ကောင်းကင်မြေကြီး ဖရိုဖရဲ ဖြစ်လာပြီ
Vol. 143 Ch. 4.1652
အလင်းတန်းတစ်ခု မှိတ်တုတ်မှိတ်တုတ်နဲ့ လင်းလတ်သွားသည်။ အလင်းရောင်နှင့် အရိပ်တို့ ကွယ်ပျောက်သွားပြီး လုရွှမ် ပေါ်ထွက်လာသည်။
"အိုး မင်းပဲ!"
အောင်ထျန်း ဟောက်လိုက်သည်။ ဤအခိုက်တွင် လုရွှမ်သည် သူ၏ မူလအသွင်အပြင်ကို လုံးဝပြန်လည် ကောင်းမွန်လာခဲ့သော်လည်း သူ့ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များက ပို၍ပင် ဖြူစင်လာခဲ့သည်။
အောင်ထျန်းဟာ အစောကတည်း မှန်းဆမိခဲ့ပေမယ့် လုရွှမ်ရဲ့ သန့်စင်တဲ့ လူသားအသွင်အပြင်ကို ခံစားလိုက်ရတဲ့ အခါမှာတော့ သူ လွန်စွာ ထိတ်လန့်ပြီး ဒေါသထွက်လာသည်။ ဒီလူက သူ့ကို တကယ် လှည့်စားခဲ့တာပဲ။
သူ့အမြင်အရတော့ ဒါဟာ ရှက်စရာကောင်းပြီး အကြီးအကျယ် အရှက်ကွဲမှုကြီးပါပဲ။
လုရွှမ်ကတော့ ဝမ်းနည်းသလို လုပ်ပြကာ အောင်ထျန်းနှင့် အပိုတွေ ပြောဆိုရန် စိတ်မဝင်စားခဲ့ပေ။ လူသားမျိုးနွယ်အတွက် ကံကောင်းခြင်းတွေ အများကြီး မရရှိဖို့ လူသားကျောက်ရုပ်ထုကို ကိုယ်တိုင်ဖျက်စီးတော့မလို့ ပြင်ထားခဲ့သည်။
"လျိုရှန်း သွားရအောင် ဒီနေရာက ပျက်စီးတော့မယ်..."
လုရွှမ် အော်လိုက်သည်။ သူ လျိုရှန်းအပေါ် မုန်းတီးတာ သို့မဟုတ် ရွံရှာတာမျိုး မရှိပါ။ သူသည်လည်း ဤအခိုက်တွင် ရွေးချယ်ဖို့ ခက်ခဲမိလိမ့်မည်။ လျိုရှန်းသည် နောက်ဆုံးအခိုက်အတန့်တွင် ရွေးချယ်စရာမရှိမှသာ တိုက်ပွဲအဖွဲ့ထဲသို့ ပြေးဝင်လာ
ခဲ့သည်။ အစမှအဆုံးအထိ သူမသည် ဘာလုပ်ရပ်ကိုမှ မလုပ်ခဲ့ဘဲ လုံးဝ ယုံကြည်စိတ်ချရသော သူငယ်ချင်း ဖြစ်ခဲ့သည်။
လျိုရှန်းရဲ့ မျက်လုံးများလည်း တောက်ပလာခဲ့သည်။ သူမ မယုံနိုင်ခဲ့ပါ။ လုရွှမ်အသံသည် လိမ်ညာမှုခြေရာမပါပဲ ရိုးသားမှု အပြည့်ရှိသည်။ လုရွှမ်က သူမအား သူငယ်ချင်းအဖြစ် မှတ်ယူနေဆဲ ဖြစ်ကြောင်း ထင်ရှားသည်။
