← Chapters

အင်မော်တယ်တွေက ပုရွက်ဆိတ်ကို မသတ်ဘူး။

Vol. 31 Ch. 364

အင်မော်တယ်တွေက ပုရွက်ဆိတ်ကို မသတ်ဘူး။

Vol. 31 Ch. 364

ယွီရှန်လင်၏ သက်ပြင်းချသံကြောင့် ယွမ်ဟမ်၊ လင်းယွင်ဟဲနှင့် အခြားသူများသည် အနည်းငယ် ရယ်ချင်သွားသည် ။

ဤလူသည် တစ္ဆေမြို့သည် မရဏတံခါးဂိုဏ်း၏ နယ်မြေဖြစ်သောကြောင့် သူ လုပ်ချင်တာမှန်သမျှ လုပ်နိုင်မည်ဟု ထင်နေပုံရ၏။

သူက လင်းယွန်ဟဲကို ကြည့်ပြီး၊

“ ငါက တိုက်ပွဲတွေ မဖြစ်ချင်ဘူး တာအိုမိတ်ဆွေ … မင်းဒီမှာသွေးချောင်းစီးတာ မြင်ချင်နေတာ သေချာလား။ ”

-ဟု မေးမြန်းလာသည်။

လင်းယွင်ဟဲမှ ပြန်မဖြေဘဲ စုရီထံ လှမ်းကြည့်သည်။ စုရီက ကြိမ်ကုလားထိုင်ကို ထုတ်ယူပြီး အနားနေပြီဖြစ်၏။

ထိုမြင်ကွင်းကြောင့် ချင်းယာမှ သဘောကျစွာ ရယ်လေသည်။ အစ်ကိုစုသည် မည်သို့ မောက်မာရမည်ကို တကယ်သိချေပြီ။

“ ကောင်းတယ် ... အရမ်းကောင်းတယ်။ ”

ယွီရှန်လင်တစ်ယောက် အရှက်ခွဲ ခံလိုက်ရသကဲ့သို့ နာကျင်သွားပြီး အကြည့်များ အေးစက်လာတော့သည်။

“ မင်းလောက် အသက်နဲ့သေခြင်းကို နားမလည်နိုင်တဲ့ လူမျိုးကို ... ငါဘယ်တုန်းကမှ မမြင်ဖူးဘူး။ ”

ဤအဖွဲ့တွင် ထိုကလေးသည် သူ့ကို အရှက်ခွဲရန် အကြိုးစားဆုံးဖြစ်၏။ ထို့ကြောင့် သတ်ဖြတ်ခြင်းဆန္ဒကို ထုတ်ဖော်ကာ ကြိမ်းမောင်းလိုက်သည်။

စုရီက ကြိမ်ကုလားထိုင်ပေါ်မှနေ၍ အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြန်ကြည့် လိုက်သည်။ မျက်မမြင်အဘိုးအိုမှ ရုတ်တရက် ပြုံးလိုက်ပြီး၊

“ တန်ခိုးရှင်တွေက ပုရွက်ဆိတ်တွေကို မသတ်ဘူး ... သူရဲကောင်းရဲ့ဓားက ခွေးသတ်ဖို့ မဟုတ်ဘူး ... သခင်လေး ဒီအမှိုက်ကို သေတဲ့အထိ ရိုက်သတ်ခွင့်ပြုပါ။ ”

-ဟု တောင်းဆိုလိုက်၏။

“ ကောင်းပြီ ... ။ ”

မျက်မှောင်ကြုတ်ထားသော စုရီ၏မျက်ခုံးများ အနည်းငယ် ပြေလျှော့သွားပြီး ခေါင်ညိတ်လိုက်တော့သည်။

ဤမတိုင်မီ မျက်မမြင်အဘိုးအိုသည် စုရီနောက်တွင် ခေါင်းငုံ့ပြီးတစ်ချိန်လုံးရိုသေစွာ ရပ်နေသဖြင့် ယွီရှန်လင်းမှ သတိမထားမိခဲ့ချေ။

