← Chapters

လုံးဝ ချေမှုန်းပါ

Vol. 143 Ch. 4.1658

လုံးဝ ချေမှုန်းပါ

Vol. 143 Ch. 4.1658

လုရွှမ်သည် ချင်ထျန်းဓားထဲသို့ ယွမ်ယန်ကျင့်စဥ်ရဲ့ နောက်ထပ်အင်အားကို ထပ်ဖြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် ဖျတ်ကနဲ တုန်ခါသွားကာ ထိုသားရဲဆီသို့ ပြေးထွက်သွားကာ သူ့​​အမြန်နှုန်းဟာ အစောကထက် မနှေးခဲ့ပေ။

နှစ်ယောက်စလုံး လျင်မြန်စွာ တိုက်မိသွားကြပြီး ကောင်းကင်လက်နက် နှစ်ခုလည်း တိုက်မိသွားကြသည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ နှစ်ယောက်သား တစ်ချိန်တည်းမှာပဲ ဆုတ်ခွာသွားကြရသည်။

လုရွှမ် နောက်ထပ် ခြေလှမ်းနှစ်လှမ်းကိုပင် နောက်ဆုတ်လိုက်ရ၏။ သူ့နယ်ပယ်က အလွန်နိမ့်ကျနေသေးတာကြောင့် ခြေလှမ်း ပိုဆုတ်ပေးရတာက ဖြစ်သင့်ပါသည်။ ဒါပေမယ့် ဒီမြင်ကွင်းကို လူအုပ်ကြီးက သေချာ မြင်လိုက်ရသဖြင့် လုရွှမ်ကို ကြည့်နေတဲ့ မျက်လုံးအ​ရောင်တွေက လုံးဝကို ပြောင်းလဲသွားလေသည်။

မျှော်စင်နယ်ပယ် တတိယအဆင့် ကျင့်ကြံသူတစ်ယောက်က နတ်ခြေလှမ်းနယ်ပယ် တတိယအဆင့်ကို တိုက်နိုင်သည်။ ပြီးတော့ ဒီလူဟာ လက်နက်တွေမှာ အားသာချက် အများကြီး မရသေးဘူးဆိုတာ ထင်ရှားပါ၏။

လုရွှမ်သည်လည်း တစ်ဖက်သားရဲဆီက ကောင်းကင် လက်နက်၏ အာဏာစက်ကို ခံစားခဲ့ရသည်။ အနည်းဆုံး ခြောက်၊ ခုနစ် သို့မဟုတ် ရှစ်အဆင့် တန်ခိုးရှိ​ပေသည်။

"အဟက်!"

ကောင်းကင်လက်နက် သားရဲက ရယ်လိုက်သည်။ သူက ရှက်ရွံ့ပုံမပေါ်သလို အလွန်ပင် မာနကြီးပြနေသေး၏။

"ကောင်လေး... ငါကောင်းကင်လက်နက်ရဲ့ စွမ်းအားကို မင်း ခံစားမိပြီလား ခဏနေရင် မင်းရဲ့ ကောင်းကင်လက်နက်လည်း ငါ့လက်နက်တွေထဲက တစ်ခုဖြစ်လာပြီး ငါ့ဆီက စုဆောင်းခံရလိမ့်မယ်... မင်းရဲ့ ကောင်းကင်လက်နက်က ထင်ထားသလောက် အစွမ်းထက်တာလည်း မဟုတ်ပါဘူး... ဒါပေမယ့် မင်းပေးတဲ့ တန်ခိုးကတော့ ငါ့ကို အရမ်းစိတ်လှုပ်ရှားစေတယ်...ဟားဟား အဲဒီ့ကလေးမလေးထက်တောင် ခံစားချက်က ပိုကောင်းနေသေးတယ် ဒီနေ့တော့ ကံကောင်းတာပဲ အခွင့်အရေး နှစ်ခု ဆက်တိုက်ရသွားပြီ..."

