← Chapters

အဖွဲ့ထဲ ရပ်တည်နိုင်မယ့် အရည်အချင်းများ

Vol. 143 Ch. 4.1656

အဖွဲ့ထဲ ရပ်တည်နိုင်မယ့် အရည်အချင်းများ

Vol. 143 Ch. 4.1656

တတိယသခင်၏ မျက်လုံးအ​ရောင်များ ပြောင်းလဲသွားသည်။ သူ့​ခန္ဓာကိုယ်သည် ရုတ်တရက် ဘေးတိုက်လှည့်သွားလို့သာ လုရွှမ်ရဲ့ ကန်ချက်အား ကျော်ဖြတ်နိုင်ခဲ့သည်။

လုရွှမ်ရဲ့ မျက်လုံးများလည်း တောက်ပလာသည်။ ဤလူဟာ လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ပြီး သူ့​အစွမ်းသတ္တိက အမှန်တကယ်ပင် အံ့မခန်း အစွမ်းထက်ပေ၏။ အလွန်ရက်စက်သော ဤလူများ တခြားသူတွေ ကြောက်နေကြတာ အံ့သြစရာ မဟုတ်​တော့ပေ။ သူက တကယ်ကို အရည်အချင်းရှိသူ ဖြစ်ပေ၏။

သူတို့ မျိုးနွယ်ရဲ့ မွေးရာပါ မှော်စွမ်းအား အရှိန်ကြောင့်သာ မဟုတ်ရင် လုရွှမ် သူတို့ဆီက အရိုက်ခံရမှာဖြစ်သလို ဒီလူကလည်း ကန်ထုတ်ခံလိုက်ရလိမ့်မည်။ တတိယသခင်သည် လုရွှမ်ကို စူးစူးရဲရဲ စိုက်ကြည့်ကာ လုရွှမ်က သူ့ကို တိုက်နိုင်တဲ့သူပဲလို့ သတ်မှတ်ပြီး နောက်ပြန်ဆုတ်သွားခဲ့သည်။

လုရွှမ် ခပ်တိုးတိုးလေး လှမ်းပြောလိုက်သည်။

"ငါဒုက္ခမပေးချင်ဘူး ဒါပေမယ့် ငါသေချာပေါက် ဒုက္ခကိုလည်း မကြောက်ဘူး အဲဒါကြောင့် ငါနဲ့ လာမရှုပ်ပါနဲ့"

တတိယသခင်ရဲ့ မျက်နှာက အနည်းငယ် မဲ့သွားသည်။

"ကောင်လေး မင်းက အရမ်းအစွမ်းထက်ပါတယ် ကောင်းပြီ ငါမင်းကို မျက်နှာသာပေးလိုက်မယ်..."

ထို့နောက် တတိယသခင်က လှည့်ထွက်သွားခဲ့သည်။

လုရွှမ်ကို ဖြုတ်ချနိုင်မည်ဟု သူ မသေချာသောကြောင့် အတင်းအကြပ်လုပ်နေဖို့ မလိုအပ်တော့ပါ။ သူရှုံးရင် သူ့အသက်ကိုတောင် ဆုံးရှုံးသွားရနိုင်သည်။ အခွင့်ကောင်းတစ်ခုနဲ့ အောင်နိုင်ရင်တောင်မှ သူ့ကို မျက်စိကျနေတဲ့ အဲဒီကောင်တွေက သူ့ဒဏ်ရာကို ဆားနဲ့ပတ်မှာ သေချာသည်။

ဒီလို အရှုံးပေါ်တဲ့ လုပ်ငန်းမျိုးကို သူ ဘယ်တော့မှ လုပ်မှာ မဟုတ်ချေ။

"တတိယသခင်... ခင်ဗျား..."

"ဒီကလေးက အရမ်းအစွမ်းထက်တယ် ငါဂရုမစိုက်ဘူး။ မင်းလုပ်ချင်ရင် မင်းကိုယ်တိုင် သွားလုပ်လို့ရတယ်၊ ဒါပေမယ့် မင်းကိုသတိမပေးလို့ ဆိုပြီး ငါ့ကို အပြစ်မတင်နဲ့..."

