မျိုးစေ့ပြဿနာ! ၃
Vol. 62 Ch. 920
(ချင်းလင်ခရမ်းသီး: အရည်အသွေး ၁!)
မျိုးစေ့အထွက်နှုန်းတိုးပြီး အရည်အသွေးကမပြောင်း။ မုန်လာဥနှင့်နံနံက သာမန်မျိုးစေ့ဖြစ်သောကြောင့် ပုံမှန်အရည်အသွေးသာရှိသည်။
ချင်းလင်ခရမ်းသီးအထွက်နှုန်းက သုံးဆတက်ပြီး အရည်အသွေး ၁ မျိုးစေ့ကိုစိုက်ထားသောကြောင့် အရည်အသွေး ၁ ရှိသည်။
မှတ်ချက်ဖတ်ပြီး ချင်လင်ကရုံးခန်းအပြင်လျှောက်ကာ ဧည့်ခန်းထဲသွားလိုက်သည်။ ဧည့်ခန်းထဲတွင် တော်ဝင်ပညာရှင်လီက သတင်းအသည်းအသန်ကြည့်နေသည်ကိုတွေ့ရသည်။
တော်ဝင်ပညာရှင်လီက_
"သေစမ်း... ရှင်းကျန့်တယ်ကတော့ ငါတို့ကိုပျက်စီးအောင်လုပ်နေပြီ!''
"တော်ဝင်ပညာရှင်လီ... ဘာဖြစ်လို့လဲ?''
ချင်လင်က အနားရောက်လာပြီး ဇဝေဇဝါနှင့်မေးသည်။ ဒီစီနီယာကြီးဒေါသထွက်လို့မဖြစ်။
တော်ဝင်ပညာရှင်လီက ရီမုကိုင်ပြီး မျက်မှောင်ကြုတ်ကာ ဗီဒီယိုဖွင့်ပြသည်_
"သူဌေးချင်... ဒီသတင်းကိုကြည့်ပါဦး!''
"ရှင်းကျန့်တယ်ရဲ့မုံ့စံတုမျိုးစေ့ကုမ္ပဏီက မျိုးစေ့တင်သွင်းဖို့ဆိုင်းငံ့ပြီး မုံ့စံတုမျိုးစိတ်နဲ့ဆက်စပ်တဲ့အပင်မျိုးစေ့တွေဆက်စိုက်ဖို့ကန့်သတ်ထားပါတယ်''
"ရှင်းကျန့်တယ်ရဲ့ Willis မျိုးစေ့ကုမ္ပဏီက မျိုးစေ့ဆက်ပြီးမဖြည့်ဆည်းပေးနိုင်ကြောင်း ကြေညာထားပါတယ်''
"အနောက်တိုင်းမျိုးစေ့ကုမ္ပဏီချန်ချန်...''
ချင်လင် ချက်ချင်းမျက်မှောင်ကြုတ်လိုက်သည်။

ဒီဗီဒီယိုက မျိုးစေ့တွေအကြောင်းပဲ။ ကြည့်ရတာ အနောက်တိုင်းမျိုးစေ့ကုမ္ပဏီတွေကပိတ်ပင်လိုက်ပြီး ရောင်းပေးချင်ပုံမရ။
"ကြီးကြီးမားမားဖြစ်တော့မယ်''
တော်ဝင်ပညာရှင်လီက ဒေါသသံနှင့်ပြောသည်။
ဒီလိုပြဿနာဖြစ်လာမယ်လို့ ခန့်မှန်းမိပြီးသား။ တကယ်ပဲ ဒီကိစ္စကိုစာထုတ်လာပြီ။
"တော်ဝင်ပညာရှင်လီ... အဲဒါမကောင်းဘူးလား?''
ချင်လင်က ဇဝေဇဝါနှင့်မေးသည်။
တော်ဝင်ပညာရှင်လီက ခေါင်းညိမ့်ပြီး_
"ဒီသတင်းထွက်တာနဲ့ အင်တာနက်မှာရုတ်ရုတ်ရုတ်ရုတ်ဖြစ်တော့မယ်... အခုဆို တချို့တွေသိလောက်ပြီ... ကြည့်ကြည့်!''
