တောင်တစ်သောင်းကမ္ဘာသို့ ရောက်ရှိလာခဲ့ခြင်း
Vol. 143 Ch. 4.1660
လုရွှမ်၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားပြီး သူ့ဝိညာဉ်သည် နားမလည်နိုင်သော မြင်ကွင်းထဲမှ ပြန်လည် ခုန်ဆင်းလာခဲ့သည်။ နဖူးမှ ချွေးတွေ တသီတကြီး စီးကျနေပြီး သူ့စိတ်တွေပါ ထိတ်လန့်သွားတာကြောင့် မငြိမ်သက်နိုင်တော့ချေ။
"ဒါအမှန်လား အမှားလား?"
လုရွှမ် အသံနဲ့ နှုတ်ခမ်းတွေကလည်း တုန်နေသည်။ ပိုင်လင်က ခေါင်းညိတ်ပြသည်။
"အစ်ကိုကြီး... ဒါအကုန်မှန်ပါတယ် ၆၆ ရက် နောက်ပိုင်းမှာ ဖြစ်မှာ ဖြစ်မယ်"
သူမလည်း အနည်းငယ် စပ်စုမိသည်။ အလင်းခုနှစ်ပေါက် နှလုံးဖြင့် သူမသည် မှော်ဆန်သည့် အရာများစွာကို မြင်တွေ့နိုင်သော်လည်း ထိုကဲ့သို့သော မှော်ဆန်သည့်နေရာကို သူမ ပထမဆုံးမြင်ဖူးတာ ဖြစ်သည်။
ထိုလူများရဲ့ ကျင့်ကြံမှုမှာ မမြင့်မားဘဲ ပတ်ဝန်းကျင်သည် နားမလည်နိုင်အောင်ပင် ထူးဆန်းလွန်းသဖြင့် သူမကို အံ့အားသင့်စေခဲ့သည်။
အဲ့လိုနေရာရှိလို့လား?
"သုံးဆယ့်ခြောက်ရက်ရှိသေးတယ်?"
လုရွှမ် စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။ မဖြစ်သေးတာ အကောင်းဆုံးပါပဲ။ ဒါကြောင့် ပြန်လည်ထူထောင်ဖို့ နေရာရှိပါသေး၏။
"ချင်းရွှယ် ပိုင်လင် စိတ်မကောင်းပါဘူး.. နောက်ရက်တွေတော့ မင်းတို့ဘာသာ ဆက်သွားရတော့မှာပဲ... အဲဒီလူတွေက ငါ့သူငယ်ချင်းတွေ... အခု ငါ့ကိုလိုအပ်နေပြီ"
လျှို့ဝှက်နယ်ပယ်မှာ ဖြစ်ပျက်ခဲ့သမျှအားလုံးကို မြင်လိုက်ရတော့ ပိုင်လင်လည်း မှန်ကန်တယ်လို့ နားလည်ထားပြီးသား ဖြစ်သည်။ သူမက ခေါင်းညိတ်လိုက်ပြီး သူ့အစ်မရဲ့လက်ကို ကိုင်လိုက်သည်။
"အစ်ကိုကြီး ဒါဆို အစ်ကို ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်..."
ချင်းရွှယ်လည်း ခဏတုံ့ဆိုင်းသွားပြီးမှ ပစ္စည်းတစ်ခုကို ထုတ်ပေးလာခဲ့သည်။
"အစ်ကိုလု... ဒီဟာက ရှင့်အတွက်ပါ... ရှင် သွားချင်တဲ့နေရာက အရမ်းဝေးနေပုံရတယ်... ဒီလိုလုပ်ရင် ပိုသက်သာလိမ့်မယ်"
လုရွှမ်: "လေဟာနယ်ဖြတ်တံဆိပ်ပြား?... မင်းမှာရှိရင် ဘာလို့...."
