← Chapters

ကျွန်းငယ်လေး

Vol. 143 Ch. 4.1655

ကျွန်းငယ်လေး

Vol. 143 Ch. 4.1655

လုရွှမ်သည် ကောင်းကင်တွင် အလွန်လျင်မြန်သော အရှိန်ဖြင့် ပျံသန်းသွားပြီး ပင်လယ်၏ ငြိမ်သက်မှုကို ခံစား​ကြည့်လိုက်သည်။ ဤပင်လယ်ဧရိယာသည် နဂါးကျွန်း ပျက်စီးခြင်းနှင့်အတူ ၎င်း၏ယခင်အန္တရာယ်ကို သိသာထင်ရှားစွာ ဆုံးရှုံးခဲ့ရပြီး အလွန်သာမန်ဆန်သော ပင်လယ်ဧရိယာတစ်ခု ဖြစ်လာခဲ့သည်။

ရံဖန်ရံခါ အချို့သော သားရဲများ ပေါ်လာသော်လည်း ခြုံငုံကြည့်လျှင် အရင်ကထက် ပိုလုံခြုံလာသည်။

လုရွှမ် သူ့ခန္ဓာကိုယ် အနောက်က ဖီးနစ်တစ်ကောင်၏ အတောင်ပံများကို ဖြန့်ကာ ကောင်းကင်ကို အံတုသောခြေလှမ်းများကို လှမ်းယူလိုက်သည်နှင့် အရှိန်ကလည်း အထွတ်အထိပ်သို့ တိုးလာခဲ့သည်။

အခုဆို သူ့အရှိန်က သိသိသာသာ တိုးလာခဲ့ပါပြီ။ လူသားပုံ ကျောက်ဆစ်ရုပ်က ပြောတာ မှန်ပေ၏။ ဘယ်လမ်းကိုမဆို အစွန်းမရောက်ရင် ပြီးပြည့်စုံတဲ့လမ်း ဖြစ်လာလိမ့်မည်။ ကမ္ဘာပေါ်ရှိ ကြီးမားသော လမ်းစဉ်များ အားလုံးသည် နောက်ဆုံးတွင် တူညီသော ဦးတည်ရာဆီသို့သာ ဦးတည်သွားလိမ့်မည် ဖြစ်သည်။

သူလျှောက်နေတဲ့လမ်းကို မှန်ကန်စွာ နားမလည်ဘဲ သူ့လမ်းကြောင်းကို ကန့်သတ်ချက်ဆီ တွန်းမပို့နိုင်ဘဲ နေလိမ့်မည်။

နတ်နဂါးသွေးနှင့် ဖီးနစ်သွေးမပါတော့တဲ့ နေကိုးစင်း နတ်ခန္ဓာကိုယ်သည် ယခင်ကထက် ပိုမိုလွတ်လပ်လာသည်။ ယွမ်ယန်စွမ်းအင်ကလည်း ကောင်းကင်နှင့်မြေကြီးထဲသို့ ပေါင်းစပ်သွားသကဲ့သို့ ခန္ဓာကိုယ်အတွင်း၌ ချောမွေ့စွာ စီးဆင်းနေသည်။

သူ့နောက်ကွယ်က ဖီးနစ်အတောင်ပံတွေဟာ ရိုးရှင်းတဲ့ ကိရိယာတစ်ခု ဖြစ်လာခဲ့ပါ၏။ ပုံမှန်အားဖြင့် ၎င်းတို့သည်လည်း ယခင်ကကဲ့သို့ သုံးရတာ အဆင်မပြေ​တော့ပါ။ သို့သော် ဤအခိုက်အတန့်တွင် ၎င်းကို နဂါးပုတီးစေ့မှ ထိန်းချုပ်ထားသဖြင့် သူ၏ အရှိန်မှာ လုံးဝနှေးကွေးခြင်း မရှိပေ။

