← Chapters

သူ့အစွမ်းကို ပြပြီ

Vol. 143 Ch. 4.1665

သူ့အစွမ်းကို ပြပြီ

Vol. 143 Ch. 4.1665

"မင်း!"

နဂါးလူသားက မယုံကြည်နိုင်စွာ အော်လိုက်သည်။

ဤလူတစ်စုသည် အခုမှ သူ့အထက်တန်းစားတွေ ဖြစ်ပြီး သူ သူတို့ကို နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား ပြုစုပျိုးထောင်ပေးခဲ့ပေမဲ့ လုရွှမ်ရဲ့ ဓားတစ်ချက်တည်းနဲ့ သုတ်သင်ရှင်းလင်း ခံလိုက်ရသည်။

"ဒီလိုလူတွေနဲ့ဆိုရင် မင်းက အမြောက်စာ တစ်ကောင်ပဲ"

လုရွှမ် ရယ်မောလိုက်သည်။ ချင်ထျန်းဓားက နဂါးလူသားကို ရည်ရွယ်သည်။

"ဆင်းလာမလား ဒါမှမဟုတ် ငါ မင်းကို အပြည့်အ၀ သေခိုင်းရမလား"

နဂါးလူသားလည်း လုံးဝ စိတ်ဆိုးသွား​တော့သည်။

"မင်း သေမင်းကို ရှာနေတာပဲ!"

သူ့ကိုယ်သူ သတ္တိရှိသွားအောင် ကျယ်လောင်စွာ အော်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်သည်လည်း နဂါးရုပ်အသွင်သို့ ပြောင်းလဲသွားသည်။ ၎င်းက နဂါးဟောက်သံနှင့်အတူ လုရွှမ်ဆီသို့ အမြန်ပြေးဝင်လာခဲ့သည်။

လုရွှမ်သည် နဂါးလူသားနှင့်အတူ လာလည်သော အခြားလူများစွာလည်း ရှိ​နေ​သေးကြောင်း သတိထားမိပါ၏။ ၎င်းတို့က အပျော်တမ်းကြည့်ရန် သို့မဟုတ် အခြားအရာများကို လုပ်ချင်သဖြင့် ရောက်နေကြတာ ဖြစ်ပေမည်။

တစ်ယောက်ပြီးတစ်ယောက် ဂရုတစိုက် ပုန်းအောင်းပြီး ဒီတိုက်ပွဲရဲ့ ရလဒ်ကို စောင့်နေကြသည်။ နဂါးလူသားသည် အမှန်တကယ်ပင် နဂါးအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားတာ တွေ့လိုက်ရသောအခါ ၎င်းတို့ထံမှ အာမေဋိတ်သံများ ထွက်ပေါ်လာ​တော့သည်။

လူသားတို့၏ နှလုံးသားထဲတွင် နဂါးဆိုသည်မှာ ရှေးခေတ်ကတည်းက နတ်သားရဲများ၏ သင်္ကေတတစ်ခုဖြစ်ပြီး လူသားတို့ ကိုးကွယ်နိုင်တဲ့အထိ မြင့်မြတ်လှသည်။ ယခုလည်း ဤနဂါးလူသားသည် တိုက်ရိုက် အသွင်ပြောင်းသွားပြီ ဖြစ်သည်။

လုရွှမ်ကို​တော့ သူတို့စိတ်ထဲတွင်တော့ လွန်စွာမှ မထီမဲ့မြင် ပြုနေခဲ့သည်။ ဒီလူက ရိုးရိုးရယ်စရာ ဟာသတစ်ခုလိုပင်။ သူသည် အသွင်ပြောင်းသော နဂါးအစစ်နှင့် မယှဉ်နိုင်ချေ။ လူသားနဲ့ အသွင်ပြောင်းတဲ့ နဂါးကြားမှာ ကွာဟချက်ကြီး ရှိပေ၏။

ယေဘူယျအားဖြင့် နဂါးအသွင်ပြောင်းပြီးနောက် ရောင်ဝါက ပြင်းထန်စွာ တိုးလာမည်ဖြစ်ရာ ဒီလူသားက ဘယ်လိုလုပ် အနိုင်ယူနိုင်ပါ့မလဲ။

