← Chapters

မဟာကျိုးမှလာသော ပါရမီရှင်။

Vol. 31 Ch. 367

မဟာကျိုးမှလာသော ပါရမီရှင်။

Vol. 31 Ch. 367

ထိုနေ့တွင် ရတနာသင်္ဘောသည် စုရီနှင့်အဖွဲ့ကို ခေါ်ဆောင်လျက် တစ္ဆေမြို့ငယ်မှ ထွက်ခွာလာခဲ့သည်။

တိမ်ပင်လယ်အတွင်း ဖြတ်သန်းနေစဉ် ဟွာယွင်ရှန်းသည် ဧည့်ခံပွဲဖြင့် ကြိုဆိုတော့၏။

“ အားလုံး ကျေးဇူးပြု၍ ဝင်ပါ။ ”

လူတိုင်း ထိုင်ပြီးချိန်၌ အဖွဲ့ထဲရှိ အမျိုးသမီးတစ်ယောက်က ချက်ချင်းထရပ်ကာ၊

“ စီနီယာ အစ်ကို၊ ငါ့အခန်းကို အရင်ပြန်နှင့်မယ်။ ”

-ဟု ပြောကြားပြီး ထွက်ခွာသွားသည်။

ထိုအမျိုးသမီးသည် အသက် ဆယ့်ရှစ်နှစ်ခန့်ရှိပြီး ဆံပင်များကို မြင့်မြင့် ချည်ထား၏။

အနက်ရောင် ဘောင်းဘီရှည်ကို ၀တ်ဆင်ထားပြီး စိတ်နေစိတ်ထားမှာ အေးစက် နေသည်။ အမည်မှာ ယွီယွီဖြစ်သည်။

တိမ်လွှာကောင်းကင်နန်းတော်၏ အတွင်းတပည့်ဖြစ်ပြီး မူလနန်းတော်နှောင်းပိုင်း အဆင့်သို့ ရောက်ရှိနေ၏။

“ ဂျူနီယာ ညီမလေးယွီ ဘာဖြစ်သွားတာလဲ။”

သူမ ထွက်သွားပြီးနောက် ငွေရောင်ဝတ်ထားသည့် လူငယ်တစ်ဦးက ပြုံးလျက်၊

“ ညီမလေးယွီက နတ်ဆိုးတွေကို အမုန်းဆုံးဆိုတာကို အစ်ကိုဟွာ မေ့သွားပြီလား ဒီလိုနတ်ဆိုးကျင့်ကြံသူ နှစ်ယောက်နဲ့ သူ ဘယ်လိုလုပ် သောက်နိုင်မှာလဲ။ ”

-ဟု ပြန်လည် ဖြေကြားလာ၏။

သူ့အမည်မှာ ချမ်တျန်လုံဖြစ်ပြီး တိမ်လွှာကောင်းကင်နန်းတော်၏ အတွင်း တပည့်ဖြစ်သည်။

အတွင်းပိုင်းသန့်စင်ခြင်း အလယ်အလတ် အဆင့်ဖြစ်၏။ စကားပြောနေစဉ် ယွမ်ဟမ်နှင့် ပိုင်ဝမ်ချင်းထံ ကြည့်သွားသေးသည်။

ယွမ်ဟမ်နှင့် ပိုင်ဝမ်ချင်းခမျာ မျက်နှာများ အနည်းငယ် ပြောင်းသွားပြီးနောက် ရှက်စိတ်နှင့် ဒေါသများ ဖြစ်ပေါ်လာ၏။

“ အများကြီး မတွေးပါနဲ့ ... ဂျူနီယာညီမလေးယွီက ဒီလိုပါပဲ နည်းနည်း မာနကြီးပေမယ့် ... မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ ”

ချမ်တျန်လုံကပင် ပြုံးပြုံးရွှင်ရွှင်နှင့် ထပ်ပြောလာ၏။ သို့သော် လင်းယွင်ဟဲသည် မျက်မှောင်ကြုတ် လိုက်မိသည်။ ချင်းယာမှ မကျေမနပ် ဖြစ်သွား၏။

