← Chapters

ထျန်းယန်ဂိုဏ်းကို ဝိုင်းရံထားပြီ

Vol. 143 Ch. 4.1661

ထျန်းယန်ဂိုဏ်းကို ဝိုင်းရံထားပြီ

Vol. 143 Ch. 4.1661

"အဲဒီလူက ဘယ်သူလဲ"

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် လူတစ်ယောက်က မေးလာသည်။ သူတို့အမြင်အရ နတ်​ခြေလှမ်းနယ်ပယ် ဆိုတာဟာ နတ်ဘုရားများလိုပင်။ သို့သော် အဲဒီနတ်ဘုရားက မျှော်စင်နယ်ပယ် လူတစ်ယောက်ဆီကနေ အသာလေး ခုခံမှုမရှိဘဲ အဖမ်းခံခဲ့ရသည်။

အဲဒီလူက ဘယ်လိုလူလဲ။ နာမည်ကြီးလား။

ထိုသို့သောလူသည် တောင်တစ်သောင်းကမ္ဘာ တစ်ခုလုံးတွင် နတ်ဘုရား​နေရာ၌ တည်ရှိနေသင့်ပြီး သူ့​ဂုဏ်သတင်းကလည်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ထားသင့်တယ် မဟုတ်ပါလား။

"ဟေး သူ တောင်တစ်သောင်းကမ္ဘာ အကြောင်း ကြားရတော့ နည်းနည်း အံ့သြသွားတာကို သတိထားမိလား... ထျန်းယန်ဂိုဏ်း အကြောင်းလည်း မေးသွားတယ်"

"ဟုတ်တယ် ထျန်းယန်ဂိုဏ်းက မကြာသေးမီက ကပ်ဘေးတစ်ခု ကျရောက်ခဲ့တာ... လျှို့ဝှက်ဆန်းကြယ်သူတစ်ယောက်က အဲ့ဂိုဏ်းကို ဒုက္ခပေးချင်နေတာမလား"

"အင်း အဲဒီလူက ဘယ်သူလဲဆိုတာ မှတ်မိသေးလား... လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်လောက်တုန်းက ထျန်းယန် (ကောင်းကင်အောင်ခြင်း) ဂိုဏ်းက အတုမရှိတဲ့ ပါရမီရှင် တစ်ယောက်ကို မွေးထုတ်ပေးခဲ့တယ်လို့ ပြောတယ်.... မင်းတို့ထဲက ဘယ်သူ မှတ်မိသေးလဲ?"

"လုရွှမ်လား "

"အမ်?"

"အဲဒီတုန်းက သူ့အစွမ်းက ကောင်းကင်ဘုံသခင် အဆင့်ပဲ ရှိသေးတာမလား... အခု မျှော်စင်နယ်ပယ် ရောက်သွားပြီ"

လူအုပ်ကြီးက တစ်ယောက်ပြီးတစ်ယောက် ဆွေးနွေးကြပြီး လုရွှမ်ရဲ့ ​အထောက်အထားကို အမှန်အတိုင်း ထောက်ပြ​နေကြ​လေသည်။

ရုတ်​တရက်​ လူတိုင်း ​အေးစက်​သွားသည်​။ ဤသည်မှာ ကြီးမြတ်သော သတ်ဖြတ်သော နတ်ဘုရားဖြစ်သည်။ ထျန်းယန်ဂိုဏ်းသည် ထိုကဲ့သို့ ပြင်းထန်သော ပံ့ပိုးကူညီမှု ရသွားပါက ပြန်လည် တိုက်ခိုက်နိုင်စွမ်းက များစွာ ရှိသွားပါပြီ။

လုရွှမ်သည် လမ်းတစ်လျှောက်လုံး အမြန်ပြေးသွားပြီး လမ်းတွင်လည်း တခြား ကျင့်ကြံသူများကို တွေ့ခဲ့သည်။ သူ့အရှိန်ကြောင့် ထိုလူတွေလည်း လုံးဝကို ထိတ်လန့်သွားလေ၏။ ဒါက လူသားတွေ ရောက်နိုင်တဲ့ အရှိန်​ရော ဟုတ်သေးရဲ့လား။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ဤနေရာမှ ဝေးလံသော မိုးကုတ်စက်ဝိုင်းဆီသို့ ပြေးသွားခဲ့ပြီ ဖြစ်သည်။ လေထု ကန့်သတ်ချက်က အလွန်သေးငယ်သွားပြီး မြေကမ္ဘာကို ထပ်မံမြင်ရချိန်ထက် နှစ်ဆ ပိုမြန်လာသည်။ သုံးရက်လောက်ကြာတော့ သူ ထျန်းယန်ဂိုဏ်းအနားသို့ အမြန်ဆုံး ရောက်သွားခဲ့သည်။

