← Chapters

မျိုးစေ့ပြဿနာ!

Vol. 62 Ch. 918

မျိုးစေ့ပြဿနာ!

Vol. 62 Ch. 918

အချိန်ကုန်လွန်သွားသည်!

နောက်ကာလတစ်ခုကြာသွား၏။

အချိန်ရာသီပြောင်းလဲမှုကြောင့် အပင်အတော်များများမှာ ရာသီလွှမ်းမိုးမှုရှိလာပြီး မထိန်းညှိနိုင်တော့။ တချို့အပင်များက အခြေအနေမကောင်းဘဲ တချို့ကညိုးခြောက်လာသည်။

သူတို့ရာသီနှင့်သူတို့ရှိကြသည်။

သို့ရာတွင် ထိုသဘာဝက ချင်းလင်စံအိမ်မှသုံးပွင့်ဆိုင်ဇီးပန်းပင်လယ်၊ ရေပေါ်တံတားရှုခင်းနေရာနှင့် ချင်းလင်မွေးမြူရေးခြံစားကျက်မြေအပေါ်လွှမ်းမိုးမှုသိပ်မရှိမှန်း ခရီးသည်အတော်များများလည်းသိထားကြသည်။

ဒီနေ့ ချင်းလင်အပန်းဖြေစံအိမ်ဆေးကုသခန်းမှာ ထန်ရှိုးဝမ်ပြောင်းလာသောကြောင့် နည်းနည်းအလုပ်များနေကြ၏။ သူမက မီးဖွားတော့မည်။

ဆေးကုသခန်းတာဝန်ခံ၊ ပါမောက္ခလီခိုင်၏ကတော်ဖြစ်သောကြောင့် လင်းရန်နှင့်သူနာပြုများက လျစ်လျူမရှုရဲ။

အပန်းဖြေစံအိမ်ဆေးကုသခန်းမှာ ကိုယ်ဝန်​ဆောင်အတွက်အကြိုစစ်ဆေးသောအထူးကိရိယာများနှင့်အခန်းရှိသည်။

လင်းဖန်က ကျောက်မိုချင်းအတွက်စိုးရိမ်သောကြောင့် ချင်လင်ကိုဝယ်ခိုင်းထားခြင်းပင်။ လင်းရန်နှင့်သူနာပြုက ကိုယ်ဝန်သာစစ်ဆေးပေးနိုင်သည်။ ကလေးအတွက်က ကျွမ်းကျင်ဆရာဝန်ဖိတ်လိုက်ရုံပင်။

ဘာပဲဖြစ်ဖြစ် တခြားဆေးရုံမှာလူနာကုဖို့ဆရာဝန်ဖိတ်လေ့ရှိကြသည်။ ဖိတ်ကြားခံရသူများမှာ ဆေးပညာအရည်အချင်းထိပ်တန်းရှိသူများ၊ အထူးသဖြင့် ပါမောက္ခများဖြစ်သည်။

ဆရာဝန်များအတွက်အပိုဝင်ငွေဟုဆိုနိုင်သည်။

ချင်းလင်အပန်းဖြေစံအိမ်ကသာ ကလေးမွေးပေးဖို့ဆရာဝန်ဖိတ်ရင် အပြိုင်အဆိုင်လာချင်ကြမည်။ ဘယ်လောက်အရည်အချင်းရှိတဲ့ဆရာဝန်ဖြစ်ဖြစ် သူဖိတ်နိုင်သည်။

ဒီစံအိမ်ဆေးကုခန်းက ပိုပြီးစနစ်ကျလာသည်ဟုဆိုရမည်။ အနည်းဆုံးတော့ စမ်းသပ်ပစ္စည်းအားလုံးဖြည့်ဆည်းထားပြီး ပစ္စည်းများကလည်း တချို့ဆေးရုံများထက်ပိုကောင်းသည်။

သို့ရာတွင် ကျောက်မိုချင်းအတွေ့အကြုံမရသေးခင် ထန်ရှိုးဝမ်ရတော့မည်။

ချင်လင်နှင့်လီခိုင်၏ဆက်ဆံရေးကြောင့် အခုလီခိုင်သာပြောလိုက်ရင် အားလုံးအဆင်ပြေပြီ။

ဆေးကုခန်းထဲ၌_



လီခိုင်လာရုံသာမက လင်းဖန်နှင့်ကျောက်မိုချင်းလည်းရောက်လာသည်။

လင်းဖန်က အခြေအနေလာကြည့်ခြင်းဖြစ်သည်။ ရှေ့လျှောက် သူ့ချွေးမလည်း ဒီမှာမွေးရတော့မည်။

"ကုတင်က ဘယ်လိုလဲ? သက်သောင့်သက်သာရှိလား?''

