ဆုံးဖြတ်ချက်
Vol. 143 Ch. 4.1651
ခပ်လှမ်းလှမ်းမှ လျိုရှန်းလည်း သူ့ရှေ့သို့ ရောက်လာသည်။ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေမယ့် လျိုရှန်းက တုံ့ဆိုင်းနေပြီး တစ်ခုခုကို ဆုံးဖြတ်ရာမှာ အခက်အခဲ ရှိနေတယ်ဆိုတာ သိသာပါ၏။
ဤနေရာတွင် ကောင်းကင်လူသား မျိုးနွယ်၏ ကျောက်ရုပ်များ ရှိသည်။ လျိုရှန်းက ကောင်းကင်လူသား ဖြစ်သောကြောင့် သူမတွင်လည်း သံသယအချို့ ရှိနေနိုင်သည်။ နောက်ဆုံးတော့ ကောင်းကင်လူသား ကျောက်ဆစ်ရုပ်သည် လူသားရုပ်ထု ကျောက်ဆစ်ရုပ်ကို နှိပ်စက်ညှဉ်းပန်းကာ ချိုးဖျက်ပစ်ချင်နေတာပင်။
လုရွှမ် အတတ်နိုင်ဆုံး တောင့်ခံထားသည်။ အနှီ ကျောက်ထွင်းရုပ်ထုရဲ့ စွမ်းအားသည် သေးငယ်သော်လည်း ကြီးမားလာဖို့ အလားအလာ ရှိလေ၏။
ထို့အပြင် သူ့ခန္ဓာကိုယ်မှ သားရဲရောင်ဝါကို ဖယ်ရှားရန် တန်ကြေးများစွာ လိုအပ်ပါသည်။ ယခုအခါ လူသားမျိုးနွယ်၏ ကျောက်ပန်းပုကို အားကိုးပြီး ကောင်းကင်လူသား ကျောက်ရုပ်နှင့် နတ်နဂါ ကျောက်ပန်းပုရုပ်တုကို ယှဉ်ပြိုင်လိုခဲ့သည်။ အခက်အခဲက ကြီးမားလွန်း၏။ ၎င်းက ကောင်းကင်ဘုံ အလိုတော်ကို ဖီဆန်ပြီး ကံကြမ္မာကို ပြောင်းလဲစေချင်သည့် သဘောဖြစ်သည်။
တကယ်တော့ သူက အခု ကံကြမ္မာကို အံတုပြီး သူ့ကံကြမ္မာကိုပါ ပြောင်းလဲနေတာပဲ မဟုတ်ပါလား။
လုရွှမ် ယခင်က ကံကြမ္မာရဲ့ သဘောတရားကို ဘယ်သောအခါမှ မယုံကြည်ခဲ့သလို သူကြိုးစားအားထုတ်နေသရွေ့ သူ့ကံကြမ္မာက ဖြစ်လာလိမ့်မည်ဟုသာ ယုံကြည်ခဲ့သည်။ ကိုယ့်ကံကြမ္မာကို အမှန်တကယ် တိုက်ချင်တယ်ဆိုရင်တော့ ကြိုးစားပြီး လုံ့လရှိဖို့ လိုပါ၏။
ယခုအခါတွင် လူသားမျိုးနွယ်သည် ကောင်းသော အလုပ်တစ်ခုကို ထင်ရှားစွာလုပ်ဆောင်လိုက်ပုံရသည်။ ထို့ကြောင့် ၎င်းတို့သည် ဤမျှသော ကံကောင်းမှုများနှင့် လူသားပုံသဏ္ဌာန် ကျောက်ရုပ်ထုကို ဤနေရာတွင် စိုက်ထူထားခြင်း ဖြစ်သည်။
ဒီလိုအချိန်မျိုးမှာ ဘယ်သူကမှ အရေးမကြီးရင် လူသားမျိုးနွယ်ကို ဂရုစိုက်မှာ မဟုတ်ပါ။ ဒါပေမယ့် ခွန်အားတွေ တဖြည်းဖြည်း တိုးလာတဲ့အခါ သြဇာကလည်း တဖြည်းဖြည်း ကြီးထွားလာနိုင်သည်။ အဲဒီအခါ ကောင်းကင်မှာ တောက်ပနေတဲ့ လရောင်လိုပါပဲ။ ဘယ်သူမှ လျစ်လျူရှုလို့ မရချေ။