အားနည်းချက် တစ်ခုရှိရင် ၎င်းကတော့ စွမ်းအင်ပိုမိုသုံးစွဲရရုံသာ။ ဒါပေမယ့် တခြားအားသာချက်တွေနဲ့ ယှဉ်ကြည့်ရင်တော့ ထည့်ပြောဖို့​တောင် မထိုက်တန်ပါဘူး။

တစ်နှစ်အကြာ ပျံသန်းလာခဲ့ပြီးနောက် နောက်ဆုံးတွင် နှေးကွေးသွားခဲ့သည်။ အောက်တွင် ကျွန်းငယ်လေး တစ်ကျွန်းရှိပြီး ဓားမီးမှိတ်တုတ်မှိတ်တုတ်ဖြင့် လင်းနေတာကြောင့် သက်ရှိသတ္တဝါများ ရှိနေပုံရသည်။ နတ်ခြေလှမ်း နယ်ပယ်သို့ ရောက်ရှိလာသော သခင်များပင်လျှင် ထိုကဲ့သို့ လျင်မြန်သော ချီတက်မှုကို ခံနိုင်ရည် ရှိမည်မဟုတ်ပေ။ ပင်လယ်ကြီးက အကျယ်ကြီးဆိုတော့ ရှေ့က ဘယ်လောက်ဝေးလဲ မသိနိုင်ဘူး မဟုတ်ပါလား။

ရပ်နားပြီး အနားယူချိန်ရောက်ပြီ။ ဆင်းသက်လာပြီးနောက် အလွန်အသက်ဝင်သော စျေးကွက်တစ်ခု ရှိ​နေကြောင်း တွေ့လိုက်ရသည်။

လူမျိုးပေါင်းစုံရှိပင်။ လူသားများ၊ နဂါးများ၊ ဖီးနစ်များနှင့် သတ္တဝါ အမျိုးမျိုးတို့ကို မြင်ခဲ့သည်။ ပစ္စည်းများကို လဲလှယ်ရင်း တစ်စုံတစ်ခုကိုလည်း စောင့်ဆိုင်းနေသလိုပင်။

"ဟူး... နဂါးကျွန်း ရုတ်တရက် ပြိုကျလိမ့်မယ်လို့ ဘယ်သူကသိမှာလဲ၊ ဒီမြေကမ္ဘာကြီးက တကယ်ကို ပိုပိုပြီး ဖရိုဖရဲဖြစ်လာနေပြီ"

"အမှန်ပဲ တောင်ပိုင်းဒေသမှာ ဘီလူးမျိုးစုံ ကျင်လည်ကျက်စားနေကြတယ်လို့ ကြားတယ်... တစ်ခါမှ မမြင်ဖူးသေးတဲ့ ဘီလူးတွေတောင် ပြေးထွက်လာကြတာ အရမ်း အစွမ်းထက်တယ်။ နဂါးကျွန်းကို ပြေးချင်ပေမယ့် နဂါးကျွန်း တကယ်ပြိုကျသွားတာလေ..."

"ဒီနေရာက ပို့ဆောင်ခြင်း အခင်းအကျင်းကို ဒီအထိ တည်ဆောက်ထားပြီး​ပြီ ဒါပေမယ့် ကံမကောင်းတာက အဲဒီနောက်မှာ လမ်းမရှိတော့ဘူး ဆိုတော့ ဒါကို ထပ်ဆောက်စရာ မလို​တော့ဘူးလေ... အဲ့တော့ အားလုံးက အပြေးအလွှား ပြန်လာကြပြီ"

"ဟုတ်ပါတယ် နဂါးကျွန်းကနေ ဒီကို လာမယ့် အဖွဲ့တွေ အများကြီး ရှိ​လောက်​သေးတယ်... နောက်ထပ် လာဖို့ ရှိသေးတယ်လို့ ကြား​နေတယ်"

"ဒါဆို စောစောထွက်ရအောင် မဟုတ်ရင် ငါတို့နောက်မှာ အများကြီး ရှိလာမှာ... လူများရင် ငါတို့ ထွက်သွားနိုင်မှာ မဟုတ်ဘူး။"

