လုံးဝမဖြစ်နိုင်! လီခိုင်တောင် ကြောင်သွားပြီ! ၃
Vol. 62 Ch. 923
ဒါပေမဲ့ သူဘာမှမတတ်နိုင်။ ဒီလူတွေက မျိုးစေ့ကုမ္ပဏီရှိရုံသာမက သူတို့နောက်ကွယ်မှာအရင်းရှင်များလည်းရှိသည်။ ရှင်းကျန့်တယ်မှာ အရင်းရှင်သာ အရာရာဖြစ်သည်။ လက်ရှိ သူ့အခြေအနေနဲ့တောင် ဒုက္ခလှလှရောက်နိုင်သေးသည်။
Barus က_
"ကိုယ့်လူတို့ မလောပါနဲ့... ဒါသူတို့ပရိယာယ်ဖြစ်ဖို့များတယ်... သူတို့စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေတာ''
"မျိုးစေ့အထွက်တိုးဖို့က ဘယ်လောက်ခက်လဲဆိုတာ ခင်ဗျားတို့ကပိုသိမှာပါ... ဘာပဲဖြစ်ဖြစ် ဒီမျိုးစေ့အထွက်တိုးဖို့အတွက် ခင်ဗျားပိုက်ဆံတွေဘယ်လောက်သုံးခဲ့ရလဲ?''
"ပြီးတော့ သူတို့က မျိုးစေ့အထွက်တိုးရေးသုတေသနမှာ ဘာတိုးတက်မှုမှရထားတာမဟုတ်ဘူး... အခုမှဘာလို့ရုတ်တရက်ကြီး နည်းပညာထွက်လာရတာလဲ? ပြီးတော့ ဒီအချိန်မှတဲ့လား?''
သူ့စကားကြောင့် သို့လောသို့လောဖြစ်လာသည်။
"ဟုတ်တယ်... ငါတို့ပိုက်ဆံတွေ ဒီလောက်အများကြီးသုံးထားတာ... ဒါပေမဲ့ မျိုးစေ့အထွက်တိုးဖို့က ခက်နေတုန်းပဲ... သူတို့မျိုးစေ့က အမြဲတမ်းငါတို့အနောက်မှာ... ရုတ်တရက် နည်းပညာရှိလာတာမဖြစ်နိုင်ဘူး''
"အင်း... သူတို့ကပရိယာယ်ဆင်တဲ့နေရာမှာ တော်ကြတယ်''
"'အဖြီးအဖြန်း'ဇာတ်လမ်းတောင် သူတို့ထွင်ခဲ့ဖူးသေးတာပဲ!''
"ဒါဆိုရင် ချင်းလင်အားဖြည့်လက်ဖက်ရည်နဲ့သန့်စင်မြက်ရပြီးရင် အကျိုးအမြတ်ဘယ်လိုခွဲမယ့်အကြောင်း ပြောကြမလား?''
"ဟုတ်တယ်... ပြောရမယ်!''
ရုတ်ချည်းဆိုသလို တချို့က အချင်းချင်းသတိထားလာပုံရသည်။
ဘာပဲဖြစ်ဖြစ် သူတို့ဒီကိစ္စကိုသဘောတူတာက ဒီထုတ်ကုန်နှစ်မျိုးကနေ အကျိုးအမြတ်ဘယ်လောက်ရမှန်းသိလို့ပဲ။
မဟုတ်ရင် ဝင်ငွေဖြောင့်နေတဲ့လမ်းကြောင်းကိုစွန့်စားပြီး သူတို့မျိုးစေ့ကုမ္ပဏီရဲ့အကြီးဆုံးဖောက်သည်ကြီးကိုဖျက်လိုဖျက်ဆီးလုပ်မည်မဟုတ်ပေ။
အင်တာနက်ပေါ်တွင်_

မျိုးစေ့ကုမ္ပဏီများကတင်ပို့မှုရပ်ဆိုင်းလိုက်သောကြောင့် လူတိုင်းဒေါသထွက်နေကြသည်။
ဘာပဲဖြစ်ဖြစ် ခြိမ်းခြောက်ခံရတာ ဘယ်သူမှမကြိုက်?
လည်ပင်းညှစ်ခံရပြီဆိုတာနဲ့ အောက်စီဂျင်မရဘဲ ခန္ဓာကိုယ်ကဆဲလ်တွေနေရခက်လာသည်။
ဒါပေမဲ့ အခု ချင်းလင်စံအိမ်တရားဝင်အကောင့်မှာ 'ပါမောက္ခလီခိုင်က မျိုးစေ့အထွက်တိုးစေတဲ့နည်းပညာတီထွင်ထားပြီ'ဆိုသောသတင်းထွက်ထွက်ချင်း လူတိုင်းစိတ်လှုပ်ရှားကုန်သည်။ ဒီတစ်ခါ ရေဆူမှတ်ပိုမြင့်ပြီးမှ စိတ်သက်သာရာရသည်။
"ပါမောက္ခလီခိုင်ကို အားကိုးနေရတာပဲ!''
