← Chapters

ယွမ်သန်းချီတန်တဲ့ဝိုင်! ၂

Vol. 62 Ch. 916

ယွမ်သန်းချီတန်တဲ့ဝိုင်! ၂

Vol. 62 Ch. 916

သူကလီရှင်းလိုဝိုင်သမ္ဘာကြီးဖြစ်၍ နှစ် ၇၀ ဝိုင်ကိုအရသာခံနိုင်သည်။ ဒီချင်းလင်ဝိုင်က နှစ်အကြာကြီးကောင်းသည်။

အသေအချာပဲ!

ဘာပဲဖြစ်ဖြစ် ထိုချင်းလင်ဝိုင်ကို အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်မှထုတ်ထား၍ သောက်ကောင်းခြင်း +၂၊ အရသာ +၂ အရည်အသွေးများရှိနေသည်။

နောက်ပြီး နှစ် ၇၀ ဖြစ်သောကြောင့် ပါဝင်ပစ္စည်းကို လီရှင်းအရသာမခံနိုင်တော့။ သူစိမ်ထားသောဝိုင်မှန်းသိဖို့ဝေးစွ။

အားလုံး နှစ် ၇၀ ဝိုင်များဖြစ်သော်လည်း မောက်ထိုက်နှင့်ဖန်းကျိုက ချင်းလင်ဝိုင်ထက်ညံ့သည်။

ဥက္ကဌပေါင်ကအံ့ဩနေရာမှအသိဝင်လာပြီး ချင်လင်ကိုအလောတကြီးနှင့်_

"သူဌေးချင်... ဒီနှစ် ၇၀ ချင်းလင်ဝိုင်ရောင်းပေးပါလား!''

"ကောင်းပါပြီ!''

ချင်လင်ခေါင်းညိမ့်လိုက်သည်။ သူကဒီလိုပဲရည်ရွယ်ထားသည်။

"ကျေးဇူးတင်ပါတယ် သူဌေးချင်!''

ဥက္ကဌပေါင်က တုံ့ဆိုင်းမနေ။ သူကဖုန်းထုတ်ပြီး ချက်ချင်းဖုန်းဆက်လိုက်သည်။ ဝိုင်ဝယ်ဖို့ အဖွဲ့အစည်းကငွေထုတ်ရမည်။

ရံပုံငွေကို အဖွဲ့သားများကအသုံးချရမည်။

ဖုန်းချပြီးနောက် ဥက္ကဌပေါင်က နှစ် ၇၀ ချင်းလင်ဝိုင်ကိုတအံ့တဩပြန်ကြည့်ကာ_

"သူဌေးချင်... ဒီနှစ် ၇၀ ချင်းလင်ဝိုင်က ဝိုင်သိုလှောင်ခန်းထဲမှာအကောင်းဆုံးမဟုတ်လား?''

ချင်လင်မဖြေနိုင်သေးခင် လီရှင်းက_

"ဥက္ကဌပေါင်... ခင်ဗျားမှားပြီ... သူဌေးချင်ရဲ့ဝိုင်ကောင်းတွေက အခန်းအလယ်မှာ''

သူ့စကားကြောင့် ဥက္ကဌပေါင်က ဝိုင်သိုလှောင်ခန်းအလယ်ကိုမယုံတဝက်နှင့်ကြည့်လိုက်သည်။ ဝိုင်စင်များတွင် သစ်သားပုလင်းနှင့်ဝိုင်များ၊ ရွှေပုလင်းနှင့်ဝိုင်များတောင်တွေ့ရသည်။ နောက်ပြီး အလယ်မှာလုံလုံခြုံခြုံထားသောဝိုင်လည်းရှိသည်။ အထဲမှာ ဝိုင်နှစ်မျိုးတွေ့သည်။



ဝိုင်ကိုကြည့်ပြီး သူမယုံနိုင်ပုံပေါက်သွား၏။

ဒီနှစ် ၇၀ ချင်းလင်ဝိုင်နဲ့တခြားဝိုင်ဖြူအမျိုးအစားတွေနဲ့တင် ပြည်တွင်းဝိုင်စုဆောင်းသူအားလုံးကိုရှက်အောင်လုပ်နိုင်ပြီ။

အခု အဲဒီဝိုင်တွေက ဒီဝိုင်သိုလှောင်ခန်းထဲမှာ အစွန်အဖျားလောက်ပဲရှိတယ်လို့ပြောနေတာလား?

ဒါဆို အလယ်ကဝိုင်တွေ ဘယ်လောက်များကောင်းလိုက်မလဲ?