နေရာဟောင်းကို ပြန်သွားရတဲ့ ခံစားချက်က မတူတော့ပါ။ ယခုအချိန်တွင် လုရွှမ် မပျော်မရွှင် ဖြစ်နေသည်။ တကယ်ပဲ ဂိုဏ်းကို ဝိုင်းရံထားတဲ့ ဂိုဏ်းများစွာ ရှိနေ၏။

ဂိုဏ်းပေါင်းစုံက လွှင့်ထူထားတဲ့ အလံတွေကို ကြည့်လိုက်တော့ အဓိက ဂိုဏ်းအားလုံး ဒီမှာရောက်နေပြီး မဟာမိတ်ဟောင်း ကောင်းကင်ဓားဂိုဏ်းက ကျင့်ကြံသူ အများအပြားလည်း ပါဝင်လေသည်။

"ဟေး....တချို့လူတွေက တစ်သောင်းကိုင နိဂုံးချုပ်တော့မယ်လို့ ပြော​နေကြတယ်... အခု လူတိုင်းက ကြယ်တစ်သောင်းကမ္ဘာကို သွားကြပြီ ကြောင်နဲ့ ခွေးတွေပဲ မာနထောင်လွှားဖို့ပဲ ကျန်တော့တယ်... ဒီဂိုဏ်းကို ဘာကြောင့် တိုက်ခိုက်ချင်သေးလဲတော့ မသိဘူး"

"ဘယ်သူသိမှာလဲ... အထက်ကလူတွေဆီက သတင်းရလို့ တိုက်ကြတာဆိုပဲ"

လုရွှမ် ချက်ချင်း သဘောပေါက်လိုက်၏။ ဒါက သူ့ကို တိုက်ခိုက်နေတာပဲ။

သူသည် လူစုလူဝေးကြားတွင် အချိန်အတော်ကြာ လှည့်လည်ခဲ့ရာ အရှေ့ကလူတွေ ပြောခဲ့သလိုပဲ လူတွေရဲ့စိတ်နှလုံးဟာ အပြောင်းအလဲအတွက် စဉ်းစားနေတာကြာပါပြီ။ အားလုံးက တစ်သောင်းကမ္ဘာက အပြောင်းအလဲအတွက် စိုးရိမ်နေကြသည်။ ဝေးလံခေါင်သီသော အရပ်က အရာများကို အာရုံစိုက်နေဖို့ ဘယ်သူကများ အားနေမှာလဲ။

ဤကမ္ဘာ၏ နယ်နိမိတ်သည် အားနည်းလာပြီးရင်း အားနည်းလာရာ အချိန်မရွေး ပြိုလဲသွားနိုင်သည်။ ယခုဆိုလျှင် တောင်တစ်သောင်းကမ္ဘာကလည်း ပြိုလဲတော့မည်။

သူ့မှာ ရည်ရွယ်ချက် ရှိရင်တောင် စွမ်းအားမရှိမှန်း လုရွှမ် သိပါသည်။ သူသည် မြေကမ္ဘာဆီ သူ့သူငယ်ချင်းများနှင့် ညီအစ်ကိုအချို့ကို စေလွှတ်ရန် အကောင်းဆုံးသာ ကြိုးစားနိုင်သည်။

ကမ္ဘာကြီးတစ်ခုလုံး၏ အစီအစဉ်သည် ပရမ်းပတာ ဖြစ်နေပြီး ကောင်းကင်ဘုံ လျှို့ဝှက်ချက်များ ပျောက်ဆုံးသွားကာ လူသားတို့ ထွန်းကားလာမည့် အခွင့်အလမ်းသစ်ကို ဖန်တီးပေးသော်လည်း စွန့်လွှတ် အနစ်နာခံမှုများက အများ​​ကြီး ရှိလာမှာ မလွဲမသွေပင် ဖြစ်သည်။

လုရွှမ် ပြေးထွက်သွားပြီး ချင်ထျန်းဓားကို ဝှေ့ယမ်းလိုက်သည်။ ဓားစွမ်းအင်ဖြင့် လေချွန်တစ်ချက် ထုတ်လွှတ်လိုက်ကာ ကျင့်ကြံသူအားလုံးကို ထိတ်လန့်သွားစေခဲ့သည်။

"ငါက လုရွှမ်.... ထျန်းယန်ဂိုဏ်းမှာ မွေးဖွားခဲ့တာ မင်းတို့ တိုက်ခိုက်ချင်ရင် ငါ့ကို လာတိုက်!"