အငွေ့အသက် အနည်းငယ် ပြောင်းသွားသည်ကို မြင်လိုက်ရသဖြင့် ဟွာယွင်ရှန်းက ပြုံးကာ၊

“ လာ၊ သောက်ရအောင်။ ”

-ဟု စကားလမ်းကြောင်း ပြောင်းလိုက်သည်။

စုရီက ဂရုမစိုက်ချေ။ ဤအရာသည် အသေးအဖွဲကိစ္စမျှသာဖြစ်ပြီး သူ့အာရုံစိုက်ရန် ပျင်းစရာကောင်းချေပြီ။

ဂိုဏ်းကြီးများရှိ တပည့်များသည် သူတို့ကိုယ်သူတို့ အခြားသူများထက် သာလွန် နေသည်ဟု မာန်မာန အနည်းနှင့်အများ ရှိနေကြသည်။

ဆိုးသည်ဟု မဆိုသာသော်လည်း မကောင်းလှချေ။ ထို့နောက် ဟွာယွင်ရှန်းနှင့် အဖွဲ့သည် မရည်ရွယ်ဘဲ လျစ်လျူရှုထားသည့် ဟန်ဖြင့် ဆက်ဆံလာတော့သည်။

ထိုမြင်ကွင်းက လင်းယွင်ဟဲကို အနည်းငယ်အပြစ်ရှိသလို ခံစားရစေခဲ့ပြီး သက်ပြင်းသာချလိုက်မိ၏။

တိမ်လွှာကောင်းကင် နန်းတော်သည် မဟာရှတွင် ထိပ်တန်းဂိုဏ်းကြီး လေးဂိုဏ်း အဆင့်ဝင်၏။

သူတို့၏ အတွင်းတပည့်များအနေဖြင့် ဂုဏ်ယူဖွယ်ကောင်းကာ ကောင်းကင်ပြည်နယ် အတွင်း အင်အားစုတိုင်းမှ ယဉ်ကျေးစွာ ဆက်ဆံရပေမည်။

သို့သော် ဤလူငယ်များ လျစ်လျူရှုထားသည့် စုရီဟူသည် မည်မျှ ကြောက်စရာကောင်းပြီး အစွမ်းထက်သည်ကို မသိကြချေ။

“ တာအိုစု ငါ မင်းအတွက် တစ်ခွက်သောက်ပေးမယ်။ ”

အတွေးများစွာဖြင့် လင်းယွင်ဟဲက စုရီကိုလှည့်ကြည့်ကာ ဝိုင်ခွက်ကို မြှောက်ပြ လိုက်သည်။

“ အစ်ကိုစု ငါလည်း အတူတူပဲ။ ”

ချင်းယာသည်လည်း စုရီထံလှည့်ကြည့်ပြီး တစ်ခွက်သောက်ပြသည်။ စုရီမှ ခေါင်းညိတ်ကာ တစ်ခွက် ပြန်၍သောက်ပြလိုက်၏။

ထိုမြင်ကွင်းကြောင့် ချမ်တျန်လုံက စုရီကိုလှမ်းကြည့်ကာ၊

“ တာအိုမိတ်ဆွေ မင်းဘယ်ကလာလဲ ... ဆရာ ဘယ်သူလဲ။ ”

-ဟု စူးစမ်းလေသည်။

“ ဂိုဏ်းမရှိ ... ၊ ဆရာ မရှိ ... ။ ”

“ ဟမ့် ... ။ ”

စုရီအဖြေကြောင့် ချမ်တျန်လုံခမျာ မျက်ခုံးပင့်သွားတော့သည်။ လင်းယွင်ဟဲက ပြုံးလျက်၊

“ တာအိုစုကို ... လျှော့မတွက်နဲ့၊ သူ့ရဲ့တာအိုက နားမလည်နိုင်အောင် ဖြစ်နေပြီး သာမန်လူတွေ လက်လှမ်းမမီနိုင်ဘူး။ ”

-ဟု မိတ်ဆက်ပေး၏။

“ အိုး ... ဟုတ်တာပေါ့ ... ဒီတာအိုမိတ်ဆွေလို လေလွင့်ကျင့်ကြံသူ တစ်ယောက်က ငယ်ငယ်ရွယ်ရွယ်နဲ့ မူလတာအို နယ်ပယ်ကို ရောက်နေတယ်ဆိုတာ ...

