← Chapters

မျိုးစေ့ပြဿနာ! ၂

Vol. 62 Ch. 919

မျိုးစေ့ပြဿနာ! ၂

Vol. 62 Ch. 919

သူ သုတေသနလုပ်တာ?

သူ ဘယ်တုန်းကလုပ်ခဲ့တာလဲ?

သူက ဘာလို့မသိရတာလဲ?

ယွီရွှေ့ကဆက်ပြီး_

"သူဌေး မျိုးစေ့တွေပေးတုန်းက ခင်ဗျားရဲ့မျိုးစေ့တွေထူးခြားမယ်ဆိုတာ ကျွန်တော်သိတယ်... အခုစိုက်လိုက်တော့ မှန်နေတာပဲ... အထွက်နှုန်းဒီလောက်မြင့်မယ်မထင်ထားတာ''

လီခိုင်ကပါးစပ်အဟောင်းသားနှင့် သူ့ကျောတွေလေးလာသလိုခံစားရပြန်သည်။ သူလုံးဝသတိမထားမိ။

လီခိုင်ကအမှတ်တမဲ့ချင်လင်ကိုကြည့်ပြီး သူ့ဆီလျှောက်သွားသည်။ ချင်လင်ကိုဘေးနားခေါ်သွားကာ အသံတိုးတိုးနှင့်_

"ညီလေးချင်... ဘာတွေဖြစ်နေတာလဲ?''

လီခိုင်မေးမှတော့ ချင်လင်က ပုံပြောရတော့မည်_

"အစ်ကိုလီ... အဲဒါနည်းနည်းရှုပ်တယ်... ဟိုးအရင်က ကျားစစ်ရှဲ့ရေးထားတဲ့ချီမင်ယောက်ရှုကို ကျွန်တော်ဖတ်ခဲ့တာ... အဲဒီထဲမှာ အထူးလျှို့ဝှက်ချက်ပါတယ်... မျိုးစေ့စိမ်တဲ့ဆေးရည်မှာ ဆေးပင်တွေကိုသုံးရင် မျိုးစေ့အထွက်တိုးတယ်တဲ့... အဲဒါကိုစမ်းကြည့်တာ''

"ဟိုမျိုးစေ့စိမ်တဲ့လျှို့ဝှက်ဆေးရည်လား? အဲဒါအတုကြီးမလား?''

လီခိုင်က တအံ့တဩပြောသည်။

ချီမင်ယောက်ရှုမှာ ရှေးခေတ်တရုတ်ပြည်တွင်နာမည်ကြီးသောစိုက်ပျိုးရေးစာအုပ်ဖြစ်သည်။ လယ်လုပ်ခြင်း၊ မျိုးစေ့၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ သစ်ပင်များ၊ တိရစ္ဆာန်များအကြောင်း ရှုထောင့်များစွာကိုပြောပြထားသည်။

သီးနှံအထွက်တိုးခြင်းက အဲဒီထဲမှတစ်ခုပင်။ အထူးဆေးပင်တချို့သုံးပြီး မျိုးစေ့စိမ်ရင် မျိုးစေ့အထွက်နှုန်းတိုးနိုင်သည်တဲ့။

ထိုနည်းကို ကျားစစ်ရှဲ့က အရှေ့တိုင်းဝေကာလအတွင်း မျိုးစေ့အထွက်နှုန်းတိုးရန်သုံးခဲ့သည်ဟု ကောလာဟလရှိသည်။ သို့ရာတွင် နောက်ပိုင်းဘယ်လိုပျောက်သွားမှန်းမသိ။ မျိုးစေ့အထွက်တိုးရန် ဘယ်သူမှထိုနည်းမသုံးကြတော့။

မင်မြို့တော်ဓာတ်ခွဲခန်းမှာ ဒီလိုဆေးမျိုးကိုသူစမ်းကြည့်ဖူးသည်။ တခြားဓာတ်ခွဲခန်းများလည်း လုပ်ဖူးသည်။ အရင်က စီနီယာကြီးယွမ်တောင်လုပ်ဖူးသည်။



ဒါပေမဲ့ မျိုးစေ့ဆေးရည်ကအသုံးမတည့်တာနှမြောစရာ။ အတုဟုသက်သေပြထားကြသည်။

"???"