"အောင်ထျန်း မင်းငါ့ကို တိုက်ချင်ရင် ငါ မင်းကို အခွင့်အရေး ပေးမယ်... အခု ခွမ်းလွင် လျှို့ဝှက်နယ်မြေက ပျက်တော့မယ် ကမ္ဘာကြီး ကမောက်ကမ ဖြစ်သွားတော့မယ်။ မင်းတို့ နဂါးက ကမ္ဘာကြီးကို အုပ်စိုးချင်တယ် ဆိုရင်တော့ အခု မင်းရဲ့ အခွင့်အရေး ရောက်လာပြီ ဒါပေမယ့် မင်းမှာ နဂါးရုပ်ထုရဲ့ အကာအကွယ် မရှိတော့ဘူး အရာအားလုံး မင်းအပေါ်မှာ မူတည်တယ်"
လုရွှမ် ဆိုလိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ဖဲကြိုးတစ်စ လွင့်ထွက်သွားသည်။ ၎င်းသည် သူ၏ ကမ္ဘာ့ကူးတို့သင်္ဘောက ဖဲကြိုးဖြစ်သည်။ ကမ္ဘာကြီး ကမောက်ကမ ဖြစ်နေတဲ့အခါ ကမ္ဘာ့ကူးတို့သင်္ဘောဟာ နောက်တစ်ကြိမ် ပြန်ဆုတ်သွားမှာဖြစ်ပြီး အလားတူ ဖဲကြိုးတွေလည်း ပျောက်ကွယ်သွားပါလိမ့်မည်။
ရောင်ဝါရှိနေသေးစဉ် ယခုပင် စွမ်းအားကိုသုံးကာ ၎င်းတို့နှစ်ဦး ဤနေရာမှ အမြန်ထွက်ခွာသွားနိုင်ဖို့ အကြံကောင်းပဲ ဖြစ်မည်။ ဖဲကြိုးက လျိုရှန်းကို အလိုအလျောက် ဆွဲထုတ်ပြီး သူမကို ဆွဲတင်လိုက်သည်။
အောင်ထျန်းလည်း အံ့အားသင့်သွားပြီး လူသားမျိုးနွယ်၏ ကျောက်ဆစ်ရုပ်ထုကို လှမ်းကြည့်လိုက်သည်။ ရုတ်တရက် ဤနေရာက နဂါးရုပ်ထုဆီမှ ထိတ်လန့်ဖွယ်အသံကို ကြားလိုက်ရသည်။
"လူသား... မင်းက လုံးဝကို ရူးနေတာပဲ... မင်း ကမ္ဘာကြီးကို ကမောက်ကမဖြစ်အောင် လုပ်မလို့လား??"
လူသား ကျောက်ဆစ်ရုပ်ထု၏ အသံသည်ကား။
“နေရာတိုင်းမှာ ထိတ်လန့်တုန်လှုပ်နေရတဲ့ ကမ္ဘာကြီးထဲမှာ နေထိုင်ရတာနဲ့ နှိုင်းယှဉ်ရင်တော့ ဒီလိုမျိုးက အများကြီး သာပါတယ်”
"ကြီးကျယ်ခမ်းနားတဲ့ ပရမ်းပတာကြီးပြီးမှ ကံကြမ္မာအသစ်က ဖြစ်ပေါ်လာတာ... ဒီအခြေအနေမှာ ဘာကြောင့် အရာအားလုံးကို မချိုးဖျက်ဘဲ မျှော်လင့်ချက်တွေ ပြန်ဖြစ်မလာအောင် လုပ်ရမှာလဲ... မျိုးနွယ်စုတိုင်းက သူတို့ရဲ့ ကံကြမ္မာကို ထိန်းချုပ်နိုင်မှာပါ... ဘဝက အံ့ဖွယ်အမှုကို ရွေးချယ်ခွင့် ရှိတယ်..."
