← Chapters

ဂျိုကာရှောင်ချင်!

Vol. 62 Ch. 926

ဂျိုကာရှောင်ချင်!

Vol. 62 Ch. 926

ရုတ်တရက် ချင်လင်နည်းနည်းဇဝေဇဝါဖြစ်သွားသည်။

အမြဲတမ်း သူသိုသိုသိပ်သိပ်နေဖို့ အစ်ကိုလီအပေါ်သာပုံချခဲ့သည်။ အခုဘယ်လိုလုပ်ပြီး သူကဓားစာခံပြန်ဖြစ်သွားတာလဲ?

သူတောက်လျှောက် ရှောင်ဖယ်ရှောင်ဖယ်လုပ်နေတာ အစ်ကိုလီသတိထားမိသွားလို့လား?

မဖြစ်နိုင်။

ဝန်ကြီးလုကအချက်အလက်ရပြီး တုံ့ဆိုင်းမနေ။ သူ့ဖုန်းထုတ်ပြီး သုတေသနအချက်အလက်ကိုဓာတ်ပုံရိုက်ယူကာ သူ့လက်ထောက် Wechat ထဲပို့၍စီစဉ်ခိုင်းသည်။

စိတ်အားတက်အောင် ဒီကိစ္စကိုတရားဝင်သတင်းမှာကြေညာရမည်။ သူကိုယ်တိုင်ကပေကျင်းမှာမရှိ၍ သူ့လက်ထောက်ကိုစီစဉ်ခိုင်းရသည်။

ထို့နောက် ဝန်ကြီးလုက ချင်လင်ကိုကြည့်ပြီး_

"သူဌေးချင်... မင်းကတော့.. လုံးဝမထင်မိဘူး''

ချင်လင်ပါးစပ်အဟောင်းသားဖြစ်သွားပြန်သည်။ ရုတ်တရက်ဒီအပြောင်းအလဲကို သူမတုံ့ပြန်နိုင်။

သူ့နာမည်ကိုဖယ်ပေးဖို့ ဝန်ကြီးလုကိုပြောချင်သော်လည်း ဘယ်ကစပြောရမှန်းမသိ။ ပေါ်သွားမှာ ပိုတောင်ကြောက်သည်။

စိတ်ရှုပ်လိုက်တာ။

ဝန်ကြီးလုနှင့်လီခိုင်က မူပိုင်ခွင့်အကြောင်းပြောရင်းအပြင်ထွက်သွားသောအခါ သူကကွန်ပျူတာရှေ့ထိုင်ပြီး သီးနှံသုတေသနစာအုပ်များရှာလိုက်သည်။



သို့ရာတွင် နှစ်မျက်နှာလောက်ဖတ်ပြီး သူလုံးဝနားမလည်နိုင်မှန်းသိလိုက်သည်။ ထို့ကြောင့် တက္ကသိုလ်စာအုပ်များ ချက်ချင်းရှာကြည့်သည်။

သို့သော်..

နောက်ဆုံး...

ချင်လင် သက်ပြင်းသာမှုတ်ထုတ်လိုက်သည်။ သူဘွဲ့ရပြီးတာကြာပေါ့။ အခုထိ ဒီလိုအခြေအနေမျိုးကြုံရတုန်း။

ဝေခွဲမရဖြစ်နေတာ ချင်လင်တစ်ယောက်တည်းမဟုတ်။ ပြည်တွင်းမျိုးစေ့ကုမ္ပဏီများလည်း ဝေခွဲမရဖြစ်နေသည်။

ထျန်းဖန်မျိုးစေ့ကုမ္ပဏီမှာ ပြည်တွင်းအကြီးဆုံးမျိုးစေ့ကုမ္ပဏီဖြစ်ပြီး သူဌေးကရှဲ့ယွမ်ဆိုသူပင်။

ရှဲ့ယွမ်လည်း ချင်းလင်စံအိမ်ကတင်သောဗီဒီယိုကြောင့် ဝေခွဲမရဖြစ်နေ၏။

သူ့ထျန်းဖန်မျိုးစေ့ကုမ္ပဏီက ပြည်တွင်းမှာအကြီးဆုံးမျိုးစေ့ကုမ္ပဏီဖြစ်ပြီး မျိုးစေ့မူပိုင်ခွင့်မြောက်များစွာရှိသော်လည်း ပြည်တွင်းမှာဖြစ်သည်။