ထို့ကြောင့် တိုက်ခိုက်မှုများနှင့် နှိပ်စက်ညှဉ်းပန်းမှုများကို ခံနိုင်ရည်ရှိမရှိ နောက်ဆက်တွဲ အောင်မြင်မှု၏ တကယ့်အစဟု ထင်ရသည်။
ယခု သူ့ပါးစပ်ထဲမှ သွေးများ စီးကျလာသည်။ နတ်နဂါးနဲ့ ကောင်းကင်လူသား ကျောက်ဆစ်ရုပ်များ ရွေ့လျားလာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်း ယိမ်းယိုင် မူးဝေလာသည်။
ဤအခိုက်အတန့်တွင် တစ်ယောက်ယောက်ကသာ သူ့ကို ကူညီပေးနိုင်လျှင် ကောင်းပေလိမ့်မည်။
လုရွှမ် သူ့သွားများကို တင်းတင်းစေ့ရင်း နာကျင်မှုကို သက်သာစေရန် လျှာကို အထပ်ထပ် ကိုက်ထားသည်။ သတိမေ့မြောလို့ မဖြစ်ချေ။ သို့မဟုတ်ပါက လူသားမျိုးနွယ်၏ ကံကြမ္မာက လုံးလုံး ပျက်စီးသွားလိမ့်မည်။
အောင်ထျန်းလည်း အသက်ရှုကြပ်နေပါပြီ။ သူသည် ခွေးတစ်ကောင်လို သူ့လျှာကိုထုတ်ကာ အသက်ရှူနေရသည်။
"မဖြစ်နိုင်ဘူး မင်း အကြာကြီး မထိန်းနိုင်ဘူး... ငါမယုံဘူးကွ!"
သူက ကျယ်လောင်စွာ အော်ဟစ်ပစ်လိုက်သည်။ အခုဆို သုံးနာရီပင် ရှိနေပြီ။ သူသည် ကျောက်ရုပ်ထုကြီးဆီသို့ ကြီးမားသော ကျောက်ခဲများကို ဆက်လက် ပစ်ပေါက်နေခဲ့သည်။ ကျောက်တုံးများသည် အဆက်မပြတ် ပျက်စီးနေသော်လည်း ကျောက်ဆစ်ရုပ်ကို ကြည့်ရတာ အပြောင်းအလဲ သိပ်မရှိပုံပင်။
၎င်းက တုန်ခါနေပေမယ့် အရွယ်အစားက ပိုကြီးလာသလိုပင်။ ဒါတင်မကသေး ပြိုလဲသွားမည့် အရိပ်အယောင် မရှိသည့်အပြင် ပိုမိုတည်ငြိမ်လာပုံတောင်ပေါ်၏။
အခု မောပန်းလွန်းလို့ မခံမရပ်နိုင်တောင် ဖြစ်လာပြီ။ တကယ်တော့ ဒီကျောက်တွေဟာ သာမန်ကျောက်တုံးတွေ မဟုတ်ချေ။ ၎င်းတို့တွင် မှော်အစွမ်းများ ပါရှိသည်။ အပိုင်းတစ်ခုစီသည် တောင်ကဲ့သို့ လေးလံသည်။ မသေမျိုးအဆင့်ကို ရောက်သွားတဲ့ သခင်တွေတောင်မှ ဒီကျောက်တုံးတွေကို မမြှောက်နိုင်ကြပါ။
"ဟမ့်... ကောင်းကင်လူသား! မင်းနာမည်က လျိုရှန်း ဟုတ်တယ်မလား...လာပြီး ကူညီစမ်းပါ"
ယခင်က လျိုရှန်း ဝင်စွက်ဖက်လာမှာကို မလိုလားသော်လည်း ယခုတွင် သူ၏ ခွန်အားတစ်ခုတည်းဖြင့် မလုပ်ဆောင်နိုင်တော့ပေ။ လျိုရှန်းခန္ဓာကိုယ် တုန်ခါသွားသည်။ သူမသည် အချိန်အတော်ကြာအောင် တွေးနေခဲ့ပြီး သူမ၏ စိတ်သည်လည်း နှစ်ဖက်ကြားတွင် အဆက်မပြတ် ခုန်နေခဲ့သည်။
