← Chapters

ရန်သူလာမှာကို စောင့်နေခြင်း

Vol. 143 Ch. 4.1664

ရန်သူလာမှာကို စောင့်နေခြင်း

Vol. 143 Ch. 4.1664

ပဉ္စမနေ့တွင်တော့ လုရွှမ် ထျန်းရွှမ်ကြယ်ပေါ်၌ ရုတ်တရက် ပေါ်လာသည်။

ကြီးမားသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးတစ်ခု ဖြစ်သွားခဲ့သည်။ အထူးသဖြင့် နတ်ဆိုးများစွာကို သတ်ဖြတ်ခြင်းက ဆန်းကြယ်ကောင်းကင် အိမ်ကြီးတစ်ခုလုံးကိုလည်း သွေးချောင်းစီးစေပြီး ကြယ်တစ်သောင်းကမ္ဘာ တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။

အထက်ဘုံမှ လူများရောက်ရှိလာပြီးနောက် ဆန်းကြယ်ကောင်းကင် အိမ်တော်သည် သားရဲများဘက်သို့ လျင်မြန်စွာ ရောက်သွားခဲ့ပြီး အောင့်ယွဲ့နဲ့ သူ့သူငယ်ချင်းများကို နှိမ်နင်းရန် အဓိကအင်အားစု ဖြစ်လာခဲ့သည်။

ဒါတင်မကသေးဘဲ သူတို့နှင့် ဆက်ဆံရေးကောင်းမွန်သော လူများစွာကိုလည်း သတ်ပစ်ခဲ့သည်။

တိုက်ပွဲများစွာကြောင့် ဆန်းကြယ်ကောင်းကင် အိမ်တော်ရဲ့ အင်အားသည်လည်း အလွန်များပြားလာသည်။ လူအို​များစွာသည် နတ်ခြေလှမ်းနယ်ပယ်ကို ဖြတ်ကျော်လာကြသည်။

ထို့နောက်တွင် ကမ္ဘာ၏ ပြောင်းလဲမှုများကြောင့် တစ်သောင်းကမ္ဘာက ကျင့်ကြံသူများသည် နတ်ခြေလှမ်း နယ်ပယ်ကို တစ်ယောက်ပြီးတစ်ယောက် ဖြတ်ကျော်လာသောအခါ ဆန်းကြယ်ကောင်းကင် အိမ်တော်၏ ခွန်အားများလည်း လွန်စွာ တိုးမြင့်လာသည်။

နှစ်ပေါင်းများစွာ ဖိနှိပ်ထားမှုများကြောင့်ပင် လူအချို့သည် အလွန်လွှမ်းမိုးချုပ်ကိုင်ထားသည့် နတ်ခြေလှမ်းနယ်ပယ် စတုတ္ထအဆင့်သို့ တိုက်ရိုက် ပြေးတက်သွားကြသည်။

သို့သော် ယနေ့တွင် ဆန်းကြယ်ကောင်းကင် အိမ်တော်ကြီး ကြီးပွားလာမည်ဟု လူတိုင်း သတင်းဖြန့်နေချိန်တွင် ထိုအိမ်ကြီး ရုတ်တရက် ဖျက်ဆီးခံရပြီး သတ်ဖြတ်ခံရလိမ့်မည်ဟု ဘယ်သူမှ မမျှော်လင့်ထားပေ။

နောက်ပိုင်းတွင် သွေးမြစ်စီးစေသော လူသတ်သမား လုရွှမ် ဖြစ်နေကြောင်း သိလိုက်ရသည်။

အားလုံးအတွက် ပိုလို့တောင် ကြောက်စရာကောင်းသွားတာက လုရွှမ်ရဲ့ အသတ်ခံရတဲ့ နဂါးတစ်ကောင်ဟာဆိုရင် အရေခွံခွာ၊ အရွတ်ဆွဲထုတ်ကာ သစ်ပင်ကြီးတစ်ပင်ပေါ်မှာ ဇောက်ထိုး ချိတ်ဆွဲခံထားရတဲ့အတွက် ကြယ်တစ်သောင်းကမ္ဘာ တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့လေသည်။