ယခုကဲ့သို့ ဝင့်ကြွားစွာ ထွက်လာချိန်၌ ဒေါသဖြင့် ပြန်ကြည့်ကာ ချက်ချင်း မျက်လုံးပြူး သွား၏။

“ မင်း ... မင်းက တစ္ဆေစျေးထဲက မျက်မမြင်အဘိုးကြီးလား။ ”

မျက်မမြင်အဘိုးအိုက မျက်ကွင်းဟောက်ပက်ဖြင့် ယွီရှန်လင်ထံ ပြန်ကြည့်ကာ၊

“ မင်း ... ငါ့ကို မှတ်မိနေတဲ့အတွက် အခွင့်အရေးပေးမယ် ... မင်းဘယ်လို သေချင်လဲ ပြောပါ။ ”

-ဟု တုန့်ပြန်လိုက်သည်။

ယွီရှန်လင်တစ်ယောက် အေးစက်သော ချွေးများဖြင့် မျက်နှာပြောင်းသွား၏။ ဒေါသနှင့် သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များ ပျောက်ကွယ် သွားကာ သူ့တစ်ကိုယ်လုံး တုန်ရင်လာသည်။

မရဏတံခါးဂိုဏ်းမှ အကြီးအကဲ တစ်ယောက်အနေဖြင့် မျက်မမြင်အဘိုးအို၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် ထိတ်လန့်ဖွယ်ရာ ခွန်အားကို နားလည်ထားသည်။

လက်ရှိတစ္ဆေမြို့တော် မရဏတံခါး ဂိုဏ်းချုပ်သည်ပင် ဤမျက်မမြင်အဘိုးကြီးနှင့် လုံးဝပတ်သက်ခြင်း မပြုရန် အကြိမ်ကြိမ် သတိပေးခဲ့၏။

ယခုမူ ထိုတားမြစ်ပုဂ္ဂိုလ်သည် လူငယ်တစ်ယောက်ထံ၌ ကျွန်ကဲ့သို့ မျက်နှာလို မျက်နှာရ လုပ်နေသည်။ ထို့ကြောင့် အသက်ပြင်းပြင်းရှူကာ၊

“ စီနီယာ၊ ဒါက နားလည်မှု လွဲနေတာလို့ ထင်ပါတယ် ... ငါ ။ ”

“ ဖြန်း ... ။ ”

စကားမဆုံးခင် မျက်မမြင်အဘိုးကြီးက ပါးရိုက်ချလိုက်၏။ တစ်ချက် ရိုက်ချလိုက်ရုံဖြင့် ကြယ်စုစည်းခြင်းအဆင့် ကျွမ်းကျင်သူသည် ယင်ကောင်ကဲ့သို့ မြေပြင်ပေါ် လွင့်ကျသွားလေသည်။

ကျောက်တုံးများ အက်ကွဲကာ လေထုအလယ် အခိုးအငွေ့နှင့် ဖုန်မှုန့်များစွာ ထောင်းထောင်းထသွား၏။

“ ငါ ... ။ ”

“ ဖြန်း ... ။ ”

“ မင်းကို ဝန်ခံခိုင်းနေတာ မဟုတ်ဘူး သေဖို့နည်းလမ်းကို ရွေးခွင့်ပေးနေတာ။ ”

အဆုံးတွင် မျက်မမြင် အဘိုးအိုသည် ဒေါသထွက်လာ၏။ ယွီရှန်လင်တစ်ယောက် ထိတ်လန့်စွာဖြင့်၊

“ စီနီယာ ... ငါက မရဏဂိုဏ်းရဲ့ သန့်ရှင်းသောသားတော်နင်ဖုန်း အမိန့်အတိုင်း လုပ်ဆောင်နေရတာပါ ... ငါ့ကို ... ။ ”

“ ခရစ် ... ။ ”

စကားမဆုံးခင် မျက်မမြင်အဘိုးအိုက ယွီရှန်လင်လည်ပင်းကို ခြေဖြင့် နင်းချိုးပစ်လိုက် လေသည်။ တစ်ချက်တည်းဖြင့် စိတ်ဝိညာဉ်ပင် ကွဲအက်သေဆုံးသွားခဲ့၏။