ထိုသားရဲများရဲ့ ဆွေးနွေးချက်များကို နားထောင်ရင်း လုရွှမ်လည်း အမှန်ပင်ဖြစ်ကြောင်း သူ့စိတ်ထဲတွင် နားလည်သွားသည်။ အခု ကမ္ဘာကြီးက ကမောက်ကမဖြစ်နေပြီ။ မတွေ့မမြင်ဖူးတဲ့ အဲဒီဘီလူးတွေ အလိုအလျောက် ထွက်မလာနိုင်ဘူးလို့ ဘယ်သူက အာမခံနိုင်ပါ့မလဲ။

ယခုခေတ်တွင် လက်သီးပိုကြီးပြီး ရာထူးကြီးသူမည်သူမဆို အနာဂတ်တွင် ကမ္ဘာကြီးကို ထိန်းချုပ်ရန် အခွင့်အလမ်းကောင်းများ ရရှိနိုင်လိမ့်မည်။ ယခုမူ ခွင်းလွင် လျှို့ဝှက်နယ်မြေတွင် ကျောက်ထွင်းလက်ရာများအားလုံး ပျက်စီးသွားခဲ့ပြီ။ ထို့ကြောင့် နာမည်ဂုဏ်သတင်းကို ပထမဆုံး ရယူမည့်သူမှာ ဘယ်သူဖြစ်မလဲ ဆုံးဖြတ်ရတော့မည်။

ယခုလို အခြေအနေမျိုးတွင် ကောင်းကင်နဲ့မြေကြီးပင် ပြစ်တင်ရှုတ်ချပြီး ထွက်လာအောင် ဒုက္ခမပေးရဲဘဲ ပုန်းအောင်းနေခဲ့သော နတ်ဆိုးများနှင့် ထူးဆန်းသော ဝိညာဉ်များ ဘယ်လောက်များနေမလဲ မသိနိုင်ချေ။

လုရွှမ်သည်လည်း ပို့ဆောင်ခြင်း အခင်းအကျင်း တည်ရှိရာ အတက်ကြွဆုံးနေရာ ဖြစ်သည့် ကျွန်း၏ အရှေ့ဘက်ခြမ်းဆီသို့ ပျံသန်းသွားခဲ့သည်။

ဒါက သီးခြားကျွန်းလေး တစ်ကျွန်းမို့ ပို့ဆောင်ခြင်း အခင်းအကျင်း တစ်ခု တည်ဆောက်ရာတွင် ကြီးမားသော ပစ္စည်းများ လိုအပ်မှာဖြစ်ပြီး သလင်းကျောက် အရေအတွက်က မနည်းနိုင်ပေ။ ဒါ့အပြင် ပြုပြင်ထိန်းသိမ်းမှု မရှိရင် ကြာရှည်မခံနိုင်ချေ။

လက်ရှိ အခြေအနေကို ကြည့်ရင် လူတွေက အိမ်ပြန်ချင်နေကြပြီဖြစ်ကာ ဘယ်သူကမှ မနေခဲ့ချင်တော့ပေ။ သူတို့ စောစောထွက်သင့်တာတော့ အမှန်ပါပဲ။ မဟုတ်ရင် အနောက်ကလူတွေ ရောက်လာရင် ထွက်သွားနိုင်မလား မသေချာပါ။

လုရွှမ် ရောက်သွားတော့ လူတစ်အုပ်ကြီး စုဝေးနေပါပြီ။ ပို့ဆောင်ခြင်း အခင်းအကျင်းက ကြီးကြီးမားမား မဟုတ်ပါ။ တစ်ကြိမ်လျှင် လူဆယ်ဦးခန့်သာ သယ်ယူပို့ဆောင်နိုင်သည်။

အရည်အသွေးကို အကဲဖြတ်ပါက ၎င်းသည် တိုတောင်းသော အကွာအဝေးကိုသာ ပို့ဆောင်ပေးနိုင်သည်။ အမှန်တော့ သမုဒ္ဒရာသည် အလွန်ကျယ်ပြောလှသောကြောင့် ထိပ်တန်း ပို့ဆောင်ခြင်း အခင်းအကျင်း မရှိပါက သမုဒ္ဒရာကို တိုက်ရိုက် ဖြတ်ကျော်ရန် မဖြစ်နိုင်ပေ။