ဘယ်လိုပဲဖြစ်ဖြစ် ၎င်းက နတ်နဂါးဖြစ်သည်။ သူတို့မျက်လုံးထဲမှာတော့ ဒါဟာ နတ်ဘုရားဖြစ်နေပြီ ဖြစ်ပေမယ့် လုရွှမ်ကတော့ ရက်ရက်စက်စက် သတ်သွားခဲ့သည်။ ညတွင်းချင်းပင် လုရွှမ်၏ ပြင်းထန်သော ဂုဏ်သတင်းသည် ကြယ်တစ်သောင်းကမ္ဘာ တစ်ခုလုံးကို တုန်လှုပ်သွားစေ​ခဲ့​ပေသည်။

သုံးရက်ဆက်တိုက် သတ်ပြီးနောက် လုရွှမ် ရပ်တန့်သွားခဲ့သည်။

ထျန်းယွီကြယ်၌။

နှစ်အတန်ကြာ တိုက်ပွဲများအပြီးတွင် အောင့်ယွဲ့သည် အရည်အချင်းပြည့်ဝသော ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။ လုရွှမ်ကြောင့် လူတိုင်းက သူမကို ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကာ လေးစားကြသည်။

နှစ်တွေကြာလာတာနဲ့အမျှ အောင့်ယွဲ့ဟာလည်း လူတိုင်းကို စိတ်ပျက်စေခဲ့တာမျိုး မရှိခဲ့ပေ။ အမြဲတမ်း ပုန်းအောင်းနေပေမယ့် သူတို့ရဲ့ အင်အားက တဖြည်းဖြည်း တိုးလာပါ၏။ သူတို့သည် သားရဲများနှင့် မယှဉ်နိုင်သော်လည်း သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ကြ​သေးသည်။

အောင့်ယွဲ့ :"လိရှောင်း... အဲဒီလူက လုရွှမ်လို့ ထင်လား? သူတကယ်ပဲ အထက်ကမ္ဘာက ပြန်လာတာလား"

သူမအနားမှာ အရင်းနှီးဆုံး သူငယ်ချင်းတွေ ရှိနေပါသေးသည်။ လိရှောင်း၊ ကျင်းဟုန်၊ အောင်ရှင်း၊ ရှန်ယိ၊ ရှန်းရှဲ့နဲ့ သားသတ်သမား ထူဖူး၊ ရွှမ်ကျီး၊ ပေါင့်တာထင်းနဲ့ လီလင်ရှို့တို့ ရှိသော်လည်း ထျန်းရှားကတော့ တိုက်ပွဲတွင် ကျဆုံးသွားခဲ့ပြီဖြစ်သည်။

"လုရွှမ်ကို တစ်ကောင်တည်းသမားလို့ မှတ်ထားလို့ရတယ်... သူတစ်ယောက်တည်း ဒီလောက် ထိတ်လန့်စရာကောင်းတဲ့ အရာကို လုပ်နိုင်ခဲ့တယ်... အဲဒါက နဂါး​နော်... တကယ်ကို အရေခွံနဲ့ နဂါးရဲ့ အရွတ်တွေကို ဆွဲထုတ်လိုက်တာဆို သူပဲ လုပ်နိုင်မှာ!"

လိရှောင်းက အရင် အော်လိုက်သည်။

ရှန်ယိ: "မှန်တယ် အဲဒီနတ်ဆိုးတွေ လုရွှမ်ကို အသေ ကြောက်နေလောက်ပြီ... ဒါကြောင့် သူတို့က ငါတို့ကို အရှင်လတ်လတ်ဖမ်းဆီးပြီး လုရွှမ်ကို အရှုံး ဝန်ခံလာ​​အောင် လုပ်ခိုင်းဖို့ ဒီကမ္ဘာကို ဆင်းလာခဲ့တာ... ဟမ့် လက်နက်ချစေချင်တယ်ပေါ့ အိပ်မက်မက်နေလိုက်!"