“ သူတို့က ပုရွက်ဆိတ်တွေလိုပဲ အသက်ရှင်ခွင့်ရှိလား ... မရှိဘူးလား မသိဘဲ ခုန်ပေါက် အော်ဟစ်နေကြတယ် ... ထွီ။ ”

မျက်မမြင်အဘိုးအိုက အထင်အမြင် သေးစွာဖြင့် တံတွေးများထွေးလိုက်လေသည်။ ယွမ်ဟမ်၊ ပိုင်ဝမ်ချင်းနှင့် လင်းယွင်ဟဲမှာ ထိတ်လန့်သွား၏။

ကြယ်စုစည်းအဆင့် ကျွမ်းကျင်သူကို ခြေတစ်ဖက်တည်းဖြင့် နင်းသတ်ပစ်လိုက်သည့် မြင်ကွင်းမျိုး မမေ့နိုင်တော့ချေ။

“ အကြီးအကဲယွီ ... ။ ”

ထိုအချိန်တွင် ခြံတံခါးကို အပြင်ဘက်မှ တွန်းဖွင့်ကာ လူအချို့ ပြေးဝင်လာလေသည်။ ဤသည်မှာ အပြင်တွင် စောင့်ရန်ထားခဲ့သော ယွီရှန်လင်၏ အဖော်များဖြစ်ချေ၏။

၎င်းတို့က မြေပြင်ပေါ်တွင် သေဆုံးနေသော ယွီရှန်လင်အလောင်းကို ကြည့်ကာ မျက်နှာများ သိသိသာသာ ပြောင်းလဲသွားပြီး တုန်လှုပ် ခြောက်ခြားသွားကြ၏။

“ နောက်ထပ် လူတစ်စုက သေဖို့ရောက်လာပြီ။ ”

မျက်မမြင်အဖိုးအိုစကားကြောင့် စုရီမှ ခေါင်းရမ်းကာ၊

“ ဒီနည်းလမ်းက ရက်စက်လွန်းတယ် ဒီလုပ်ရပ်မှာ သန့်ရှင်းသော သားတော်ကသာ တာဝန်ရှိတယ် ကျိုးဆက်ကို သူ ခံရမယ်။ ”

-ဟု ပြောကြားလိုက်သည်။

သို့မှသာ မျက်မမြင် အဘိုးအိုက ခေါင်းငုံ့လျက် နောက်ဆုတ်လိုက်ပြီး၊

“ သခင်လေးရဲ့ ကျေးဇူးတော်ကြောင့် ... ဘာလုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာ ငါ နားလည်ပါပြီ ... အခုလို ယုတ်ညံ့တဲ့ ငါ့ရဲ့ ... အပြုအမူအတွက် တောင်းပန်ပါတယ်။ ”

-ဟု ချက်ချင်း တောင်းပန်လေသည်။

ဤတစ်ကြိမ်၌ စုရီပင် အံ့အားသင့် သွားသည်။ ခေါင်းတလားထမ်း သူရဲအိုကြီးတွင် ဤမျှ မျက်နှာကြည့် ချော့မော့တတ်သော တပည့်တစ်ယောက် ရှိနေသည်မှာ မယုံနိုင်စရာပေပင်။

“ ဒါ ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

ရုတ်တရက် ကြောက်လန့်တကြား အော်ဟစ်သံနှင့်အတူ အမျိုးသမီးတစ်ယောက် မှင်သပ်သွားသည်။

ဤသည်မှာ ဓားပျံခန်းမ၏ အကြီးအကဲဖြစ်သော လျန်လန့်ယွဲ့ဖြစ်ချေ၏။ စုရီက သူမကို ချက်ချင်းမှတ်မိသော်လည်း စကားမဆိုခဲ့ချေ။

အမျိုးသမီးက လူတိုင်းအပေါ် လျစ်လျူရှုလျက် မြေပြင်ပေါ်တွင် ဒူးထောက်ချ လိုက်သည်။

“ ကျေးဇူးပြုပြီး ငါ့အသက်ကို နှမြောပါ သခင်လေး ... ငါမသိခဲ့ပါဘူး ... ခွင့်လွှတ်ပါ ... ခွင့်လွှတ်ပေးပါ။ ”

