အလင်းဝင်ပေါက်ခုနစ်ပါး မြတ်သောနှလုံး
Vol. 143 Ch. 4.1657
လုရွှမ်ရဲ့ နှလုံးသားက ပူနွေးလာပြီး အမျိုးသမီးရဲ့ခေါင်းကို လက်ဖဝါးဖြင့် ဖိလိုက်သည်။
မျှော်စင်နယ်ပယ် အထွတ်အထိပ်တွင် အမျိုးသမီး၏ စွမ်းအားသည် သာမန်ဟု ဆိုနိုင်သော်လည်း ကလေးမလေးကတော့ မူးမေ့လဲသွား၏။ သူမရဲ့ နတ်မီးနယ်ပယ် အထွတ်အထိပ်က အတော်ကလေး နိမ့်လှသည်။
သူတို့နှစ်ယောက်က ဘာလို့ဒီမှာ ရောက်နေတာလဲ မသိ။ မိန်းကလေး တွန်းလှန်ချင်ပေမယ့် အခုအချိန်တွင် သူမ ဝိညာဉ်သည် အနည်းငယ် ပြန့်ကျဲနေပြီဖြစ်ရာ ဘယ်လိုလုပ် ခုခံနိုင်ပါ့မလဲ။
လုရွှမ် သူမခေါင်းထိပ်ကို တိုက်ရိုက် ဖိထားလိုက်သည်။ သူ့ရဲ့ စိတ်ဝိညာဉ်ပင်လယ်ထဲက ရွှေချို ထွန်းတောက်လာကာ သူ့လက်ဖဝါးတစ်လျှောက်တွင် သန့်စင်သော စွမ်းအားများ ထွက်လာပြီး အမျိုးသမီး၏ ခေါင်းထဲသို့ ဝင်ရောက်သွားသည်။
လုရွှမ် အနည်းငယ် နိမ့်သောအသံဖြင့် အော်ပြောလိုက်သည်။ အပြင်လူများ မကြားနိုင်သော်လည်း ထိုမိန်းကလေး၏ စိတ်ထဲတွင်တော့ အသံထွက်လာသည်။ ဒါက အဘိုးကြီး တောက်ယိဆီက သင်ယူခဲ့တဲ့ ဝိညာဥ်တံ ဆိပ်နည်းလမ်းပါပဲ။
နံနက် ခေါင်းလောင်းသံကဲ့သို့ ကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်ကို နိုးကြားစေ၏။
"ကောင်လေး... ဒါက မင်းရဲ့ကိစ္စမဟုတ်ဘူး ဝင်မစွက်ဖက်နဲ့"
လူတစ်ယောက် ပြေးထွက်လာပြီး လုရွှမ်ပုခုံးကို ဆွဲကိုင်လိုက်သည်။
ဟမ့်!
လုရွှမ် လှောင်ပြောင်လိုက်၏။ မိန်းကလေးရဲ့ ဝိညာဉ်သည် ပြင်းထန်စွာ ဒဏ်ရာရသွားတာကို သူမြင်ပြီးကတည်းက တစ်ယောက်ယောက်က သူ့ကို တမင်တကာ ခြိမ်းခြောက်ခဲ့တာ ဖြစ်မယ်မှန်း ခန့်မှန်းမိပြီးသား။
အခု ဒီလူက မတ်တပ်ထရပ်ပြီမို့ ဒီလူပဲ ဆိုတာ သိသာပါ၏။ အဲဒီလူရဲ့ လက်ဖဝါး ချဉ်းကပ်လာတာနဲ့ ရုတ်တရက် သူ့ပုခုံးကို လှုပ်လိုက်သည်။ သူ့ပုခုံးမှ ပြင်းထန်သော စွမ်းအားတစ်ခု ထွက်ပေါ်လာကာ ထိုလက်ဖဝါးကို တွန်းဖယ်ပစ်လိုက်သည်။
စူးစူးဝါးဝါး အော်သံနှင့်အတူ ထိုလူရဲ့ လက်ဖဝါးလည်း တုန်လှုပ်သွားခဲ့သည်။
