← Chapters

ကြယ်တစ်​သောင်းကမ္ဘာက အပြောင်းအလဲများ

Vol. 143 Ch. 4.1659

ကြယ်တစ်​သောင်းကမ္ဘာက အပြောင်းအလဲများ

Vol. 143 Ch. 4.1659

လုရွှမ် ပေါ့ပေါ့တန်တန် ဟစ်အော်ပေမယ့် ပေါ့ပေါ့ဆဆ မနေဝံ့ပေ။ သူ့လက်ထဲမှ ကောင်းကင်မီးဘောလုံးတစ်ခု ပေါက်ကွဲထွက်လာပြီး သူ့လက်မောင်းကို မီးလှိုင်းလုံးကြီးတစ်ခုအသွင် ဖုံးလွှမ်းသည်။ ကောင်းကင်က မိုးခြိမ်းသံတစ်ခု ပေါက်ကွဲသွားသလိုမျိုး ကောင်းကင်လက်နက် သားရဲ၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။

ကောင်းကင်လက်နက် သားရဲက မသေသေးချေ။ သူ့ခန္ဓာကိုယ်က တုန်ခါနေပြီး အဖြတ်ခံထားရတဲ့ ခန္ဓာကိုယ်နှစ်ပိုင်းဟာ တကယ်ကို ပြန်ဆက်ချင်နေသည်။

လုရွှမ်က ရယ်သံတစ်ချက်ဖြင့် ပြေးဝင်လာသည်။ ၎င်းကို ရှင်ပြန်ထမြောက်ခွင့် ပေးလိုက်လျှင် သူ့ရဲ့ ယခင်ကြိုးစားမှုနှင့် သည်းခံမှုကို ဟာသအဖြစ် မြင်​ကြလိမ့်မည်။

ဓားစွမ်းအင်များကို အဆက်မပြတ် ဝေ့ယမ်း ထိုးဖောက်ပစ်လိုက်သည်။ လုရွှမ်အရှိန်က မနှေးကွေးဘဲ ကောင်းကင်လက်နက် သားရဲ၏ ခန္ဓာကိုယ်ရှေ့သို့ ပြေးသွားကာ ချင်ထျန်းဓားကို ဆွဲထုတ်လိုက်ပြီး ၎င်းခန္ဓာကိုယ်ပေါ်ရှိ အမွေးအတောင်များကို တစ်မွှေးပြီးတစ်မွှေး ဆွဲထုတ်ပစ်လိုက်သည်။

လုရွှမ် အတင်း ဆွဲထုတ်လိုက်တာကြောင့် အမွေးအမြစ်တွေက သွေးတွေနဲ့ စွန်းထင်းလျက် ပါလာသည်။ အနှီသားရဲမှာ၏ ခန္ဓာကိုယ်သည် တုန်ခါနေသေးသော်လည်း အသက်ရှုသံက များစွာ အားနည်းသွားတယ်လို့ ခံစားမိ​​လေသည်။

လုရွှမ်၏ နှလုံးခုန်သံနှင့်အတူ နဂါးပုတီးစေ့ကလည်း ခုန်ပေါက်လျက် သူ့လက်ထဲတွင် တောက်ပနေသည်။ နဂါးပုတီးစေ့ကိုလည်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရ​သေးသည်။ မဟုတ်ပါက ၎င်းကို မက်မောသူများက ချက်ချင်း လှုပ်ရှားလာကြမှာ သေချာသည်။

လုရွှမ် နဂါးပုတီးစေ့ကို ကောင်းကင်လက်နက် သားရဲ၏ ခန္ဓာကိုယ်ထဲသို့ ဖိသွင်းလိုက်သည်။ ကောင်းကင်လက်နက် သားရဲသည် ယခင်က မကြောက်ခဲ့ဖူးသော်လည်း ယခုတော့ ဟောက်နေရပေပြီ။

"ဘာလုပ်နေတာလဲ... အဲဒါဘာလဲ ပြန်ယူသွား!"

