လုံးဝမဖြစ်နိုင်! လီခိုင်တောင် ကြောင်သွားပြီ!
Vol. 62 Ch. 921
အင်တာနက်ပေါ်တွင်_
မျိုးစေ့တားမြစ်ခံရသောသတင်းထွက်လာပြီး အင်တာနက်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်နေသည်။
ဒီမတိုင်ခင် ဒီပြဿနာကိုအာရုံစိုက်သောလူနည်းနည်းသာရှိလိမ့်မည်။ စိုက်ပျိုးရေးနိုင်ငံကြီးဆိုတော့ ဒီလိုပြဿနာမျိုးရှိမယ်လို့ဘယ်ထင်ပါ့မလဲ?
သို့ရာတွင် အခုအင်တာနက်ပေါ်သတင်းတက်လာပြီးမှ သူတို့စားနေသောဟင်းသီးဟင်းရွက်အများစုက နိုင်ငံခြားမှတင်သွင်းသောမျိုးစေ့များဖြစ်နေမှန်းသိရတော့သည်။
နိုင်ငံခြားထုတ်ကုန်များကိုမသုံးရန်၊ သပိတ်မှောက်ရန်ကြွေးကြော်ထားသူများ နည်းနည်းကြောင်သွားကြသည်။
သူတို့စားနေတဲ့ဟင်းသီးဟင်းရွက်တွေက နိုင်ငံခြားကတင်သွင်းတဲ့မျိုးစေ့တွေလို့ ဘယ်ထင်မလဲ?
သို့ရာတွင် အလွန်လက်တွေ့ကျသောပြဿနာဖြစ်၍ မတတ်သာပေ။
နောက်ပြီး ဒီသတင်းထွက်လာသည်နှင့် အင်တာနက်ပေါ်တွင် ဒီကိစ္စကိုဆန်းစစ်သောဗီဒီယိုများ တစ်ပုဒ်ပြီးတစ်ပုဒ်ထွက်လာသည်။ ထို့အပြင် ကျွန်ုပ်တို့နိုင်ငံကရင်ဆိုင်နေရသောမျိုးစေ့အကျပ်အတည်းအကြောင်း၊ မျိုးစေ့တားမြစ်ခံရခြင်းမှာပြဿနာကြီးဖြစ်ကြောင်း လူတွေပိုသိလာကြသည်။
အားလုံးကိုအရှိုက်ထိစေ၏။
ချင်လင် အောင့်သီးအောင့်သက်ဖြစ်နေသည်။
သူတို့မှာပဲ မျိုးစေ့ရှိတာကျလို့။
တင်သွင်းတဲ့မျိုးစေ့တွေက အထွက်တိုးတော့ရော ဘာအရေးလဲ?
သူ့မှာ မျိုးစေ့ထုတ်စက်ရှိတာပဲ။

စက်ကထုတ်လုပ်နိုင်သရွေ့ မျိုးစေ့အားလုံးအထွက်နှုန်းတိုးနိုင်သည်။
ထိုအတွေးနှင့် သူကလင်းလန်ဇီကိုဖုန်းခေါ်လိုက်သည်။ တစ်ဖက်က အရမ်းထောင်လွှားနေပြီ။ သူလက်ပိုက်ကြည့်မနေနိုင်။ ဒါမျိုးလုပ်ခွင့်မပြုနိုင်ပေ။
ဖုန်းဝင်ဝင်ချင်း သူကညွှန်ကြားသည်_
"မန်နေဂျာလင်း... ချင်းလင်စံအိမ်တရားဝင်အကောင့်ကနေ စာတင်ပေးပါ... ပါမောက္ခလီခိုင်က မျိုးစေ့အထွက်နှုန်းတိုးတဲ့နည်းပညာဖန်တီးထားပြီလို့... အနည်းဆုံး နိုင်ငံခြားမျိုးစေ့ရဲ့နှစ်ဆရှိတဲ့အကြောင်း... အခုမျိုးစိတ်ကိုစမ်းသပ်ပြီး မူပိုင်ခွင့်လျှောက်တော့မယ့်အကြောင်းပြောလိုက်ပါ''
အစ်ကိုလီရဲ့စမ်းသပ်ချက်အဖြေကိုမသိသေးသော်လည်း မျိုးစေ့ထုတ်စက်ရှိမှတော့ သူစိတ်မပူ။ အရင်ဆုံး စာပို့ထားလိုက်မည်။
