← Chapters

ယွမ်သန်းချီတန်တဲ့ဝိုင်! ၃

Vol. 62 Ch. 917

ယွမ်သန်းချီတန်တဲ့ဝိုင်! ၃

Vol. 62 Ch. 917

သို့ရာတွင် ဥက္ကဌပေါင်က လူတိုင်းပါးစပ်ပိတ်သွားအောင် တစ်ခွန်းတည်းပြန်ဖြေလိုက်သည်:

"မင်းတို့ဝိုင်သိုလှောင်ခန်းတွေအားလုံးပေါင်းရင်တောင် သူ့ဝိုင်သိုလှောင်ခန်းထောင့်ကအပုံကိုမယှဉ်နိုင်ဘူး!''

သူကမှတ်ချက်တွင် တင်းမောက်ထိုက်နှင့်တခြားလူများကိုပါ နာမည်ထည့်ရေးလိုက်သည်။

ပြည်တွင်းဝိုင်လုပ်ငန်းတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွား၏။

မောက်ထိုက်နဲ့ဖန်းကျိုရဲ့ CEO များရော စုဆောင်းသူများပါ မယုံနိုင်။ သူတို့အားလုံးပေါင်းထက်ပိုပြီး ဘယ်သူ့ဝိုင်သိုလှောင်ခန်းကအထင်ကြီးစရာကောင်းနေတာလဲ?

သို့ရာတွင် ယွမ်သန်း ၆၀ တန် ချင်းလင်ဝိုင်သုံးပုလင်းကိုတွေးမိပြီး အသံတိတ်သွားကြသည်။

သူတို့ကလည်း ပိုင်ကျိုအဖွဲ့သားများဖြစ်၍ ထိုဝိုင်သုံးပုလင်းက နှစ် ၇၀ သက်တမ်းရှိသောဝိုင်များဖြစ်ကြောင်း၊ နိုင်ငံတကာအရက်ဖလှယ်ပွဲမှာတင်ပြမည်ဖြစ်ကြောင်း သိကြသည်။

ဒီလိုဝိုင်မျိုးကိုအလွယ်တကူထုတ်ရောင်းနိုင်ရင် သူတို့ဝိုင်သိုလှောင်ခန်းမှာ ဝိုင်ကောင်းတွေဘယ်လောက်ရှိမလဲ ဥက္ကဌပေါင်မပြောဘဲ မှန်းကြည့်နိုင်သည်။

နောက်တစ်နေ့_

ချင်းလင်ခွေးစာနာမည်ငြိမ်သွားသည်နှင့် ချင်းလင်ကုမ္ပဏီက တဖန်ရေပန်းစားလာပြန်သောကြောင့် အားလုံးအံ့ဩနေသည်။ ဒီတစ်ခါ ချင်းလင်ကုမ္ပဏီသူဌေးရဲ့ဝိုင်ကြောင့်ပင်။

ဥက္ကဌပေါင်၏စာကို အင်တာနက်ပေါ်တင်သူရှိသည်။

သို့ရာတွင် ပြည်သူများက ဝိုင်သိုလှောင်ခန်းကိုလုံးဝဂရုမစိုက်။ သူတို့ဂရုစိုက်တာက ယွမ်သန်း ၆၀ တန် နှစ် ၇၀ ချင်းလင်ဝိုင်သုံးပုလင်းဖြစ်သည်။

နည်းနည်းညံ့သည်ဆိုသော်လည်း ပြည်သူများက ဒါကိုပိုစိတ်ဝင်စားနေကြသည်။

သန်း ၂၀ ကျော်တန်ဝိုင်ပုလင်းကို ပြည်သူအတော်များများ မယုံနိုင်အောင်ဖြစ်နေကြသည်။ ဗီဒီယိုထွက်လာသည်နှင့် အင်တာနက်တစ်ခုလုံးပေါက်သွားသည်ဟုဆိုနိုင်သည်။

"တကယ်? ချင်းလင်ဝိုင်တစ်ပုလင်းကို ယွမ်သန်း ၂၀ ကျော်? အရင်က ချင်းလင်ဆေးဖက်ဝင်ဝိုင်တစ်ပုလင်းမှ သိန်းဂဏန်းပဲရှိတာမလား?''

"လုံးဝထွင်နေတာပဲ... အခုတလော အင်တာနက်က ပိုက်ဆံကိုပိုက်ဆံလို လုံးဝသဘောမထားတော့ဘူး''

"အပေါ်ကလူ... နှစ် ၇၀ သက်တမ်းဝိုင်ရဲ့အဓိပ္ပါယ်ကိုမသိဘူးထင်တယ်!''

"ဟား ဟား... ဥက္ကဌပေါင်ကိုမသိတဲ့သူကရှိသေး... မောက်ထိုက်ရဲ့သူဌေးကိုမသိတာ ပိုမကောင်းဘူးလား? ဖန်းကျိုရဲ့ပိုင်ရှင်ရော?''