တော်ဝင်ပညာရှင်လီက ဒီအကြောင်းပြောချင်ပုံမရ: သူတကယ်စိတ်ဆိုးနေသည်။
ချင်လင်ကမျက်မှောင်ကြုတ်ပြီး သူ့ဖုန်းထုတ်လိုက်သည်။ သူက Tiktok ထဲဝင်ကြည့်လိုက်ရာ ထိုမျိုးစေ့အကြောင်းသတင်းများပွနေသည်။
နာမည်ကြီးနေသောသိပ္ပံဗီဒီယိုနှစ်ပုဒ်အပါအဝင် ဗီဒီယိုသုံးလေးပုဒ်ကြည့်ပြီးနောက် ဘာတွေဖြစ်နေလဲ သူသဘောပေါက်ပြီ။
အခုသူတို့မှာအင်အားရှိနေတာတောင် သူများထိန်းချုပ်ထားတဲ့အရာတွေ အများကြီးရှိနေသေးတာပဲ။
ဦးနှောက်စားတဲ့နည်းပညာတင်မဟုတ်။ စိုက်ပျိုးရေးလည်းပါနေသည်။
ဥပမာ အရှေ့စီရင်စုတွင်ရှိသောရှိုကွမ်းမှာ ပြည်တွင်းအကြီးဆုံးဟင်းသီးဟင်းရွက်ဖြန့်ဝေရေးစင်တာကြီးဖြစ်သည်။ ထိုနေရာမှစိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှုမှာ ယွမ်ဘီလီယံ ၁၅၅ အထိရှိပြီး တိုင်းပြည်၏ ၂၂% ဖြစ်သည်။
မြောက်ပိုင်းတွင် လူ ၁၀ ယောက်ရှိလျှင် ၆ ယောက်က အသက်ဆက်ဟင်းပွဲစားနေရသည်ဟုဆိုနိုင်သည်။ သို့ရာတွင် ထိုအသက်ဆက်ဟင်းသီးဟင်းရွက်များ၏နောက်ကွယ်မှသီးနှံမျိုးစေ့များမှာ အနောက်တိုင်းနိုင်ငံများ၏လက်ထဲရှိနေသည်။ အထူးသဖြင့် ရှင်းကျန့်တယ်ကဦးဆောင်သောနိုင်ငံများပင်။

ရှိုကွမ်းရှိဟင်းသီးဟင်းရွက်မျိုးစိတ်ထောင်ချီတွင် ၈၀% ကျော်က နိုင်ငံခြားမျိုးစေ့များဖြစ်ပြီး အချိန်အတော်ကြာလွှမ်းမိုးထားနိုင်ခဲ့သည်။
အသက်ဆက်နေရသည်ဟူသောအကျပ်အတည်းမှာ အကျဉ်းချုံးမျှသာ။ လက်ရှိပြည်တွင်းစိုက်ပျိုးရေးအခြေအနေက ဒီလိုဖြစ်နေသည်။
ကျွန်ုပ်တို့မှာ စိုက်ပျိုးရေးနိုင်ငံကြီးဖြစ်သော်လည်း ကျွန်ုပ်တို့သီးနှံမျိုးစေ့အားလုံးနီးပါးကို နိုင်ငံခြားကုမ္ပဏီများကထိန်းချုပ်ထားသည်မှာ ရယ်ချင်စရာ။
ဥပမာ ပန်းပွင့်စိမ်း၊ ခရမ်းသီး၊ နံနံ၊ ခရမ်းချဉ်၊ မုန်လာဥဖြူ၊ ငရုတ်ပွကဲ့သို့ တွေ့မြင်နေကျမျိုးစေ့များ၏မူပိုင်ခွင့်က ကျွန်ုပ်တို့အပိုင်မဟုတ်။ ပြည်ပအလုပ်သမားများက မျိုးစိတ်မူပိုင်ခွင့်အတွက်လျှောက်ထားခဲ့တာကြာပြီ။
ရှင်းကျန့်တယ်မှာ မျိုးစေ့တင်သွင်းသောအကြီးဆုံးနိုင်ငံ၊ နည်းပညာအင်အားကြီးနိုင်ငံဖြစ်သည်။
ကျွန်ုပ်တို့နိုင်ငံမှ မျိုးစေ့ကုမ္ပဏီ ၅၈၀၀ လုံး၏ရောင်းအားအကုန်ပေါင်းရင်တောင် ရှင်းကျန့်တယ်မှအိပ်မက်တောင်တန်းမြို့တော်မျိုးစေ့ကုမ္ပဏီလောက်မကောင်းဟု သတင်းများတွင်ဆိုထားသည်။ သုံးပုံတစ်ပုံထက်တောင်နည်းသေးသည်။
တစ်ဖက်တွင်မျိုးစေ့များမှာ စိုက်ပျိုးရေးလုပ်ငန်းကွင်းဆက်၏အစပထမဖြစ်ပြီး စိုက်ပျိုးရေးအထွက်နှုန်းတိုးရန်အခြေခံကျသောတွန်းအားတစ်ခုလည်းဖြစ်သည်။ သို့ရာတွင် မျိုးစေ့များကိုလက်ဝါးကြီးအုပ်ခံထားရပြီး ရောင်းချခွင့်နှင့်စျေးနှုန်းတောင် သူများလက်ထဲမှာရှိသည်။
ကျွန်ုပ်တို့စိုက်ပျိုးရေးလုပ်ငန်းတစ်ခုလုံးက လည်ချောင်းမှာတစ်နေပြီး အသက်ရှူဖို့တောင်ခက်ခက်ပင်။
ထို့ကြောင့် နိုင်ငံခြားမျိုးစေ့တန်ဖိုးက ပြည်တွင်းမျိုးစေ့များထက်ပိုမြင့်နေသည်။ တချို့မျိုးစေ့များက ဆယ်ဆကျော်တောင်ကွာသည်။
တချို့က မေးကောင်းမေးနိုင်သည်။
ဘာလို့ သူများဆီကမျိုးစေ့ကိုသုံးရတာလဲ?