"အရူး... မင်းက လုံးဝ ရူးတာပဲ"
ကောင်းကင်လူသား ကျောက်ဆစ်ရုပ်ဆီကလည်း အသံထွက်လာလေသည်။
လုရွှမ်လည်း သူ့မျက်လုံးများမှ မျက်ရည်များ စီးကျလာတာ ခံစားလိုက်ရသည်။ သူသည် လူသားမျိုးနွယ်၏ ကျောက်ဆစ်ရုပ်ဆီကို ဦးညွှတ်ကာ လျိုရှန်းကိုလည် ဆွဲထုတ်ပြီး အမြန်ပြေးထွက်သွားခဲ့သည်။
အောင်ထျန်းမှာ ကျယ်လောင်စွာ ကျိန်ဆဲပြီး လှည့်ထွက်ပြေးချင်ပေမယ့် အခုအချိန်မှာတော့ မောပန်းနေပြီ ဖြစ်သဖြင့် ခွန်အားမရှိတော့ချေ။
"ဘိုးဘေး နတ်နဂါး... ကျေးဇူးပြုပြီး ကျွန်တော့်ကို တွေ့ခွင့်ပေးပါ"
အောင်ထျန်းကို အင်အားတစ်ခုက ဖုံးအုပ်ပစ်လိုက်ပြီး လေထုတစ်ခုထဲသို့ ခေါက်သွင်းပစ်လိုက်သည်။
လျှို့ဝှက်နယ်မြေတစ်ခွင်မှာ ဆူဆူညံညံ အသံတွေ ရုတ်တရက် ထွက်ပေါ်လာ၏။ အချို့မှာ ဆုံးပါးသွားခဲ့ပြီး အချို့မှာ အသက်ရှုအနည်းငယ်သာ ကျန်ရှိတော့သော်လည်း အားလုံးသည် ယခုအချိန်တွင် စုရုံးဆူညံနေကြလေသည်။
"ဟုတ်ပြီ... ငါတို့က ပရမ်းပတာဖြစ်အောင် လုပ်နေတယ် ဆိုမှတော့ ကမ္ဘာကြီးကို ဇောက်ထိုးလှန်ပြီး ကမောက်ကမ ဖြစ်သွားအောင် ပြန်လုပ်ပေးရတော့မှာပေါ့... ဒါမှ မျိုးဆက်သစ်လူငယ်တွေကို ကိုယ့်အစွမ်းအစနဲ့ ကိုယ့်ကမ္ဘာကို ဖန်တီးနိုင်ကြမှာ!"
အသံက ပိုကျယ်လောင်လာပြီး အာကာသတစ်ခုလုံး ပိုလင်းလက် တောက်ပလာသည်။ ဝုန်းကနဲ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကျောက်ရုပ်တစ်ရုပ် ပေါက်ကွဲသွားသည်။ တစ်ဆက်တည်း တဝုန်းဝုန်း အသံများ လင်းလတ်သွားသလို ကျောက်ဆစ်ရုပ်တုတွေကလည်း တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားကုန်၏။
"လူသားတို့... ငါတို့နဂါးမျိုးရိုးကို စော်ကားမိရင် မင်းတို့လူသားတွေလည်း ကောင်းကောင်း သေရမှာမဟုတ်ဘူး..."
နဂါးရုပ်ထုကြီး ပေါက်ကွဲသွားသောအခါ နောက်ဆုံးအသံက လျှို့ဝှက်နယ်မြေ တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့လေသည်။
ဗုန်း!