အားလုံးလိုလို အံ့အားသင့်သွားကြသည်။ ဒီလောက်အရေးကြီးတဲ့ အခိုက်အတန့်မှာ တစ်ယောက်ယောက်က မတ်တပ်ရပ်နေလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားပါဘူး။ ပြီးတော့ သူက မျှော်စင်နယ်ပယ် တတိယအဆင့်က လူတစ်ယောက်လည်း ဖြစ်နေသေးသည်။

လုရွှမ် လူအုပ်ကြီးအပေါ်မှ သူ့မျက်လုံးများကို ဝေ့ကြည့်နေသဖြင့် ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ဒီလူတွေရဲ့ ကျင့်ကြံမှုက မမြင့်ပါ။ အမြင့်ဆုံးက နတ်ခြေလှမ်းနယ်ပယ် ပထမအဆင့်သာ ဖြစ်သည်။ ထို့အပြင် သူတို့သည် အသက်ကြီးနေပြီဖြစ်ကာ ခွန်အားက သာမန်ထက် သာလွန်ရုံသာ။

အများစုမှာ မျှော်စင်နယ်ပယ်မှဖြစ်ပြီး အစွမ်းထက်သော လူအားလုံးကို စုဆောင်းထားသကဲ့သို့ ဖြစ်သည်။ ဒီလူတွေက သူ့ကိုတားချင်ရင် အိပ်မက်တွေ ထိုင်မက်နေမှသာ ရလိမ့်မည်။

"​ကောင်​​လေး မင်း ကိုယ့်ကိုကိုယ် အထင်ကြီးနေတာပဲ.."

လုရွှမ်သည် ဓားစွမ်းအင်ဖြင့် တိုက်ရိုက်ထိုးဖောက်ပြီး တစ်ဖက်လူကို ပိုင်းဖြတ်ပစ်လိုက်သည်။

"နောက်ထပ် ဘယ်သူလာချင်လဲ?"

"မင်း ငါတို့အားလုံးကို သတ်နိုင်မယ်လို့ ထင်​နေလား"

လူအုပ်ကြားတွင် ပုန်းအောင်းနေသူတစ်ဦးက အော်ဟစ်လာ၏။ လုရွှမ် လှောင်ပြောင်ပြီး ရုတ်တရက် သူ့လက်ဖဝါးဖြင့် လူအုပ်ဆီသို့ ဆန့်ကာ ဆွဲဖမ်းလိုက်သည်။ စူးစူးဝါးဝါး အော်ဟစ်သံနှင့်အတူ လူတစ်ယောက် လွင့်သွားကာ လုရွှမ်ရှေ့မှာ လဲကျသွား​လေသည်။

"မဟုတ်ဘူး... ငါမဟုတ်ဘူး?"

ဒါပေမယ့် လူတိုင်း ဒီအသံကို ရှင်းရှင်းလင်းလင်း ကြားနိုင်၏။ အရင်ကလည်း ဒီအသံပဲ မဟုတ်ဘူးလား။ ဘယ်လိုပဲဖြစ်ဖြစ် လုရွှမ်ကတော့ ထိုလူကိုလည်း အသွေးအသား ဘောလုံးလို ကန်ထုတ်ပစ်လိုက်သည်။

အနီးနားရှိ လူများ အားလုံး ထိတ်လန့်တုန်လှုပ်သွားကုန်သည်။ မျှော်စင်နယ်ပယ် အဆင့်၉ လူတစ်ယောက်ကတောင် တစ်ချက် ကန်ကျောက်ခံလိုက်ရတာနဲ့ အပိုင်းပိုင်း ဖြစ်သွားခဲ့သည်။

"နောက်ထပ် ဘယ်သူရှိလဲ?"

ဒီအချိန်မှာ ဘယ်သူကမှ ရိုင်းစိုင်းတဲ့စကား မပြောရဲကြတော့ပါ။ သူတို့ရှေ့ကလူဟာ မျှော်စင်နယ်ပယ်က အငယ်တန်းမဟုတ်တဲ့ လူသတ်နတ်ဘုရားပင်။

ထိုအခိုက် ရုတ်တရက် အသံတစ်သံက အော်ဟစ်လာ၏။

"လုရွှမ်! သူက ထျန်းယန်ဂိုဏ်းက လေ့ကျင့်ပေးထားတဲ့ သခင်လေးလုရွှမ်ပဲ"

လူတချို့က လုရွှမ်ရဲ့ နာမည်ကို အရင်ကတည်းက ကြားဖူးကြတာကြောင့် မှတ်မိနေပါသေးသည်။ ရုတ်​တရက်​ပင်​ လူအုပ်​ထဲတွင်​ ​ဆွေး​နွေးပွဲ​ကြီး ​ပေါ်လာလေ၏။ လုရွှမ်ရဲ့ ဒဏ္ဍာရီက တောင်တစ်သောင်းကမ္ဘာမှာ ကာလကြာရှည်စွာ ပျံ့နှံ့ခဲ့ပြီး ဒဏ္ဍာရီပင် ဖြစ်လာသည်။

ကောလဟာလတွေအရ နောက်ပိုင်းမှာ တောင်တစ်သောင်းကမ္ဘာက ထွက်သွားပြီး ကြယ်တစ်သောင်းကမ္ဘာကို သွားခဲ့ပေမယ့် အခု မထင်မှတ်ပဲ ပြန်​ရောက်လာခဲ့သည်။

"ကောင်းတယ်... ငါဘယ်သူလဲ ဆိုတာကို တစ်ယောက်ယောက်က သိနေသေးတာ ဆိုတော့ ကောင်းတာပေါ့... ဟုတ်တယ် ငါက လုရွှမ်... ကြယ်တစ်သောင်းကမ္ဘာက ပြန်လာတာ မဟုတ်ဘူး မြေကမ္ဘာက ပြန်လာတာ!"

ဒီလူတွေကို နာခံမှုရှိရှိ နားထောင်စေချင်ရင် ပေါက်ကွဲစေတဲ့ ခေါင်းစဉ်တစ်ခုကို ထုတ်ပေးရမည်။

"ဘာ? မြေကမ္ဘာ?? "

သူတို့အများစု၏ စိတ်ထဲတွင် မြေကမ္ဘာက ဒဏ္ဍာရီတစ်ခု၊ စိတ်ကူးယဉ်ဆန်သော တည်ရှိမှုတစ်ခုမျှသာ ဖြစ်သည်။ ယခု လုရွှမ်ဟာ သူ မြေကမ္ဘာက ပြန်လာခဲ့ကြောင်း ပြောနေ၏။

လူတော်တော်များများက ဒါကို အလိုလို မယုံကြပေမယ့် တချို့လူတွေက အဲဒါကို အမှန်ပဲလို့ ထင်နေကြသည်။ အထူးသဖြင့် တစ်သောင်းကမ္ဘာများ ရင်ဆိုင်နေရသော ပြဿနာအမျိုးမျိုးနှင့် ဆက်စပ်နေနိုင်သည်လေ။

နတ်ခြေလှမ်းနယ်ပယ် တက်လှမ်းခဲ့သော တစ်သောင်းကမ္ဘာ တစ်ခုစီ၏ သခင်များကို ခေါ်ယူပြီး ကြယ်တစ်သောင်းကမ္ဘာသို့ ထွက်သွားခဲ့ကြသော်လည်း ဘာသတင်းမှ ပြန်မလာချေ။

ဒါပေမယ့် အထက်နယ်ပယ်က သတင်းပေးသူ တစ်စုံတစ်ယောက် ရှိရမယ်လို့ ထက်မြက်သူတွေက သိပါ၏။ မဟုတ်ရင် တစ်သောင်းကမ္ဘာဟာ ဒီလောက် ကြီးမားတဲ့ ထိတ်လန့်မှု ဖြစ်စေမှာ မဟုတ်ချေ။

လုရွှမ် ဘာမှပြန်မပြောဘဲ သူတို့သတင်းကို ဖြည်းညင်းစွာ ချေဖျက်ပေးလိုက်သည်။ နောက်ဆုံးတွင် ပတ်ဝန်းကျင်တွင် ဆွေးနွေးမှုများ တဖြည်းဖြည်း နည်းပါးလာပြီး အားလုံးက လုရွှမ်ကို ကြည့်လိုက်ကြသည်။

ဒီလူတွေဟာ ထျန်းယန်ဂိုဏ်းကို တိုက်ခိုက်ဖို့ လာခဲ့တာ ထင်ရှားပါ၏။ ကောင်းကင်ကမ္ဘာက လူများပေးပို့သော သတင်းဖြစ်ရမည်။ သူ့မွေးရပ်မြေအကြောင်း သိလာတဲ့အတွက် သူ့ကို တိုက်ခိုက်ဖို့ ဒီဂိုဏ်းကိုပါ ဖျက်စီးပစ်ချင်နေတာ။

မဟုတ်ရင် ထျန်းယန်ဂိုဏ်းက နတ်ဘုရားလိုလူတွေနဲ့ လူတွေကို ဘယ်လောက်ပဲ ဒေါသထွက်​အောင် လုပ်မိနေပါစေ ဒီလူတွေက ဂိုဏ်းကို အတူတကွ တိုက်ခိုက်ဖို့ ဂိုဏ်းပေါင်းများစွာကို ဘယ်လိုမှ စုရုံးမှာ မဟုတ်ပါ။ ဒါတွေအားလုံးက သူ့ကြောင့်ဖြစ်တာ။ ဒီလူအုပ်ထဲမှာ မြေကမ္ဘာက ဒါမှမဟုတ် ကောင်းကင်ကမ္ဘာက ကျင့်ကြံသူတွေ ရှိကောင်းရှိနိုင်ပါ၏။

All Chapters