မုန်လာဥဖြူနဲ့နံနံမျိုးစိတ်က သူများမူပိုင်ခွင့်လျှောက်ထားတာနဲ့တူရင်တောင် အရင်ကမျိုးစေ့များစွာပြုပြင်ဆန်းသစ်ထားသောကြောင့် သေချာပေါက်ကွဲလွဲချက်တချို့ရှိမည်။
နောက်ပြီး ဟင်းသီးဟင်းရွက်မျိုးစေ့ထောင်ချီမှ ထူးခြားသောမျိုးစိတ်ကိုသူထုတ်နိုင်စမြဲပင်။
အများကြီးမလို။ မျိုးစေ့တစ်မျိုးထုတ်ပြီး အခြေခံစျေးနှုန်းနဲ့ရောင်းရင် မျိုးစေ့ကုမ္ပဏီတွေလန့်ကုန်လိမ့်မည်။
ပြည်တွင်းမျိုးစေ့ကုမ္ပဏီတွေရဲ့စုစုပေါင်းရောင်းအားက မုံ့စံတုကုမ္ပဏီရဲ့သုံးပုံတစ်ပုံတောင်မရှိတာမှန်သော်လည်း ဒီစျေးကွက်ကိုမှီခိုပြီး ဝင်ငွေဖန်တီးနိုင်သည့်သဘောလည်းသက်ရောက်သည်။
ဒီစျေးကွက်က သူများအတွက်အကြီးဆုံးငွေပင်လည်းဖြစ်သည်။
သူတို့ကြည့်ရတာ စိတ်အခြေအနေကောင်းနေပုံရသော်လည်း ဒီလိုဖြစ်လာခဲ့ရင် အရင်ဆုံးထိတ်လန့်ရမှာသူတို့ပင်။
သို့ရာတွင် ချင်လင်က အားနာနေမည်မဟုတ်။ ထုတ်လုပ်သောမျိုးစေ့များ၏မျိုးစိတ်ကို မူရင်းနှင့်ကွဲအောင်လုပ်ပြီး မူပိုင်ခွင့်တန်းလျှောက်ပစ်မည်။
အဲဒီအချိန်ကျရင် စျေးကလုံးဝအုပ်သွားမည်။ အဲဒီမျိုးစေ့ကုမ္ပဏီတွေ ပြည်တွင်းမှာဝင်ငွေမဖန်တီးနိုင်တော့ဘဲ အရှုံးပေါ်ဖို့ကလွဲရင် သူ့မှာတခြားရည်ရွယ်ချက်မရှိပေ။

သူဝင်ငွေရရမရရ ကိစ္စမရှိ။ ဒါမျိုးလုပ်ရတာ သူပျော်သည်။
…
ပေကျင်း_
ဝန်ကြီးလုဧည့်ခန်းထဲတွင် ရဲဌာနမှလူတစ်ယောက်က ဆံပင်ရွှေရောင်နှင့်နိုင်ငံခြားသားကိုဧည့်ခံနေသည်။
ရဲက ဝန်ကြီးလုကိုမြင်သောအခါ ချက်ချင်းရောက်လာပြီး_
"ဝန်ကြီးလု... Barus စောင့်နေပါတယ်''
ဝန်ကြီးလုကမှုန်မှိုင်းနေသောမျက်နှာနှင့် ခေါင်းညိမ့်လိုက်သည်။
Barus က ထိုမျိုးစေ့ကုမ္ပဏီများ၏ကိုယ်စားလှယ်ပင်။
မျိုးစေ့ကုမ္ပဏီကိုယ်စားလှယ်ဆိုတာထက် ရှင်းကျန့်တယ်အစိုးရရဲ့ကိုယ်စားလှယ်လို့ခေါ်ရင် ပိုမှန်လိမ့်မည်။
ဒီအတောအတွင်း သူအတော်ခေါင်းခြောက်နေခဲ့သည်။
သူတတ်နိုင်သမျှအချိန်ဆွဲပြီး တားမြစ်ချက်ကိုဆန့်ကျင်သည့်နည်းများတောင် ခေါင်းဆောင်ကိုတင်ပြခဲ့သည်။
ဘာပဲဖြစ်ဖြစ် သူတို့လည်း တခြားကုန်ကြမ်းများကိုအသုံးချပြီး ပြန်တားမြစ်နိုင်သည်။