ထိုမြင်ကွင်းကြောင့် သူမဘေးနားရှိ လူတစ်စုသည် တစ်စုံတစ်ရာ မှားယွင်းနေပြီဟု သိရှိလိုက်သည်။

“ မင်းက သန့်ရှင်းသော သားတော်ရဲ့ အစေခံပဲလား။ ”

စုရီမှ မေးမြန်းလိုက်သည်။

“ သခင်လေး ... ငါက မရဏတံခါး ဂိုဏ်းဝင်တစ်ယောက်ပါ ... လွန်ခဲ့တဲ့ နှစ်တွေမှ ဓားပျံခန်းမကို ဝင်ရောက်ခဲ့တာပါ။ ”

လျန်လန်ယွဲ့မှ ချက်ချင်း ရှင်းပြသည်။

“ အကြီးအကဲလျန့် ... မင်းဘာလို့ ဒူးထောက်နေတာလဲ ... ဒီကောင်လေးက ဘယ်သူလဲ။ ”

သူမဘေးရှိ လူကြီးတစ်ဦးမှ သည်းမခံနိုင်တော့ဘဲ မေးမြန်းလာလေသည်။ လျန်လန်ယွဲ့မှ ကူကယ်ရာမဲ့သော အသွင်ဖြင့်၊

“ အားလုံးပဲ၊ ဒါ သခင်လေးစုရီပါ။ ”

-ဟု မိတ်ဆက်ပေးလိုက်တော့၏။

သို့မှသာ မရဏတံခါးဂိုဏ်း၏ အကြီးအကဲများအားလုံး မိုးကြိုးပစ်ခံလိုက်ရ သကဲ့သို့ တုန်ရင်ကုန်သည်။ လူတိုင်း ချက်ချင်း ဒူးထောက်လိုက်ကြ၏။

“ ..... ။ ”

ထိုမြင်ကွင်းကြောင့် စုရီက အနည်းငယ် ငြီးငွေ့သွားကာ စိတ်ဝင်စားမှု ပျောက်ဆုံးသွား တော့သည်။ သူက လက်ကိုဝှေ့ယမ်းပြီး လူတိုင်းကို ထွက်ခွာစေလိုက်၏။

“ ဒါ ... ။ ”

“ ငါ့တို့ကို မသတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး။ ”

လျန်လန်ယွဲ့က စိတ်လှုပ်ရှားစွာဖြင့် ကန်တော့ပြီး ချက်ချင်း ထွက်ခွာတော့သည်။ လူအုပ်ကြီးသည် သူမနောက် အပြေးအလွှား လိုက်ပါသွား၏။

သို့သော် အနည်းငယ် အံ့သြစရာပေပင်။ သူတို့အပေါ် ဤသို့ လွယ်လွယ်လွှတ်ပေးလိုက် သည်မှာ အဓိပ္ပါယ် မရှိလှချေ။

***

ခမ်းနားထည်ဝါသော နန်းတော်အတွင်း၌ ဝတ်လုံနီလူငယ်လေးသည် အရက်သောက်ပြီး အချိန်ကို တွက်ချက်နေ၏။

များမကြာမီ ဝိညာဉ်မြို့တော်တွင် ရက်အနည်းငယ်အတွင်း လေလံပွဲကြီးတစ်ပွဲ ကျင်းပတော့မည်ဖြစ်၏။

ထိုပွဲတွင် လွန်ခဲ့သော နှစ်ပေါင်း (၃၀၀၀၀)ကျော်မှ ရတနာများ ပေါ်ထွက်မည်ဟု ကောလဟာလများ ထွက်ပေါ်နေသည်။

“ သန့်ရှင်းသောသားတော် မကောင်းတော့ဘူး။ ”

ရုတ်​တရက်​ ကျယ်​ကျယ်​​လောင်​​လောင်​ အသံများနှင့် လူအုပ်ကြီး ပြေးဝင်လာကြသည်။ ဝတ်လုံနီလူငယ်က မျက်မှောင်ကြုတ်ကာ

