သရဲအိုကြီးကိုရှာဖွေကာ ပြန်လည်မွေးဖွားခြင်း အကြောင်း မေးမြန်းရန် ဖြစ်နိုင်သည်။
ထိုအတွေးကြောင့် စုရီ၏ မျက်လုံးအိမ်များအတွင်း အေးစက်နက်နဲသော ဆန္ဒတစ်ခု အမြစ်တွယ်လာတော့၏။
( ပင်းမို ... ။ )
***