ထို့နောက် ကောင်းကင်လက်နက် သားရဲ၏ကိုယ်ခန္ဓာမှ အလင်းတန်းတစ်ခုသည် နဂါးပုတီးစေ့ထဲသို့ စီးဆင်းသွား​လေ​တော့သည်။

လုရွှမ်သည် ကောင်းကင်နဂါးတို့၏ အငွေ့အသက်ကို စုပ်ယူနိုင်သည့် နဂါးပုတီးစေ့ကို ယခင်က သုံးကြည့်ဖို့ တွေးခဲ့ဖူးပြီး ထိုမတိုင်မီက ဖီးနစ်စွမ်းအင်ကိုလည်း ပုတီးစေ့ထဲသို့ စုပ်ယူထားခဲ့သည်။

ထိုအခါ ကောင်းကင်လက်နက် သားရဲသည် မှော်ပညာအရ နဂါးထက် သာလွန်နေတာမျိုး မဟုတ်တာကြောင့် သူ စမ်းသပ်ကြည့်လိုက်တာပင်။ သေချာသွားတာက နဂါးပုတီးစေ့ဟာ ကောင်းကင်လက်နက်သားရဲရဲ့ နတ်ရောင်စုံကိုလည်း စုပ်ယူပစ်လိုက်ပါ၏။

သားရဲသည် ပြင်းထန်စွာ ဟောက်ပြီး ရုန်းကန်​နေခဲ့သော်လည်း ယခုအချိန်တွင်တော့ လုရွှမ်က သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီမလို့ မလှုပ်ရှားနိုင်တော့ပေ။ ကျိန်ဆဲချင်တာတောင် လုရွှမ်က ကောင်းကင်လက်နက် သားရဲ၏ ပါးစပ်ကို ရိုက်ပစ်လိုက်ပြီး သူ့စကားကို ထိန်းထားခိုင်းလိုက်သည်။

ကောင်းကင်နဂါး ပုတီးစေ့ရဲ့ အရှိန်က ပိုမြန်လာချိန်၌ တစ်ဖက်သားရဲ၏ အသက်ရှုသံသည်လည်း ပြင်းထန်စွာ အားနည်းလာခဲ့သည်။ နောက်ဆုံးတွင် ထိုသားရဲကိုယ်ထဲ၌ ဘာအငွေ့အသက်မှ မရှိတော့ဘူးဟု ခံစားလိုက်ရ​လေသည်။

သူသည် သူ့ဓားကို ထပ်မံအသုံးပြုပြီး ကောင်းကင်လက်နက် သားရဲ၏ အပိုင်းအစများကို အလွယ်တကူ ဖြတ်တောက်ပစ်လိုက်သည်။ ကောင်းကင်တစ်ခွင် မီးလုံးတစ်လုံး မီးလောင်သွားတာနဲ့ အရာအားလုံး ပြာဖြစ်သွားပါတော့သည်။

အောက်ခြေက လူများသည် လုရွှမ်ကို ထိတ်လန့်စွာ ကြည့်ကာ အနည်းငယ် နောက်ဆုတ်ကုန်ကြသည်။ ရုတ်တရက် သူတို့နှစ်ယောက် ဘာဖြစ်သွားလဲ မသိ။ အခြေအနေက ရုတ်တရက် ဘယ်လိုလုပ် ပြောင်းပြန်ဖြစ်သွားတာလဲ မသိလိုက်ကြပေ။

လုရွှမ် ဆင်းသက်လာပြီးတာနဲ့ သူ့ပတ်ဝန်းကျင်က လူတွေက တစ်ယောက်ပြီးတစ်ယောက် အလျင်စလို ဘေးဖယ်သွားကုန်၏။ ကြည့်​နေသော မျက်လုံးများသည် လုံးဝကွဲပြားသွားသည်။ အရင်တုန်းကတော့ ကြောက်လန့်တကြား ဖြစ်ခဲ့ကြပေမယ့် အခုချိန်မှာတော့ လုံးဝကို ကြောက်လန့်သွားကြပါ​ပြီ။