"ပါမောက္ခလီခိုင်... တော်လိုက်တာ!''
"မင်းတို့ကြောင်သွားပြီမလား? တို့မှာပါမောက္ခလီခိုင်ရှိတယ်''
"ပါမောက္ခလီခိုင်က ဘယ်တော့မှစိတ်မပျက်ရဘူး''
"……"
တခဏချင်း ထိုအငွေ့အသက်က ပါမောက္ခလီခိုင်မှာ ဘုရားသားတော်ဆင်းလာသလိုပင်။ အင်တာနက်တွင် လီခိုင်ကိုချီးကျူးသံများ၊ဂုဏ်ယူသံများပြည့်နေသည်။
အချိန်ကုန်လွန်သွားသည်။
အချိန်တစ်ခုကြာသောအခါ လီခိုင်မှာနည်းနည်းပင်ပန်းနေသောမျက်နှာနှင့် သူ့လက်ထောက်များခြံရံပြီး ဓာတ်ခွဲခန်းအပြင်ထွက်လာသည်။
သို့ရာတွင် သူ့မှာမောရမည့်အစား နည်းနည်းစိတ်လှုပ်ရှားနေ၏။ သူစမ်းသပ်ထားသော မုန်လာဥဖြူ၊ ခရမ်းသီး၊ နံနံမျိုးစိတ်များက နိုင်ငံခြားမျိုးစေ့များနှင့် ကွာခြားနေသောကြောင့်ပင်။

မျိုးစေ့အထွက်တိုးလာခြင်းမှာ ဒီမျိုးစေ့တွေကနိုင်ငံခြားကတင်သွင်းတဲ့မျိုးစေ့တွေဖြစ်ရင်တောင် နိုင်ငံခြားမျိုးစေ့နဲ့ဘာမှမတူဟုဆိုရမည်။
သူတို့ဓာတ်ခွဲခန်းက မူပိုင်ခွင့်အသစ်လျှောက်ထားနိုင်သည်။
လီခိုင်က ဓာတ်ခွဲခန်းအပြင်ထွက်လာရာ သုတေသနသမားအားလုံးက သူ့ကိုလေးစားသောအကြည့်များနှင့် ထူးထူးခြားခြားကြည့်နေကြသည်ကို သူသတိထားမိသည်။
သူကသိပ်မချောပါဘူး။ နည်းနည်းကြည့်ကောင်းတယ်ဆိုပေမဲ့ ဒီလောက်ကြည့်စရာလိုလို့လား?
"ပါမောက္ခလီက တော်လိုက်တာ!''
သုတေသနသမားတစ်ဦးက လေးစားသံနှင့်ပြောသည်။
"ပါမောက္ခလီ... အရမ်းအားရတယ်!''
နောက်တစ်ယောက်ကပြောသည်.
"ပါမောက္ခလီ!''
"ဘုရား ဘုရား... ပါမောက္ခလီ!''
သုတေသနသမားအားလုံးက တပြိုင်တည်း၊တလေသံတည်းထွက်နေသောကြောင့် လီခိုင်ဇဝေဇဝါဖြစ်လာပြီး_
"မင်းတို့ပုံမှန်အတိုင်းနေလို့မရဘူးလား? ဘာတွေဖြစ်နေတာလဲ?''
"ပါမောက္ခလီ မသိဘူးလား?''
သုတေသနသမားတစ်ယောက်က ဇဝေဇဝါနှင့်မေးသည်_
"လိုင်းပေါ်မှာပြန့်နေတာလေ!''
လီခိုင်ကြောင်သွားသည်။ သူကချက်ချင်းဖုန်းထုတ်ပြီး လိုင်းပေါ်တက်ကြည့်သည်။ တခဏအတွင်း အင်တာနက်ပေါ်မှဗီဒီယိုတစ်ပုဒ်ကိုတွေ့ရသည်။
"တော်ဝင်မျိုးနွယ် ပါမောက္ခလီရဲ့အောင်မြင်မှုများ...''
"ပါမောက္ခလီရဲ့မျိုးစေ့အထွက်တိုးနည်းပညာက သူတို့မျက်နှာကိုဖြတ်ရိုက်လိုက်တာပဲ!''
"မင်းတို့ဘာနည်းသုံးသုံး.. သီးနှံပိုင်းမှာဆိုရင် ပါမောက္ခလီခိုင်ကပြောလိမ့်မယ်: မရဘူးလို့!''
"ပါမောက္ခလီခိုင်ရဲ့နောက်ထပ်စံပြနေ့ရက်!''
အင်တာနက်မှာပြောနေသမျှကိုကြည့်ပြီး လီခိုင်ကြောင်နေသည်။
ဘာတွေဖြစ်နေတာလဲ?
ဘာမှန်းမသိ သူ့ကျောမှာဘုရှိသလိုခံစားရပြီး ခါးကုန်းနှင့်လူကြီးလို လေးလံလာတော့သည်။