← Chapters

ကြယ်တစ်သောင်းကမ္ဘာကို ရောက်ရှိ

Vol. 143 Ch. 4.1662

ကြယ်တစ်သောင်းကမ္ဘာကို ရောက်ရှိ

Vol. 143 Ch. 4.1662

ထိုအချိန်တွင် တမင်ရည်ရွယ်ချက်နဲ့ ခိုးဝင်ဖို့ကြိုးစားနေတဲ့ ပုံသဏ္ဌာန်ကို သူချက်ချင်း မြင်လိုက်ရလေသည်။ အရှိန်အဝါက မပြင်းထန်ပါ။ ၎င်းသည် မျှော်စင်နယ်ပယ်၏ ပဉ္စမအဆင့်သာဖြစ်သော်လည်း ပြသသော ရောင်ဝါသည် လူများကို ကွဲပြားပြီး ထူးကဲသော ခံစားချက်ကို ပေးနိုင်သည်။

သေချာပေါက် ဒီလူက မရိုးရှင်းချေ။ တောင်တစ်သောင်းမှာ ဒီလို ကျင့်ကြံသူမျိုး ရှိနေရင် ထိုးထွင်းသိမြင်သူတိုင်း ထူးဆန်းနေကြောင်း ခံစားရပေလိမ့်မည်။

လုရွှမ်ခန္ဓာကိုယ်သည် တစ်ချက် တုန်ခါသွားပြီးနောက် တစ်ဖက်လူရဲ့ အနောက်မှ ပေါ်လာခဲ့သည်။ ထိုလူရဲ့ တုံ့ပြန်မှုကလည်း မြန်ဆန်ပြီး သူ့ကို ဖော်ထုတ်နိုင်ကြောင်း သိသောကြောင့် ချက်ချင်း ထွက်ပြေးသွားခဲ့သည်။

သို့သော် လုရွှမ်က သူ့ကို ဘယ်လိုလုပ် အောင်မြင်ခွင့်ပေးပါ့မလဲ။ သူ့လက်ဖဝါးနဲ့ တစ်ဖက်လူရဲ့ နောက်ကျောကို ဆုပ်ကိုင်လိုက်ပြီး နောက်ပြန် ပြန်ဆွဲထုတ်လိုက်၏။

"ပြေးမယ်ပေါ့ ဘယ်ကိုပြေးမှာလဲ"

သူသည် ထိုလူကို မြေကြီးပေါ်သို့ ပြင်းပြင်းထန်ထန် ပစ်ချလိုက်ပြီး သူ၏ သိုလှောင်လက်စွပ်ကို ဖယ်ရှားလိုက်သည်။

တန်ခိုးကြီးသော ဝိညာဉ်စွမ်းအားသည် သိုလှောင်လက်စွပ်၏ ကန့်သတ်ချုပ်ချယ်မှုကို တိုက်ရိုက်ချိုးဖျက်ပြီး စူးစမ်းစစ်ဆေးလိုက်သည်။ ထိုလူမှာ သွေးများကို ထွေးထုတ်ရင်း လုရွှမ်ကိုလည်း ထိတ်လန့်စွာ ကြည့်နေသည်။

သူသည် အထက်ကမ္ဘာကနေ ပထမဆုံးဆင်းသက်လာသူ ဖြစ်ပြီး နောက်ပိုင်းတွင် ထျန်းယန်ဂိုဏ်းကို အရှက်ရစေရမည့် အကြောင်း အထက်မှ သတင်းရရှိခဲ့သည်။ တောင်တစ်သောင်းကမ္ဘာရဲ့ စွမ်းအားကို မြင်ပြီးနောက် ဤလူများကို လုံးဝအလေးအနက် မထားခဲ့ပေ။

သာမန်လူသားတစ်ဦးသည် တစ်သောင်းကမ္ဘာထဲကနေ မြေကမ္ဘာထဲသို့ ပြေးသွားနိုင်တာကတင် အလွန်မှတ်သားစရာ ကောင်းနေပြီလေ။ သူ မမျှော်လင့်ထားတဲ့ အရာကတော့ အဲဒီလူဟာ အထက်ကမ္ဘာကနေ တစ်ဖန် ဆင်းသက်ပြီး ဒီနေရာမှာ ပေါ်လာဖို့ပါပဲ။

ပြီး​တော့ သူရဲ့အစွမ်းက အရမ်းသန်​မာလွန်း​၏။ ကောင်းကင်ကမ္ဘာက မာနကြီးတဲ့ သား​​တော်တွေ​တောင်​ သူနဲ့မယှဉ်​နိုင်​တာ မအံ့ဩတော့ပေ။ ယခုတော့ သူသည် ဤ​ကောင်းလေးအား တိုက်ခိုက်ရန်၊ ထျန်းယန်ဂိုဏ်းကို တိုက်ခိုက်ရန် အဘယ်ကြောင့် အထက်မှ အမိန့်ရလာခဲ့သလဲ သူ နောက်ဆုံး သိလိုက်ပါပြီ။

အခုသိသွားရင်တောင် နောက်ကျသွားတာကတော့ သနားစရာပါပဲ။

"မင်းရဲ့ အထောက်အထားကို ပြောပြ.... မင်းကို ငါ ခွင့်လွတ်ပေးမယ်... မဟုတ်ရင် မင်းသေတာထက် ပိုဆိုးလာလိမ့်မယ်"

ဒီလူက သူ့ကို တိုက်ခိုက်ခဲ့ဖူးတဲ့ အမြောက်စာသာ ဖြစ်ပေမယ့် ထျန်းယန်ဂိုဏ်း၊ သူ့ဂိုဏ်းဟောင်းရဲ့ တောင်တံခါးကို ဖျက်စီးဖို့ ရောက်လာခဲ့သူပင်။ ထို့အပြင် အရည်အချင်းက ကောင်းမွန်သော်လည်း လေ့ကျင့်မှုက သာမန်သာ ရှိသည်။ ထိုသူမှာ အမှန်ပင် သတ္တိမရှိသူဖြစ်ပြီး သူသိသမျှကို အမြန်ဝန်ခံခဲ့သည်။

လုရွှမ် မှန်းဆထားသည့်အတိုင်း ဤလူသည် အမြောက်စာသာဖြစ်ပြီး လူအများက သူ့ရဲ့ သေရေးရှင်ရေးကို ဂရုမစိုက်ပေ။ ပြီးတော့ ဒီမှာရှိတဲ့ နတ်ခြေလှမ်းနယ်ပယ် အားလုံးက တစ်ခုခုကို ဆွေးနွေးကြသလိုပဲ ကြယ်တစ်သောင်းကမ္ဘာဘက် ပြေးသွားတာကိုလည်း သူ ရှင်းရှင်းလင်းလင်း သိလိုက်ရ၏။

နောက်ထပ် ခြိမ်းခြောက်မှုတစ်ခု ပြီးနောက် ထျန်းယန်ဂိုဏ်းကို ဝိုင်းရံထားသည့် ကျင့်​ကြံ​သူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် လူစုခွဲသွားခဲ့ကြသည်။ ၎င်းတို့ထဲမှ အချို့မှာ ထိုလူ၏နောက်လိုက်များ ဖြစ်ကြောင်း သိသာထင်ရှားပြီး သူ့ကို ကယ်တင်ရန် လိုလားခဲ့ကြသော်လည်း ၎င်းတို့ခေါင်းဆောင်က အရှက်ခွဲခံနေရပြီမို့ ပြန်ပုန်းနေခဲ့ရသည်။

ကျင့်ကြံသူတွေ တစ်ယောက်ပြီးတစ်ယောက် လူစုခွဲသွားခဲ့သည်။ ထျန်းယန် ဂိုဏ်းသားများကလည်း ပြင်ပကို အာရုံစိုက်​​နေကြသည်။ လုရွှမ်ရဲ့ အမည်ကို ကြားသောအခါတွင် အခင်းအကျင်း အနောက်ကွယ်တွင် ပုန်းအောင်းနေရာမှ အပြင်ဘက်က လှုပ်ရှားမှုကို လှမ်းကြည့်လာကြသည်။

အားလုံး အရမ်းအံ့သြသွားကြသည်။ အကြီးတန်းအစ်ကို လုရွှမ် တကယ်ပဲ ပြန်ရောက်လာတာ ဖြစ်နိုင်ပါ့မလား။

လုရွှမ်ဆိုတာ ထျန်းယန် ဂိုဏ်းတစ်ခုလုံးတွင် ဒဏ္ဍာရီဆန်ဆန် တည်ရှိနေခဲ့သည်။ သူသည် ကောင်းကင်ဘုံသခင် နယ်ပယ်တွင် ရှိနေစဉ်ကပင် နတ်ဓားဖြင့် နတ်ခြေလှမ်း နယ်ပယ်၏ သခင်များကို သတ္တိရှိရှိ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ယခုတော့ သူသည် ၎င်းတို့ကိုဝိုင်းထားသည့် လူများကို အလွယ်တကူ လူစုခွဲလိုက်ကြောင်း သူမမြင်လိုက်ရပြီးနောက် တစ်ယောက်ပြီးတစ်ယောက် စိတ်လှုပ်ရှားစွာ ရုတ်သိမ်းကာ ပြေးထွက်လာကြသည်။

လုရွှမ်လည်း ဒီတပည့်တွေကို မှတ်မိပါ၏။ သူ အရင်က အကြီးအကဲလို့ ခေါ်နိုင်တဲ့လူတွေ ရှိပေမယ့် အခု လုရွှမ်ရှေ့မှာ သူတို့လည်း သက်ကြီးရွယ်အိုတွေလို မလုပ်ရဲကြတော့ချေ။ လုရွှမ်ကို ဂိုဏ်းဝင်အဖြစ် ကြိုဆိုပြီး အဖြစ်အပျက်ကို ပြောပြသည်။

"ဒါဆို ငါက ကြယ်တစ်သောင်းကမ္ဘာကို အမြန်ဆုံး အပြေးသွားပြီး အဲဒီက ပို့ဆောင်ခြင်းအစီအရင်ကို ပြုပြင်လိုက်မယ်... နောက် မင်းတို့အားလုံး အဲဒီနေရာကနေ မြေကမ္ဘာကို သွားနိုင်မှာပါ"

ထျန်းယန်ဂိုဏ်းမှ ကျန်ရစ်ခဲ့သော နတ်ခြေလှမ်းနယ်ပယ်က အကြီးအကဲများလည်း ထိတ်လန့်သွားကြသည်။ ကောင်းကင်နဲ့မြေကြီးမှာ တစ်ခုခုလွဲချော်မှု ရှိနိုင်တယ် ဆိုတာကို သူတို့အမြဲသိထားပေမယ့် ပြုတ်ကျလာတဲ့ အရာက ကောင်းကင်ကမ္ဘာ ဖြစ်နေလိမ့်မယ် ဆိုတာတော့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါဘူး။

တစ်သောင်းကမ္ဘာတွေဟာ ယဇ်ပူဇော်မှု ဖြစ်လာပြီး တောကန္တာရနှင့် မြုံသောမြေ ဖြစ်လာနိုင်သည်။

နောင်တွင် ကြီးမားသော တိုက်မှုကြီးတွင် လူအချို့ အသက်ရှင်သန်ရန် ကံကောင်းသွားလိမ့်မည်။ သို့သော် ကောင်းကင်နှင့်မြေကြီးကြား ကြီးမားသော တိုက်မိမှုကြောင့် တိုက်မှုအပြီးတွင် သေဆုံးမည့်သူက ပိုများလာမှာတော့ သေချာပေ၏။

အသက်ရှင်သန်လိုပါက အာကာသ ပို့ဆောင်ခြင်းအစီအရင် မှတဆင့် မြေကမ္ဘာသို့ သွားခြင်းသာ ဖြစ်သည်။ ကံကောင်းထောက်မစွာပဲ လူတစ်ယောက်က မျှော်စင်နယ်ပယ်မှာ ရှိနေသရွေ့ ပို့ဆောင်ခြင်းအစီအရင်ကို အသုံးပြုနိုင်သည်။

ထျန်းယန်ဂိုဏ်းတွင် အချိန်အတော်ကြာ နေထိုင်ပြီးနောက် ဂိုဏ်း၏ နယ်နိမိတ်ဖြတ်ကျော် ပို့ဆောင်ခြင်းအစီအရင်အား ကြယ်တစ်သောင်းကမ္ဘာကို တိုက်ရိုက် ပို့ရန် အသက်သွင်းခဲ့သည်။

တင်း! ဝုန်း!

လက်နက်ကြီး အချင်းချင်း တိုက်ခိုက်သံများ ထွက်ပေါ်လာသည်။ လုရွှမ် အာကာသထဲမှ ပျံထွက်သွားသောအခါ လန့်သွားခဲ့သည်။ သူ့မျက်လုံးထဲမှာ မီးအိုင်တစ်ခု ရှိနေ၏။ ပြင်းထန်စွာ တိုက်ခိုက်နေသော လူများကလည်း လုရွှမ်ရဲ့ ရုတ်တရက် ပေါ်လာသော အသွင်အပြင်ကြောင့် ထိတ်လန့်သွားကြသည်။

"ကောင်လေး မင်းဘယ်သူလဲ မင်းဒီမှာဘယ်လိုလုပ် ပေါ်လာတာလဲ။"

မေးလာသူက နတ်ခြေလှမ်းနယ်ပယ် ပထမအဆင့် ဖြစ်သည်။ သူ့အား ဆန့်ကျင်တိုက်ခိုက်သော လေ့ကျင့်သူသည်လည်း နတ်ခြေလှမ်းနယ်ပယ် ပထမအဆင့်ပင်။ တကယ်တော့ အနီးနားက သေခြင်းတရားကို တိုက်ခိုက်တဲ့ ကျင့်ကြံသူ တော်တော်များများဟာ နတ်ခြေလှမ်းနယ်ပယ် ပထမအဆင့်မှာသာ ရှိကြပါ၏။

"မင်းတို့က ဘယ်သူလဲ ဘာလို့ တိုက်ခိုက်နေတာလဲ"

လုရွှမ် ပြန်မေးလိုက်သည်။ ဤနေရာက အတားအဆီးသည် တောင်တစ်သောင်းကမ္ဘာ ထက်ပင် အားနည်းကြောင်း သူ ရှင်းရှင်းလင်းလင်း ခံစားရသည်။ ကြယ်တစ်သောင်းကမ္ဘာသည် တောင်တစ်သောင်ထက် စောစီးစွာ သက်ရောက်မှုရှိခဲ့ကြောင်း ပြသ​နေခဲ့ပြီး ပိုမို တိကျစွာနှင့် ပိုမိုမြန်ဆန်စွာ ကွဲအက်သွားမည် ဖြစ်ကြောင်းကိုလည်း ပြသ​နေသည်။

"ကောင်လေး မေးတာပဲ ဖြေစမ်းပါ မင်းကဘယ်သူလဲ!"