... ထိပ်တန်း ဂိုဏ်းကြီးတွေက အတွင်းတပည့်တွေနဲ့ မယှဉ်နိုင်သေးပေမယ့် တော်တော့်ကို ကောင်းမွန်နေပါပြီ။ ”

သူ့စကားတွင် အထင်သေးရှုံ့ချဖွယ် အရိပ်အမြွက်များ ပါရှိနေသည်။ သို့တိုင် စုရီက တုန့်ပြန်ခြင်း မပြုချေ။

“ မိန်းကလေးချင်း ငါတို့ဂိုဏ်းကနေ ထွက်မလာခင်တုန်းက ... မင်းကို ဂိုဏ်းကနေ လက်ခံဖို့ ... အစ်မဝမ် တောင်းဆိုထားတယ် ဒါဆို ငါတို့က တပည့်တွေ ဖြစ်နေပါပြီ။ ”

“ အိုး ... ဟုတ်လား ... ဒါဆိုရင်တော့ ဒီကိစ္စကို ငါအလေးအနက်ထား စဉ်းစားရမယ်။ ”

ချင်းယာက စိတ်မဝင်စားဘဲ ပြန်ပြော၏။ ဤလူငယ်များ၏ သဘောထားကြောင့် သူမကို ချီတုံချတုံ ဖြစ်လာစေသည်။

“ ဟားဟားဟား၊ မင်း ဒီကိစ္စအတွက် စိတ်ပူနေစရာ မလိုပါဘူး ဂိုဏ်းမှာ အစ်မဝမ်ရဲ့ အဆင့်အတန်းက အမြင့်ဆုံးမို့ ... သူမစကား တစ်ခွန်းပဲ လိုပါတယ်။ ”

စွင်းဖုန်းဟူသော လူငယ်မှ ပြုံးကာ ပြောလာသည်။ သူသည် နားလည်မှုလွဲခဲ့ပြီး ချင်းယာတစ်ယောက် ဂိုဏ်းသို့ဝင်ရောက်ရန် စိတ်ပူနေပုံရသည်ဟု မြင်သွား၏။

“ ဒေါ်လေးဆရာက ဂိုဏ်းမှာ အဆင့်အတန်းမြင့်တာလား။ ”

“ ဟားဟားဟား ... အစ်မဝမ်က ငါတို့ဂိုဏ်းရဲ့ အတွင်းတပည့်ပြိုင်ပွဲမှာ အနိုင်ရ ခဲ့တယ် မကြာခင် အတွင်းအကြီးအကဲအဖြစ် ခန့်အပ်ဖို့ စီစဉ်ထားကြတယ် ... ဒါပေမယ့် အစ်မဝမ်က ကျင့်ကြံမှုကို အာရုံစိုက်ချင် နေတာကြောင့် ငြင်းဆိုခဲ့ပါတယ်။ ”

လင်းယွင်ဟဲက ပြုံးရွှင်သွားသည်။ မဟာရှရှိထိပ်တန်း ဂိုဏ်းကြီးတစ်ဂိုဏ်းအနေနှင့် ဂိုဏ်းအတွင်း မရေမတွက်နိုင်သော အရည်အချင်းရှိသူများရှိ၏။

ဝမ်ရှင်းကျောက်သည် လူတိုင်းကို အနိုင်ယူပြီး အတွင်းတပည့် ပထမနေရာအပေါ် ရယူသွားနိုင်သည်မှာ ဂုဏ်ယူစရာပေပင်။

“ အစ်ကိုစု၊ ငါ့မျက်လုံးထဲမှာ မင်းလည်း ငါ့ဒေါ်လေးဆရာထက် မနိမ့်ကျတဲ့ ပါရမီရှင်ပဲ။ ”