အရင်ကလည်း ဒီလိုလုပ်ဖူးသည်။ တစ်ခါက ဒီလိုဖြစ်ပြီး ရှင်းကျန့်တယ်ရှိလယ်သမားများ၊ စက်ရုံများ၊ ကုန်သွယ်ရေးကုမ္ပဏီများ ဒေဝါလီခံသွားရသည်။
သို့ရာတွင် ဒီတစ်ခါ အဓိကပြဿနာက မျိုးစေ့ဖြစ်နေသည်။ ဒီပြဿနာကို အချိန်အကြာကြီးဆွဲမထားနိုင်။
နောက်ပြီး တစ်ဖက်က အရင်းရှင်နိုင်ငံဖြစ်၍ သူတို့နှင့်မတူ။ သူတို့မှာစောင့်စည်းစရာသိပ်မရှိပေ။
သူတို့အကျိုးအမြတ်ရသရွေ့ လယ်သမားတွေ၊ စက်ရုံတွေရဲ့သေရေးရှင်ရေးကို ဂရုစိုက်နေမည်မဟုတ်။
ဒီတစ်ခါ ဒီလိုဖြစ်လာပြီး သူတို့က မျိုးစေ့ပြဿနာတက်အောင်လုပ်ဖို့သာ ရည်ရွယ်ထားသည်။ အရင်းရှင်တွေရည်ရွယ်ချက်အထမြောက်သရွေ့ ဒီလူတွေကိုပေးဆပ်ရလည်းမမှုပေ။
ဒါ အရှက်မရှိဆုံးလုပ်ရပ်ပင်။
Barus က ဝန်ကြီးလုကိုမြင်လျှင် ချက်ချင်းပြုံးပြပြီး_
"မစ္စတာလု... အားနာလိုက်တာ... တို့မျိုးစေ့ကုမ္ပဏီကစိတ်စောပြီး တစ်ခုခုလုပ်မိပြီထင်တယ်''
အစကတည်းက သတိပေးနေပြီ။
"မစ္စတာ Barus... ခင်ဗျားလည်း ကျုပ်တို့ဆီကလိုအပ်နေတာတွေ အများကြီးပါပဲ!''
ဝန်ကြီးလုက မျက်မှောင်ကြုတ်ပြီးပြောသည်။
ဒါကလည်း သူတို့ပြန်တားမြစ်နိုင်တာတွေရှိကြောင်း သတိပေးခြင်းပင်။
"မစ္စတာလု''
Barus က ရယ်လိုက်ပြီး_
"ခင်ဗျားစိတ်ရှိသလိုလုပ်နိုင်တယ်... တစ်ခါတလေ ပေးဆပ်ရတာတော့ရှိမှာပေါ့''
ဝန်ကြီးလုက မျက်နှာမှုန်ကုပ်သွားပြီး 'ဒီလူတွေတကယ်အရှက်မရှိတာပဲ'ဟုတွေးလိုက်သည်။
"အဲဒီတော့ ချင်းလင်အားဖြည့်လက်ဖက်ရည်နဲ့သန့်စင်မြက်အကြောင်း စကားပြောလို့ရပြီထင်တယ်''
Barus က အထက်စီးသံနှင့်ပြောလာသည်။
ဟုတ်တယ်။ သူတို့လာရင်းကိစ္စက ချင်းလင်အားဖြည့်လက်ဖက်ရည်နဲ့သန့်စင်မြက်ပဲ။
ချင်းလင်ကုမ္ပဏီကိုတားမြစ်ခဲ့သော်လည်း ချင်းလင်အားဖြည့်လက်ဖက်ရည်၏အာနိသင်ကို သူတို့သိသည်။ အားကစားကွင်းမှာပဲအသုံးဝင်တာမဟုတ်။
ဒီပစ္စည်းကို စစ်သားတွေအပေါ်မှာကောင်းကောင်းအသုံးချနိုင်သည်။
နောက်ပြီး မြို့တော်အသွင်ပြောင်းရေးက သန့်စင်မြက်နဲ့တင် သူတို့အံ့ဩရလောက်သည်။
ရှင်းကျန့်တယ်မှာ စက်မှုနိုင်ငံကြီးဖြစ်သည့်အတွက် လေအရည်အသွေးပြဿနာက အဆိုးဝါးဆုံးဖြစ်သောကြောင့် သူတို့လိုအပ်နေသောအရာလည်းဖြစ်သည်။