အလွန်ထိရောက်ပြီး အခြေအနေကို ထိန်းသိမ်းထားသူတစ်ယောက် ရှိမှရမည်။

သလင်းကျောက် သုံးစွဲမှုက တစ်ထောင်ပင်။

ဤသည်မှာ ပို့​ဆောင်ခြင်း အခင်းအကျင်း အတွက် ပေးဆောင်ရမည့် အခကြေးငွေဖြစ်လေသည်။ ဒါပေမယ့် ဒီအချိန်မှာ ဘယ်သူကမှ တုံ့ဆိုင်းမနေပါဘူး။ တစ်ယောက်ပြီး တစ်ယောက် အခကြေးငွေပေးပြီး ထွက်သွားကြလေ၏။

သမုဒ္ဒရာက ပြောင်းလဲသွားကာ ပတ်ဝန်းကျင်နေရာများသည် ကွက်လပ် ဖြစ်နေသည်။ ပျံသန်းရင် ကိုယ့်ခွန်အားကို အားကိုးရမည်။

လုရွှမ်ပင်လျှင် မလုပ်ဝံ့ပေ။ အန္တရာယ်ကို ထည့်မပြောရင်တောင် ဒီလောက် ကြမ်းတမ်းစွာ ပျံသန်းတာတောင် အနည်းဆုံး အနှစ်နှစ်ဆယ်လောက် ကြာသွားလိမ့်မည်။ သို့သော် အခြားသူများသည် လုရွှမ်ကဲ့သို့ အရှိန်မရှိပါက ဒီကနေ ပြန်ပျံသန်းချင်ရင် အနှစ်တစ်ရာအတွင်းမှာတောင် ပြန်မရောက်လောက်သေးချေ။

ပြီးတော့ လမ်းမှာ အန္တရာယ် တစ်စုံတစ်ရာ ကြုံလာရရင် အဲဒီမှာပဲ ထာဝရ ပိတ်မိနေလိမ့်မည်။ သလင်းကျောက်က အဖိုးတန်ပြီး ကုန်ကျစရိတ် အလွန်များသော်လည်း လူတစ်ယောက်ရဲ့ အသက်နှင့် နှိုင်းယှဉ်ပါက အလွန်စျေးသက်သာသွားပါပြီ။

သို့သော် သဘာဝအတိုင်း လူတိုင်း သလင်းကျောက် အရေအတွက်ကို မတတ်နိုင်ကြပါ။ ငွေပြတ်ပြီး အပြင်မှာ ပိတ်မိနေတဲ့ ကျင့်ကြံသူတွေ အများအပြား ရှိ​နေပါသေးသည်။

ပို့ဆောင်ခြင်း အခင်းအကျင်း ရှေ့တွင် လူသေအလောင်းများစွာကို တွေ့​နေရပြီး အများစုမှာ လူသား ကျင့်ကြံသူများ၏ အလောင်းများဖြစ်သည်။ အခင်းအကျင်းကို စောင့်ကြပ်နေတဲ့ လူတွေက သေတဲ့အထိ ရိုက်နှက်ခဲ့တာ ထင်ရှားပါ၏။ ဒါကလည်း တခြားသူတွေကို ခြောက်လှန့်ဖို့ စံနမူနာထားနေတာပင်။

ပတ်ဝန်းကျင်မှာ ကျင့်ကြံသူတွေ အများကြီးရှိပေမယ့် အားလုံးက သီလမရှိကြပါဘူး။ အဝေးသို့ ပို့ဆောင်ရန် စောင့်ဆိုင်းနေသော လူတန်းရှည်ကြီးလည်း ရှိသည်။

လုရွှမ် ညင်သာစွာ ဟစ်အော်လိုက်သည်။ တချို့က သူ့ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရကာ သူ့ဆီက လုယက်ဖို့ လုပ်တော့မယ် ဆိုတာ သိသာပါ၏။