"အထူးသတင်း... ချင်းလင်ဝိုင်တစ်ပုလင်း ယွမ်သန်း ၂၀ ကျော်တဲ့!''

ဗီဒီယိုပေါက်သွားသည်နှင့် ချင်းလင်ဝိုင်တစ်ပုလင်း ယွမ်သန်း ၂၀ ကျော်တန်ဖိုးကို မြန်မြန်ဆန်ဆန်အတည်ပြုလိုက်ကြသည်။

အတော်များများက ဗီရိုပြေးဖွင့်ပြီး သူတို့ဝယ်ထားသောချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုထုတ်ကြသည်။ Richardson လည်း အပါအဝင်။ သူကဗီရိုဖွင့်ပြီး ချင်းလင်ဝိုင်သေတ္တာကိုထုတ်သည်။

အရင်ကအော်ဒါမှာခဲ့ခြင်းဖြစ်သော်လည်း အင်တာနက်ပေါ်မှသတင်းဖတ်ပြီး ဒီချင်းလင်ဝိုင်သေတ္တာ၏စီးပွားရေးအခွင့်အလမ်းကိုမြင်လာသည်။

ဒီဝိုင်က မောက်ထိုက်ထက်တန်ဖိုးပိုကြီးသောစုဆောင်းပစ္စည်းဖြစ်လာတော့မည်။

Richardson က တုံ့ဆိုင်းမနေဘဲ ချက်ချင်းအိမ်မှထွက်လာသည်။ ဒီအချိန်မှာ ချင်းလင်ဝိုင်များများဝယ်ထားရမည်။ စျေးကွက်ထဲမှာက များများစားစားမရှိ။

ထိုဝိုင်များက ချင်းလင်ဝိုင်လုပ်ငန်းမှထုတ်သောသာမန်ဝိုင်များဖြစ်ပြီး ရှန်းရွှေလက်ဆောင်ဆန်မှထုတ်ထားခြင်းမဟုတ်ပေ။

သို့ရာတွင် အပြင်လူများက ဒီအကြောင်းမသိကြ။ ထို့ကြောင့် သာမန်ချင်းလင်ဝိုင်များကိုဝယ်ရန် ခြေချင်းလိမ်နေကြသည်။

သူတို့အားလုံးက ဉာဏ်ကောင်းသူများပင်။

မျက်စိတစ်မှိတ်အတွင်း တစ်လကုန်လွန်သွားသည်။

နိုင်ငံတကာအရက်ဖလှယ်ပွဲကို အားလုံးစိတ်ဝင်စားနေကြသည်။

ထိုဖလှယ်ပွဲတွင် ဥက္ကဌပေါင်က ပြည်တွင်းအရက်ကိုယ်စားပြုအဖြစ် နှစ် ၇၀ ချင်းလင်ဝိုင်ကိုထုတ်ပြခဲ့ပြီး ထင်တဲ့အတိုင်း နိုင်ငံခြားအရက်များကိုအနိုင်ပိုင်းခဲ့သည်။

ချင်းလင်ဝိုင်က ကမ္ဘာမှာတန်ဖိုးအရှိဆုံးဖြစ်လာလေသည်။

နိုင်ငံတကာအရက်ဖလှယ်ပွဲအပြီးတွင် ထိုသတင်းကရေပန်းစားလာ၏။

ထိုသတင်းထွက်လာပြီး ချင်းလင်ဝိုင်က ကမ္ဘာ့အဆင့်မီဝိုင်ဖြစ်လာသည်။

ပြည်တွင်းတွင် ချင်းလင်ဝိုင်က မောက်ထိုက်နှင့်ဖန်းကျိုလိုထိပ်တန်းဝိုင်များကိုချက်ချင်းကျော်တက်ပြီး သူ့တန်ဖိုးလည်းတက်လာသည်။

အင်တာနက်မှာ ပိုပြီးလှုပ်လှုပ်ရွရွဖြစ်နေ၏။ တစ်ယောက်ပြီးတစ်ယောက် အကြွားဗီဒီယိုများတင်ကြသည်:

"ဟား ဟား... ဒီလိုဖြစ်မယ်မှန်းသိသားပဲ... ငါချင်းလင်ဝိုင်သေတ္တာနှစ်လုံးဝယ်ထားတယ်... မြတ်ပြီ!''

"ငါဝယ်ထားတဲ့ချင်းလင်ဝိုင်တွေရောင်းပြီး ကားဝယ်နိုင်ပြီ!''

"အရင်လက အိမ်ရောင်းပြီး ချင်းလင်ဝိုင်ဖြည့်ထားတာ... အခု တိုက်ခန်းသုံးခန်းစာပဲ!''