လုရွှမ် ညီအစ်မနှစ်ယောက်ရှေ့မှာပဲ ဆင်းသက်လိုက်သည်။

"အဆင်ပြေပါတယ်"

ကောင်မလေးနှစ်ယောက်က အံ့အားသင့်ပြီး စိတ်လှုပ်ရှားသွားကြသည်။ ထိုသားရဲက သူတို့ကို တစ်လမ်းလုံး လိုက်ဖမ်းနေခဲ့တာကြောင့် သေဖို့တောင် အသင့်ဖြစ်နေပါပြီ။ သူတို့ရဲ့စိုးရိမ်မှုတွေကို လုံးလုံးဖြေရှင်း သွားနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့။

"အခုနက ရှင်?"

မိန်းကလေးက သံသယစိတ်ဖြင့် မေးချင်​နေသည်။ လုရွှမ် ရယ်ပြီး တိုးတိုးလေး ပြောပြလိုက်သည်။

"မင်း သူ့ကို မသွေးဆောင်ဘူးဆိုရင် ဓားတစ်ချောင်းနဲ့ ဘယ်လိုလုပ် သတ်ပစ်နိုင်မှာလဲ...သူ မင်းညီမရဲ့ လျှို့ဝှက်ချက်ကို ပြောပြလိုက်ရင် ငါတို့ ထွက်သွားလို့ မရ​တော့ဘူး"

အမျိုးသမီးက ရုတ်တရက် သဘောပေါက်သွားပြီး သူ့ကို ထပ်ခါထပ်ခါ ကျေးဇူးတင်နေမိသည်။ လုရွှမ် ယခင်က လက်မောင်းကို ဖြတ်ထုတ်ခံရလုနီးပါး ဖြစ်သွားခဲ့သည်။ ဒီဝီရိယ အားထုတ်မှုက တကယ်ကို ကြီးမားလွန်းလှ၏။

"လင်လင် အစ်ကို့ကို မြန်မြန် ကျေးဇူးတင်လိုက်လေ.."

ကလေးမက သူ့ကို အမြန်ကျေးဇူးတင်လိုက်သည်။ လုရွှမ် သူ့လက်ကို ဝှေ့ယမ်းပြီး ပြုံးပြလိုက်ကာ။

"ငါနဲ့ မင်းတို့က လူသားပဲ... မင်းတို့ကလည်း ငါ့ညီမလိုပဲ... မင်းတို့ကို ဂရုစိုက်ရတာ ပုံမှန်ပါပဲ လုရွှမ်ပါ "

"ချင်းရွှယ်... ဒါက ကျွန်မညီမ ပိုင်လင်"

"မင်္ဂလာပါ အစ်ကိုလုရွှမ်..."

လုရွှမ် ဆေးပုလင်းနှစ်လုံးကို ထုတ်ပေးလိုက်သည်။

"ဒါက အနာကျက်ဖို့... ငါ့နောက်လိုက်ခဲ့ ငါတို့ ဒီကျွန်းက ထွက်သွားရအောင်"

အမျိုးသမီးနှစ်ယောက်၏ မျက်လုံးများလည်း တောက်ပလာသည်။ သူတို့သည် ငွေရှားပါးနေပြီဖြစ်ပြီမလို့ ဤနေရာတွင် ပိတ်မိနေမည် သို့မဟုတ် သေဆုံးလိမ့်မည်ကို တွေးတောနေခဲ့သည်။