"ဘယ်သူမှ မလှုပ်နဲ့! လူမိုက်တွေ... ဒီကလေးမှာ သလင်းကျောက် ဘယ်လောက်ရှိလဲဆိုတာ အရင်ကြည့်ရအောင်"

အမျိုးသားတစ်ဦးက အော်လိုက်သည်။ နတ်ခြေလှမ်းနယ်ပယ် ဒုတိယအဆင့်တွင် ရှိပြီး လုရွှမ်သည် ဤလူက ဘာမျိုးနွယ်ဖြစ်မလဲ မပြောနိုင်ပေ။ သူ့ရဲ့ ကျင့်ကြံမှုကတော့ အပြင်ပန်းတွင် အလွန်ပြင်းထန်စွာ လျှံထွက်​နေခဲ့သည်။

"ဟာဟား တတိယသခင် ပြောတာ မှန်တယ် ဒီကလေးမှာ သလင်းကျောက် ဘယ်လောက်ရှိလဲ အရင်ကြည့်ရအောင်...."

တချို့လူတွေက သဘောတူပေမယ့် တချို့လူတွေကတော့ စိတ်ထဲမှာသာ ကျိန်ဆဲပြီး နောက်ပြန် ဆုတ်သွားကြ၏။ မျှော်စင်နယ်ပယ် တတိယအဆင့်က ကလေးတစ်ယောက် သူ့ဆီမှာ သလင်းကျောက် ဘယ်လောက်ရှိရှိ စမ်းကြည့်ရမှာပင်။

ဤတတိယသခင်သည် မိမိအာဏာကို အခွင့်ကောင်းယူ၍ အခြားသူများကို အနိုင်ကျင့်နေတာ ထင်ရှားသော်လည်း သူ အနိုင်ကျင့်နေလျှင်ပင် ဘယ်သူက ကန့်ကွက်ဝံ့ပါ့မလဲ။ ခွန်အားမရှိရင် အနိုင်ကျင့်ခံရလည်း သည်းခံနိုင်မှာပါပဲ။

လုရွှမ် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ကျင့်ကြံသူမျ တော်တော်များများက အဆင့်မမြင့်ကြတာ တွေ့လိုက်ရသည်။ သန်မာသော ခွန်အားရှိသူများကို ကြိုတင်၍ လွှဲပို့လိုက်တာလည်း ဖြစ်နိုင်သည်။

ယင်းတို့ထဲတွင် အသန်မာဆုံးသူများသည် ပို့ဆောင်ခြင်း အခင်းအကျင်ကို စောင့်ကြပ်နေသူများဖြစ်ပြီး အားလုံးက နတ်ခြေလှမ်းနယ်ပယ် တတိယအဆင့်နှင့် စတုတ္ထအဆင့်အထက်တွင် ရှိနေကြသည်။ မမြင့်​ကြီးသော်လည်း တုတ်ဖြင့် ခြိမ်းခြောက်နိုင်ဖို့တော့ လုံလောက်​ပေ၏။

ကျန်အများစုမှာ နတ်ခြေလှမ်းနယ်ပယ် ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့်တွင် ဖြစ်ပြီး မျှော်စင်နယ်ပယ်တွေကတော့ တော်တော် များလှသည်။ သူတို့ရဲ့ အလုံးစုံ ကြံ့ခိုင်မှုကတော့ အတော်လေး အားနည်းလွန်းပါသည်။

တတိယသခင်က ထွက်လာပြီး ဆို၏။

"ကောင်လေး... မင်းဥာဏ်ကောင်းရင် မင်းလက်စွပ်ကို လွှဲပေးလိုက် ငါတို့ကလည်း မင်းကို မသေစေချင်ပါဘူး.. မဟုတ်ရင် မင်း ငါးတွေစားဖို့ ပင်လယ်ထဲကို သွားနေရလိမ့်မယ်"

လုရွှမ်က ရယ်မောပြီး ခြေထောက်တစ်ဖက်ကို လွှဲကန်ထုတ်လိုက်သည်။

All Chapters