"ကောင်လေး... မင်းရဲ့ ခွန်အားက မပျော့ညံ့ဘူးပဲ... ငါကြိုက်တဲ့လူကို ထိရဲတာ အံ့သြစရာတော့ မရှိပါဘူး"
ထိုလူက အော်ကာ လက်ဖဝါးခွန်အားကို ထပ်တိုးရင်း လုရွှမ်ကို ထပ်မံ ဆုပ်ကိုင်လိုက်သည်။
လုရွှမ် ယခုအခိုက်အတန့်တွင် မလှုပ်ရှားနိုင်တော့ပေ။ မဟုတ်ပါက အမျိုးသမီး၏ ဝိညာဉ်သည် ဒုတိယအကြိမ် တုန်လှုပ်သွားမည်ဖြစ်ပြီး လုံးလုံး ပြန်ကောင်းလာရန် ခက်ခဲသွားပေလိမ့်မည်။ အခုအချိန်မှာ ကောင်းကောင်း အနားယူရမှာ ဖြစ်ပေသည်။ မဟုတ်ရင် ပြင်းထန်တဲ့ရောဂါမျိုး ရသွားလိမ့်မည်။
"သေလမ်းကို ရှာနေတဲ့ကောင်!"
လုရွှမ် အော်ဟစ်လိုက်ပြီးတာနဲ့ သူ့နောက်က ဓားဟာ အလိုလိုထွက်လာပြီး ထိုသူရဲ့ တိုက်ခိုက်မှုကို တားဆီးလိုက်ပါလေသည်။
လုရွှမ်သည် နတ် စည်းတံဆိပ်ရှစ်ခုကို အဆက်မပြတ် လုပ်ဆောင်ရန် သူ့လက်များကို လှုပ်ရှားနေခဲ့သည်။ ဝိညာဉ်စွမ်းအားက ပြန့်ကျဲနေတဲ့ သူမရဲ့ စိတ်ဝိညာဉ်တွေကို စုစည်းပေးလိုက်ရာ နောက်ဆုံးမှာ မိန်းကလေးက အော်ဟစ်ပြီး နိုးလာခဲ့သည်။
သူမ လန့်နေတာကြောင့် လုရွှမ်ရဲ့ လက်ဖဝါးကို ပုတ်ထုတ်လိုက်မိသည်။
"အမှားမလုပ်မိစေနဲ့... အာရုံစူးစိုက်ပြီး စိတ်တည်ငြိမ်အောင်ထား... ဝိညာဉ်ကို ပြန်စုဆောင်းပါ..."
မိန်းကလေးလည်း အံ့အားသင့်သွားပြီးမှ နောက်ဆုံးတွင် တုံ့ပြန်နိုင်ခဲ့သည်။ လုရွှမ်သာ သူမကို နာကျင်စေချင်ရင် သူမ သေတာကြာပြီ။ ဒါကို သဘောပေါက်လိုက်တာနဲ့ သူမစိတ်က လျင်မြန်စွာ ငြိမ်သက်သွားပြီး အားနည်းနေပြီး ပြိုကွဲတော့မည့် ဝိညာဥ်ကို ပြန်လည် စုစည်းလိုက်လေသည်။
သို့သော် အလွန်နူးညံ့သိမ်မွေ့သော ပြင်ပစွမ်းအားတစ်ခုက အတွင်းထဲမှာ ကြိုရှိနေပြီး သူမ၏ ပျက်စီးနေသော ဝိညာဉ်ကို စုစည်းပေးထားသည်။ ထိုသခင်၏ အကူအညီဖြင့် သူမဝိညာဉ်ဟာ တဖြည်းဖြည်းနှင့် ပြန်လည်ကောင်းမွန်လာခဲ့သည်။
သူမ မျက်လုံးကို ပြန်ဖွင့်လိုက်ပြီး အဆုံးမရှိ ကျေးဇူးတင်သွားသည်-
"ကျေးဇူးတင်ပါတယ်"
ထိုအချိန်တွင် သူမအား ထိခိုက်ဒဏ်ရာရစေခဲ့သော လူဟာ လုရွှမ်ကို နောက်ကွယ်မှ တိုက်ခိုက်နေတာ တွေ့လိုက်ရလေသည်။
"သတိထား!"