သူ့ခေါင်းပေါ်မှာ ဆံပင်တွေတောင် ပေါက်လာနေပါပြီ။ သူ့စကားအရ ဒီကမ္ဘာကြီးက ကမောက်ကမ ဖြစ်နေပြီမို့ ဘာကြောင့် ကတုံးနဲ့ နေရဦးမှာလဲ၊ လေ့ကျင့်ချင်ရင် လောကကြီးကို အမြန်ဝင်ရမယ်။ ဒါက ငရဲနဲ့တူတာကြောင့် သူ ငရဲမသွားရင် ဘယ်သူသွားမလဲ။

ရှန်းရှဲ့: "ဒါဆို ငါတို့ သူ့ကိုရှာဖို့ တစ်ယောက်ယောက်ကို လွှတ်သင့်တယ်"

လူအတော်များများသည် ဆုံးဖြတ်ချက် ချသူများ ဖြစ်သည်။ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြရင်း နှစ်အတော်ကြာ မတွေ့ရတော့တဲ့ ညီအကိုဟောင်းတွေ ပြန်ဆုံကြတော့မှာမို့ စိတ်လှုပ်ရှားလာ၏။

ကောင်းကင်က အုံ့မှိုင်းနေပြီး ဆီးနှင်းတွေ ကျဆင်းနေခဲ့သည်။

လုရွှမ် တစ်နေရာ၌ အခြေချပြီး အောင့်ယွဲ့နဲ့ အခြားသူများထံ ဆက်သွယ်ရန် စောင့်ဆိုင်း​နေခဲ့သည်။ ဆိုရိုးစကားအတိုင်းဆို ကျွမ်းကျင်လေလေ ရဲရင့်လေလေပါပဲ။ သူသည် ဘယ်သူ့ကိုမှ မကြောက်ဘဲ ထိုနေရာတွင် လုံခြုံစွာ အခြေချနေထိုင်ခဲ့သည်။

မြေကမ္ဘာပေါ်ရှိလူများ ဆင်းသက်လိုပါက ကန့်သတ်ချက် ကြီးကြီးမားမား ရှိသေးသည်။ မြေကမ္ဘာက နတ်ခြေလှမ်းနယ်ပယ်တွေ ဆင်းလာလို့ မရပါ။ အောင်ထျန်းနှင့် အခြားသူများအဆင့်သို့ မရောက်မချင်း ဘယ်လောက် အရည်အချင်းရှိသူ ဖြစ်ပါစေ လုရွှမ် လုံးဝ မကြောက်ချေ။

သူသည် ဤနေရာတွင် လုံခြုံစွာ စောင့်ဆိုင်းနေပြီး သူငယ်ချင်းများနှင့် ရန်သူများ ရောက်ရှိလာခြင်းကို စောင့်ဆိုင်းနေခဲ့သည်။

"ဟမ့် အဲဒီလူက တကယ့်ကို ရဲရင့်တာပဲ... သူ့ခန္ဓာကိုယ်တောင် မလှုပ်ဘူး ငါတို့လာဖို့ စောင့်နေတာ သိသာတယ်"

"ကောင်းပြီ၊ သူ့ကို အရင်သတ်လိုက်ရအောင် ဒီလူသားမျိုးနွယ်ရဲ့ နံပါတ်တစ် ပါရမီရှင်က ဘယ်လိုလူလဲဆိုတာ ကြည့်ရမယ်..."

လုရွှမ် တောင်ထိပ်ပေါ်တွင် ရပ်ကာ အဝေးကို လှမ်းကြည့်​နေခဲ့သည်။ အဝေးရှိ တိမ်တိုက်များ​ကြားတွင် သားရဲရုပ်သွင်ပြင်ကို မြင်နေရ၏။ ဤတောင်ထိပ်က သူ အထူးရွေးချယ်ခဲ့သော နေရာဖြစ်သည်။ သူ၏လက်ရှိ အင်အားနှင့် ယှဉ်နိုင်သူမှာ ကြယ်တစ်သောင်းကမ္ဘာ တစ်ခုလုံးတွင် မည်သူမျှမရှိဟု သူ ယုံကြည်ထားသည်။

သို့သော်လည်း အခင်းအကျင်းကို အသုံးပြုပြီးသည်နှင့် မြောင်းထဲတွင် ​ရေနစ်သွားဖို့ အလွန်လွယ်ကူလိမ့်မည်။

ဤတောင်ထိပ်သည် ကောင်းကင်နှင့်မြေကြီး၏ ထွက်သက်ကို အမွေခံထားသဖြင့် သူ့အတွက်ကတော့ မသိသာသော လက်ရှိအခြေအနေတွင် အလုံခြုံဆုံးနေရာ ဖြစ်လာသည်။ ကောင်းကင်နှင့်မြေကြီး၏ ရောင်ဝါကြောင့် ဘယ်အခင်းအကျင်း ဖွဲ့စည်းမှုမဆို ပျက်စီးသွားလိမ့်မည်။

ထိုနတ်ဆိုးများ သူ့ကိုဖမ်းချင်ပါက ခွန်အားဖြင့်သာ တိုက်ခိုက်နိုင်လိမ့်မည်။

"ဟမ့် ပေါ်လာကတည်းက ဘာလို့ ပုန်းနေတာလဲ"

ဘယ်သူမှ မပေါ်သေးပေ။

"လှည့်ကွက်လေးတွေ လာကစားနေတာပဲ... မင်းက မပေါ်လာချင်မှတော့ နောက်တစ်ခါလည်း ထပ်မပေါ်လာတော့နဲ့..."

လုရွှမ် အော်ဟစ်လိုက်ပြီး ကောင်းကင်ဓားကို တိုက်ရိုက်ဆွဲထုတ်ကာ တိမ်တိုက်ထဲသို့ ဓားအလင်းတစ်ချက် ခုတ်ထစ်ပစ်လိုက်သည်။ တိမ်တိုက်သည် ချက်ချင်းပင် နှစ်ခြမ်းကွဲသွားကာ ကောင်းကင်မှ အလောင်းနှစ်လောင်း ပြုတ်ကျလာလေ၏။

"ဟမ့် ထွက်လာကြတော့..."

ခေါင်းက နဂါးဦးချိုတွေကို ကိုင်ထားတဲ့လူက အော်လေသည်။ သူကလည်း သားရဲဖြစ်ကာ ဒီတခေါက် အထက်ကမ္ဘာက လူတွေရဲ့ ခေါင်းဆောင်လည်း ဖြစ်လေသည်။ မျှော်စင်နယ်ပယ် အဆင့်၉ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ။

နဂါးလူသား: "မင်းက လုရွှမ်လား?"

လုရွှမ် ၎င်းနောက်ကွယ်ကို တစ်ချက်ကြည့်လိုက်ရာ အနောက်မှ ပြိုင်ပွဲကို ကြည့်တော့မယ့် မျိုးနွယ်စုတွေကို တွေ့လိုက်ရသည်။

"လတ်စသတ်တော့ နဂါးလူသား တစ်ကောင်ကိုး..."

တစ်ကောင်?

