← Chapters

ရွှေမီးတောက် နေမင်းဓား ... ။

Vol. 31 Ch. 370

ရွှေမီးတောက် နေမင်းဓား ... ။

Vol. 31 Ch. 370

“ မင်းမှားနေပြီ ... ငါ့ရဲ့အရည်အချင်းနဲ့ တာအိုစုအနား ရပ်ချင်ရင်တောင် အရည်အချင်း မပြည့်မီသေးပါဘူး။ ”

လင်းယွင်ဟဲမှ စိတ်ပျက်လက်ပျက်ဖြင့် ကျန်းယွင်ထောင်မေးခွန်းကို ခေါင်းယမ်းလျက် တုန့်ပြန်လိုက်၏။

“ ငါနားလည်ပြီ တာအိုလင်း ... ၊ တာအိုမိတ်ဆွေ မင်းပြောခဲ့တဲ့ နေရောင်ခြည်နဲ့ ပိုးစုန်းကြူးအလင်းရောင်ကြား ကွာခြားချက်ကို ငါသိချင်ပါတယ်၊ မင်း ငါ့ကို မြင်ခွင့်ပေးပါ။ ”

ထိုစကားကြောင့် ကြိမ်ကုလားထိုင်တွင် လဲလျောင်းနေသော စုရီက မျက်လုံးများဖွင့်ကာ ကျန်းယွင်ထောင်ထံ လှမ်းကြည့်လိုက်၏။

“ မြတ်ဗုဒ္ဓရဲ့ မဟာတန်ခိုးတော်က ရဟန်းဝတ်ခြင်းနဲ့ ဉာဏ်အလင်းပေးနိုင်တယ် ဒါပေမယ့် ငါစုရီကတော့မတူဘူး ကိစ္စတိုင်းကို ငါ့ဓားနဲ့ဆုံးဖြတ်တယ် ...

... ဒီကမ္ဘာကြီးမှာ မင်းလိုလူမိုက်တွေ ဘယ်တော့မှ မကုန်ဆုံးဘူး ကောင်းတဲ့စကားက သေချင်နေတဲ့လူအတွက် အလုပ်မဖြစ်တာ ငါသိတယ်။ ”

ဤကျန်းယွင်ထောင်သည် ကြယ်စုစည်းခြင်း အလယ်အလတ်အဆင့်တွင် ဖြစ်သော်ငြားလည်း သူ့အငွေ့အသက်သည် ထူးခြား၏။

ဥပမာအားဖြင့် သူနှင့်အဆင့်တူ လင်းယွင်ဟဲအပေါ် အလွယ်တကူ ဖိနှိမ်နိုင်မည်။ အကြောင်းမှာ စိတ်ဝိညာဉ်၊ မူလစွမ်းအင်နှင့် ကျင့်ကြံမှုများသည် အလွန်သန့်စင် နေသောကြောင့် ဖြစ်သည်။

၎င်း၏ဒါန်တမ်တွင် စုစည်းထားသော စွမ်းအင်ကြယ်များ အရေအတွက် (၁၀၀၀)ခန့် ရှိနေနိုင်မည်။ ထိုသို့သော အုတ်မြစ်သည် ယနေ့ မိုးပြာတိုက်ကြီး၌ ပထမတန်းစားဖြစ်၏။

ဆိုလိုသည်မှာ စုရီတွေ့ဖူးသမျှ ကြယ်စုစည်းခြင်းအဆင့် ကျွမ်းကျင်သူများတွင် အသန်မာဆုံးဖြစ်သည်။

ကြိမ်ကုလားထိုင်ပေါ်မှ မတ်တပ်ရပ် လိုက်သည်နှင့် စုရီ၏ရောင်ဝါသည် ရုတ်တရက် ပြောင်းလဲသွား၏။

မူလတည်ငြိမ်ပြီး သွယ်လျသော ရုပ်သွင်သည် ကောင်းကင်ပေါ် ထိုးတက်လာ ခဲ့သော ဓားတစ်လက်နှင့်တူသွားသည်။ ကြောက်မက်ဖွယ် ထက်ရှမှုပေပင်။

“ အရမ်းထက်ရှတယ်။ ”

ယွီယွီမှ အံ့သြသွားသည်။ စုရီတဝိုက်တွင် လေဓားများရှိနေသကဲ့သို့ လေဟာနယ် အက်ကွဲ တွန့်ခေါက်မှုန်ဝါးနေချေ၏။

ဤသည်မှာ အတွင်းပိုင်းသန့်စင်ခြင်းမှ တစ်စုံတစ်ယောက်ပိုင်ဆိုင်နိုင်သော ရောင်ဝါမျိုး မဟုတ်ချေ။ မူလနန်းတော် ကျွမ်းကျင်သူများ ထက်ပင် သာလွန်နေသည်။