လုရွှမ်သည် သူ့လက်ဖဝါးကို ပြန်ဆွဲထုတ်လိုက်ပြီးတာနဲ့ သူ့ရဲ့ဝိညာဉ်စွမ်းအားက ခန္ဓာကိုယ်ထဲ ပြန်ဝင်လာခဲ့ရာ သူ့နောက်ကွယ်က အန္တရာယ်ကိုလည်း ခံစားလိုက်ရသည်။ ဒီလူက အဆိပ်ပြင်းလွန်းပြီး လူတွေကို အဆက်မပြတ် သတ်နေတာပဲ။
ကံကောင်းထောက်မစွာ။ သူသည် ကောင်းကင်ဓားဖြင့် ကာကွယ်ထားနိုင်ခဲ့သည်။ မဟုတ်ပါက ပြင်းထန်စွာ ဒဏ်ရာရသွားပေလိမ့်မည်။ သို့သော် ကောင်းကင်ဓားက လက်နက်တစ်ခုသာ ဖြစ်တာကြောင့် ဒီအတိုင်းသာ ဆက်သွားပါက ခံနိုင်ရည်ရှိတော့မည် မဟုတ်ပေ။
သူ လှည့်မကြည့်မီ နက်ရှိုင်းကောင်းကင်စည်းတံဆိပ်ကို သူ့လက်ဖြင့် ထပ်မံဖွဲ့စည်းခဲ့သည်။ ထိုလူ၏လက်သီးသည် သူ့အင်္ကျီလက်ကိုပါ ထိမှန်သွားခဲ့သည်။ အော်သံနှင့်အတူ လေလှိုင်းများက တဟုန်ထိုး ပြေးဝင်လာသည်။
လေအားက လုရွှမ်ခန္ဓာကိုယ်ကို အပြည့်အ၀ ထုပ်ပိုးထားသည့် ရတနာပုလင်းတစ်ခုကဲ့သို့ ဖြစ်လာပြီး နောက်ကွယ်မှ တိုက်ခိုက်မှုကို တားဆီးထားလိုက်သည်။
နေရာအနှံ့ ပရမ်းပတာတွေ ဖြစ်ကုန်ကာ နံဘေးက လူအုပ်စုကိုလည်း တွန်းထုတ်ပစ်ခဲ့၏။ သူတို့နှစ်ဦးကြား အပြန်အလှန် တိုက်ခိုက်နေကြတာကို ရှောင်ရှားဖို့ တစ်ယောက်ပြီးတစ်ယောက် လျင်မြန်စွာ ရှောင်တိမ်းသွားခဲ့ကြသည်။
လုရွှမ် နောက်လှည့်ပြီး ရောက်လာတဲ့လူကို ကြည့်လိုက်သည်။
၎င်းသည် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး နတ်ခြေလှမ်းနယ်ပယ် တတိယအဆင့်ကို ရောက်ရှိနေပြီ။ ဘယ်မျိုးနွယ်ကလဲ ဆိုတာ မသိပေမယ့် လူသားတွေ မဟုတ်တာတော့ သေချာပါ၏။
လုရွှမ်ကို ကြည့်နေသော သူ့မျက်လုံးများမှ အမုန်းတရားများကို အဆုံးအဖြတ် ပေးနေသည်။
"ရှန်ဟွာတံဆိပ်ရှစ်ခု?"
ထိုလူက လုရွှမ်ရဲ့ မှော်စွမ်းအားတံဆိပ် အမည်ကို အော်ခေါ်လိုက်သည်။
လုရွှမ် ပေါ့ပေါ့တန်တန် အော်ဟစ်လိုက်ပြီး ချင်ထျန်းဓားကို သူ့နောက်ကျောမှ ပြန်ဆွဲထုတ်ကာ ညင်သာစွာ ပွတ်သပ်လိုက်သည်။ ကောင်းကင်ဓားသည် လုရွှမ်ဆီက ဂရုစိုက်မှုကို ခံစားလိုက်ရသဖြင့် အလိုအလျောက် အသံထွက်လာသည်။
ယွမ်ယန်ကျင့်စဥ်ရဲ့ စွမ်းအားသည် ဓား၏ ဓားကိုယ်ထည်ကို အာဟာရဖြည့်ပေးနေစဥ် လုရွှမ် ညီအစ်မနှစ်ယောက်ကို ကြည့်လိုက်သည်။
"မင်းတို့ နောက်ပြန်ဆုတ်ကြ!"
ညီအစ်မနှစ်ယောက်က အမြန်နောက်ပြန်ဆုတ်သွားပြီး မိန်းကလေးက ဆို၏။
"သခင်လေး ရှင့်ရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်... ဒါပေမယ့် ငါတို့ ကျေးဇူးတင်ပါတယ် ဒီလူယုတ်မာကို ယဲ့ရှောင်း လို့ခေါ်ပြီး အရမ်းလျှို့ဝှက်တဲ့နည်းနဲ့ မွေးဖွားလာတာ... လူသားမျိုးနွယ်ကို အမုန်းဆုံးပဲ ရှင်က သူ့ပြိုင်ဘက်မဟုတ်ဘူး... သူက ကျွန်မတို့ကို လိုချင်နေတာ ကျွန်မတို့သေရင်တောင် ဘယ်တော့မှ အောင်မြင်ခွင့်ပေးမှာ မဟုတ်ဘူး"
လုရွှမ် ကလေးမလေးအား ကြည့်လိုက်သည်။ သူမလည်း နိုးလာပါပြီ။ မျက်နှာသည် ဖျော့တော့ကာ သူမ၏ အတွင်းအင်္ဂါများင ပြင်းထန်စွာ ဒဏ်ရာရသွားကြောင်း ပြသနေသည်။
သို့သော် သူ့မျက်လုံးများသည် မိန်းကလေး၏ နှလုံးသားက မှော်ဆန်လွန်းကြောင်းကို ရှင်းရှင်းလင်းလင်း မြင်နေရကာ သူ့မျက်လုံးများထဲတွင် အလင်းခုနစ်ရောင်က အမှန်တကယ် လင်းလက်နေသည်။
အလင်းဝင်ပေါက်ခုနစ်ခု နှလုံး?
ဤလူမျိုးသည် ကျင့်ကြံမှုလမ်းကြောင်း၌ အရည်အချင်း အရှိဆုံးများ ဖြစ်ကာ လူသားမျိုးနွယ်၏ ကြီးကျယ်မြင့်မြတ်သော ခန္ဓာသုံးပါးအောက်တွင် ရှိသည်။
နတ်ကိုယ်ခန္ဓာနှင့် မတူသည်ကား ဤနှလုံးသားကို အခြားသူများက လုယူရရှိနိုင်သည်။ ထို့ကြောင့် ဤကဲ့သို့သော လူများသည် အများအားဖြင့် အိမ်တွင်သာ နေကြကာ ရှာတွေ့သွားမှာကို စိုးရိမ်နေကြရသည်။
ယဲ့ရှောင်းဆိုတဲ့ ဒီကောင်လေးက သူမကို ရှာတွေ့ခဲ့သဖြင့် သူ့အကျိုးစီးပွားအတွက် ယူသွားချင်နေခဲ့တာ ထင်ရှားပါ၏။
၎င်းသည် ယခင်က သူဘာကြောင့် ဆက်လက်တိုက်ခိုက်ခြင်း မပြုခဲ့ဘဲ အမျိုးသမီး သေဆုံးသည်အထိ စောင့်ဆိုင်းခဲ့တဲ့ အကြောင်းအရင်းလည်း ဖြစ်ပေသည်။ ကလေးမလေးကလည်း သန်မာတဲ့လူ ဖြစ်တာမို့ အရှက်တကွဲ ဖြစ်နေရတာထက် သေချင်နေတာ သိသာသည်။
ဒါကလည်း ယဲ့ရှောင်း ကမူးရှူးထိုးပြုမူရန် ကြောက်ရွံ့သွားစေသည်။
လုရွှမ် တစ်ချက် ခေါင်းညိတ်ပြလိုက်သည်။
"သူမက လူသားပဲလေ... ငါ့ညီမတစ်ယောက်ပဲပေါ့.... သူ့ကို ဘယ်သူမှ မထိခိုက်စေရပါဘူး"
အဲဒီနောက် ယဲ့ရှောင်းဘက်သို့ သူ့ဓားဖျားကို ညွှန်လိုက်သည်။
"လာ... မင်းငါ့ဓားအောက်မှာ သေရတာ ဂုဏ်ယူမိမှာပါ!"
ယဲ့ရှောင်း ဒေါသထွက်လာသည်။
"လူသား...မင်းက အရမ်းမာနကြီးနေတာပဲ၊ ဒါပေမယ့် ငါ့ထက်အဆင့်နိမ့်တဲ့ မျှော်စင်နယ်ပယ် တတိယအဆင့်က ကလေးလေးပဲ ရှိသေးတာ... ငါ့ကို တားချင်နေတာလား... ဟမ့် မင်းပြောတဲ့ သေလမ်းကို ရှာနေတာက မင်းကိုယ်တိုင်ပဲ"
ယဲ့ရှောင်း သူ့လက်တွေကို လှုပ်ရှားလိုက်သည်နှင့် သူ့အနောက်မှာ အတောင်ပံတစ်စုံ ထွက်လာသည်။ အတောင်များက သာမန်သတ္တဝါများနှင့် မတူပါ။ အတောင်တစ်ခုစီသည် ထက်ရှသော ဓားနှင့်တူပေသည်။ အတောင် ထွက်လာသောအခါတွင် ပြင်းထန်သော လူသတ် ရောင်ဝါကလည်း ပတ်ဝန်းကျင်ကို လွှမ်းမိုးသွားသည်။
ခဏကြာပြီးနောက် ယဲ့ရှောင်း၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ ရှေ့သို့ လျင်မြန်စွာ ပြေးသွားပြီး သဘာဝအတိုင်း သန့်စင်ထားသော ကောင်းကင်လက်နက် တစ်ခုလို ပြောင်းလဲကာ လုရွှမ်အား အမွေးတစ်ချောင်းဖြင့် ခုတ်ထစ်လိုက်သည်။
"အား... အဲဒါ ကောင်းကင်လက်နက်သားရဲကောင်!"
ရုတ်တရက် လူတစ်ယောက်က အော်ပြောပြီး ယဲ့ရှောင်းရဲ့အနောက်က အမွေးတွေကို ညွှန်ပြလိုက်သည်။
ကောင်းကင်လက်နက်သားရဲလား။
လုရွှအ့ ခေါင်းယမ်းလိုက်သည်။ သူ ဒီလို သတ္တဝါမျိုး တစ်ခါမှ မကြားဖူးပါဘူး။ သို့သော် သူ့နောက်ကွယ်မှ ကောင်းကင်လက်နက်သည် အမှန်တကယ်ပင် အလွန်အစွမ်းထက်လှသည်။ သူ့ရဲ့ ချင်ထျန်းဓား အနည်းငယ် ဒဏ်ရာရသွားသည်ကို အံ့သြစရာမရှိတော့ပါ။
ဤသားရဲသည် ကောင်းကင်နှင့်မြေကြီး၏ အစီအစဥ် ပျောက်ကွယ်သွားပြီးနောက် အမှောင်ထဲမှ ပေါက်ထွက်လာသည့် ထူးခြားသော သတ္တဝါမျိုး ဖြစ်ပေမည်။