လုရွှမ် လျိုရှန်းကို လျှို့ဝှက်နယ်မြေထဲမှ ဆွဲထုတ်လိုက်သည်။ လည်ပင်းပေါ်ရှိ ဖဲကြိုးများ ချက်ချင်း ပျောက်ကွယ်သွားတဲ့ တစ်ချိန်တည်းမှာပင် သူတို့သည် အောက်သို့ လဲကျသွားကြပြီး အချင်းချင်း အလျင်စလို ထောက်ကူကာ မျက်နှာများပေါ်က ထိတ်လန့်တကြား အကြည့်များဖြင့် ပျံသန်းရပြန်သည်။
"လုရွှမ်... နင် ငါ့ကို မကယ်သင့်ဘူး"
လျိုရှန်း ခဏမျှ တုံ့ဆိုင်းသွားပြီးမှ စကားစလိုက်သည်။
လုရွှမ်: "ဘာလို့လဲ ငါတို့က သူငယ်ချင်းဘဲလေ.. မင်းအရင်က တုန်လှုပ်ချောက်ချား စရာတွေကြောင့် စိတ်ပူနေတယ်ဆိုရင် အဲဒါတွေက လုံးဝကို မလိုအပ်ဘူး...ငါ မင်းကို အပြစ်ဖို့ဖို့ ရည်ရွယ်ချက်လည်း မရှိဘူး မင်းကို အပြစ်ဖို့ပိုင်ခွင့်လည်း မရှိဘူး ငါသာမင်းဆိုရင် ငါလည်း တုံ့ဆိုင်းနေမှာပဲ... ဒါမှမဟုတ် ရှေ့ကို ပြေးလိုက်မယ်။"
"ပြီးတော့ မင်းငါ့ကို အများကြီး ကူညီပေးခဲ့ပါတယ် နောက်ပြီး အခု ကမ္ဘာကြီးက တကယ်ကို ကမောက်ကမ ဖြစ်နေပြီ။ ကမ္ဘာကြီးက ရှုပ်ပွနေပြီး ကောင်းကင်တွေက ဆုတ်ယုတ်နေပြီ.. အရာအားလုံး ပရမ်းပတာ ဖြစ်နေတာကို ဒါတွေဘာလို့ တွေးနေမှာလဲ.... ငါတို့ အနာဂတ်မှာ ဘယ်လမ်းကို သွားနေပါစေ ငါတို့အားလုံးက သူငယ်ချင်းတွေပဲ... သေအတူရှင်အတူ သူငယ်ချင်းပဲ မဟုတ်ဘူးလား"
လျိုရှန်းရဲ့ မျက်လုံးများ နီရဲလာပြီး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်တော့သည်။
"ဟုတ်တယ် ငါတို့က သူငယ်ချင်းတွေ!"
"ဒါဆို ငါတို့ အခုထွက်သွားသင့်ပြီ... ငါတို့ မျိုးနွယ်စု သုံးခုရဲ့ ကျောက်ဆစ်ရုပ်တွေ အကုန်လုံး ကွဲကုန်ပြီ... မျိုးနွယ်စု (၃) ခုစလုံးအတွက် ထိုးနှက်ချက် ဖြစ်နေတာ မင်းရဲ့ ကောင်းကင်လူသား မျိုးနွယ်စုမှာ ပရမ်းပတာ ဖြစ်နေလောက်ပြီ... နဂါးကျွန်းက မြန်မြန် ထွက်သွားရအောင် ဒီမှာ ပြဿနာကြီး ဖြစ်ကောင်းဖြစ်နေနိုင်တယ်"
"ကောင်းပြီ ငါတို့က မျိုးနွယ်စုအတွင်း ကိစ္စတွေကို ဖြေရှင်းပြီးလို့ ငါတို့ ကံကောင်းရင် ပြန်ဆုံကြမယ်"
လုရွှမ်: "ငါတို့ကံကောင်းရင် ပြန်တွေ့ကြမယ်"
သူတို့နှစ်ဦးသည် လေထုကို ဖြတ်၍ ပြေးသွားကာ နောက်ဆုံးတွင် အပြေးအလွှားဖြင့် နဂါးကျွန်းပေါ်သို့ ဆင်းသက်ခဲ့ကြသည်။