ဥက္ကဌပေါင်ကစူးစမ်းချင်သော်လည်း နောက်ဆုံးသက်ပြင်းချလိုက်သည်။ သူ့ဆန္ဒကပြည့်ပြီ။ ဘယ်လောက်ပဲသိချင်သိချင်၊ ထပ်မမေးတော့။

လောကဝတ်တွေကို သူနားလည်သည်။

…

ချင်လင်က ဥက္ကဌပေါင်၊လီရှင်းတို့နှင့် ဝိုင်သိုလှောင်ခန်းအပြင်ထွက်လာသောအခါ လီရှင်းတစ်ယောက် ဝိုင်ပုလင်းနှစ်လုံးကိုင်ပြီး ပြုံးရွှင်နေသည်။

ချင်လင်က မိတ်ဆွေကောင်းပီသတုန်းပဲ။ သူ့ဝိုင်သိုလှောင်ခန်းထဲဝင်ပြီးတိုင်း ရိက္ခာအပြည့်ရတယ်။

ဥက္ကဌပေါင်လက်ထဲတွင်လည်း သုံးပုလင်းပါလာသည်။ အမြင့်ဆုံးက အထူးဝက်သစ်ချသားနှင့် နှစ် ၇၀ ချင်းလင်ဝိုင်ပင်။

ထိုဝိုင်သုံးပုလင်းကို နိုင်ငံတကာအရက်ဖလှယ်ပွဲမှာထုတ်ပြမည်ဖြစ်သည်။

နောက်ပြီး ဒီဝိုင်သုံးပုလင်းအတွက် ဝိုင်ဖြူအဖွဲ့အစည်းက ငွေကုန်ကြေးကျခံထားသည်။



ခဏအကြာ ဥက္ကဌပေါင်ကဖုန်းရပြီး ချင်လင်အား_

"သူဌေးချင်... မင်းရဲ့အကောင့်ထဲကို အခုချက်ချင်းငွေလွှဲလိုက်မယ်တဲ့!''

အမှန်ပင်။ ဥက္ကဌပေါင်ဖုန်းမချခင် ချင်လင်ဖုန်းမှာစာဝင်ကြောင်း အသံမြည်လာသည်။

"သင့်ရဲ့နောက်ဆုံးနံပါတ်... ယွမ် ၆၀၀၀၀၀၀၀.၀၀ လက်ခံရရှိပါတယ်''

သန်း ၆၀!

ဒါပိုင်ကျိုအဖွဲ့အစည်းက နှစ် ၇၀ ချင်းလင်ဝိုင်သုံးပုလင်းအတွက် သတ်မှတ်သောတန်ဖိုးပင်။

ထိုစျေးနှုန်းကို ယွမ် ၁၀.၇ သန်းတန် သက်တမ်းရင့်လိုင်မောက်ဝိုင်၏အမြင့်ဆုံးတန်ဖိုးကိုအခြေခံပြီးတွက်ထားခြင်းဖြစ်သည်။

တစ်ပုလင်း ယွမ် ၁၀.၇ သန်းမှာ ပြည်တွင်းအမြင့်ဆုံးတန်ဖိုးလည်းဖြစ်သည်။

ဒီနှစ် ၇၀ ချင်းလင်ဝိုင်ရဲ့အရသာနဲ့အနံ့က နှစ် ၆၀ လိုင်မောက်ဝိုင်ထက်သေချာပေါက်ပိုကောင်းသည်။ ထို့ကြောင့် တစ်ပုလင်း ယွမ်သန်း ၂၀ ပေးတာ လုံးဝပြဿနာမရှိ။

ဒီကိစ္စတွင် ပိုင်ကျိုအဖွဲ့အစည်းကလူများမှာ မသိလိုက်မသိဘာသာ ဒါမှမဟုတ် တမင်သက်သက် စျေးလျှော့ပေးမည်မဟုတ်။ စျေးပိုတင်ပေးဦးမည်။

စျေးနှိမ့်ပေးလိုက်ရင် တရုတ်ဝိုင်လုပ်ငန်းတစ်ခုလုံးကိုတန်ဖိုးချရာကျမည်။ စျေးတင်ပေးပြီး ချင်းလင်ဝိုင်က နိုင်ငံတကာအရက်ဖလှယ်ပွဲမှာ နိုင်ငံခြားအရက်များကိုအနိုင်ယူလိုက်ရင် တရုတ်ဝိုင်လုပ်ငန်းကိုဆွဲတင်ရာရောက်သည်။

အဲဒီအချိန်ကျရင် နှစ် ၇၀ ချင်းလင်ဝိုင်က ကမ္ဘာတလွှားမှာကျော်ကြားပြီး သန်း ၂၀ မကအဖိုးတန်လိမ့်မည်။