ယခင်က တိုက်ပွဲကြောင့် လုရွှမ်ကို ဘယ်သူမှ လျှော့မတွက်ရဲကြပေ။ ဒီလူရဲ့ နယ်ပယ်က မမြင့်ပေမယ့် သူ့ရဲ့ ခွန်အားက ကြောက်စရာကောင်းလှတာကြောင့် လုရွှမ်ရဲ့ ပထမဆုံးရန်သူ မဖြစ်လိုချေ။

မကြာခင်မှာပဲ လူသုံးယောက်ရဲ့ အလှည့်ရောက်လာ၏။ လုရွှမ် သလင်းကျောက်ကို လွှဲပေးလိုက်တော့ အလင်းရောင်က တောက်ပလာပြီး လူသုံးယောက် ပျောက်သွားခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ?"

ချင်းရွှယ် သူ့ညီမကို ဂရုတစိုက် ကာကွယ်ရင်း အော်လိုက်သည်။ လုရွှမ်လည်း အလွန်အန္တရာယ်ကြီးသည့် အရာတစ်ခု ဖြစ်လာတော့မလို နှလုဲးက လေးလံလာသလို ခံစားလိုက်ရသည်။

"လုရွှမ်!" သူ့နားထဲတွင် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။

အသံသည် အလွန်ရင်းနှီးသည်။ ပြင်းထန်သော ခံစားချက်နှင့် ရင်တွင်းရှိ နာကျင်မှု အနည်းငယ်ဖြင့် အလွန်ရင်းနှီးပြီး အလွန်ပူလောင်သော ငိုသံကဲ့သို့ပင်။

"အဲဒါ အောင့်ယွဲ့!"

ဒါပေမယ့် အောင့်ယွဲ့က ကြယ်တစ်သောင်းကမ္ဘာမှာ မဟုတ်ဘူးလား။ ဒီအသံက ဘယ်လိုလုပ် ဒီအထိ ကူးစက်သွားနိုင်တာလဲ။

"ချင်းရွှယ်... လင်လေး မင်းတို့ အသံတစ်ခုခုကြားမိလား?"

လုရွှမ် နဖူးပေါ်မှ ချွေးများ ရွှဲရွှဲနှင့် အမြန်မေးလိုက်သည်။ ချင်းရွှယ် ခေါင်းခါလိုက်ပေမယ့် ပိုင်လင်က ပြန်မေးလာ၏။

"အစ်ကိုလုရွှမ်ရဲ့ နာမည်ကို တစ်ယောက်ယောက် ခေါ်နေတယ်လို့ ပြောနေတာလား"

"အင်း မင်း ကြားလား?"

"ညီမ ခံစားလို့ရတယ်"

ချင်းရွှယ် : "လင်လေးမှာက ထူးထူးခြားခြား နှလုံးသား ခုနစ်ပေါက်ရှိတော့ အသံတချို့ကို ကြားနိုင်တယ်"

"လင်လေး... မင်း ဘာကြားလဲ"

လုရွှမ် အမြန်မေးလိုက်သည်။

အောင့်ယွဲ့မှာ ပြောစရာတွေ အများကြီးရှိနေသလို ခံစားခဲ့ရပေမယ့် သူ့ဘက်က မကြားနိုင်ခဲ့ပါဘူး။ သူ့နာမည်ကိုကြားရုံနဲ့ စကားအနည်းငယ်က စိတ်ပျက်အားငယ်စရာတွေ ကြုံနေရကြောင်း သိနိုင်သည်။

ချင်းရွှယ် ပေါ့ပေါ့ပါးပါး ချောင်းဆိုးလိုက်ပြီး။ "လုရွှမ် လင်လေးရဲ့ လက်ရာမြောက်တဲ့ ခုနစ်ပေါက်နှလုံးသားက တကယ့်ကို မှော်ဆန်တယ်... ဒါပေမယ့် အဲဒါက ကြီးမားတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိသလို အများကြီး ပေးဆပ်ရမှာ...."