သူအခုတင် မျှော်စင်နယ်ပယ်က ကောင်လေးတစ်ယောက်ကို ဆူပူကြိမ်းမောင်းခဲ့သော်လည်း တစ်ဖက်လူက သူ့ကိုမဖြေဘဲ ပြန်မေးနေတာကြောင့် တကယ်ပင် ရှက်ရွံ့သွားစေသည်။

လုရွှမ်လည်း နှစ်ဖက်စလုံးဆီက လူသတ်အငွေ့အသက်ကို ခံစားလိုက်ရပြီး ကောင်းသောအဆုံးသတ် မဖြစ်နိုင်တော့ကြောင်း သိလိုက်သည်။ ဒီမှာ လူတွေက ပြင်းပြင်းထန်ထန် တိုက်နေကြကာ ပတ်၀န်းကျင်မှာ ဝိညာဉ်စွမ်းအင်တွေ သိပ်မရှိဘဲ သွေးတွေချည်းသာ ရှိ၏။

"ကောင်လေး မင်း ဒီမှာပဲ နေလိုက်တော့!"

လုရွှမ်က သူ့ကို လျစ်လျူရှုဝံ့တာကြောင့် အတော်လေး ဒေါသထွက်လာကာ လုရွှမ် နောက်ကျောကို ဓားဖြင့် ခုတ်ထစ်ချလိုက်သည်။

လုရွှမ်လည်း အံ့အားသင့်သွား၏။ ဒီကောင် ဒီလောက် ရက်စက်မယ်လို့ သူ မမျှော်လင့်ထားခဲ့။ ဒါကြောင့် သူ့ကို လက်ပြန်နဲ့ ပြန်ရိုက်သည်။

နတ်ခြေလှမ်းနယ်ပယ် ပထမအဆင့်တွင် ရှိသော်လည်း သူသည် ကြယ်တစ်သောင်းကမ္ဘာရဲ့ ပထမအဆင့်မှာ ရှိနေခြင်းပင်။ အနောက်ဖက်ဒေသ၊ တောင်ပိုင်းဒေသနှင့် မြေကမ္ဘာရှိ နဂါးကျွန်းတို့နှင့် နှိုင်းယှဉ်ပါက အဆပေါင်း တစ်ထောင်ရှစ်ရာကျော် ပိုဆိုး​လေသည်။

သူနဲ့ ယှဉ်ပြိုင်ချင်တယ် ဆိုရင်တောင် လုံးဝ မလုံလောက်​​သေးပါဘူး။ ပါးရိုက်လိုက်တာတောင် တစ်ဖက်လူခမျာ တုံ့ပြန်ရန် အချိန်ပင်မရှိခဲ့ပေ။

သူနှင့်တိုက်ခိုက်နေခဲ့သော ကျင့်ကြံသူလည်း အံ့အားသင့်သွားသည်။ ၎င်းတို့နှစ်ဦးသည် သုံးရက်နှင့် သုံးညကြာ တိုက်ပွဲဝင်ခဲ့ပေမယ့် အနိုင်ရသူကို မဆုံးဖြတ်နိုင်ခဲ့ပေ။ သူ့ပြိုင်ဘက်ရဲ့ အင်အားကို သူသိသည်။ ဒီလူငယ်က သူ့ကို လွယ်လွယ်နဲ့ မောင်းထုတ်နိုင်ရင် မိမိကလည်း ကောင်းတဲ့ အဆုံးသတ် မဟုတ်ဘူးဆိုတာ သေချာသွားပြီ။

လုရွှမ် တစ်ချက်ကြည့်လိုက်သည်။ တစ်ဖက်လူခမျာ လန့်ဖျပ်သွားပြီး ရုတ်တရက် ဦးညွှတ်အလေးပြုကာ အလွန်ရိုသေသွား၏။

"သခင်လေးက အထက်ဘုံက ဆင်းသက်လာတာ မဟုတ်လား? အမဲလိုက်ကွင်းထဲမှာ ဘာလို့ ရုတ်တရက် ပေါ်လာတာလဲ မသိဘူး..."

အမဲလိုက်ကွင်းလား?

All Chapters