ချင်လင်ကစာအုပ်အပေါ်ပုံချမည်လုပ်ထားသော်လည်း ဒီလိုမှတ်တမ်းမျိုးရှိထားမည်ဟုမထင်မိပေ။

သူကချက်ချင်းလက်ငင်း အာရွှီးလိုက်သည်_

"အတုမဖြစ်နိုင်ပါဘူး... သက်တမ်းရင့်ဆေးပင်တွေနဲ့ဆေးရည်မလို့ပါ... ကျွန်တော်ခဏခဏလုပ်ပြီး တစ်ခါပဲအောင်မြင်တာ... ဒီမျိုးစေ့တွေစိမ်တဲ့ဆေးရည်လောက်ထိရောက်တာမျိုးမရှိဘူး''

"ပြီးတော့ အရင်ကယွီရွှေ့စိုက်ထားတဲ့မျိုးစေ့တွေကိုစိမ်တော့ အထွက်နှုန်းအတူတူပဲ... ဒီတစ်ခါ မျိုးစေ့ကိုအထူးမြေကြီးနဲ့စိုက်ခိုင်းပြီးမှစိမ်တာ အထွက်နှုန်းတက်လာတယ်''

လီခိုင်ကနားထောင်ရင်း သဘောပေါက်သွားပုံနှင့်_

"ပြောရရင် ဆေးရည်ဆိုတာထက် အထူးမြေကြီးနဲ့လည်းဆက်စပ်နေတာပေါ့?''

သူကပြောရင်း ဒါမှမှန်သလိုခံစားရသည်။ ဒီအချက်တွေအားလုံးကြောင့်ပဲ​ဖြစ်မလား။ အရှေ့တိုင်းဝေကာလအတွင်းမှာ ကျားစစ်ရှဲ့စိုက်ခဲ့တဲ့မြေကြီးက ​မြေဩဇာပိုများလို့၊ ဒါမှမဟုတ် နည်းနည်းထူးခြားလို့ပေါ့။ အရင်ဓာတ်ခွဲခန်းတွေ အဖြေမထွက်တာလည်း အံ့ဩစရာတော့မရှိပေ။

ချင်လင်ကချက်ချင်း ထောက်ခံလိုက်သည်_

"ဟုတ်တယ် ဟုတ်တယ်... အစ်ကိုလီပြောသလိုဖြစ်မယ်... ကျွန်တော်မစဉ်းစားမိဘူး... အစ်ကိုလီကပညာရှင်ပဲ... အကြောင်းရင်းကိုတန်းသိတယ်''

လီခိုင်ကသက်ပြင်းချလိုက်ပြီး_

"ဒါပေမဲ့ ဒီလိုသာဆိုရင် ဒီနည်းကိုလိုက်မလုပ်နိုင်ဘူး... ဆေးရည်ဖြစ်ဖြစ် အထူးမြေကြီးဖြစ်ဖြစ် အပြင်လူတွေကိုသက်သေမပြနိုင်ဘူး... လျှို့ဝှက်ထားရမှာ... အပြင်လူတွေသိလို့မဖြစ်ဘူး''

တစ်နည်းပြောရရင် သူဓားစာခံထပ်လုပ်ရဦးမည်။

ဒါပေမဲ့ ဒါမျိုးတွေ သူအသားကျနေပြီ။

ထို့ကြောင့် သူကတုံ့ဆိုင်းမနေဘဲ စိုက်ခင်းထဲပြန်ဝင်ကာ ယွီရွှေ့အား_

"မန်နေဂျာယွီ... ခူးထားတဲ့မျိုးစေ့တွေအပြင် အားလုံးကိုသိမ်းလိုက်... ပျမ်းမျှအထွက်နှုန်းတွက်ရင် အဲလောက်တက်မလားလို့?''

"ကောင်းပါပြီ ပါမောက္ခလီ!''