တတိယသခင်က ဟစ်အော်ကာ စကားရပ်လိုက်သည်။ သူက ငြိမ်သက်စွာဖြင့်သာ လှည့်ပတ်ကြည့်သည်။ နောက်ဆုံးတော့ သေမှာ မကြောက်တဲ့သူတွေက ရှိစမြဲပါပဲ။ နတ်​​ခြေလှမ်းနယ်ပယ် လူတစ်ယောက် ထွက်လာသည်။

"ဟဲဟဲ ကောင်လေး... တတိယသခင်ကို မင်းဘယ်လို ကြောက်သွားမှန်း ငါမသိပေမယ့် မင်းငါ့ဆီက အစားခံရမှာသေချာတယ်"

၎င်းသည် အသွင်ပြောင်းသားရဲ တစ်ကောင်ဖြစ်ပြီး မူရင်းအမွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပါ။ နယ်ပယ်က သိပ်မမြင့်ပေမယ့် ခွန်အားလည်း မပျော့ချေ။ အထူးသဖြင့် အားနည်းပုံပေါက်သည့် နဖူးပေါ်ရှိ ရွက်ညှိနှစ်စုံပင်။ သို့သော် လုရွှမ်သည် အန္တရာယ်ကို ခံစားသိရှိနိုင်သဖြင့် ကိုင်တွယ်ဖို့ မလွယ်ဘူးဆိုတာ သဘောပေါက်ထားသည်။

သားရဲက စကားပြီးသောအခါတွင် အလွန်လျင်မြန်သော အရှိန်ဖြင့် ဓားကြီးတစ်ချောင်းကိုင်ကာ ဖြတ်ပြေးလာသော်လည်း လုရွှမ်၏ မျက်လုံးများတွင်တော့ သဘာဝအတိုင်း ဟာသတစ်ခုလို ဖြစ်​နေသည်။

ကျယ်လောင်သော အော်သံနှင့်အတူ ခန္ဓာကိုယ်ကြီးက ပျံတက်သွားပြီး လုရွှမ်ဆီသို့ ခုတ်ထစ်ချလိုက်သည်။

ဟမ်!

ဓားအကြီးကြီး ခုတ်လိုက်စဥ် လုရွှမ်သည် ဤလှုပ်ရှားမှုကို မတားဆီးဘဲ သူ့ခန္ဓာကိုယ်ကို တိုက်ရိုက် ပြန်တွန်းတင်ဖို့ပင် တုံ့ဆိုင်းမနေခဲ့ချေ။ ဓားကြီးသည် မြေပြင်ပေါ် ခုတ်ထစ်ပြီး ကျောက်တုံးကြီးများကို ကွဲအက်သွားသည်။

လုရွှမ်ခန္ဓာကိုယ်က ကောင်းကင် အထက်သို့ ရုတ်တရက် ပျံတက်သွားသည်။ ခြေဖဝါးအောက်က ရွက်တံနှစ်ချောင်းက မြေပြင်မှ ပေါက်ထွက်လာသည်။ အရှိန်က အလွန်မြန်ကာ ကြည့်ရတာလည်း ပိုလို့တောင် ထူးဆန်းလှ၏။

လုရွှမ် သူ့စိတ်ထဲ၌ ဒီတစ်ကြိမ်တော့ သူတကယ် ကံကောင်းသွားခဲ့တယ်လို့ သတ်မှတ်လိုက်လေသည်။ ယခင်ကဆိုလျှင် စိမ်းပြာနဂါး နှလုံးက ၎င်းကို သေချာပေါက် မခံစားနိုင်​လောက်ပါ။

အခု သူ့ခန္ဓာကိုယ်ဟာ လူသားတစ်ဦးရဲ့ သန့်ရှင်းမှုကို ပြန်လည်ရရှိခဲ့ပြီမို့ ပတ်ဝန်းကျင်အပေါ် အာရုံခံစားမှုကလည်း အလွန်မြင့်တက်ပါသည်။ ဝိညာဉ်က တုံ့ပြန်ခြင်းမပြုသေးသော်လည်း ခန္ဓာကိုယ်က ကောင်းကင်သို့ ပျံတက်သွားကာ ယင်းတိုက်ခိုက်မှုကို ကျဉ်းမြောင်းစွာ ရှောင်ရှားနိုင်ခဲ့သည်။

ဝှစ်!

အနီူတစ်ဝိုက်တွင် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်၏။ လုရွှမ်က သားရဲလူသား၏ တိုက်ခိုက်ခြင်းကို အမှန်တကယ် ရှောင်ရှားနိုင်ခဲ့သည့်အတွက် အလွန်အံ့အားသင့်သွားခဲ့သည်။ သားရဲကောင်၏ မျက်လုံးများသည်လည်း သံသယများဖြင့် ပြည့်နှက်နေကာ သူ့မျက်နှာက မည်းတစ်လှည့် ဖြူတစ်လှည့်ဖြင့်။