"အစ်မ...ငါ အစ်ကိုလုရွှမ်ကို ကူညီချင်တယ်"

ပိုင်လင်က အော်ပြောလိုက်ကာ သူ့မျက်လုံးတွေကလည်း ဆုံးဖြတ်ချက်တွေ အပြည့်နဲ့။

ချင်းရွှယ်: "ကောင်းပြီ...စိတ်မပူပါနဲ့ မမ မင်းကို ကာကွယ်ပေးမှာပါ"

ချင်းရွှယ်က ရှင်းပြလာတော့ လုရွှမ်လည်း တုံ့ဆိုင်းသွားတော့သည်။

ထို​အရာတွေကို ပြန်ခြေရာခံချင်ရင် ပိုင်လင်ရဲ့ လှပတဲ့ နှလုံးသားခုနစ်ပေါက်ကို ဖွင့်ဖို့ လိုပါ၏။ သို့သော် သူမ၏ လက်ရှိခွန်အားသည် အလှမ်းဝေးလွန်းနေသေးသည်။ သူမ နတ်ခြေလှမ်းနယ်ပယ် ရောက်မှသာ ထိခိုက်မှုမရှိဘဲ အလင်းခုနှစ်ပေါက် နှလုံးကို လုံးလုံးလျားလျား ဖွင့်နိုင်လိမ့်မည်။

"အစ်ကိုကြီး စိတ်မပူပါနဲ့ အစ်ကို့အတွက် အရမ်းအရေးကြီးတယ်လို့ ညီမလည်း ခံစားရတယ်... အစ်ကိုလည်း အရမ်းကူညီပေးခဲ့တာပဲကို ညီမတို့ လုပ်နိုင်ပါတယ်"

"လုရွှမ် စိတ်မပူပါနဲ့!"

ချင်းရွှယ်က သူ့ညီမကို ကြည့်ကာ ခေါင်းညိတ်​ပြလိုက်သည်။

"ဒုက္ခပေးမိပါပြီ..."

အောင့်ယွဲ့ နဲ့ တခြားသူတွေသာ မဟုတ်ရင် လုရွှမ်လည်း ပိုင်လင်ကို အန္တရာယ်ပြုဖို့ ဘယ်တော့မှ သတ္တိရှိမှာ မဟုတ်ပါ။ ပိုင်လင်ရဲ့ နှလုံးသားက တောက်ပနေပြီး အပေါက် ခုနစ်ပေါက် လှုပ်ရှားနေသည်။ အရောင် ခုနစ်ရောင်ရှိသော ရောင်ဝါကြိုးများက သူမနှလုံးသားထဲမှ ထွက်လာပြီး လုရွှမ်ကို ဖုံးအုပ်ပစ်လိုက်သည်။

လုရွှမ်ရဲ့ စိတ်ဝိညာဉ်က လှုပ်ရှားသွားကာ သူ့မျက်လုံးများသည်လည်း ခဏတာ ရှုပ်ထွေးသွားသည်။ ဝိညာဉ်သည် အာကာသနှင့်အချိန်များတစ်လျှောက် ခုန်ပျံသွားသကဲ့သို့ ခံစားလိုက်ပြီးနောက် နားမလည်နိုင်သော လမ်းကြောင်းတစ်ခုပေါ်မှ လိုက်သွားခဲ့သည်။

ရင်းနှီးတဲ့ အရာတစ်ခုက ကြယ်တစ်သောင်းကမ္ဘာ ဖြစ်သွားခဲ့သည်။

အောင့်ယွဲ့၊ ရှန်ယိနဲ့ အခြားသူများသည် အသည်းအသန် တိုက်ခိုက်နေကြသော်လည်း ၎င်းတို့သည် သိသာထင်ရှားစွာ ရှုံးနိမ့်​နေပြီး မကြာခင်မှာပဲ ချေမှုန်းပစ်တာ ခံရတော့မည် ဖြစ်သည်။

All Chapters