ယွီရွှေ့က ဝမ်းသာအားရပြန်ဖြေသည်။ ပါမောက္ခလီရဲ့သုတေသနမှာဝင်ပါရတာ ဂုဏ်ရှိသလိုခံစားရသည်။



ပါမောက္ခလီခိုင်က သူ့နာမည်ကိုစာအုပ်ထဲများထည့်ရေးမလား?

ဘာပဲဖြစ်ဖြစ် ပါမောက္ခလီခိုင်အတွက်အကြိမ်ကြိမ် အပင်စိုက်ပေး၊ ဂရုတစိုက်လုပ်ပေးခဲ့သည်။

ယွီရွှေ့က လက်မြန်ခြေမြန်ပင်။ စိုက်ပျိုးရေးဌာနဝန်ထမ်းများနှင့် သီးနှံသုံးမျိုးလုံးကိုမြန်မြန်ဆန်ဆန်ရိတ်သိမ်းလိုက်သည်။

ထို့နောက် ထိုသီးနှံသုံးမျိုး၏စုစုပေါင်းအထွက်နှုန်းကိုတွက်ချက်သည်။

ဒီတစ်ခါ လီခိုင်ကိုယ်တိုင် ခရမ်းသီးအထွက်နှုန်းကိုစောင့်ကြည့်သည်။ ထင်တဲ့အတိုင်း ခရမ်းသီးအထွက်နှုန်းက သုံးဆတက်ပြီး မုန်လာဥနဲ့နံနံကလည်း နှစ်ဆရှိသည်။

တစ်နည်းပြောရရင် ညီလေးချင်က အထွက်နှုန်းတိုးသောမျိုးစေ့ကို အမှတ်မထင်ဖန်တီးလိုက်နိုင်ပြီ။

ဒီမျိုးစေ့တွေသာပြန့်သွားရင် ခေတ်လွန်အဖြစ်အပျက်ဖြစ်သွားပြီ။

လီခိုင်ကတစ်ခုခုတွေးမိပြီး ချက်ချင်းယွီရွှေ့ကိုညွှန်ကြားသည်_

"မန်နေဂျာယွီ... သီးနှံတချို့ပြင်ပေးပါဦး... ငါပြန်ပြီး မျိုးစိတ်ကိုစစ်ဆေးရမယ်''

သူကဒီအပိုင်းမှာကျွမ်းကျင်သူဖြစ်သောကြောင့် ဒါတွေအားလုံးနိုင်ငံခြားမျိုးစေ့မှန်းသိသည်။ ဒါပေမဲ့ ဒီလိုဆိုရင် သူဒီအပိုင်းကိုစစ်ဆေးရမည်။

သီးနှံမျိုးစိတ်ဖြစ်​ဖြစ်၊ မျိုးစေ့မျိုးစိတ်ဖြစ်ဖြစ်၊ နိုင်ငံခြားမျိုးစိတ်တွေနဲ့တူရင် မူပိုင်ခွင့်လျှောက်ပြီးသားဖြစ်လိမ့်မည်။

သို့ရာတွင် အထွက်နှုန်းတိုးခြင်းကြောင့် သေချာပေါက်အပြောင်းအလဲရှိမည်။ မျိုးစိတ်မှာနည်းနည်းထူးခြားရင် ကိုယ်ပိုင်မူပိုင်ခွင့်ပြန်လျှောက်နိုင်သည်။

အဲဒီအချိန်ကျရင် နိုင်ငံခြားမျိုးစေ့တွေသွားပြီ။

လီခိုင်က ချင်းလင်ဓာတ်ခွဲခန်းမှာစစ်ဆေးရန်သီးနှံများယူသွားစဉ် ချင်လင်လည်း မုန်လာဥ၊နံနံနှင့်ခရမ်းသီးတချို့ကို အပန်းဖြေစံအိမ်ရုံးခန်းထဲယူလာသည်။

ရုံးခန်းထဲရောက်ရောက်ချင်းတံခါးလော့ချပြီး ဂိမ်းထဲယူသွားကာ မှတ်ချက်ကြည့်လိုက်သည်:

(နံနံ: ပုံမှန်!)

(မုန်လာဥဖြူ: ပုံမှန်!)



All Chapters