သေချာသည်က ယခင်အကွက်ကို ထုတ်သုံးဖို့ဆိုတာ သူ့အတွက် မလွယ်ကူတာ သေချာပါသည်။ လုရွှမ်ကလည်း ဒါကိုစဉ်းစားမိပြီးတာနဲ့ နားလည်သွား၏။ ဒီလူက သူ့ရဲ့လျှို့ဝှက်နည်းကိုလည်း မသိနိုင်ဘူးလို့ ထင်ထားတဲ့အတွက် လုရွှမ်ကို အခွင့်ကောင်းယူပြီး တိုက်ခိုက်ဖို့ သတ္တိရှိခဲ့တာ ဖြစ်သည်။

လုရွှမ်သည် အော်ဟစ်သံနှင့်အတူ ကောင်းကင်ဓားကို ဆွဲထုတ်လိုက်သည်။ ဒီသတ္တဝါကြီးက သူ့ကို တကယ် စိတ်ဆိုးစေတာပဲ။ အလင်းတန်းတစ်ခု ဖြတ်သွားသည်နှင့် ယွမ်ယန်ဓားကိုးစင်း၏ ဆဋ္ဌမမြောက်ဓားက ပြေးထွက်သွားသည်။

သားရဲသည် လုရွှမ် လျင်မြန်စွာ တုံ့ပြန်လာလိမ့်​မည်ဟု မထင်ထားခဲ့ပေ။ ခဏလေးအတွင်းမှာပဲ တန်ပြန်တိုက်စစ်က လာနေပြီ။ ယခင်လှုပ်ရှားမှုသည် သူ၏ကြိုးစားအားထုတ်မှု၏ ထက်ဝက်နီးပါးကို သုံးစွဲခဲ့ပြီ ဖြစ်သောကြောင့် ၎င်းကို ရှောင်လွှဲရန် နည်းလမ်းမရှိ​တော့ပေ။

ဓားက မီးတောက်သွားတာနဲ့ သူ့နဖူးက ပျော့ပျောင်းသော ချိုတစ်စုံသည် ကောင်းကင်သို့ ပျံတက်သွားကာ နေရာအနှံ့ သွေးများကို ပက်ဖြန်းပစ်ခဲ့သည်။

သားရဲလည်း အော်ဟစ်ရင်း နောက်ပြန်လဲကျကာ မေ့လဲသွား​တော့သည်။ လုရွှမ်က နောက်ထပ်ဓားတစ်ချောင်းကို လွဲရင်း သားရဲကို အပိုင်းပိုင်း ခွဲပစ်လိုက်သည်။ မီးလုံးတစ်လုံး ပစ်ချလိုက်တာနဲ့ အလောင်းက ပြာဖြစ်သွား၏။

"ငါနဲ့ ကစားရင်း သေလမ်းကို ရှာနေတာလား"

လုရွှမ် အော်လိုက်သည်။

အနီးနားရှိ တခြားကျင့်ကြံသူတွေလည်း ကြောက်လန့်တကြား အသံတိတ်ကုန်လေ၏။

တတိယသခင်ဆိုလျှင် သူ့တံတွေးကို ထပ်ခါထပ်ခါ မျိုချရင်း သူ့ကံကို တိတ်တဆိတ် ကျေးဇူးတင်နေမိသည်။ မဟုတ်ရင် သူလည်း ယခုအချိန်တွင် ပြာဖြစ်သွားလောက်ပြီ။

လုရွှမ်သည် အဖွဲ့၏အဆုံးတွင် ထပ်မံရပ်နေခဲ့သော်လည်း သူ့ကို ဘယ်သူကမှ လာပြီး အနိုင်ကျင့်ဖို့ သတ္တိမရှိ​တော့ပေ။

"အစ်ကို... မင်းအရမ်းတော်တာပဲ"

သူ့ရှေ့ကလူက ရုတ်တရက် ခေါင်းလှည့်ပြီး လုရွှမ်ကို ပြုံးပြလာ၏။

သူတို့ထဲက တစ်ယောက်စီဟာ တန်းစီတဲ့​နေရာမှာ မတ်တပ်ရပ်ချင်ကြရင်တောင် အဲဒီလူတွေရဲ့ တိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိဖို့ သဘာဝကျကျ လိုအပ်ပါသည်။ မဟုတ်ရင် သူတို့ဟာ ဟိုးအစောကတည်းက အသတ်ခံခဲ့ရလောက်ပြီ။

လုရွှမ်က ဦးညွှတ် ပြုံးလိုက်သည်။ ဤလူသည် မျှော်စင်နယ်ပယ် အဆင့်၇ တွင်သာ ရှိသေးသည်။ သို့သော် သူ့မှာ ထူးခြားတဲ့ အရည်အသွေးတွေတော့ ရှိနေပုံပါပဲ။

"ငါက ယိလူသားမျိုးနွယ်က ပိုင်ရွှမ်ပါ... မင်းက သန့်စင်တဲ့ လူသားတစ်ယောက်လား"

"အင..."