ဒီအချိန်မှာတော့ နဂါးကျွန်းက တကယ်ကို ပရမ်းပတာ ဖြစ်နေပါပြီ။ ခွင်းလွင် လျှို့ဝှက်နယ်မြေသည် နဂါးကျွန်းကို မှီခိုအားထားရသော သေးငယ်သော ဝင်ပေါက်တစ်ခု ဖွင့်ထားခဲ့သည်။ ယခုအခါ လျှို့ဝှက်နယ်မြေက ပြိုကွဲသွားသဖြင့် နဂါးကျွန်းကို ကြီးမားသော အကျိုးသက်ရောက်မှု ဖြစ်စေခဲ့ပြီး ပျက်စီးမှုကြီးများလည်း ဖြစ်ပေါ်လာစေခဲ့သည်။
နဂါးကျွန်းတစ်ခုလုံး အက်ကွဲသွားပြီး ကျွန်းငယ်လေးများ ဖြစ်သွားသည်။ မြေအောက်မှမီးတောင်များ ပေါက်ကွဲကာ ကောင်းကင်ကြီး ပြိုကျလာသလို မြေကြီးများ အက်ကွဲသွားခဲ့သည်။
နတ်နဂါးများက လေထဲသို့ ပျံတက်သွားကြသည်။ နဂါးကျွန်းသို့ လာရောက် လည်ပတ်ကြသော မျိုးနွယ်စုများ အားလုံးလည်း အံ့သြတုန်လှုပ်သွားကြပြီး ဘာတွေ ဖြစ်ကုန်မှန်း မသိခဲ့ကြပေ။
အကွာအဝေး တစ်ခုတွင်တော့ အဖြူရောင်အလင်းတန်းတစ်ခု လင်းထိန်သွားကာ ၎င်းမှာ ရှန်းရှန်း ဖြစ်သည်။ ဒါပေမယ့် သူမမှာ ဒဏ်ရာတွေ ရနေပုံရပြီး အသက်ရှူသံကတောင် တော်တော်လေး အားနည်းသွားသည်။
လုရွှမ် ခဏမျှ တုံ့ဆိုင်းသွားသော်လည်း ကျော်တက်သွားသေးသည်။ နတ်နဂါးများ အုပ်စုဆီသို့ ပျံသန်းနေရင်း ရှန်းရှန်းကို ဆက်သွယ်ကြည့်သည်။
"ရှန်းရှန်း?"
သူက အများကြီး မတောင်းဆိုပါ။ ရှန်းရှန်းက သူ့အကြောင်း မကောင်းသတင်း ကြားထားတာကြောင့် သူ အသက်ရှင်နေသေးကြောင်း သိစေချင်ရုံမျှမက သူမလည်း စိုးရိမ်စရာ မလိုဘဲ ပျော်ရွှင်စွာ ဆက်လက် နေထိုင်သွားနိုင်ဖို့ပင်။
"လူသားလား?"
ရှန်းရှန်း ရုတ်တရက် ခေါင်းလှည့်လိုက်တဲ့အခါ လုရွှမ်ကို တွေ့သွားသည်။
"အရင်က လျှို့ဝှက်နယ်မြေမှာရှိတုန်းက ငါ့စိတ်ဝိညာဉ်ထဲမှာ အသံတစ်ခု ကြားနေရတယ်... ဒါတွေအားလုံး နင်တို့လူသားတွေ လုပ်နေတာပေါ့လေ... ဒါ တကယ်ပဲလား"
ရှန်းရှန်း အော်ပြောလိုက်သည်။ သူမ၏ မျက်လုံးများသည် အမှောင်ဖုံးကာ မဖြူစင်တော့ချေ။
သူမသည် အလွန်လှပသော်လည်း အလွန်ကြောက်စရာ ကောင်းလာသည်။ အထူးသဖြင့် သူမသည် လူသားကို စိုက်ကြည့်သောအခါ သူမမျက်လုံးများသည် လူသတ်ချင်နေတဲ့ ရည်ရွယ်ချက်များက ပြည့်နှက်နေသည်။
ထိုလူကို သူမ တစ်ခါမှ မသိဖူးသလိုမျိုး အသံက အလွန်ထူးဆန်းနေသည်။
"ရှန်းရှန်း... ငါက မင်းအစ်ကို လုရွှမ်! မင်း ငါ့ကို မမှတ်မိဘူးလား"
ရှန်းရှန်းရဲ့ အပြောင်းအလဲများကို တွေ့လိုက်သောအခါ လုရွှမ်လည်း သူ့စိတ်ထဲတွင် အနည်းငယ် စိတ်ပူသွားမိသည်။ အခုလို ဖြစ်လာလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပါ။