← Chapters

လုံးဝမဖြစ်နိုင်! လီခိုင်တောင် ကြောင်သွားပြီ! ၂

Vol. 62 Ch. 922

လုံးဝမဖြစ်နိုင်! လီခိုင်တောင် ကြောင်သွားပြီ! ၂

Vol. 62 Ch. 922

ဒါပေမဲ့အခု ချင်းလင်အားဖြည့်လက်ဖက်ရည်နဲ့သန့်စင်မြက်ကို သူတို့နိုင်ငံထဲသွင်းခွင့်မပေး။

ဒီတော့ သူတို့ကဒီနည်းထုတ်သုံးရသည်။

ဒီမျိုးစေ့ပြဿနာတက်အောင်လုပ်ရင်တောင် တစ်ဖက်က ချင်းလင်အားဖြည့်လက်ဖက်ရည်နဲ့သန့်စင်မြက်နည်းပညာကိုပေးမည်မဟုတ်မှန်း သူတို့လည်းသိသည်။

သူတို့အလွန်ဆုံးမှန်းထားတာက ဒီထုတ်ကုန်နှစ်မျိုးကို သူတို့ရှင်းကျန့်တယ်​စျေးကွက်ထဲသွင်းပြီး လက်လီရောင်းခွင့်ရဖို့ပင်။

ဒီလို​နဲ့ ဖြည်းဖြည်းချင်းလေ့လာပြီး ဒီပစ္စည်းနှစ်မျိုးကိုဓာတ်ခွဲဖို့အချိန်ရမည်။

အစပိုင်း နည်းပညာအကြောင်းပြောဖို့ကတော့ တစ်ဖက်လူနဲ့အပေးအယူလုပ်ဖို့ချန်ထားရမှာပေါ့။

ဝန်ကြီးလု ဒါကိုသဘောပေါက်သော်လည်း ချင်းလင်အားဖြည့်လက်ဖက်ရည်နဲ့သန့်စင်မြက်ကလည်း အရေးကြီးသည်။ သူတို့မှာထားတဲ့ချင်းလင်အားဖြည့်လက်ဖက်ရည်ကို စစ်တပ်ထဲမှာအသုံးချကြည့်ပြီးပြီ။

နောက်ပြီး သန့်စင်မြက်၏အာနိသင်ကိုလည်း မြို့တော်အသွင်ပြောင်းခြင်းမှတဆင့် မြင်တွေ့ခဲ့ရပြီးပြီ။

တစ်နည်းအားဖြင့် ဗျူဟာမြောက်သောအရာဟုယူဆနိုင်သည်။

သူဌေးချင်က ရှင်းကျန့်တယ်ကိုတားမြစ်ချင်ရုံသာမက အနောက်တိုင်းစျေးကွက်ထဲကိုလည်း ဒီပစ္စည်းနှစ်မျိုးမတင်သွင်းချင်။

ကိုယ်စားလှယ်ပေးဖို့ဆိုရင်တောင်ပေါ့။

ဝန်ကြီးလု ဝေခွဲမရဖြစ်နေစဉ် သူ့လက်ထောက်ကအနားရောက်လာပြီး အစီရင်ခံသည်_

"ဝန်ကြီးလု... ချင်းလင်စံအိမ်တရားဝင်အကောင့်ကိုကြည့်လိုက်ပါ... သူဌေးချင်ကကြေညာထားတယ်... ပါမောက္ခလီခိုင်က မျိုးစေ့အထွက်တိုးတဲ့သုတေသနအသစ်လုပ်ထားတယ်တဲ့''

ထိုသတင်းကြားပြီး ဝန်ကြီးလုမျက်လုံးများဝင်းလက်သွားသည်။

ပါမောက္ခလီခိုင်နဲ့မျိုးစေ့အထွက်တိုးတဲ့သုတေသနပေါင်းလိုက်ရင် ဖြစ်နိုင်ချေကိုသူချက်ချင်းခန့်မှန်းမိသည်။

သူကအမြန်ဖုန်းကိုင်ပြီး ချင်းလင်စံအိမ်တရားဝင်အကောင့်ကိုကြည့်လိုက်သည်။ ပထမဆုံးသူမြင်တာ ချင်လင်က လင်းလန်ဇီအား တင်ခိုင်းထားသောဗီဒီယိုပင်။



"ကျွန်မကတော့ ချင်းလင်စံအိမ်ကလင်းလန်ဇီပါ... သူဌေးက အားလုံးကိုပြောပြစေချင်တဲ့သတင်းကောင်းရှိပါတယ်... မျိုးစေ့အထွက်တိုးစေတဲ့နည်းပညာကို ပါမောက္ခလီခိုင်ကတီထွင်ထားပါပြီ... အထွက်နှုန်းက နိုင်ငံခြားမျိုးစေ့တွေထက် အနည်းဆုံးနှစ်ဆတိုးပါမယ်... အခုမျိုးစိတ်ကိုစမ်းသပ်ပြီး မူပိုင်ခွင့်လျှောက်ထားဖို့ပြင်နေပါတယ်ရှင်''

ဝန်ကြီးလုကဗီဒီယိုကြည့်ပြီး ရုတ်တရက်ပြုံးရွှင်သွားကာ 'ပါမောက္ခလီခိုင်ကတော့ ပါမောက္ခလီခိုင်ပါပဲ'ဟု စိတ်ထဲမှပြောနေတော့သည်။

Barus က ဝန်ကြီးလုကိုဇဝေဇဝါနှင့်ကြည့်ပြီး မျက်မှောင်ကြုတ်ကာမေးသည်_

"မစ္စတာလု... ကျုပ်တို့ဆက်ဆွေးနွေးလို့ရပြီလား''

"မစ္စတာ Barus... ကျုပ် ခင်ဗျားကိုသတင်းကောင်းမျှဝေချင်ပါတယ်... ကျုပ်တို့ပါမောက္ခတစ်ဦးက သီးနှံအထွက်တိုးတဲ့မျိုးစေ့ရအောင် နည်းပညာဖန်တီးထားပြီ... အဲဒီအထွက်နှုန်းက ခင်ဗျားတို့ရဲ့အကြီးဆုံးမျိုးစေ့ကုမ္ပဏီမုံ့စံတုရဲ့နှစ်ဆလောက်ရှိတယ်... ဒါသတင်းကောင်းပဲမလား?''

Barus က သတင်းကြားပြီး လုံးဝမယုံ_

"မစ္စတာလု... အဲဒါမဖြစ်နိုင်မှန်းသိတယ်မလား... ခင်ဗျား ဒီနည်းနဲ့ပြဿနာဖြေရှင်းနိုင်တယ်လို့ထင်နေတာမဟုတ်ပါဘူးနော်?''

ဝန်ကြီးလုက ရယ်လိုက်ပြီး_

"မစ္စတာ Barus... ခင်ဗျားကိုပြောပြဖို့မေ့နေတာ... အဲဒီပါမောက္ခက သန့်စင်မြက်ကိုတီထွင်ခဲ့တဲ့တစ်​ယောက်ပဲ... သန့်စင်မြက်ကိုဖန်တီးနိုင်တဲ့သူက မျိုးစေ့အထွက်တိုးအောင်လုပ်ဖို့ခက်မယ်ထင်လား?''

ဝန်ကြီးလုကပြောရင်းဆိုရင်း ခေါင်းမော့ကာလမ်းလျှောက်ထွက်လာပြီး ပြုံးစိစိနှင့်_

"မစ္စတာ Barus... အားနာပေမဲ့ ကျုပ်အရင်ဆုံး မျိုးစေ့အထွက်တိုးတဲ့နည်းပညာကိုသွားလေ့လာလိုက်ဦးမယ်''

အပြင်ရောက်လျှင် ဝန်ကြီးလုကဖုန်းထုတ်ပြီး ခေါင်းဆောင်ဆီတင်ပြရန်ပြင်သည်။ သို့ရာတွင် သူ့ဖုန်းအရင်မြည်လာပြီး ခေါင်းဆောင်ဖြစ်နေ၏။

ဖုန်းဝင်ဝင်ချင်း ခေါင်းဆောင်အသံကိုကြားရသည်_

"မြန်မြန်.. ချင်းလင်ဓာတ်ခွဲခန်းသွားပြီး အခြေအနေသိရအောင်လုပ်ပါဦး!''

အသံက အလျင်လိုနေသည်။

ဝန်ကြီးလုကဖုန်းချပြီး ရယ်လိုက်သည်။

သူမလောဘဲနေမလား?