လင်းဖန်က လဲလျောင်းနေသောထန်ရှိုးဝမ်ကိုကြည့်ပြီး မေးလိုက်သည်။ ကျောက်မိုချင်းကိုယ်စားမေးခြင်းပင်။ သက်သောင့်သက်သာမရှိရင် ချင်လင်ကိုအသစ်ဝယ်ခိုင်းမည်။

အခုအချိန်မှာ အရေးအကြီးဆုံးက သူ့ချွေးမပင်။

"အန်တီ... လှဲရတာ အရမ်းသက်သောင့်သက်သာရှိပါတယ်''

ထန်ရှိုးဝမ်ကပြုံးပြုံးနှင့်ပြန်ဖြေသည်။

"ကောင်းတယ် ကောင်းတယ်!''

လင်းဖန်ကပြုံးပြီး ခေါင်းတဆတ်ဆတ်ညိမ့်လိုက်၏။

ကျောက်မိုချင်းက ဘေးမှကြည့်ပြီးပြုံးနေသည်။ တကယ်တော့ သူမနည်းနည်းစိတ်လှုပ်ရှားနေ၏။ ဘာပဲဖြစ်ဖြစ် သူမရဲ့ပထမဆုံးကိုယ်ဝန်မဟုတ်လား?

"ဒေါက်တာထန်ရဲ့ကိုယ်ဝန်ကပုံမှန်ပါပဲ... သူ့အခြေအနေအရ မကြာခင်မွေးတော့မယ်''

ဖိတ်ထားသောဆရာဝန်က စမ်းသပ်ချက်ကိုင်ပြီး ဝင်လာကာပြောသည်။

"ကောင်းပါပြီ ကျေးဇူးပါပဲဒေါက်တာ''

လီခိုင်ကကျေးဇူးတင်လိုက်သည်။ ထန်ရှိုးဝမ်ကိုဆေးစစ်ပြီးမှ သူစိတ်ဒုံးဒုံးချနိုင်သည်။

ထို့နောက် ထန်ရှိုးဝမ်က ကျောက်မိုချင်းအား ကိုယ်ဝန်ဆောင်အကြောင်းလက်ဆင့်ကမ်းပို့ချသည်။ ချင်လင်လည်း လီခိုင်ကိုရုံးခန်းထဲခေါ်သွားပြီး လက်ဖက်ရည်တိုက်သည်။

သူတို့ထိုင်ပြီးနောက် လီခိုင်ကအလုပ်အကြောင်းစပြောသည်_

"တရုတ်သိပ္ပံအကယ်ဒမီက တို့မျိုးစေ့ထုတ်လုပ်ရေးသုတေသနကိုထောက်ခံပေးထားပြီ... ပြီးခဲ့တဲ့လက ငါ့လူတွေနဲ့လုပ်ခဲ့ပေမဲ့ တိုးတက်မှုသိပ်မရှိဘူး... မျိုးစေ့အထွက်နှုန်းကိစ္စကို အချိန်တိုတိုနဲ့ဖြေရှင်းနိုင်မှာမဟုတ်ဘူး''

ဒါနဲ့ပတ်သက်ပြီး သူဘာမှမတတ်နိုင်။ အရင်က ဆန်အထွက်နှုန်းတိုးအောင် နိုင်ငံကထောက်ပံ့ပေးခဲ့တာပြန်စဉ်းစားကြည့်ရင် ဒီနေ့လိုရလဒ်မျိုးထွက်အောင် ဘယ်လောက်အချိန်ယူခဲ့ရလဲ?

လီခိုင်အတွေးများနေစဉ် ရုံးခန်းတံခါးခေါက်သံကြားရသည်။

ယွီရွှေ့ကအံ့ဩနေသောမျက်နှာထားနှင့်ရောက်လာပြီး အစီရင်ခံသည်_

"သူဌေး... သတင်းကောင်းရှိတယ်... ကျွန်တော်တို့အရင်ကစိုက်ခဲ့တဲ့ မုန်လာဥ ခရမ်းသီး နံနံမျိုးစေ့တွေရပြီ... အထွက်နှုန်းကမယုံနိုင်စရာပဲ''