ဒီနဂါးရုပ်သဏ္ဌာန်ကို သုံး၍ လူသားတွေကို ကြောက်ရွံ့လာအောင် လုပ်နေခဲ့တာလည်း ထင်ရှား​ပေသည်။ ဒီလို ပစ္စည်း​ကောင်းမျိုးကို ၎င်းတို့က အောက်ကမ္ဘာထဲသို့ ပစ်ချပြီး အမြောက်စာအဖြစ် အသုံးချချင်ခဲ့တာ အံ့သြစရာ​တော့ မရှိ​တော့ပါ။

လုရွှမ်အမြင်တွင် အောက်ကမ္ဘာ ရောက်လာအောင် စီစဉ်ခံရသော လူတစ်ဦးစီက အမြောက်စာ ဖြစ်သည်။ စစ်မှန်သော သန်မာသူများသည် ပင်မစစ်မြေပြင်က မြေကမ္ဘာကြီးတွင် ရှိကြောင်း၊ ဘယ်သူမှ အကြောင်းပြချက်မရှိဘဲ ပြေးဆင်းသွားမှာ မဟုတ်ကြောင်းကို အားလုံးသိထားကြသည်။

"လုရွှမ်! ဒီနေ့ ငါမင်းကို နဂါးအစစ်က ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ ပြမယ်"

"မင်းက နဂါးဖြစ်လာဖို့ သတ္တိရှိသားပဲ!"

လုရွှမ်သည် နဂါးပုတီးစေ့ထဲက နဂါးသွေးတစ်စက်ကို ဖမ်းကာ ဟိန်းဟောက်လိုက်သည်။ ယခု လုရွှမ်၏ ဟောက်သံသည် သာလွန်ကောင်းမွန်သော နဂါးတစ်ကောင်ကဲ့သို့ပင် ပို၍ ထက်မြက်ပြီး ခိုင်မြဲနေကာ ဤ​သွေးရောနှောနေသော နဂါး၏ စိန်ခေါ်မှုကို မုန်းတီးနေကြောင်း ပြသနေ၏။

နဂါးလူသား၏ ခန္ဓာကိုယ်လည်း တုန်ခါသွားကာ ဝိညာဥ်ပင် သူ့ခန္ဓာကိုယ်ထဲမှ ရိုက်နှက်ခံလုနီးပါး ဖြစ်သွားခဲ့သည်။

အဲဒါ နဂါးဟောက်သံလား။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

၎င်းသည် သူ့နဂါးဟောက်သံထက် ပို၍ ကွက်ကွက်ကွင်းကွင်း ရှိပြီး ပို၍ အစွမ်းထက်ကြောင်း သိသာထင်ရှားနေသဖြင့် အလိုလို တုန်လှုပ်သွားစေသည်။

လုရွှမ်မှာလည်း နဂါးသွေး ရှိနေတာလား?

"ငရဲကို သွားတော့!"

သူသည် ဤနဂါးလူသား ငမိုက်သားနှင့် တိုက်ခိုက်ရန် စိတ်လုံးဝ ပျက်သွားသည်။ တစ်ဖက်လူက အမြောက်စာများကြားက အမြောက်စာသာ ဖြစ်ပေ၏။ သူ့အာဏာကို စုံစမ်းရန် ၎င်းကို ထုတ်ပစ်လာခဲ့သော်လည်း သနားစရာကောင်းလှသည်။

လုရွှမ် ဓားစွမ်းအင် နှစ်ချောင်းကို အဆက်မပြတ် ဖောက်ထုတ်ပစ်လိုက်သည်။ ဓားရှည်သည် မီးတောက်များဖြင့် ဖြတ်သွားကာ နဂါးကြီးကို လေးပိုင်း ပိုင်းဖြတ်ခံလိုက်ရကာ သွေးစက်များက မိုးရေစက်များအဖြစ်သို့ ပြောင်းလဲသွားသည်။

လုရွှမ် :"ဘယ်သူ ငါ့ခွန်အားကို ချိန်ဆချင်သေးလဲ တစ်ခါတည်းသာ ထွက်လာခဲ့!"

ဤနေရာတွင် လူသားများနှင့် သားရဲများ အုပ်စုလိုက် စုဝေးနေပြီဟု သူ ခံစားနေရပါပြီ။ အချို့မှာ အမှန်တကယ် အားကောင်းသူတွေ ဖြစ်ကြသည်။ မြေကမ္ဘာနဲ့ တစ်သောင်းကမ္ဘာကြားက နိယာမတရားတွေကြောင့် အထက်ကမ္ဘာမှ လူများ ဆင်းလာလိုပါက ကျင့်ကြံမှုကို ကန့်သတ်ထားရန် လိုအပ်နေသေးသည်။ ယခုအခါတွင် မြေကမ္ဘာထဲ၌ ကောင်းကင်ကမ္ဘာကလာသော နတ်ခြေလှမ်းနယ်ပယ် သခင်များ ရှိနေပြီဖြစ်သည်။

သို့သော် တစ်သောင်းကမ္ဘာက လောလောဆယ် လုံးဝ သည်းမခံနိုင်တော့သောကြောင့် အမြင့်ဆုံးဆင်းလာသူမှာ မျှော်စင်နယ်ပယ် အဆင့်၉များသာ ဖြစ်သည်။ ပြီးတော့ သူတို့ရဲ့ အရေအတွက်က မများလှပါ။ သူတို့ ကြယ်တစ်သောင်းကမ္ဘာကို ထိန်းချုပ်လိုပါက ၎င်းတို့သည် ဒေသခံ သခင် အများအပြား လိုအပ်မှာ သေချာပါသည်။

ဒီလူတွေက တကယ်ကို သစ္စာမဲ့သူတွေပါပဲ။ လုရွှမ်သည် သူ့မှာ အာကာသဥမင်လိုဏ်ခေါင်း တစ်ခုရှိတယ်ဆိုတဲ့ သတင်းကို ထုတ်ကာ ဒီလူတွေဟာ သားရဲတွေကို စွန့်ပစ်လိမ့်မယ်လို့ ထင်ခဲ့သည်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ တွေးပြီး သတင်းထုတ်မယ့် အစီအစဉ်ကို ငြင်းလိုက်တော့သည်။

ဒီစစ်ပွဲဟာ စစ်ပွဲတစ်ခုတည်း မဟုတ်ပါဘူး။ ဒီနေရာက အနည်းငယ် ထိခိုက်ခံစားခဲ့ရသော စစ်မြေပြင်လေး တစ်ခုမျှသာ ဖြစ်ပြီး တကယ့်စစ်မြေပြင်က မြေကမ္ဘာထဲမှာပင်။

ဒီကောင်တွေက အန္တရာယ်တွေ့တဲ့အခါ ကိုယ့်လူမျိုးကို စွန့်ပြီး သားရဲတွေရဲ့ လက်ထဲကို ခိုလှုံချင်နေကြသည်။ သားရဲတွေကလည်း သူတို့ကျွန်ဖြစ်လာမည်ကို သိနေသဖြင့် ဘယ်သူမှ ဆန့်ကျင်မှုမပြဘဲ ကျေနပ်စွာ ဆက်လုပ်နေခဲ့သည်။

အကြောင်းရင်းမှာ လူသားမျိုးနွယ်က ခိုင်လုံမှု မရှိသောကြောင့်သာ ဖြစ်ပေ၏။ မြေကမ္ဘာကို ရောက်သောအခါ လူသားမျိုးနွယ်က ပို၍ပင် အားနည်းလာသည်။

အမှန်စင်စစ် လူသားမျိုးနွယ်သည် လူသားများကို လိုအပ်နေသော်လည်း ကျောရိုးမရှိသော ခွေးအုပ်စုမဟုတ်ဘဲ သားရဲများကို တိုက်ခိုက်ရန် သတ္တိရှိသူများ၊ တိုက်ခိုက်နိုင်သော လူများကိုသာ လိုအပ်သည်။