ဤတံဆိပ်ပြားသည် လူတစ်ဦးတည်းကိုသာ သယ်ဆောင်နိုင်သည်။ ညီအစ်မနှစ်ယောက်သည် ငယ်စဉ်ကတည်းက တစ်ယောက်ကိုတစ်ယောက် မှီခိုလာခဲ့ကြသဖြင့် နှစ်ယောက်စလုံးက တခြား တစ်ယောက်ကို စွန့်လွှတ်ရန် ဆန္ဒမရှိကြပေ။
လုရွှမ်သည် လူသားမျိုးနွယ်၏ ကံကောင်းခြင်းအတွက် အမျိုးသမီးနှစ်ဦးကို မတော်တဆ ကယ်တင်ခဲ့မိသော်လည်း ဤနေရာ၌ သူ့အား ပိုကြီးသော အကူအညီမျိုး ပြန်ပေးခဲ့သည်။
သူက ထိုနှစ်ယောက်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ပြီး ကျေးဇူးတင်ကြောင်း ထပ်ခါတလဲလဲ ပြောခဲ့ပါ၏။ သူ့ဘက်ကလည်း သလင်းကျောက်များဖြင့် ပြည့်နေသော သိုလှောင်လက်စွပ်တစ်ကွင်းကို ချင်းရွှယ်လက်ထဲ ပေးလိုက်သည်။
"ဒီသိုလှောင်လက်စွပ်နဲ့ဆို မင်းကို တောင်ပိုင်းဒေသဆီ လုံလုံခြုံခြုံ ပို့ဆောင်ပေးနိုင်မှာပါ... ကံကောင်းရင် နောက်တစ်ကြိမ် ပြန်ဆုံကြမယ်..."
"နှုတ်ဆက်ပါတယ် အစ်ကိုလုရွှမ်..."
လုရွှမ် တံဆိပ်ပြားကို ဖိချေလိုက်တဲ့အခါ အလင်းတန်းတစ်ခုက သူ့ကို ဖုံးလွှမ်းသွားပြီး တိုက်ရိုက် ပျောက်သွားခဲ့သည်။
ရန်ဖေးဆီက နည်းလမ်းကို အားကိုးကာ အောက်ကမ္ဘာကို ဘယ်လို သွားရမလဲ သိထားပြီးပြီ ဖြစ်သည်။ သို့သော် ပို၍အရေးကြီးသည်မှာ သူသည် ရန်ဖေး သူ့အား ပေးခဲ့သော အချက်အလက်များစွာကို အထူးမှတ်သားထားခဲ့သည်။
အနီးဆုံးနေရာကို ရောက်ချင်ရင် ရက် ၃၀ ကျော်အတွင်း ရောက်ဖို့ မလွယ်ချေ။ ယခု လေဟာနယ်ဖြတ်တံဆိပ်ပြား ရှိလာတာကြောင့် မဖြစ်နိုင်သော အရာသည် ဖြစ်နိုင်ချေ ရှိလာပါပြီ။
စွန့်ပစ်ထားသော ကျောက်တောင်ကြီးတစ်ခု ဝန်းကျင်က နေရာတိုင်းတွင် ကြမ်းတမ်းသော ကျောက်စာတိုင်များ ရှိနေသည်။ ရုတ်တရက် လျှပ်တစ်ပြက် အလင်းတစ်ခု လင်းလတ်သွားကာ လူတစ်ယောက် ထိုနေရာတွင် ပေါ်လာသည်။
လုရွှမ်ပါးစပ်က သွေးတွေ ထွက်လာ၏။ ဒီအချိန်ဖြတ်ကျော်ရတဲ့ အကွာအဝေးက ဝေးလွန်းလှသည်။ ဝေးကွာလေလေ၊ သဘာဝ အကာအကွယ်ရဲ့ စွမ်းအင်ကလည်း အားနည်းလေ ဖြစ်သည်။
လက်ရှိ ရောက်နေတဲ့ နေရာကတော့ ကျုံးကျိုးက ပို့ဆောင်ခြင်း စင်မြင့် ဖြစ်သည်။ ၎င်းကို စွန့်ပစ်ထားခဲ့သော်လည်း အခင်းအကျင်းနဲ့ ပစ္စည်းများကတော့ ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။
လိုအပ်တာတွေအားလုံးကို ဟန်ယင်းရဲ့ သိုလှောင်လက်စွပ်ထဲမှာ ပြင်ဆင်ပြီးပါပြီ။