သတင်းကြားပြီး ချင်လင်ကရယ်လိုက်သည်။

ပုံမှန်အတိုင်းဆို မျိုးစေ့အထွက်နှုန်းတိုးဖို့ခက်သည်။ သို့ရာတွင် သူမျိုးစေ့စက်ရပြီးနောက် အထွက်နှုန်းတိုးပြီး စိုက်ပျိုးချိန်လျော့လာသည်။

အချိန်တွက်ကြည့်လိုက်ရင် စိုက်ပျိုးချိန်မြန်တဲ့သီးနှံတွေက အခုလောက်ဆိုမှည့်ပြီပဲ။

ချင်လင်ကသိသော်လည်း မသိဟန်ဆောင်ပြီး မေးလိုက်သေးသည်_

"အထွက်နှုန်းက ဘာဖြစ်လို့လဲ?''

ယွီရွှေ့က အလောတကြီးရှင်းပြသည်_

"သူဌေး... ခရမ်းသီးအကြောင်းပြောပြမယ်... ကျွန်တော်ချိန်ကြည့်ခိုင်းတာ... အထွက်နှုန်းက ပုံမှန်ရဲ့သုံးဆလောက်ရှိတယ်... မုန်လာဥဖြူနဲ့နံနံကလည်း နှစ်ဆ..''

"ဘယ်လို?''

သူ့စကားကြောင့် လီခိုင်အံ့ဩတကြီးမတ်တပ်ထရပ်သည်။ သူ့မျက်နှာမှာ 'နောက်နေတာလား?'ဟုရေးထားသလိုပင်။

သူဓာတ်ခွဲခန်းမှာအချိန်ပေးလေ့လာနေသော်လည်း မျိုးစေ့အထွက်တိုးမလာ။

ချင်းလင်စံအိမ်စိုက်ပျိုးရေးဌာနရဲ့သီးနှံတွေက နှစ်ဆသုံးဆတက်နေမယ်လို့ ဘယ်ထင်မလဲ?

ဘယ်လိုဟာသမျိုးလဲ?

သူတို့ကျွမ်းကျင်ပညာရှင်တွေက သာမန်လူလောက်မတော်ဘူးလား။

"မန်နေဂျာယွီ... ငါနဲ့ညီလေးချင်ကိုအမြန်လိုက်ပြစမ်းပါ''

လီခိုင်က ယွီရွှေ့ကိုလောလိုက်သည်။ ဒီလိုအခြေအနေမျိုးမှာ အဲဒီသီးနှံတွေကိုအမြန်ဆုံးကြည့်ချင်လှပြီ။

ယွီရွှေ့ကချက်ချင်းခေါင်းညိမ့်ပြီး လီခိုင်နှင့်ချင်လင်ကိုအပန်းဖြေစံအိမ်အပြင်ခေါ်သွားသည်။ ထို့နောက် သီးသန့်ခွဲထားသောစိုက်ခင်းဘက်သွားကြ၏။

ထိုနေရာတွင် စိုက်ပျိုးရေးဌာနဝန်ထမ်းအများကြီးရှိပြီး အားလုံးကအံ့ဩပုံပေါက်နေကြသည်။

ဝန်ထမ်းအများစုမှာ တောသူတောင်သားများဖြစ်ပြီး လယ်ယာလုပ်ဖူးကြသည်။ မုန်လာဥဖြူ၊ ခရမ်းသီး၊ နံနံတို့လို သီးနှံများအကြောင်းနောကျေပြီး အထွက်နှုန်းကိုလည်း သူတို့သိသည်။

အခု ထွက်လာသောသီးနှံများကြောင့် သူတို့တကယ်အံ့ဩရသည်။

ဒီလောက်အသီးအများကြီးတင်တဲ့ခရမ်းပင်မျိုးမမြင်ဖူး။

မကြာမီ လီခိုင်က ချင်လင်၊ယွီရွှေ့တို့နှင့်ရောက်လာသည်။ သူကစိုက်ခင်းထဲတန်းဝင်သွားပြီး ယွီရွှေ့ကိုမေးသည်_

"ဒီ ခရမ်းသီး နံနံ မုန်လာဥဖြူတွေလား?''

"ဟုတ်ပါတယ် ပါမောက္ခလီ''

ယွီရွှေ့က အမြန်ခေါင်းညိမ့်ပြီး_

"အဲဒါ ပါမောက္ခသုတေသနလုပ်ထားတဲ့မျိုးစေ့တွေပါ''

"???"

သူ့စကားကြောင့် လီခိုင်ကြောင်သွားသည်။



All Chapters