အကယ်၍ ဤလူများ ​မြေကမ္ဘာပေါ်သို့ တက်သွားပါက ၎င်းတို့သည် များစွာအကျိုးရှိမည် မဟုတ်သည့်အပြင် လူသားမျိုးနွယ်၏ တိုက်ခိုက်ရေး စိတ်ဓာတ်ကတောင် ပြန့်ကျဲသွားလိမ့်ဦးမည်။

ဒါကြောင့် အထက်နယ်ပယ်သို့ လိုက်လိုပါက အနာဂတ်တွင် ၎င်းတို့၏ ကိုယ်ပိုင်ရွေးချယ်မှုအပေါ် မူတည်ပါသည်။

ရန်သူကို လက်မြှောက် လက်နက်ချပြီး ကိုယ့်မျိုးနွယ်ကို သစ္စာဖောက်​နေသေးရင် ဒါမှမဟုတ် တွန့်ဆုတ်နေရင်၊ ထိုင်ပြီး နဂါးနဲ့ ကျားတိုက်ပွဲကို စောင့်ကြည့်ပြီး နောက်ဆုံးအကျိုးအမြတ်ကို စောင့်မျှော်နေရင်တော့ အိပ်မက်သာ ဆက်မက်ခိုင်းလိုက်မည်။

လုရွှမ်သည် ဓားကို လက်တစ်ဖက်တည်း ကိုင်ထားပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ဓားဖျားတွင် အလင်းတန်းများ ထွန်းတောက်ကာ လူသတ် ရောင်ဝါများ အပြည့်ဖြင့်။

"လူသား... မင်းက တကယ်ကို အံ့သြစရာကောင်းတယ် မင်း အောက်ပြည်ကို သွားတဲ့လမ်းကိုလည်း တွေ့နိုင်တယ် ဒါပေမယ့် မင်းနောက်ထပ် ပြန်တက်ဖို့ မစဥ်းစားနေနဲ့တော့"

ရုတ်​တရက်​ အသံတစ်​သံ ကြားလိုက်​ပြီးနောက် ပတ်ဝန်းကျင်က မည်းမှောင်​သွားသည်​။ တုန်လှုပ်ချောက်ချားစရာ ကောင်းသော အသံတစ်သံက ကောင်းကင်တစ်ခွင် အလွန် လွှမ်းမိုးသွားသည်။

"ငါ ကောင်းကင်ကြီးကို တစ်လုတ်တည်းနဲ့ မျိုချလိုက်ပြီ မင်းငါ့ကို ဘယ်လို တိုက်မလဲ"

လုရွှမ် အံ့အားသင့်သွားသည်။ ဒါက ကောင်းကင်မျိုသားရဲ ဖြစ်လေ၏။ ကံမကောင်းချင်တော့ သူ့အသွေးက သေချာပေါက် မသန့်ချေ။ သွေးဖြူစင်တဲ့ ကောင်းကင်မျို သားရဲတစ်ကောင်ကို သတ်ဖူးပြီးနောက် ဒီမှာ သွေးနှောတဲ့အကောင်နဲ့ တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။

သူသည် သွေးဖြူစင်သော သားရဲများကိုပင် မကြောက်ရာ ဤသွေးနှောသားရဲကို စကားထဲ ထည့်ပြောနေစရာပင် မလိုတော့ပါ။

"လူသား ဒီကမ္ဘာက ငါ့ရဲ့ မှော်အစွမ်းတွေကို ပြသဖို့ သင့်တော်တယ် ဟဲဟဲ မင်းကို သန့်စင်ဖို့ စောင့်နေတာ.... အခု ငါ့ပါးစပ်ထဲမှာပဲ သန့်စင်လိုက်တော့မယ်..."