ပါမောက္ခလီခိုင်ရဲ့နည်းပညာသာ အမှန်ဆိုရင် ဒီပြဿနာကိုဖြေရှင်းနိုင်ရုံသာမက တစ်ဖက်ကမျိုးစေ့နဲ့အကျပ်ကိုင်ခြင်းကလည်း လုံးဝလွတ်မြောက်နိုင်မည်။

ရှေ့လျှောက် ဒါနဲ့ပတ်သက်ပြီး ပြဿနာရှိတော့မည်မဟုတ်။

မျိုးစေ့ပြဿနာမဟုတ်သရွေ့ တစ်ဖက်ကဒီလိုအကွက်ရွှေ့ချင်တိုင်း သူတို့ပြန်ရွှေ့နိုင်သည်။



Barus မျက်နှာပျက်သွားသည်။ တစ်ဖက်လူပုံစံက ဟန်ဆောင်နေတာမဟုတ်။

သူတို့သာဒီလိုနည်းပညာမျိုးတကယ်လုပ်နိုင်ရင် ​ကြောက်စရာလန့်စရာ။

ဒိကိစ္စမှာရှုံးနိမ့်ရုံသာမက မုံ့စံတုလိုမျိုးစေ့ကုမ္ပဏီတွေလည်း ငြိစွန်းလာမည်။

ဒီမျိုးစေ့ကုမ္ပဏီတွေပြဿနာတက်တာနဲ့ သူတို့အနိုင်ဖဲပျောက်ပြီ။

Barus က အချိန်မဖြုန်းရဲ၊ အမြန်ပြန်ထွက်လာသည်။ သံရုံးရောက်သောအခါ ချက်ချင်းဗီဒီယိုအစည်းအဝေးထိုင်သည်။

ဗီဒီယိုအစည်းအဝေးကို လူတချို့တက်ကြသည်။ တစ်ဖက်မှာ ကြီးကြီးငယ်ငယ်လူဖြူသုံးလေးဦးပါသည်။

ထိုအချိန်တွင် တချို့က မျက်နှာပျက်ပျက်နှင့်မေးလာ၏_

"Barus... ချင်းလင်ဓာတ်ခွဲခန်းမှာ မျိုးစေ့အထွက်တိုးတဲ့နည်းပညာရှိတယ်ဆို ဟုတ်လား?''

"ချင်းလင်ဓာတ်ခွဲခန်းက သန့်စင်မြက်ထွက်တဲ့နေရာပဲ... ဘယ်လိုလုပ်ပြီး မျိုးစေ့အထွက်တိုးတဲ့နည်းပညာက ရုတ်တရက်ရှိလာတာလဲ?''

"Barus... မင်းပြောတော့ ဘာပြဿနာမှရှိမှာမဟုတ်ဘူးဆို... ချင်းလင်အားဖြည့်လက်ဖက်ရည်နဲ့သန့်စင်မြက်ကိုယ်စားလှယ်ဖြစ်ရင် အကျိုးအမြတ်ကိုခွဲယူကြမယ်ဆို''

"မင်းပြောသလိုလည်းမဟုတ်ပါလား Barus... တစ်ခုခုဖြစ်ရင် မင်းကိုအလွတ်မပေးဘူးနော်''

ဒီလူတွေက သူ့ကိုမေးခွန်းထုတ်နေကြပြီ။

သူတို့က မျိုးစေ့လုပ်ငန်းလုပ်ကိုင်သူများပင်။ သို့ရာတွင် Barus နှင့်တခြားကောင်များ သူတို့တံခါးပေါက်ရောက်လာသောအခါ မျိုးစေ့တင်ပို့ခြင်းကိုရပ်ဆိုင်းရန် သဘောတူခဲ့ကြသည်။

နောက်ပြီး Barus တို့က ဘာပြဿနာမှမရှိဟုအာမခံခဲ့ကြသည်။

အခုတော့ ကိစ္စတွေက သူတို့ထင်တာနဲ့တခြားစီ။ ကြည့်ရတာ တစ်ခုခုဖြစ်တော့မည်။

တစ်ဖက်မှာ မျိုးစေ့အထွက်တိုးတဲ့နည်းပညာရှိရင်၊ ဒါမှမဟုတ် သူတို့မျိုးစေ့ထက်အထွက်နှုန်းနှစ်ဆတိုးရင် ဘာဖြစ်လာမလဲ သူတို့ကောင်းကောင်းသိသည်။

တကယ်နှစ်ဆမဟုတ်ဘဲ သူတို့အထွက်နှုန်းနဲ့တူနေရင်တောင် သူတို့ဒုက္ခရောက်လိမ့်မည်။

Barus နည်းနည်းစိတ်ရှုပ်သွားသည်။

ဒီကောင်တွေက ချင်းလင်အားဖြည့်လက်ဖက်ရည်နဲ့သန့်စင်မြက်ရဲ့အကျိုးအမြတ်ကိုလိုချင်လို့ သူနဲ့ပူးပေါင်းဖို့သဘောတူကြတာ။

အခု အခြေအနေမဟန်တော့မှ ဒီလိုမျက်နှာမျိုးထုတ်ပြကြသတဲ့လား။



All Chapters