သူမသည် မျိုးနွယ်စုတွင် ရှိနေစဉ် လူသားမျိုးနွယ်၏ ကံကြမ္မာက ရောက်ရှိလာပြီ၊ နောက်ခေတ်ကြီးသည် လူသားမျိုးနွယ်အတွက် သေချာပေါက် ဖြစ်လာမည်ဟု တွက်ချက်ထားပြီးသား ဖြစ်သည်။ ဒါပေမယ့် ဒီကိုရောက်ပြီး လူသားရုပ်တုတွေကို မြင်တဲ့အခါ သူတို့က အလွန်အားနည်းပြီး နုပျိုနေပါသေး၏။
မူလက ဤဘဝသည် နတ်နဂါးဒဏ္ဍာရီ ဖြစ်သည်။ ၎င်းတို့ နတ်နဂါးနဲ့ ကောင်းကင်လူသား ပေါင်းစပ်မှုသည် ဤကြီးကျယ်သောဘဝသို့ ဦးတည်စေပြီး ဘိုးဘေးသားရဲ၏ သက်ရောက်မှုကိုလည်း ခံနိုင်ရည် ရှိစေခဲ့သည်။
ဘိုးဘေးသားရဲ မျိုးရိုးနှင့် နှိုင်းယှဥ်ရင်တော့ သေးငယ်သည်။ ယနေ့ခေတ် လူသားရုပ်ထုသည် မွေးကင်းစ ကလေးငယ်ကဲ့သို့ပင် ပို၍သိမ်မွေ့နေ၏။ သူသည် ဂရုစိုက်မှုတစ်ခု လိုအပ်နေသေးပြီး လေနှင့်မိုးဒဏ်မှ ကာကွယ်ရန် တစ်စုံတစ်ဦးမှ တာဝန်ယူပေးရန် လိုအပ်နေပြီဖြစ်သည်။
ဒါပေမဲ့ လူသားမျိုးနွယ်ကို ကာကွယ်ပြီး ကမ္ဘာကြီးရဲ့တာဝန်ကို အခုတာဝန်ယူဖို့ သူမကို မျှော်လင့်ထားမယ်ဆိုရင် အောင်မြင်နိုင်ခြေ မရှိပါဘူး။
လက်ရှိနေရာက သာမန်သတ္တဝါများ၏ စိတ်ကူးယဉ်ခြင်းထက် ကျော်လွန်၍ အံ့သြဖွယ်ရာများ ပြည့်နှက်နေသော ခွမ်းလွင်၏ လျှို့ဝှက်နယ်မြေဖြစ်သည်။ ဤနေရာ၌ ရရှိသော အခွင့်အလမ်း အနည်းငယ်သည် အနာဂတ်အတွက် များစွာအကျိုးရှိပေမည်။
အလားတူ ဤနေရာတွင် တစ်စုံတစ်ခု ပြောင်းလဲသွားပါက ပြင်ပကမ္ဘာအပေါ် သက်ရောက်မှုကလည်း အလွန်လေးနက်ပြီး ကြီးမားလိမ့်မည်။
လူသားမျိုးနွယ်၏ ကျောက်ဆစ်ရုပ်ကို ဖြိုချပစ်ပါက လူသားမျိုးနွယ် ပြန်လည် ရပ်တည်နိုင်ရေးအတွက် နှစ်ပေါင်း ရာနှင့်ချီ နှောင့်နှေးနေမည်ဟုလည်း သူမ တွေးခဲ့ဖူးသည်။ ဒါက လူသားမျိုးနွယ်၏ ကံကြမ္မာနှင့် မျှော်လင့်ချက်ကို လုံးလုံးလျားလျား သတ်ပစ်နိုင်ပေမည်။
သူမ စိတ်ထဲတွင် အနည်းငယ် လွတ်သွားသလို ခံစားလိုက်ရသည်။
လုရွှမ် အချိန်အတော်ကြာအောင် သည်းမခံနိုင်လောက်ဘူးဟု ထင်ခဲ့သည်။ လုရွှမ် ကြာကြာခံနိုင်ရည်ရှိလေလေ သူမ ရှက်လာလေလေဖြစ်သည်။ ဒါကလည်း သူမကို အနည်းငယ် တုန်လှုပ်သွားစေ၏။
မထင်မှတ်ပဲ အောင်ထျန်းကပါ သူ့ကို ကူညီပေးဖို့ ဖိတ်ခေါ်လာခဲ့သည်။ ထိုအခိုက် သူမ၏ နှလုံးသားက ကမောက်ကမ ဖြစ်လာခဲ့ရသည်။
"ကောင်းကင်လူသား ဘိုးဘေး.. ကျေးဇူးပြုပြီး လှုပ်ရှားပေးပါ.."
လျိုရှန်း မလှုပ်။ အောင်ထျန်း အလွန်ဒေါသထွက်ပြီး လျိုရှန်းကို အကြိမ်ကြိမ် ကျိန်ဆဲနေခဲ့သည်။ နတ်ဘုရားနဲ့တူတဲ့ ပြိုင်ဘက်တွေကို မကြောက်ပေမယ့် ဝက်နဲ့တူတဲ့ အသင်းဖော်တွေကိုတော့ ကြောက်ရမည်။
ကမ္ဘာကြီးကို အုပ်စိုးသော သူတော်စင်များဖြစ်မည့်အစား မိမိအကျိုးစီးပွားရေးကို ဖြုတ်ချပြီး နိုင်ငံသစ်တည်ဆောက်ရန် နိမ့်ကျသော လူသားများနှင့် အတူလိုက်ရန် ရွေးချယ်နေခဲ့သည်။
ဦးနှောက်မှာ တစ်ခုခုမှားနေပြီလား။
ဒါကြောင့် သူသည် ကောင်းကင်လူသား၏ ကျောက်ရုပ်တုဆီသို့ တိုက်ရိုက် တောင်းဆိုခဲ့သည်။ ကောင်းကင်လူသားရဲ့ ကျောက်ဆစ်ရုပ်တုက သူ့မျိုးဆက်ကြောင့် အလွန်စိတ်ပျက်သွားမယ် ဆိုတာ စိတ်ကူးကြည့်နိုင်သည်။
လျိုရှန်း ထိတ်လန့်သွားသည်။ ကောင်းကင်လူသား၏ ကျောက်ဆစ်ရုပ်ထုဆီမှ တွန်းပို့လာသော စွမ်းအားတစ်ခု သူမကို တိုက်ပွဲထဲသို့ ဆွဲငင်သွားနေ၏။ သူမစိတ်ထဲတွင် အသံတစ်သံကိုလည်း ကြားလိုက်ရသည်။
"ဘဝပဲဖြစ်ဖြစ်... သေတာပဲဖြစ်ဖြစ် မင်းရဲ့ရွေးချယ်မှုပဲ"
၎င်းတို့သည် တိုက်ပွဲဝင်ရန်၊ လူသားမျိုးနွယ်ကို သုတ်သင်ရန် နှင့် လူသားမျိုးနွယ်၏ ရုပ်တုကို မှောက်လှန်ချရန် မွေးဖွားလာကြောင်း ထင်ရှားပါသည်။ သေမလား။ မနာခံရင် သတ်ပစ်လိုက်မှာပင်။
နေဝင်ရီတရော အချိန် ရောက်နေသော အသက်ရှုမဝတဲ့ လူသားရုပ်ထုနဲ့ ယှဉ်ရင် ကျောက်နဂါးရုပ်တုဟာ တန်ခိုးကြီးပြီး တုနှိုင်းမမှီနိုင်သေးချေ။ တကယ်တော့ ကောင်းကင်ဘုံကို ထိန်းချုပ်ဖို့ ဆိုတာ မခက်သလိုပင်။
လုရွှမ်သည် လူသားမျိုးနွယ်၏ ကျောက်ရုပ်ထုထဲတွင် ထိုင်နေပြီး သူ့နှလုံးသားထဲတွင် တိတ်တဆိတ် ကျိန်ဆဲနေလေသည်။ အောင်ထျန်းနဲ့ ဆက်ဆံရန် အလွန်ခက်ခဲနေပြီ ဖြစ်ပြီး ယခု လျိုရှန်းကပါ ရှိနေပြီဖြစ်သည်။