ကောင်းကင်မျိုသားရဲသည် ၎င်းပြောသည့်အတိုင်း တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့သည်။ လူသားများသည် တစ်ယောက်ပြီးတစ်ယောက် လေထဲ ပျံတက်သွားကာ လုရွှမ်ရဲ့ မျက်လုံးများက သူတို့ကို စိုက်ကြည့်နေတာ တွေ့လိုက်ရသဖြင့် ရှက်ရွံ့သွားကြသည်။

ထိုလုရွှမ်သည် ကမ္ဘာကြီး မည်မျှ တုန်လှုပ်နေပါစေ မလှုပ်မယှက်ဘဲ တောင်ကြီးတစ်ခုလို ရပ်နေခဲ့သည်။

"ကောင်းကင်မျိုသားရဲ... ဒါ မင်းမှာ ဒီလောက်လေးပဲ အရည်အချင်း ရှိတယ်ဆိုရင်တော့ စိတ်ပျက်စရာ ကောင်းလွန်းတယ်..."

လုရွှမ် အေးစက်စွာ ပြောလိုက်သည်။

"လူသား... မင်းက မာနကြီးနေတုန်းကိုး... ငါ့ကိုကြည့်စမ်း ကမ္ဘာကြီးက ရူးသွပ်နေပြီး စကြာဝဠာကြီးက ကမောက်ကမ ဖြစ်နေပြီ!"

သေချာတာပေါ့။ ကမ္ဘာကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားသလို ကျောက်ဆောင်တွေက မြေကြီးအတွင်းထဲမှ ပျံတက်လာပြီး လေထဲမှ လူတွေကို ရိုက်ခတ်ကာ မြစ်တွေကို နောက်ပြန်စီးဆင်းစေသည်။ ကြယ်တွေ ရွေ့လျားသွားပြီး အရာအားလုံး သိသိသာသာ ပြောင်းလဲသွားသည်။

လုရွှမ်ဘက်က ဒီအပြောင်းအလဲကို ပိုပြီး ရှင်းရှင်းလင်းလင်း ခံစားရသည်။ စည်းမျဥ်းစည်းကမ်း မရှိသော ဤကမ္ဘာသည် သူ၏ မှော်စွမ်းအားများအတွက် အမှန်တကယ်ပင် ပို၍သင့်လျော်ပါသည်။

သို့သော် လုရွှမ်ရဲ့ မှော်စွမ်းအားများက သူကိုယ်တိုင် ဖန်တီးထားတာ ဖြစ်ပေ၏။ လှည့်ကွက်လေးများကဲ့သို့ ဤအသေးအမွှားအရာများက သူ့အပေါ် လုံးဝသက်ရောက်မှု မရှိပါ။

လုရွှမ်: "ပျော်စရာတွေ လုံလုံလောက်လောက် ပြပြီးပြီလား.... ပြပြီးရင် ငရဲကို သွားလိုက်တော့!"

သူသည် နေဖြိုခွင်းနတ်လေးကို ထုတ်ယူလိုက်၏။ လေးညှို့သည် ပြီးပြည့်စုံပြီး လမ်းကြောင်းအရပ်သို့ ချိန်ရွယ်ကာ ဝိညာဉ်မြှားတစ်စင်း ရုတ်တရက် ပစ်လွှတ်လိုက်​တော့သည်။

မြှား ရှစ်စင်း ဆက်တိုက် ပစ်ခတ်မှုသည် မတူညီသော နေရာ ရှစ်ခုဆီသို့ တိကျစွာ ကျရောက်သွားခဲ့သည်။

ရွှတ်!

စူးစူးဝါးဝါး အော်ဟစ်သံနှင့်အတူ နတ်ဆိုးတစ်ကောင် ကောင်းကင်မှ ပြုတ်ကျလာသည်။ လုရွှမ်သည် တောင်ကြီးတစ်​တောင် ပြိုကျလာသကဲ့သို့ ပြင်းထန်သော အင်အားဖြင့် ဓားကို နောက်ပြန် ဆွဲထုတ်ယူကာ ဘယ်သူမှ တားမရသော ခွန်အားဖြင့် ကောင်းကင်မျိုသားရဲကို အပိုင်းနှစ်ပိုင်းခွဲ၍ တိုက်ရိုက် ဖြတ်​တောက်ပစ်ခဲ့သည်။

All Chapters