၎င်းသည် သားရဲကိုသာ ဖော်ပြလေ့ရှိသော်လည်း သူက မြင့်မြတ်သော နဂါးလူသားဖြစ်သည်။ နဂါးလူသားလည်း ချက်ချင်း ဒေါသ ထွက်သွားလေ၏။ လုရွှမ်ရဲ့ ယခင်အကြည့်များက သူ့ကို နက်နက်ရှိုင်းရှိုင်း လှုံ့ဆော်ပေးထားသလိုပင်။ သွေးဖြူစင်တဲ့ နဂါးတွေကလွဲရင် သူ့ကို ဒီလိုအကြည့်တွေနဲ့ နှိုးဆွဖို့ ဘယ်သူက သတ္တိရှိမှာလဲ။

ကောင်းကင်ကမ္ဘာသာမက မြေကမ္ဘာမှာရာ ဘယ်သူမှ ဒီလို မလုပ်ရဲချေ။ ယခု တစ်သောင်းကမ္ဘာမှာတော့ အမှန်တကယ်ပင် လူသားတစ်ဦးဆီက မထီမဲ့မြင်ပြုတာကို ခံနေရသည်။

"လူသား... မင်း သေမင်းကို တကယ်ရှာနေတာပဲ မင်းမှာ ခွန်အားတွေ သိပ်ရှိနေတယ်လို့များ ထင်နေလား... လာစမ်းပါ"

သူ့ကိုယ်သူ သတိကပ်ထားခဲ့သည်။ လုရွှမ်ဟာ သွေးဖြူစင်သော နဂါးတစ်ကောင်ကို သတ်ခဲ့ဖူးသောကြောင့် သူသည် တစ်ဖက်လူရဲ့ ပြိုင်ဘက်မဟုတ်တာ သေချာသည်။ သူသည် နှုတ်က ဂရုမစိုက်ဟန် ရှိသော်လည်း သူ့စိတ်ထဲတွင်တော့ ပြီးပြည့်စုံသော အစီအမံတစ်ခုကို ချမှတ်ထားပြီးသား ဖြစ်သည်။

လုရွှမ်ကို တစ်ယောက်ချင်း တိုက်ခိုက်ဖို့ သူ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ ဒီလူကို သုတ်သင်ဖို့ လူ့လှိုင်းနည်းဗျူဟာကို အသုံးချချင်ခဲ့တာပင်။

သူ့ကိုသတ်နိုင်သရွေ့ ဘယ်သူတွေပဲ အသတ်ခံရပါစေ ဂရုမစိုက်ပါ။ ဟိန်းဟောက်သံနှင့်အတူ သားရဲအကောင်ရေ တစ်ဒါဇင်ကျော် ပြေးထွက်လာသည်။

လက်ထဲတွင် လက်နက်မျိုးစုံကို ကိုင်ထားရင်း လုရွှမ်ဆီသို့ အရှိန်ပြင်းပြင်းနှင့် ပြေးသွားကြသည်။ သူတို့ မနီးခင်မှာ သူတို့ရဲ့ အရှိန်အဟုန်က ရိုက်ခတ်နေပြီ ဖြစ်တာကြောင့် လေထုကြီးက တုန်လှုပ်သွားခဲ့သည်။

လုရွှမ် စိတ်ထဲမှ လှောင်ရယ်နေလိုက်သည်။ ဤခြေသုံးချောင်း ကြောင်များကို အသုံးချချင်နေသော ဒီနဂါးလူသားက တကယ်ကို တုံးအလွန်း၏။

ညည်းညူညည်းတွားသံနှင့်အတူ လုရွှမ်နောက်ကွယ်မှ ကောင်းကင်ဓားသည် အလိုလို ပျံတက်သွားသည်။ လက်ကိုင်ကို ဆုပ်ကိုင်မိတာနဲ့ ဓားစွမ်းအင်က အစွမ်းကုန် ခုတ်ထစ်ပစ်လိုက်သည်။

စူးရှသော အလင်းတန်းတစ်ခု လင်းလက်သွားပြီးနောက် လူတစ်စု ပျောက်ကွယ်သွားခဲ့သည်။

All Chapters