အကောင်းဆုံးနိုင်ငံခြားအရက်က ကြောက်စရာကောင်းလောက်အောင်စျေးကြီးမှန်း သိကြလိမ့်မည်။ စျေးအကြီးဆုံးမှာ Amaffey Supreme ဖြစ်ပြီး တစ်ပုလင်း US ဒေါ်လာ ၄၄ သန်း (ယွမ်သန်း ၃၀၀ ခန့်!) ရှိသည်။

ထိုဝိုင်က ကမ္ဘာမှာစျေးအကြီးဆုံးဝိုင်ဖြစ်မည်။ ဝိုင်မရှိတော့သော်လည်း မှတ်တမ်းကကျန်ရစ်ဆဲပင်။

ထို့ကြောင့် ကမ္ဘာမှာချင်းလင်ဝိုင်နာမည်ကြီးလာပါက ဒီနှစ် ၇၀ ချင်းလင်ဝိုင်တန်ဖိုးကပိုတက်လာမည်။

အဲဒီအချိန်ကျရင် ချင်းလင်ဝိုင်ဘရန်းက တဖိတ်ဖိတ်တောက်ပပြီး မောက်ထိုက်ထက်စုဆောင်းတန်ဖိုးတက်လာမည်။

ချင်းလင်ဆေးဖက်ဝင်ဝိုင်ကို ကြေးပုလင်းနဲ့ထည့်ထားရင်တောင် ယွမ်သိန်းဂဏန်းနဲ့မဝယ်နိုင်တော့။

ဥက္ကဌပေါင်က လီရှင်းနှင့် ချင်လင်၏ဝိုင်သိုလှောင်ခန်းမှထွက်လာပြီး စံအိမ်တွင်တည်းခိုသည်အထိ စိတ်မငြိမ်နိုင်သေး။

သူ့အရွယ်နှင့်မလိုက် မနေနိုင်ဘဲ နှစ် ၇၀ ချင်းလင်ဝိုင်သုံးပုလင်းကိုဓာတ်ပုံရိုက်ကာ လူငယ်လေးလိုပုံတင်လိုက်သေးသည်:

ယွမ်သန်း ၆၀ တန်ဝိုင်သုံးပုလင်း။ ချင်းလင်ကုမ္ပဏီသူဌေးရဲ့ဝိုင်သိုလှောင်ခန်းထဲရောက်သွားတာ လုံးဝလန့်စရာ! အခုမှ ဝိုင်သိုလှောင်ခန်းဆိုတာဘယ်လိုလဲ သိတော့တယ်!

ဝိုင်ဖြူအဖွဲ့အစည်းဥက္ကဌဖြစ်၍ ဥက္ကဌပေါင်မှာ ဝိုင်လုပ်ငန်းက အထင်ကရလူများစွာရှိသည်။

ပထမဆုံး like ပေးသူက လီရှင်းပင်။

တင်းမောက်ထိုက်: ''ယွမ်သန်း ၆၀ တန် နှစ် ၇၀ သုံးပုလင်း... မြည်းကြည့်ချင်လိုက်တာ... ဒါပေမဲ့ ငါ့ဝိုင်သိုလှောင်ခန်းလည်း မဆိုးပါဘူး!''

သူက နာမည်ကြီးဝိုင်သိုလှောင်ခန်း မောက်ထိုက်၏ပိုင်ရှင်ဖြစ်သည်။

"ဟား ဟား... လောင်ပေါင်... ချင်းလင်ကုမ္ပဏီသူဌေးရဲ့ဝိုင်သိုလှောင်ခန်းက ငါ့လောက်ကောင်းလား သိချင်လိုက်တာ?''

သူကတော့ သက်တမ်းအကြာဆုံးဝိုင်သိုလှောင်ခန်း ဖန်းကျို၏ပိုင်ရှင်ဖြစ်သည်။

ယစ်ထုတ်ဆရာချန်: ''လောင်ပိုင်! အပိုတွေပြောနေတာလား?''

ထိုဆရာချန်က ပြည်တွင်းနံပါတ်တစ်ဝိုင်စုဆောင်းသူပင်။ သက်တမ်းရင့်ဝိုင်များကို သူ့လောက်ဘယ်သူမှမစုနိုင်။

မှတ်ချက်များပလူပျံလာသည်။ အားလုံးက ပြည်တွင်းမှာကိုယ်ပိုင်ဝိုင်သိုလှောင်ခန်းများရှိသော နာမည်ကြီးဝိုင်စုဆောင်းသူများပင်။ ဥက္ကဌပေါင်က ချင်းလင်ကုမ္ပဏီသူဌေး၏ဝိုင်သိုလှောင်ခန်းကိုကြွားလာသောအခါ သူတို့ကပိုပြီးယုံကြည်ချက်ရှိသလိုခံစားရသည်။



All Chapters