အကယ်၍ သူသည် ဤနေရာကို ပြန်လည်ပုံဖော်ပြီး စင်မြင့်ကို ပြန်လည်လုပ်ဆောင်လိုပါက ပုံမှန်ပြုလုပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းများသည် အနည်းဆုံး နှစ်ပေါင်းများစွာ သို့မဟုတ် ဆယ်နှစ်ကျော်ပင် ကြာသွားလိမ့်မည်။ ဒါပေမယ့် လုရွှမ်ကတော့ အများကြီးမတောင်းဆိုရဲတော့ချေ။ အချိန်အတိုင်းအတာ တစ်ခုအထိ ထိန်းသိမ်းထားနိုင်ရင်ကို လုံလောက်ပါပြီ။
နောက်ဆုံးတွင် သူ၏ ကြိုးပမ်းမှုအပြီးတွင် ကောင်းကင်ဘုံက တဖန် တောက်ပလာပြန်သည်။ လုရွှမ် အသွင်အပြင်ကို ထိန်းချုပ်ကာ စင်မြင့်ထက်မှ ဆင်းသက်လာခဲ့သည်။
တိမ်များကြား၌ အော်သံတချို့ ကြားနေရကာ ဝိညာဉ်စွမ်းအင်များသည်လည်း တဖြည်းဖြည်း ပါးလွှာလာပြီး အာကာသသည် သိသိသာသာ ပျက်စီးလာသည်။ လုရွှမ်သည် သူ့တစ်ကိုယ်လုံးဟာ ကြွေကျနေသော ဥက္ကာပျံကဲ့သို့ တောက်ပသည့် အလင်းတန်းများ ထွက်လာနေတယ်လို့တောင် ခံစားလိုက်ရသည်။
ကျယ်လောင်သော ပျက်ကျမှုနှင့်အတူ သူသည် ကမ္ဘာမြေကြီးပေါ်သို့ ပြုတ်ကျလာခဲ့ကာ မြေကြီးအား အပိုင်းပိုင်းကွဲလုနီးပါး ဖြစ်သွားစေခဲ့သည်။ ထိုအခိုက် ခပ်ဝေးဝေးတွင် တစ်ယောက်ပြီး တစ်ယောက် အော်ဟစ်ကာ ဤဘက်သို့ အပြေးအလွှား ရောက်လာကြသည်။
လုရွှမ်၏ အကြားအာရုံသည် တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာသော်လည်း လူအများက ကမ္ဘာသို့ ရတနာတစ်ခု ရောက်ရှိလာကြောင်း အော်ဟစ်နေကြပြီး ရတနာကို ဖမ်းယူရန် အပြေးအလွှား ရောက်လာကြသည်။
လုရွှမ် ခေတ္တ အနားယူပြီးနောက် မတ်တပ် ထရပ်လိုက်သည်။ အံ့ဖွယ်အမှုကို ကြည့်နေသလိုမျိုး လူတွေ တန်းစီပြီး သူ့ကို ဝိုင်းကြည့်နေကြ၏။
"လူလား"
"ဟုတ်တယ် သူက အရမ်းမြင့်တဲ့ နေရာကနေ ပြုတ်ကျတာ ဖြစ်မယ် ဒါတောင် မသေသေးဘူး!"
"နယ်ပယ်က နည်းနည်းနိမ့်တယ် မျှော်စင်နယ်ပယ်ရဲ့ တတိယအဆင့်ပဲ"
"သူ့မှာ ကောင်းတာတစ်ခုခု ရှိကောင်းရှိနိုင်တယ်... ရှာကြစို့!"
လုရွှမ်သည် ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ချင်သော်လည်း သူ့စိတ်ထဲတွင်တော့ စိတ်လှုပ်ရှားနေပါသည်။ ဒါက သံသယမရှိသော တစ်သောင်းကမ္ဘာ ဖြစ်ရမည်။
ဒါပေမယ့် သူ မေးလိုက်သေးသည်။
“ဒီနေရာက ဘယ်မှာလဲ”
"ဒီကောင်က တော်တော်တုံးတာပဲ သူဘယ်မှာ ရှိမှန်းတောင် မသိဘူး..."
လူတစ်စုက ရယ်မောလိုက်ကြသည်။
"ကောင်လေး၊ ဒါက တောင်တစ်သောင်းကမ္ဘာ!"
တောင်တစ်သောင်းကမ္ဘာ?
လုရွှမ် အံ့အားသင့်သွားသည်။ တောင်တစ်သောင်းကမ္ဘာကို ရောက်လာမယ်လို့ သူ မမျှော်လင့်ထားပါဘူး။ ဒါက သူ့အိမ်ပဲ။
"အခု ထျန်းယန်ဂိုဏ်းက ဘယ်လိုလဲ။"
"ဟားဟား.... အဲ့ဂိုဏ်းကို ဖျက်ဆီးတော့မယ်ဆိုတာ မင်းမသိသေးဘူးလား"
"ကောင်လေး အပိုစကားတွေကို ရပ်လိုက်ပြီး မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ ပါလာသမျှကို မြန်မြန်လွှဲလိုက်.... မင်းရဲ့နောက်မှာ ဓားလည်း ရှိတယ်မလား အဲဒါက မှော်လက်နက် ဖြစ်နိုင်လား"
ထိုစဥ် လုရွှမ်ခန္ဓာကိုယ်က ရုတ်တရက် ခုန်တက်လာပြီး ပျောက်သွားသည်။ အရှိန်က အလွန်မြန်သဖြင့် ဤကမ္ဘာ၏ နယ်နိမိတ်ကို ဖြတ်ကျော်သွားလုနီးပါးပင်။ သူ့ပတ်ဝန်းကျင်ရှိ နယ်နိမိတ် တံတိုင်းများသည် ကြီးစွာသောဖိအားအောက်တွင် ရှိနေသကဲ့သို့ တဖြည်းဖြည်းပါးလွှာလာနေတာကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရလေသည်။
ဘယ်လောက်ကြာကြာ ခံနိုင်ဦးမလဲ။
ကြာကြာ မထိန်းနိုင်တော့တာ ဖြစ်နိုင်သည်။
သူသည် လူအုပ်ထဲရှိ နတ်ခြေလှမ်းနယ်ပယ် ပထမအဆင့် အပြင်းထန်ဆုံး သခင်၏လည်ပင်းကို ဖမ်းကိုင်လိုက်ပြီး သူ့ကို မြှောက်ထားလိုက်သည်။
လုရွှမ်: "မင်းက ငါ့ကို လုယက်ချင်တာလား"
တစ်ဖက်လူသည် မျှော်စင်နယ်ပယ် အဆင့်တစ် ဆိုတာကို အားကိုးပြီး လုရွှမ် မဆိုထားနှင့် လူအားလုံးကို အလေးအနက် မထားခဲ့ပေ။ ဒါပေမဲ့ သူ့ထက်နှိမ့်ချတဲ့ နယ်ပယ်က ဒီလူက သူ့လည်ပင်းကို ဖမ်းဆုပ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့။
သို့သော် သူ လုရွှမ်နှင့် နီးကပ်လာသည်နှင့်အမျှ ဤမျှော်စင်နယ်ပယ်မှ လေ့ကျင့်သူ၏ ပြင်းထန်သော စွမ်းအားသည် သူ့ထက် များစွာသာလွန်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားနိုင်သွားခဲ့သည်။
သူ တုန်လှုပ်သွား၏။ ဒီလောက် အစွမ်းထက်တဲ့ မျှော်စင်နယ်ပယ် ကျင့်ကြံသူတစ်ယောက် ဘယ်လိုလုပ် ရှိနိုင်မှာလဲ။
"မင်း မင်းက ဘယ်သူလဲ?"
လုရွှမ် သူ့ကို ပါးရိုက်လိုက်ပြီး။
"ငါ မေးရမလား မင်း မေးနေမှာလား"
"မင်း မင်း ငါ့ကိုမေးပါ..."
"ကောင်းပြီ... မင်းကိုမေးပါရစေ ထျန်းယန်ဂိုဏ်းကို ဒီလမ်းကြောင်းကနေ ဘယ်လောက်ဝေးဝေး သွားရမလဲ... ဒီမှာ ပို့ဆောင်ခြင်းအစီအရင် ရှိလား"
"ရှိ ရှိပါတယ်"
သူသည် ယုတ်မာသော စကားများကို မပြောရဲတော့ဘဲ ရေလောင်းချလိုက်သလို သူသိသမျှကို ပြောပြတော့သည်။
လုရွှမ် တစ်ဖက်လူကို လွှင့်ပစ်လိုက်ပြီးနောက် သူ့ခြေအောက်က ချီထျန်းပု ခြေလှမ်းများဖြင့် လူတိုင်းရဲ့အမြင်မှာ ပျောက်ကွယ်သွားခဲ့လေသည်။