အမှန်ပင်။ ချင်းလင်ဝိုင်စုထားသူများမှာ သာမန်ချင်းလင်ဝိုင်ဖြစ်ရင်တောင် စျေးကောင်းရကြသည်။

ရုံချန်းစီရင်စုကလည်း ချက်ချင်းသတင်းရသည်။

ချန်လီကအရင်ဆုံး စွန်းရှန်ကိုသတင်းပေးသည်။

"အဲဒါကြောင့် ဝိုင်လုပ်ငန်းကိုချင်းလင်စံအိမ်ဆီရောင်းပေးခဲ့တာ အကောင်းဆုံးဆုံးဖြတ်ချက်ပဲ''

စွန်းရှန်ကပြောသည်။

အရင်က ဝိုင်လုပ်ငန်းမှာ အခြေအနေမကောင်း၍ ပိတ်သိမ်းလုနီးပါးဖြစ်ခဲ့သည်။ သို့ရာတွင် ဝိုင်လုပ်ငန်းမှာ မူလဝိုင်သိုလှောင်ခန်းနှင့်ဝိုင်လုပ်သူများရှိသေးသည်။ သူဌေးလက်ထဲရောက်သွားပြီးနောက် ချင်းလင်ဝိုင်ဘရန်းကိုဖန်တီးခဲ့သည်။

သူဌေးချင်က တစ်ဦးတည်းသောသူပင်။

နောက်ပြီး ရုံချန်းအတွက်လည်းကောင်းသည်။ သူတို့မှာ နောက်ထပ်ကြော်ငြာစရာပစ္စည်းကောင်းရှိပြီ။

ရှေ့လျှောက် သူတို့ကြော်ငြာတဲ့အခါ ဒီချင်းလင်ဝိုင်က သူတို့ရုံချန်းဒေသထွက်ထုတ်ကုန်ဟု ဂုဏ်ယူစွာပြောနိုင်ပြီ။

တရုတ်သိပ္ပံအကယ်ဒမီ_

ဝန်ကြီးလုလည်း ရုံးခန်းထဲတွင်ချင်းလင်ဝိုင်အကြောင်းသတင်းဖတ်နေသည်။ သူကပြုံးပြီး သူ့အတွင်းရေးမှူးအား_

"ဟဲ ဟဲ... သူဌေးချင်ရဲ့ပစ္စည်းတွေက အမြဲကောင်း... ဝိုင်တောင် သူများထက်ကောင်းတယ်''

"အင်း... ချင်းလင်ဝိုင်က အခုပြည်တွင်းမှာအကောင်းဆုံးဝိုင်ဖြစ်နေပြီ''

အတွင်းရေးမှူးကဝင်ပြောသည်။ ဝန်ကြီးက ချင်းလင်ကုမ္ပဏီနဲ့သူဌေးချင်ကို ပါးစပ်ဖျားကမချမှန်း သူသိသည်။

ဝန်ကြီးလုကပြုံးပြီး_

"ဒါလည်းကောင်းတာပဲ... အရင် ပြည်တွင်းစျေးကွက်မှာ နိုင်ငံခြားအရက်ရှယ်ယာကတက်တက်နေတာ... အဲဒါ တို့ပြည်တွင်းဝိုင်လုပ်ငန်းအတွက်မကောင်းဘူး... အခု ချင်းလင်ဝိုင်ကြားဝင်လိုက်တော့ အခြေအနေကိုထိန်းနိုင်သွားပြီ''

ဝန်ကြီးလုဖုန်းမြည်လာသည်။ သူကနံပါတ်ကြည့်ပြီး ချက်ချင်းကောက်ကိုင်လိုက်၏_

"ခေါင်းဆောင်... ဘာညွှန်ကြားစရာရှိပါသလဲ?''

တစ်ဖက်မှ အလေးအနက်အသံထွက်လာသည်_

"တစ်လရှိသွားပြီ... ငါတို့ဆက်ထိန်းမထားနိုင်တော့ဘူး... အခု ဖြေရှင်းမှရမယ်... အချိန်ကျရင် သူဌေးချင်ကို မင်းဖျောင်းဖျလိုက်ပါ!''

ထိုစကားကြောင့် ဝန်ကြီးလုမျက်နှာတည်သွားပြီး_

"ခေါင်းဆောင်... ဒါဆို ကျွန်တော်ကိုယ်တိုင်သွားပြောပါမယ်!''

"ဟုတ်ပြီ... မင်း ဒီကိစ္စကိုကောင်းကောင်းကိုင်တွယ်ရမယ်!''

ခေါင်းဆောင်ကပြန်ပြောသည်။

ဖုန်းချပြီးနောက် ဝန်ကြီးလုသက်ပြင်းချလိုက်သည်။ အချိန်မရှိတော့။ သူတို့ ဒီအခြေအနေအထိရောက်လာပြီ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူအချိန်ဆွဲရမည်။ အချိန်ပိုဆွဲနိုင်လေလေ ပြဿနာကိုအဖြေရှာနိုင်လေလေပင်။

ဒါ လောလောဆယ် သူဌေးချင်အတွက်လုပ်ပေးနိုင်တဲ့တစ်ခုတည်းသောအရာပဲ။

All Chapters