“ မင်းအရမ်းမာနကြီးတာ မဆန်းပါဘူး မင်းအသက်အရွယ်အရ အတွင်းပိုင်းသန့်စင်ခြင်း အဆင့်နဲ့ ဒီလိုအုတ်မြစ်မျိုး ပိုင်ဆိုင်ထားတာ လေးစားစရာပဲ။ ”

ကျန်းယွင်ထောင်ခမျာ မျက်ဝန်းများ မှေးစင်းသွားလေသည်။ မဟာကျိုးမှ ဤလူငယ် အပေါ် အမှန်တကယ် လျှော့တွက်မိခဲ့၏။

“ ဒါပေမယ့် မင်းငယ်သေးတယ်။ ”

သို့တိုင် ‌ရှေ့တစ်လှမ်းတက်လိုက်၏။ ရွှေရောင်အငွေ့အသက်များ ဖြာထွက်လာပြီး ဖြစ်တည်မှုသည် ကောင်းကင်နှင့်မြေကြီးကြား ပေါင်းစပ်သွားသည်။

သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းလျက် ရစ်ဝဲနေသော တာအိုများသည် ကြယ်ပွင့်များ သဖွယ် တလက်လက် ဖြစ်လာသည်။

ကြယ်စုစည်းခြင်း အဆင့်တွင်၊ မူလနန်းတော်အတွင်း စွမ်းအင်ကြယ်များစွာကို ဖန်တီးရလေသည်။ အရေအတွက် များသည် နှင့်အမျှ အခြေခံအုတ်မြစ်ပိုခိုင်မာ၏။

ထို့ကြောင့် ကြယ်စုစည်းခြင်း အလယ်အလတ်၌ ကြယ်တစ်ထောင်ကျော် စုစည်းနိုင်သည့် ကျန်းယွင်ထောင်သည် ပါရမီရှင်ဖြစ်ချေပြီ။

“ ဒီလက်ချက်က မင်းအတွက် ဘာအကောင်းဆုံးလဲ ဆိုတာ သိစေလိမ့်မယ်။ ”

အေးစက်ပြီး ကျက်သရေရှိသော လေသံမျိုးဖြင့် လက်သီးတစ်လုံး လေကိုခွင်းလာ တော့၏။

ကောင်းကင်တခွင် ရွှေရောင်များ ဖုံးလွှမ်းလာပြီး တာအိုတေးသံများညံကုန်သည်။ ထိုတေးသံသည် လူတိုင်း၏ နှလုံးသားကို ညှို့ငင်ထားစေနိုင်၏။

လင်းယွင်ဟဲကဲ့သို့သော အဆင့်တူ အချင်းချင်းပင် ၎င်းတေးသံမှ ရုန်းထွက်လာနိုင် ချိန်တွင် နောက်ကျသွားမည် ဖြစ်သည်။ ဆိုလိုသည်မှာ လက်သီးဧရိယာအတွင်း မည်သူမဆို မလွတ်မြောက်နိုင်ချေ။

“ ဝှစ် ... ။ ”

သို့သော် စုရီသည် တည်ငြိမ်စွာဖြင့် လက်ဖဝါးကို ဓားတစ်လက်ကဲ့သို့ လေထဲလွှဲခုတ် ချလိုက်သည်။ ရွှေလက်သီးနှင့် နှိုင်းယှဉ်ပါက ဤလက်ဝါးစောင်းသည် ရိုးရှင်းလှ၏။

“ ဝုန်း ... ။ ”

ဓားအလင်းနှင့် ရွှေလက်သီးတို့ တိုက်မိသွားသောအခါ အလွန်ပြင်းထန်လှသော ပေါက်ကွဲမှု ဖြစ်ပေါ်လာသည်။

ထို့နောက် ရွှေလက်သီးပုံသည် ကြေမွကွဲအက်သွားပြီး မိုးအဖြစ် တဖွဲဖွဲရွာကျ လာတော့၏။ ပါးလျလွန်းသဖြင့် မည်သူမျှ သည်းသည်းကွဲကွဲ မမြင်နိုင်သေးချေ။

“ ဘယ်လောက်တောင် ... ကြောက်စရာကောင်းတဲ့ ဓားရည်ရွယ်ချက်လဲ။

လင်းယွင်ဟဲမှ ချီးကျူးစကားဆိုမိသည်။ ဓားအလင်းသည် ရွှေလက်သီးထံ ချိုးဖျက်ပြီး လက်ကျန်စွမ်းအင်သည် မိုးအဖြစ်ရွာကျ နေသည်ကို ဝိုးတဝါးမြင်နိုင်၏။

ကျန်းယွင်ထောင် အမူအရာ အနည်းငယ် ပြောင်းသွားသည်။ ချက်ချင်း ကြယ်တစ်ထောင် အပြည့်အသက်သွင်းကာ တာအိုကျက်သရေဖြင့် ပေါင်းစပ်လိုက်၏။

“ ချိုး ဖြတ် ... ။ ”

အင်္ကျီလက်များ တဖျပ်ဖျပ်ခတ်သွားပြီး ညာလက်သီးသည် တောင်ကြီးတစ်လုံးကဲ့သို့ ရွေ့လျားသွားသည်။

ပြိုးပြက်လင်းလက်နေသော ရွှေလက်သီးစွမ်းအားသည် ကောင်းကင်နှင့် မြေကြီးကြား လေဟာနယ်ကို ပြိုကျစေ၏။

“ ဘန်း ... ။ ”

ရွှေလက်သီးက ဓားအလင်းကို တိုက်ရိုက်ထိမှန်ကာ ပေါက်ကွဲသွားတော့သည်။ ဖြစ်ပေါ်လာသော စွမ်းအင်လှိုင်းများစွာသည် အနီးနားရှိ ကျောက်တောင်အတုများနှင့် သစ်ပင်များကို အမှုန့်ဖြစ်သွားစေ၏။

ရှေးမစွတည်းကပင် လင်းယွင်ဟဲအပါအဝင် လူတိုင်း ပေပေါင်းများစွာ အကွာသို့ ဆုတ်ခွာပြီး ဖြစ်နေသည်မှာ ကံကောင်းသွားသည်။

“ မင်းမဆိုးဘူး ... ငါ့ဓားကို တားဆီးနိုင်လောက်အောင် အရည်အချင်း ရှိတယ် ... ဒါပေမယ့် ဒီလောက်ပါပဲ။ ”

စုရီကပြောပြီးသည်နှင့် လက်တစ်ဖက် နောက်ပို့ခဲ့ကာ ကျန်လက်တစ်ဖက်တည်းဖြင့် ခုတ်ပိုင်းချလိုက်ပြန်သည်။

“ ရွှပ် ... ။ ”

သုံးပေခန့် ရှည်လျားကာ သေးသွယ်သော ဓားတစ်လက် လေထုအလယ် ပျံသန်းသွား၏။ ရောင်ဝါသည် ပတ်ဝန်းကျင်တစ်ခုလုံး ပြည့်နှက် နေတော့သည်။ သူ့လမ်းတွင် ပိတ်ဆို့နေသည့် အရာအားလုံးကို ဖြတ်တောက်သွား၏။

အောင်နိုင်ခြင်းဓားသုတ္တန်၏ တောင်နှင့်မြစ်ကို ပိုင်းဖြတ်ခြင်းဖြစ်သည်။ ယွီယွီခမျာ ခြေဖျားလက်ဖျားများ အေးစက်လာ၏။

ဤဓားသည် သူမနှင့် စုရီကြား မည်မျှကွာဟချက် ကြီးမားနေသည်ကို နားလည် သွားစေသည်။

သူမသည်သာ ရင်ဆိုင်ရမည်ဆိုပါက ခုခံရန်အတွက် စွမ်းအားမရှိတော့ဘဲ သေရန်သာ စောင့်ဆိုင်းနေရနိုင်၏။

တစ်ဖက်တွင် ကျန်းယွင်ထောင် အမူအရာသည် မကြုံစဖူး လေးနက်လာသည်။ သူ အမှားလုပ်မိကြောင်း သဘောပေါက်မိ၏။

ပြိုင်ဘက်သည် အလွန် မာနထောင်လွှားသော်လည်း အမှန်တကယ်ပင် အစွမ်းထက်ချေပြီ။

“ လာခဲ့ ... ။ ”

ချက်ချင်းပင် ရွှေဓားတစ်​လက်ကို ဆင့်ခေါ်လိုက်သည်။ တစ်ပေမျှရှိပြီး ရွှေတာအို ကျက်သရေများ တဖျပ်ဖျပ်ခတ်နေ၏။

တုနှိုင်းမယှဉ်နိုင်သော ပျက်စီးခြင်း အရိပ်အယောင်သည်လည်း ရွှေရောင်ဓါးသွားမှ ဖြာထွက်နေသည်။

“ ရွှေမီးတောက် ဆေဘာဓား။ ”

အနှစ်နှစ်ဆယ်နီးပါး နားလည်ထားသော ရွှေတာအိုနှင့် ကျင့်ကြံမှုတို့ကို ပေါင်းစပ်ထား၏။ ဤစွမ်းအားမျိုးသည် ကြယ်စုစည်းခြင်းအဆင့် ကျွမ့်ကျင်သူများကိုပင် အလွယ်တကူ သတ်ပစ်ရန် လုံလောက်နေသည်။

အကယ်၍သာ ယနေ့တွင် ဤအခြေအနေသို့ အတင်းအကြပ်တွန်းပို့ခြင်းမခံရသော် ဤဓားကို ထုတ်ဖော်ပြသမည် မဟုတ်ချေ။ သူ့အတွက် သတ်ဖြတ်ခြင်း ဝှက်ဖဲပေပင်။

“ သတ် ... ။ ”

ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ဓားရိုးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ကာ လွှဲချတော့၏။ စူးရှသော အလင်းရောင်ကြောင့် လူတိုင်း၏ မျက်လုံးအိမ်များ နာကျင်ကိုက်ခဲလာ သဖြင့် မျက်ဝန်းများ မှိတ်လိုက်ရသည်။

သူတို့အမြင်တွင် စုရီ၏ဓားသည် ဖျက်ဆီးမရနိုင်လောက်အောင် သိပ်သည်းနေပြီး ဆေဘာဓားသည်မူ ကမ္ဘာဖျက်စွမ်းအားကြီး ဖြစ်နေချေ၏။

“ ဝုန်း ... ။ ”

ကြောက်မက်ဖွယ်ကောင်းသော ဓားနှင့် ဆေဘာအလင်းများ မုန်တိုင်းတစ်စင်းကဲ့သို့ ချက်ချင်း ပေါက်ကွဲပျံ့ကားလာခဲ့သည်။

၎င်းသွားရာ လမ်းတစ်လျှောက် ဇရပ်နှင့် အဆောက်အအုံများအားလုံး ပြိုကျသွားလျက် အပျက်အစီးများအဖြစ်သို့ ပြောင်းသွား၏။

တိုက်ပွဲမြေပြင်တစ်ခုလုံး မီးခိုးများနှင့် ဖုန်မှုန့်များ ပြည့်နှက်သွားကာ လေဟာနယ် ပြိုကျနေသဖြင့် လူတိုင်း၏အမြင်အာရုံများ ဝေဝါးနေခဲ့သည်။

“ ဘယ်သူနိုင်လဲ။ ”

ယွီယွီ၏အမြင်တွင် ဤစုရီသည် အစွမ်းထက်လှသော်လည်း ကျန်းယွင်ထောင် နိုင်မည်ဟု ယုံကြည်သည်။

တိမ်လွှာကောင်းကင်နန်းတော်၏ အကြီးအကဲတစ်ဦးအနေဖြင့် ၎င်းခွန်အားသည် သူမအတွက် မပြိုလဲနိုင်သော တောင်ကြီး တစ်လုံးဖြစ်သည်။

လင်းယွင်ဟဲနှင့် ချင်းယာသည်လည်း အလားတူအမြင်မျိုးရှိသည်။ စုရီသည် သန်မာလှ သော်လည်း အနည်းငယ် မသေချာသေးချေ။

လူတိုင်း အတွေးကိုယ်စီဖြင့် တိုက်ပွဲမြေပြင်ထံမှ မျက်နှာများ မလွှဲဝံ့ကြချေ။ ထိုစဉ် လေဟာနယ် ငြိမ်သက်သွားပြီး မြေပြင်၌ ဒူးထောက်နေသည့် ပုံရိပ်ကို ဦးစွာ မြင်လိုက်ရသည်။

အဝတ်အစားများ စုတ်ပြဲလျက် ဆံပင်ရှည်များပွထနေပြီး နှုတ်ခမ်းထောင့်များမှ သွေးများစီးကျကာ ဖြူဖျော့နေသော မျက်နှာဖြင့် ပြန်မော့ကြည့်၏။

တစ်ဖက်လူသည် လက်နှစ်ဖက် နောက်ပို့လျက် လေထုအလယ် အညစ်အကြေး ကင်းစင်စွာ ရပ်နေသည်။

ထိုအသွင်သည် တောက်ပသော နေရောင်ခြည်များခြုံလျက် တန်ခိုးရှင်တစ်ပါး အလား ထင်မှားစေ၏။

ထိုမြင်ကွင်းသည် ကျန်းယွင်ထောင်၏ တိုက်ပွဲဝင်ဆန္ဒများကို ပျက်ပြယ်သွားစေသည်။

“ ဒါ ... ။ ”

ဤလူငယ်သည် လျှို့ဝှက်ဆန်းကြယ်သော ထိုလူများထက်ပင် ပို၍ အစွမ်းထက်နေကြောင်း လက်ခံလိုက်ရချေပြီ။

“ မင်း ... ကြည့်လို့ပြီးပြီလား။ ”

ထိုစဉ် စုရီသည် လူတိုင်းအပေါ် လျစ်လျူရှုလျက် ဦးတည်ရာတစ်ရပ်ထံသို့ မော့ကြည့်လိုက်တော့သည်။

***

All Chapters