ကောင်းကင်လက်နက် သားရဲက အလွန်မောက်မာစွာ အော်လိုက်​လေသည်။

လုရွှမ်ရဲ့ မျက်လုံးများလည်း အရောင် တောက်ပလာသည်။ ဤကောင်းကင်လက်နက် သားရဲက အမှန်တကယ် ကြီးစိုးနေတာပဲ။ သူ့လက်နက်အဆင့်ကို ဓားတစ်ချောင်းတည်းနဲ့ သိလိုက်ရသည်။ နာမည်နှင့် ထိုက်တန်သူပင် ဆိုရလေမလား။

သူ့ကို ကောင်းချီးပေးသော ယွမ်စွမ်းအင်ရဲ့ ထူးကဲသော စွမ်းအားကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီး သူ့ရဲ့ နတ်ခန္ဓာကိုယ်ကိုပါ သတိထားမိသွားသည်။ ဘာကြောင့် မထောက်ပြတာလဲ၊ အကြောင်းပြချက်က အရမ်းရိုးရှင်းသည်။ ဆိုလိုချင်တာက သူဟာ လူသားနှစ်ယောက်လုံးရဲ့ လျှို့ဝှက်ချက်ကို မဖော်ထုတ်ချင်ဘူး၊ သူ့ဘာသာသူ သိမ်းထားချင်ကာ တခြားသူတွေကို လာမထိစေချင်ခြင်းပင်။

ဤနေရာတွင် နတ်ခြေလှမ်းနယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိထားသူတွေ ရှိပါသေးသည်။ သူတို့က လက်ရှိ ပို့ဆောင်ခြင်း အခင်းအကျင်းကို စောင့်ထိန်းသူတွေပါပဲ။

ဤနေရာတွင် အန္တရာယ်ရှိသော်လည်း ၎င်းတို့သည် နောက်ဆုံးအချိန်မှ ထွက်ခွာရန် စောင့်မျှော်​ပေး​နေ​သေးသည်။ သလင်းကျောက် များများရဖို့ပဲလား။ အလင်းဝင်ပေါက် ခုနစ်ခုနှလုံးနှင့် လူ့သားနတ်ခန္ဓာ အကြောင်း သိပြီးသည်နှင့် ၎င်းတို့က သလင်းကျောက်များထက် များစွာ အဖိုးတန်လှကြောင်း ချက်ချင်း သတ်မှတ်လိုက်လိမ့်မည်။

မလှုပ်ရှားကမှ ထူးဆန်းပေလိမ့်မည်။

လုရွှမ်ရဲ့ နှလုံးသားကလည်း ပို၍ပို၍ မှိုင်းညို့လာသည်။ ဤကောင်းကင်လက်နက် သားရဲ သေချာပေါက် သေရမည်။ မဟုတ်ပါက သူနှင့် ဤကလေးမက ကျိန်းသေ​ပေါက် သေလိမ့်မည်။

သူသည် နတ်ခြေလှမ်းနယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိသွားသူနှင့် မယှဉ်နိုင်ပေးပါ။ ဤနေရာတွင် အနည်းဆုံး လူသုံးလေးယောက် ရှိ​နေသည်။ အခြားအကူအညီပေးသူများလည်း ရှိသေးသည်။ သူ့ရဲ့ အထောက်အထားကို ဒီမှာ ဖော်ထုတ်မိပြီးတာနဲ့ လွတ်မြောက်ဖို့ ခက်ခဲသွားလိမ့်မည်။

ဤကောင်းကင်လက်နက် သားရဲသည် သေရမည်။ အလွန်လျင်မြန်စွာ သေရမည်။

သူ့ရဲ့ စိတ်နှလုံးနှင့် စိတ်ဝိညာဉ် ပင်လယ်ဟာ ဆက်စပ်နေသဖြင့် ဝိညာဉ်ပင်လယ်ထဲက ရွှေချိုနဲ့ နဂါးပုတီးစေ့ ရောင်ဝါများက လျင်မြန်စွာ ချိတ်ဆက်သွားသည်။ လုရွှမ်ခန္ဓာကိုယ်ထဲတွင် ပြင်းထန်သော အင်အားများ စုပုံနေပြီး အချိန်မရွေး ပေါက်ကွဲရန် စောင့်နေခဲ့သည်။

သူသည် တစ်ချိန်က စိမ်းပြာနဂါး နှလုံးနဲ့ နဂါးသွေးကရသော အထောက်အပံ့ မရှိရင် ခံနိုင်ရည်မရှိမှာကို စိုးရိမ်ခဲ့သော်လည်း ယခုအခါတွင် သူ၏မူလ နှလုံးသားကတောင် ထောက်ပံ့ပေးနိုင်လောက်အောင် ပိုအားကောင်းနေပုံရသည်။

ထို့အပြင် မူလက စိမ်းပြာနဂါး နှလုံးသည် နဂါးစွမ်းအင်ကိုသာ ထောက်ပံ့ပေးခဲ့သော်လည်း ယခုအခါတွင် တစ်ကိုယ်လုံးသည် ဤနှလုံး၏ စွမ်းအားကို ခံစားနိုင်နေပြီ ဖြစ်သည်။ ယခု သယ်ဆောင်နိုင်သော စွမ်းအားသည် ပိုမိုပြင်းထန်လာပြီး ပေါက်ကွဲထွက်နိုင်သော စွမ်းအားသည် ပို၍ပင် ကြီးမား ကျယ်ဝန်းလာသည်။

လုရွှမ်ခန္ဓာကိုယ်သည် တုန်လှုပ်သွားပြီး နောက်တဖန် ရှေ့သို့ ပြေးထွက်သွားကာ တူညီသော ပုံစံအတိုင်း ကောင်းကင်လက်နက် သားရဲအနား ရောက်သွားပြန်သည်။

လူနှစ်ဦးရဲ့ ကောင်းကင်လက်နက်များ ပြင်းထန်စွာ တိုက်မိသွားကြသည်။ ပြင်းထန်သော မီးပွားများနဲ့ လှိုင်းများက ပတ်ပတ်လည်ကို ထိမှန်ကာ ဖြာထွက်သွားရာ မတိုင်ခင်က အာရုံမစိုက်မိသူများလည်း အာရုံစိုက်လာကြသည်။

သူတို့ အသီးသီးသည် ၎င်းတို့၏ အားသာချက်များ၊ အားနည်းချက်များနဲ့ နှိုင်းယှဉ်​ကြည့်ကာ အလွန်ကြောက်လန့်လာကြ၏။ မိမိတို့ကို ထိခိုက်မှာကြောက်တာကြောင့် တစ်ဖက်နားကိုတောင် မချဉ်းကပ်ရဲကြချေ။

လုရွှမ်သည် သူ၏ ခွန်အားကို ဂရုတစိုက် ထိန်းထားပြီး တစ်နာရီကြာအောင် ကြံ့ကြံ့ခံ​ပြီးနောက်မှ တဖြည်းဖြည်း ခွန်အားမရှိတော့သည့်ဟန်ဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

"ဟားဟား... လူသား မင်းက ပါရမီရှင်ပဲ ဒါပေမယ့် မင်းရဲ့နယ်ပယ်က နိမ့်နေတယ် ငါ့ကို တိုက်ခိုက်နိုင်တဲ့အထိ အရွယ်မရောက်သေးပါဘူး"

လုရွှမ်ကလည်း အေးစက်စွာ ​ပြန်ဟစ်အော်လိုက်သည်။

"မင်းဘာတွေ မာနကြီးနေတာလဲ၊ ငါ့ခွန်အားကို ငါ ထိန်းနေတာလေ!"

ကောင်းကင်လက်နက် သားရဲက ရယ်မောလိုက်လေသည်။ သူ့နှလုံးသားထဲက သံသယတွေ ပျောက်ကွယ်သွားပြီ။ အရင်က ဒီလူသားဟာ သူ့ရဲ့ ခွန်အားကို ထိန်းသိမ်းထားသလားလို့ သံသယရှိခဲ့ဖူးပေမယ့် အခု ဒီလူသားက သူ့ကိုယ်သူ အထင်ကြီးနေတာ သေချာသလောက်ပင်။

ပြီးနောက် တစ်နာရီကြာအောင် တိုက်ပွဲဝင်ခဲ့ကြသဖြင့် အနည်းငယ် မောပန်းနွမ်းနယ်နေခဲ့ပြီဖြစ်ရာ လူသားက ဘယ်​လောက်ကြာကြာ ခံနိုင်မယ်တဲ့လဲ။

အနီးနားရှိ ပွဲကြည့်သူများသည်လည်း လုရွှမ်ရဲ့ တိုက်ခိုက်ပုံကို အာရုံစိုက်လျက် စောင့်ကြည့်နေကြသည်။ သူ့​ခွန်အားသည် တဖြည်းဖြည်း အားနည်းလာသော်လည်း ဒီလိုဖြစ်တာက ပုံမှန်ပဲလို့သာ ထင်ကြသည်။

နယ်ပယ်က ကွဲပြားလွန်းပြီး လူသားမျိုးနွယ်သည် သားရဲမျိုးနွယ်များ အားလုံး၏အမြင်တွင် အညံ့ဆုံးမျိုးနွယ် ဖြစ်သည်။ ယွမ်စွမ်းအားက အားကောင်းရင်ရော ဘယ်လောက်များ တောင့်ခံနိုင်မှာမလို့လဲ။

ပေါက်ကွဲသံနှင့်အတူ လုရွှမ် လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ ပါးစပ်ထဲက သွေးတွေကို သုတ်ပြီးနောက် လုရွှမ်သည် ကလေးမလေးအား တစ်ချက်ကြည့်လိုက်ပြီး လှည့်ကာ ကောင်းကင်သို့ ပြေးသွားလိုက်သည်။

အမှန်တကယ်တော့ သူ တိုက်ရိုက် ထွက်ပြေးခဲ့တာပင်။ ဒါကြောင့် ကောင်းကင်လက်နက် သားရဲလည်း အံ့အားသင့်သွားပြီး ရယ်လိုက်၏။

"ကောင်လေး... အခုထွက်ပြေးဖို့က နောက်ကျနေပြီလေ! လာခဲ့" သူက လူတိုင်းကို တစ်ချက်ကြည့်လိုက်ပြီး။

"ဒီမိန်းမနှစ်ယောက်က ငါ့ဟာတွေပဲ... ထိရဲတဲ့ သတ္တိရှိရင် သတ်ပစ်မယ်!"

ထို့နောက် လုရွှမ်နောက်သို့ လိုက်သွားခဲ့သည်။ လုရွှမ်ရဲ့အရှိန်က မမြန်ပါ။ သူ့ခန္ဓာကိုယ်က နည်းနည်းလေး လိမ်နေသေးပြီး သွေးတွေ ရံဖန်ရံခါ ထွက်လာနေတာမို့ အားလုံးက သူ ဒဏ်ရာအပြင်းအထန် ရထားကြောင်း မြင်နိုင်သည်။

လူများစွာသည် ပြေးတက်လာပြီး ၎င်းတို့နှစ်ဦးကြား တိုက်ပွဲကို ဆက်လက် ကြည့်ရှုခဲ့ကြသည်။ နောက်ထပ် ပေါက်ကွဲသံတစ်ခုနှင့်အတူ လုရွှမ် ရေထဲကျသွားခဲ့သည်။

သူသည် ရေထဲမှ အမြန်ပြန်ထွက်ကာ တိုက်ပေမယ့် လွင့်သွားပြန်သည်။

ကျွန်းငယ်လေး​ပေါ်တွင်တော့ ညီအစ်မနှစ်ယောက်သည် လေထဲက ပြင်းထန်သော တိုက်ပွဲကို ကြည့်ပြီး မျက်ရည်ကျကာ တိတ်ဆိတ်နေခဲ့​ကြသည်။

"အစ်မ... အဲဒီအစ်ကို သေသွားမှာလား။"

"သူသေဖို့ ဖြစ်နိုင်ချေများတယ် ဒါပေမယ့် သူက သူရဲကောင်း ဖြစ်နေတုန်းပါပဲ"

"ဟုတ်တယ်!"