ချင်းယာက ပြုံးပြီး လှည့်ပြောသည်။ ဟွာယွင်ရှန်းနှင့် အဖွဲ့မှ အံ့ဩသွားပြီးနောက် ချက်ချင်း ပြုံးလိုက်ကြသည်။

သူတို့၏အမြင်အရ မဟာရှတွင် ဝမ်ရှင်းကျောက်ထက် ပို၍ ထက်မြက်သော လူငယ်များ မရှိတော့ချေ။

ဂိုဏ်းမရှိ ဆရာ မရှိသော လေလွင့် ကျင့်ကြံသူတစ်ဦးသည် ဝမ်ရှင်းကျောက်ကို ယှဉ်နိုင်သည်မှာ ရယ်စရာပေပင်။

“ မိန်းကလေးချင်းယာ ... နောင်မှာ ဒီအကြောင်းကို တခြားသူတွေနဲ့ မပြောပါနဲ့ မဟုတ်ရင် ... မင်းကို လှောင်ပြောင်ကြမှာ ကြောက်မိတယ်။ ”

စွင်းဖုန်းက ဖော်ရွေသော ပုံစံဖြင့် သတိပေးသည်။ ဟွာယွင်ရှန်းမှ တစ်စုံတစ်ရာကို သတိရသွားပြီး၊

“ အဲဒီအကြောင်းပြောရရင် ... မကြာသေးမီက ယွီရှစ်ချန်လို့ခေါ်တဲ့ ရင်သပ် ရှုမောဖွယ် အလှတစ်ပါး ပေါ်လာခဲ့တယ် ...

... ဒီအမျိုးသမီးက ချင်းရီတာအိုဂိုဏ်းရဲ့ အတွင်းတပည့်ဖြစ်တဲ့ လောဟန်ချွမ်ကိုတောင် အနိုင်ယူသွားတယ် ...

... ဒါကြောင့် တိုက်ပွဲအပြီးမှာ သူမရဲ့ အရည်အချင်းကို လူတိုင်းအံ့အားသင့်ကုန်ပြီး ကောင်းကင်ဓားဂိုဏ်းရဲ့ ဘိုးဘေးက တပည့်အဖြစ် ခေါ်ယူပြီး ဂိုဏ်းချုပ်ရာထူးနဲ့ ကမ်းလှမ်းခဲ့တယ် ...

... ဒါပေမယ့် ... အငြင်းခံရလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ ဒီအဖြစ်အပျက်ဟာ မဟာရှ အင်အားစုတွေကြားမှာ စကားဝိုင်းဖွဲ့စရာ ဖြစ်လာခဲ့တယ်။ ”

-ဟု ပြောကြားလာသည်။

“ ဟုတ်တယ် ... ၊ ငါလည်း ဒီကိစ္စကို ကြားပြီးပြီ ယွီရှစ်ချန်က အရမ်းလှတယ် သူမရဲ့ ဓားတာအိုကျက်သရေကို တစ်နေ့ မြင်ခွင့်ရချင်သား။ ”

စွင်းဖုန်းမှ ခေါင်းညိတ်ကာ အတည်ပြုပေးလေသည်။

“ ငှက်မွှေးဘုရင် ... ။ ”

ယွမ်ဟမ်က အံ့သြသွားပြီး စုရီကို လှည့်ကြည့်လိုက်သည်။ သူ့အပြုအမူကြောင့် ဟွာယွင်ရှန်နှင့်စွင်းဖုန်းက မျက်ခုံးပင့်လျက် မော့ကြည့်လာတော့၏။

စုရီက အဖြူဝတ်စုံဖြင့် ဓားတစ်လက် ကိုင်ဆောင်ထားသည့် မိန်းကလေးတစ်ဦးကို ပြန်သတိရသွားသည်။

မဟာကျိုး၏ ကျောက်စိမ်းမြို့တော်၌ သစ်ခွခြံဝင်းတာအိုတွေ့ဆုံပွဲသို့ သွားရောက်ရန် သူ့ကို ဖိတ်ခေါ်ခဲ့ဖူးသည်။