ဒါပေမယ့် သူ့နာမည်ကို မပြောပြလိုက်ပေ။ အခု သူ့နာမည်က အရမ်းအန္တရာယ်များနေသေးသည်။

ပိုင်ရွှမ်သည် ထူးဆန်းသော အကြည့်ဖြင့် လုရွှမ်ကို အံ့သြတကြီး အရိပ်အမြွက်ဖြင့် ကြိမ်ဖန်များစွာ ခေါင်းညိတ်ပြသော်လည်း သူ့နာမည်ကိုတော် မေးမလာခဲ့ပေ။

လုရွှမ်: "ဘာမှားလို့လဲ?"

ပိုင်ရွှမ် သူ့လက်တွေကို ထပ်ခါတလဲလဲ ဝှေ့ယမ်းပြီး ပြုံးပြလိုက်သည်။

"အစ်ကို မင်း နဂါးကျွန်းက လာတာမလား... နဂါးကျွန်းမှာ ဖြစ်ပျက်ခဲ့တာ မင်းသိလား... ငါ ကြားမိပေမယ့် များလွန်းတော့ တကယ်ဘာဖြစ်ခဲ့မှန်း မသိဘူး ဖြစ်နေတာ...."

နဂါးကျွန်းမှာ ဖြစ်ပျက်ခဲ့တာကို ပြောလို့ မရပါ။ အရင်က လာတဲ့လူတွေကလည်း ပြောပြခဲ့ဖူးမှာ သေချာသည်။ ဒီဂြိုလ်သားက ဒီအကြောင်းကို ကြားဖူးပေမယ့် အဲဒါကို ပိုပြီး အတည်ပြုချင်နေတာပဲ ဖြစ်သည်။

လုရွှမ် ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြပြီး ပိုင်ရွှမ်က ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလေ၏။

"နဂါးတွေက လူသားမျိုးနွယ်ကို သတ်ပစ်ဖို့ အော်ဟစ်နေကြတယ်လို့ ကြားမိတယ်... လူသားမျိုးနွယ်က အခု အန္တရာယ်ထဲ ကျရောက်နေပြီ...အရင်က ငါလည်း လူသားမျိုးနွယ်အတွက် စိုးရိမ်နေသေးတယ် ငါက ယိလူသားမျိုးနွယ် ဆိုပေမယ့် အမေက လူသားလေ... လူသားမျိုးနွယ် အကြောင်း အရမ်း သိချင်မိတယ်..."

"ဒါပေမယ့် အခု ဒီကအစ်ကိုက အရမ်းထက်မြက်ပြီး အရမ်း အစွမ်းထက်တာကို မြင်ရတော့ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာကလည်း သိပ်မဆိုးဘူးလို့ ထင်ရပါတယ်"

“ဟုတ်တယ်... လူသားမျိုးနွယ်က ပြိုလဲမှာ မဟုတ်သလို ပျက်ဆီးမှာလည်း မဟုတ်ဘူး"

လုရွှမ် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ကလေးမလေးကို ကိုင်ထားတဲ့ လူတစ်ယောက်ဆီ လျှောက်သွားလိုက်၏။ ကလေးမလေးက လူသားတစ်ယောက် ဖြစ်ပါသည်။

"ရှင် ဘာလုပ်​ချင်​​နေတာလဲ သူက ကျွန်မညီမ... သူ့ကို နာကျင်​​စေချင်​လို့ ကျွန်မကို အရင်​သတ်​လိုက်​!"

အမျိုးသမီးက အော်လိုက်သည်။ သူမ နယ်ပယ်က အားနည်းသော်လည်း သူမရဲ့ အရှိန်အဟုန်သည် အလွန်ပြင်းထန်ကာ က​လေးမလေးကို တင်းတင်းကြပ်ကြပ် အကာအကွယ်ပေးထားသည်။

သူမသည် သားရဲတစ်ကောင်လို မျက်လုံးများဖြင့် လုရွှမ်ကို စိုက်ကြည့်နေ၏။

ဤမိန်းက​လေး၏ ဝိညာဉ်သည် အားနည်းနေပြီဖြစ်သည်။ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် သူမဟာ အကြာကြီး ထိန်းထားနိုင်မှာ မဟုတ်သလို မကြာခင်မှာ အရူးတစ်ယောက် ဖြစ်သွားပါလိမ့်မည်။

တခြားသူတွေ သူမတို့ကို မတိုက်ခိုက်တာ အံ့သြစရာ မရှိတော့ပါ။

All Chapters