“ ဘာဖြစ်လာတာလဲ။ ”

- ဟု ပြန်မေး၏။

“ သန့်ရှင်းသောသားတော် ... ငါတို့ စုရီနဲ့ဆုံခဲ့တယ်။ ”

လျန်လန်ယွဲ့မှ အသက်ပြင်းပြင်းရှူပြီး ဖြစ်ပျက်ခဲ့သမျှသော အကြောင်းအရာများကို ပြန်ပြောင်းပြောပြလိုက်၏။

ထိုစကားကို ကြားပြီးနောက် ဝတ်ရုံနီလူငယ်၏ အမူအရာမှာ အနည်းငယ် ရှုပ်ထွေးသွား၏။

ခဏအကြာတွင် ရယ်မောလိုက်ပြီး၊

“ ဟားဟားဟား ... စိတ်ဝင်စားဖို့ ကောင်းလိုက်တာ ... ငါအရင်က ခံစားမိခဲ့တဲ့ ဝိညာဉ်ပိုင်ရှင်က စုရီကိုး ... ။ ”

“ သန့်ရှင်းသော သားတော် ... ငါတို့ ဘာလုပ်သင့်လဲ။ ”

လူတချို့က မေးမြန်းလိုက်၏။ ဝတ်လုံနီလူငယ်မှ ၎င်းတို့ထံ ကြည့်လိုက်ပြီး၊

“ အကြီးအကဲ ယွီရှန်လင်ကို သတ်ပြီး ... မင်းတို့ကိုတော့ ဘာလို့ ပြန်လွှတ်ပေးလိုက်တာ ထင်လဲ။ ”

-ဟု မေးမြန်းလိုက်သည်။

“ ဒါ ... ။ ”

လူတိုင်း ပြန်မဖြေနိုင်ချေ။ အလားတူပင် သူတို့သည်လည်း ထိုအဖြေကို သိချင်နေခဲ့သည်။ ထိုစဉ် ဝတ်လုံနီလူငယ်က ထိုင်ရာမှထရပ်ကာ အခန်းဝသို့ မော့ကြည့်လိုက်တော့၏။

အစိမ်း၀တ်စုံဖြင့် လူငယ်တစ်ယောက် လက်နှစ်ဖက်နောက်ပို့လျက် ရပ်နေသည်ကို မြင်လိုက်ရသည်။

သူ့နောက်တွင် စုတ်ပြတ်နေသော အဝတ်အစားနှင့် ဆံပင်များ ဖွာလန်ကျဲနေသည့် မျက်ကန်းကြီးတစ်ယောက် ရှိနေ၏။

သန့်ရှင်းသော သားတော်၏ အပြုအမူကြောင့် လျန်လန်ယွဲ့နှင့်အဖွဲ့သည် သံသယဖြင့် ပြန်လှည့်ကြည့်ရာ အခန်းတံခါး အပြင်တွင် စုရီကို မြင်လိုက်ရချေပြီ။

ယခုအချိန်၌ စုရီသည် သူတို့အပေါ် အဘယ့်ကြောင့် လွယ်လွယ်လွှတ်ပေးခဲ့သည်ကို နားလည်လိုက်ပြီဖြစ်၏။

“ ငါတို့တွေ့ပြီ။ ”

၀တ်လုံနီလူငယ်က ခေါင်းညိတ်ပြီး အနည်းငယ်ပြုံးပြလျက် ခန်းမဆောင်အတွင်းမှ လှမ်းထွက်သွားသည်။ ထို့နောက်၊

“ ဝိညာဉ်မြို့တော်ကို မထွက်ခွာမီ မင်းနဲ့ ဆုံတွေ့နိုင်မယ်လို့ မမျှော်လင့်ထားမိဘူး ဒါက ... ငါတို့အတွက် ကံကြမ္မာပဲ မဟုတ်လား။ ”

-ဟု ရင်းနှီးသောအသွင်ဖြင့် ပြောကြားလိုက်တော့၏။

***

All Chapters