မျက်စိတစ်မှိတ်အတွင်း သုံးလ ကုန်လွန်သွား၏။ သုံးလအတွင်း သူမနာမည်ကို မဟာရှ၌ ကောင်းစွာတည်ဆောက်နိုင်ချေပြီ။

ထိုစဉ်က သူမကိုမြင်ချိန် အလွန် ထက်မြက်ပြီး သန်မာသော ဓားသမားတစ်ဦး ဖြစ်မှန်းသိရှိခဲ့သည်။ ထို့ကြောင့် လမ်းပြလိုခဲ့ သော်လည်း ‘စဉ်းစားကြည့်မည်’ဟုသာ တုန့်ပြန်၏။လေးစားဖွယ်ပေပင်။

ထိုအချိန်တွင် ချင်းယာက စုရီကို ပြန်လှည့်ကြည့်နေသော ယွမ်ဟမ်အပေါ် သတိပြုမိသဖြင့်၊

“ အစ်ကိုယွမ် ... ၊ မင်းနဲ့ အစ်ကိုစုက ယွီရှစ်ချန်ကို သိနေတာလား။ ”

-ဟု စူးစမ်းလာခဲ့သည်။ စုရီမှ မကန့်ကွက်သည်ကို မြင်သဖြင့် ယွမ်ဟမ်က ခေါင်းညိတ်ပြလိုက်၏။

“ ဟုတ်တယ် ... သူက ငါတို့လိုပဲ မဟာကျိုးမင်းဆက်ကနေလာတာ မဟာရှကို မလာခင်တည်းက အံ့မခန်းထက်မြက်တဲ့ ငှက်မွှေးဘုရင်ဘွဲ့ကို ရရှိနေပါပြီ။ ”

“ ဟမ့် ... မဟာကျိုးလား။ ”

ဟွာယွင်ရှန်း၊ ချမ်တျန်လုံနှင့် စွင်းဖုန်းတို့သည် အံ့အားသင့်သွားပြီး မဟာကျိုး ဟူသည် မည်သည့်နေရာဖြစ်မည်ကို မှန်းဆနေတော့၏။

အဆုံးတွင် ဟွာယွင်ရှန်းက သက်ပြင်းချလိုက်သည်။ မဟာကျိုးကို ပုံမဖော်နိုင်ခဲ့ချေ။

“ အံ့သြစရာတော့ မရှိတော့ပါဘူး ... မကြာသေးမီနှစ်တွေအတွင်း အမှောင်တားမြစ် စွမ်းအားတွေ ပျောက်ကွယ်လာတဲ့အတွက် ပါရမီရှင်တွေ မိုးပြာတိုက်ကြီးအနှံ့ ထွက်ပေါ်လာကြတယ်။ ”

-ဟုသာ မှတ်ချက်ပေးလိုက်နိုင်သည်။ ချမ်တျန်လုံမှ ခေါင်းညိတ်၏။

“ မှန်တယ် ... ကမ္ဘာခြားဝိညာဉ်တွေနဲ့ ရှေးဟောင်းအမွေတွေ ဆက်ခံတဲ့ သူတွေလည်း ရှိသေးတယ်။ ”

ချင်းယာက မကျေနပ်သေးဘဲ စုရီကို လှည့်ကြည့်ကာ၊

“ အစ်ကိုစု ... ငါသိတာက မဟာကျိုးမှာ မင်းအသန်မာဆုံး မဟုတ်လား။ ”

-ဟု မေးမြန်းလေသည်။

ချင်းယာ၏ ကလေးဆန်သော အတွေးများကြောင့် စုရီမှ မပြုံးဘဲ မနေနိုင်ဘဲ ခေါင်းရမ်းလျက်၊

“ ငါက မဟာကျိုးမှာ အသန်မာဆုံး မဟုတ်ပါဘူး။ ”

-ဟု ပြန်လည် ဖြေကြားလိုက်တော့သည်။

***

All Chapters