လုရွှမ် ထိုအချိန်မှစ၍ ဓားဖြင့် အထိုးခံ​နေခဲ့ရသည်။ ကံကောင်းထောက်မစွာပဲ သူ အမြန်ရှောင်တိမ်းနိုင်ခဲ့၏။ မဟုတ်ရင် သူ့ဘယ်ဘက်လက်တစ်ခုလုံး လွင့်ထွက်လုမတတ် ပြတ်တောက်သွားလိမ့်မည်။

ကောင်းကင်လက်နက် သားရဲကလည်း ရယ်မောပြီး သူ့မျက်လုံးထဲမှာ မထီမဲ့မြင် အကြည့်တွေက ထပ်ပေါ်လာ၏။ ဒီလူသား သေပြီ။

"ငရဲကို သွားစမ်း!"

သူ အော်ဟစ်ပြီး အရှေ့ကို ပြေးထွက်လာသည်။ သူ့မျက်လုံးထဲမှာတော့ လုရွှမ်က လူသေဖြစ်နေပါပြီ။

လုရွှမ်ရဲ့ မျက်လုံးများက ငြိမ်သက်နေပြီး သူ့နှလုံးသားက တောက်ပနေသည်။ ဒီအချိန်ကို သူစောင့်နေတာပင်။

ကောင်းကင်ဓားပေါ်တွင် လူသား၏ ထက်မြက်မှု မရှိတော့သလို ကောင်းကင်လက်နက်၏ မြင့်မြတ်သော ထက်မြက်မှုကို လုံးလုံးလျားလျား ဆုံးရှုံးသွားသကဲ့သို့ အနည်းငယ်မျှပင် မှိန်းနေသည်။ ကောင်းကင်လက်နက် သားရဲ၏ သက်ရောက်မှုကို ရင်ဆိုင်ရင်း လုရွှမ် ဓားဖြင့် အပြင်းအထန် တိုက်ခိုက်​နေခဲ့သည်။

သားရဲအုပ်စု တစ်စုသည် အောက်ဖက်တွင် ကြည့်နေကြပြီး အများစုမှာ လှောင်ပြောင်ခြင်းသည့် စကားများဖြင့် ပြည့်နှက်နေသည်။

"ဒီလူက သူ့အစွမ်းအစတွေကို လွန်လွန်ကဲကဲ တွက်ဆနေတာ... သူတကယ် နတ်ခြေလှမ်းနယ်ပယ် တတိယအဆင့် သခင်နဲ့ တိုက်ပွဲဝင်နေတာ.... သူသေရင် ဘယ်သူ့ကို သွားအပြစ်တင်ရမှာလဲ..."

"ဟုတ်တယ်... လူသား​တွေအားလုံးက အရမ်းကြီး မာနကြီးကြတယ်... မျိုးနွယ်က အရမ်းအားနည်းနေတာ မအံ့သြတော့ပါဘူး"

"ရှေးခေတ်ဒဏ္ဍာရီတွေမှာပဲ ရှိခဲ့တဲ့ ကောင်းကင်လက်နက် သားရဲက တစ်ဖန်ပြန်ပေါ်ပြီ... ကမ္ဘာကြီးက တကယ့်ကို ပရမ်းပတာဖြစ်နေကုန်ပြီ"

လုရွှမ်သည် စုဆောင်းထားသော စွမ်းအားကို ရုတ်တရက် ထုတ်လွှတ်လိုက်တာကြောင့် ကောင်းကင်ဓားပေါ်မှ အလင်းရောင်က ရုတ်တရက် တောက်ပစွာ လင်းလက်သွားသည်။

ဓားသည် တစ်ဖက်သားရဲ၏ လက်လက်ကို တိုက်ရိုက် ဖြတ်ပစ်လိုက်သည်။ ဓားအလင်းများက ကွေ့ဝိုက်ကာ ထွက်ပေါ်လာကာ ထိုသားရဲ၏ ခန္ဓာကိုယ်ကိုပါ တိုက်ရိုက် ခွဲထုတ်ပစ်တော့၏။

ဓားစွမ်းအားက ကြီးမားလွန်းသဖြင့် အောက်ဖက်ကနေ ပွဲကြည့်ကောင်းနေသော လူဆိုးများကို ထိတ်လန့်သွားစေခဲ့သည်။

သူတို့ခမျာ အံ့ဩသွားနေရာမှ စကားတစ်ခွန်းမှတောင် မဟနိုင်ခဲ့ပေ။

All Chapters