ကိုယ့်မျိုးစေ့ကိုယ်ဝယ်သုံးလို့မရဘူးလား?

ဒါက အထွက်နှုန်းနှင့်ဆိုင်သည်။ နိုင်ငံခြားမျိုးစေ့အထွက်နှုန်းက ပြည်တွင်းမျိုးစေ့အထွက်နှုန်းထက်အများကြီးပိုမြင့်တာ ငြင်းမရသောအချက်ပင်။
အထွက်နှုန်းက ၁၀ ဆ တစ်ဆကွာနေရင် ဘယ်ဟာကိုရွေးကြမလဲ?
ပြည်တွင်းမျိုးစေ့သုံးရင် ဒီအထွက်နှုန်းကိုပဲ ကုန်ကျစရိတ်ဆယ်ဆရှိမည်ဖြစ်၍ နိုင်ငံခြားမျိုးစေ့ကိုမဖြစ်မနေသုံးရသည်။
အတိုင်းအတာတစ်ခုအထိ ဒီအပိုင်းမှာရုပ်သိမ်းလိုက်ရင် နည်းပညာပြန်ရုတ်သိမ်းတာထက်ပိုဆိုးမည်။
နောက်ဆုံးတော့ တော်ဝင်ပညာရှင်လီက 'ကြီးကြီးမားမားဖြစ်တော့မယ်'လို့ပြောတာ ချင်လင်သဘောပေါက်ပြီ။
ဒီလိုဆိုရင် ကိစ္စကလုံးဝပေါ့သေးသေးမဟုတ်။ စိုက်ပျိုးရေးလုပ်ငန်းတစ်ခုလုံးကိုတောင် ကိုင်လှုပ်ပစ်နိုင်သည်။
သို့ရာတွင် တစ်ဖက်က ဒါမျိုးလုပ်လာမှတော့ သူတို့ရည်ရွယ်ချက်က လုံးဝမရိုး။ ရည်ရွယ်ချက်မရှိတာမဟုတ်ရင် ညှာတာမည်မဟုတ်ပေ။ သူတို့အဆုံးရှုံးခံတာ အမြတ်ကြောင့်မဟုတ်နိုင်။
ထိုအချိန်_
ပေကျင်း_
တရုတ်သိပ္ပံအကယ်ဒမီတွင်_
ဝန်ကြီးလုလည်း ထိတ်လန့်သွားသည်။ သူအတတ်နိုင်ဆုံးအချိန်ဆွဲခဲ့သော်လည်း နောက်ဆုံးသတင်းမြင်ပြီး ရွေးချယ်စရာမရှိတော့။
အခုချိန်ထိ မျိုးစေ့သုတေသနအောင်မြင်သည်ဟု ဘယ်ဓာတ်ခွဲခန်းကမှမကြားသေး။
တစ်ဖက်က အခြေအနေကိုပြောင်းပြန်လှန်ချင်မှန်း သူသိသည်။ မျိုးစေ့တားမြစ်တာ သူတို့ရည်ရွယ်ချက်မဟုတ်။ ဒီနည်းသုံးပြီး သူဌေးချင်ဆီမှသူတို့လိုချင်တာ ရအောင်ယူဖို့ပင်။
ထိုအချိန်တွင် ဝန်ကြီးလုဖုန်းမြည်လာသည်။ သူကနံပါတ်ကြည့်ပြီး အမြန်ကောက်ကိုင်ကာ_
"ဟယ်လို ခေါင်းဆောင်!''
တစ်ဖက်ကချက်ချင်းပင်_
"ဟိုဘက်က မကျေနပ်တော့ဘူး... ငါတို့အချိန်ဆက်ဆွဲမထားနိုင်တော့ဘူး... မဟုတ်ရင် ပြဿနာပိုဆိုးကုန်လိမ့်မယ်... သူတို့နဲ့ချက်ချင်း ဆွေးနွေးကြည့်ပါ... အလုပ်မဖြစ်ရင် သူဌေးချင်နဲ့ပေးတွေ့လိုက်''
"ကောင်းပါပြီ ခေါင်းဆောင်!''
ဝန်ကြီးလုကဖုန်းချပြီးနောက် မတတ်သာပုံနှင့်ထပြီး ရုံးခန်းထဲမှထွက်လာသည်။
တစ်ခါတလေ သူများထိန်းချုပ်ခံရတာ မသက်သာလှ။