"ကောင်လေး... လူသားမျိုးနွယ်က ဘေးအန္တရာယ်များစွာကို တွေ့ကြုံခံစားရဖို့ ကံကြမ္မာ ပါလာပြီးသား... ငါတို့မှာ သဘာဝအတိုင်း သန်မာတဲ့ ကိုယ်ခန္ဓာတွေ မရှိဘူး၊ ငါတို့မှာ မှော်အစွမ်းတွေ မရှိပါဘူး။ ငါတို့က မွေးကတည်းက အနိမ့်ဆုံးအဆင့်ကို ရောက်နေခဲ့တာ... ဒီထဲက ရုန်းထချင်တယ်ဆိုရင်တော့ မရေမတွက်နိုင်တဲ့ ဆင်းရဲဒုက္ခတွေကို ကျော်ဖြတ်ပြီး တက်ရမယ် ကိုယ့်လက်နဲ့ ကမ္ဘာကို ဖန်တီးရမယ်"
ရုတ်တရက် သူ ရောက်နေသည့် လေထုထဲကနေ အသံတစ်သံ ထွက်ပေါ်လာသည်။ လုရွှမ် အံ့အားသင့်သွားပြီးနောက် ၎င်းက ကျောက်ရုပ်တု ဖြစ်ရမည်ဟု သဘောပေါက်လိုက်သည်။
"အကြီးအကဲ... ဘာလုပ်နေတာလဲ"
ဘာကြောင့်မှန်းမသိသော်လည်း ကြီးကြီးမားမား တစ်ခုခု ဖြစ်လာတော့မယ်လို ခံစားမိနေသည်။
"ငါက စိတ်စွမ်းအားကောင်းတွေနဲ့ မွေးဖွားလာတဲ့ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာပဲ အခုငါ ပျက်စီးတော့မယ်...ငါ့ရဲ့ နိဂုံးချုပ်က လူသားမျိုးနွယ်ရဲ့ ကံကြမ္မာကို နှစ်ပေါင်း သောင်းနဲ့ချီ အဆုံးသတ်သွားစေနိုင်တယ်..."
"ဒါပေမယ့် ငါ မင်းကို လွယ်လွယ်နဲ့ မသုတ်သင်ဘူး။ သေရင်တောင် မင်းကို ငါခေါ်သွားမယ်... ဒီနေရာကို ဖောက်ခွဲပစ်လိုက်မယ်။ အရာအားလုံးက သဘာဝကျပြီး စည်းစနစ်မကျလို့ နောက်တစ်ကြိမ် ပြန်ခွင့်ပြုလိုက်မယ်... ဒီပရမ်းပတာကနေ ငါ ကံကောင်းခြင်းတွေကို အပြည့်အဝ ဖန်တီးပေးမယ်"
"ကောင်လေး မင်းမှာ ယုံကြည်မှုရှိလား"
လုရွှမ် ကျောက်ဆစ်ရုပ်တု၏ ဆုံးရှုံးမှုနှင့် စိတ်ပျက်အားငယ်မှုကို ထပ်တူ ခံစားရနိုင်ပါသည်။ အတွင်းစိတ် ပိုင်းဖြတ်ချက်က ကြေကွဲဝမ်းနည်းဖွယ်ရာ အတိပင်။
"ရှိတယ်!"
"ကောင်းပြီ ဒါဆို ပရမ်းပတာရဲ့ လျှို့ဝှက်ချက်အသစ်ကို ဖန်တီးကြရအောင်... ငါ မင်းကို အခုလွှတ်လိုက်မယ်"
လုရွှမ်သည် ရုတ်တရက် သူ့ခန္ဓာကိုယ် လင်းထိန်သွားသလို ခံစားလိုက်ရပြီး အနောက်မှ အင်အားတစ်ခုက သူ့ကို ကျောက်တုံးရုပ်ထုထဲမှ ခွဲထုတ်ကာ ပြေးထွက်သွားစေခဲ့သည်။