တရုတ်ပြည်တွင်မျိုးစေ့ပြဿနာတက်နေသောကြောင့် ဘယ်နိုင်ငံခြားမျိုးစေ့ကုမ္ပဏီမဆို သူ့ကုမ္ပဏီထက်ပိုကောင်းနေသည်။ မျိုးစေ့အထွက်နှုန်းမှာ သူ့ကုမ္ပဏီမျိုးစေ့များကလုံးဝမယှဉ်နိုင်။

အခု ချင်းလင်ဓာတ်ခွဲခန်းမှပါမောက္ခလီခိုင်က မျိုးစေ့အထွက်တိုးနည်းပညာကိုဖန်တီးပြီး နိုင်ငံခြားမျိုးစေ့များထက်အထွက်နှုန်းနှစ်ဆရှိသည်ဟုသိလိုက်ရသဖြင့် သူအခွင့်အရေးရပြီဟုခံစားရသည်။

ဒီတော့ ချင်းလင်နဲ့ပလဲနံပသင့်ပြီး ကိုယ်စားလှယ်ဖြစ်အောင်လုပ်နိုင်ရင် သူ့မျိုးစေ့ကုမ္ပဏီက နိုင်ငံခြားမျိုးစေ့ကုမ္ပဏီတွေကိုတောက်ချနိုင်ပြီ။

နိုင်ငံခြားမျိုးစေ့များက အထွက်နှုန်းကောင်းသောကြောင့် ပြည်တွင်းမှာ နိုင်ငံခြားကုမ္ပဏီတွေမင်းမူနေမှန်း သူကောင်းကောင်းသိသည်။



တောင်ယာစိုက်သူများကြိုးကြိုးစားစားစိုက်ပျိုးသောကြောင့် များများရိတ်သိမ်းနိုင်သည်။

ထို့ကြောင့် ဒီကိစ္စမှာ စီးပွားရေးနည်းကသိပ်အလုပ်မဖြစ်။ မျိုးစေ့အထွက်တိုးခြင်းက အကောင်းဆုံးနည်းပင်။

ကျွန်ုပ်တို့နိုင်ငံမှာ စိုက်ပျိုးရေးနိုင်ငံကြီးဖြစ်ပြီး လယ်သမားများမှာ သူတို့ကိုယ်ပိုင်အတိုင်းအတာရှိကြသည်။

မျိုးစေ့အထွက်နှုန်းက နိုင်ငံခြားမျိုးစေ့ထက်ပိုများရင် လူတိုင်းကနိုင်ငံခြားမျိုးစေ့ကိုအလိုလိုပစ်ပယ်ကြလိမ့်မည်။ နှစ်ဆတိုးမည်ဆို မပြောနှင့်တော့။

သို့ရာတွင် ရှဲ့ယွမ်က သူ့ကုမ္ပဏီမှာ ပြည်တွင်းထိပ်တန်းကုမ္ပဏီဖြစ်သော်လည်း ချင်းလင်ကုမ္ပဏီနှင့်စာလျှင် သေးသေးလေးဖြစ်ကြောင်းသဘောပေါက်သည်။

ချင်းလင်ကုမ္ပဏီရဲ့ကုမ္ပဏီခွဲတောင် သူတို့ကိုကျော်တက်သွားနိုင်သည်။

ဒီတော့ သူမျက်နှာချိုသွေးလည်း မရလောက်။ ချင်းလင်ဓာတ်ခွဲခန်းက သူ့ကိုဘာလို့ကိုယ်စားလှယ်ပေးမလဲ?

သူတို့အင်အားမကောင်းရင် ပူးပေါင်းဖို့အခွင့်အရေးရမည်မဟုတ်ပေ။

ရှဲ့ယွမ်ကဘာလုပ်ရမှန်းမသိဖြစ်နေစဉ် အခွင့်အရေးရလိုရငြား အင်တာနက်ပေါ်တက်ပြီး ချင်းလင်ဓာတ်ခွဲခန်း၏လှုပ်ရှားမှုများ၊သတင်းများလိုက်ဖတ်ကြည့်သည်။

ထိုအချိန်တွင် ချင်းလင်စံအိမ်မှတင်ခါစ ဗီဒီယိုအတိုတစ်ပုဒ်ကိုတွေ့လိုက်ရသည်။



ထိုဗီဒီယိုကို ချင်လင်၏ညွှန်ကြားချက်အတိုင်း လင်းလန်ဇီကတင်ထားခြင်းဖြစ်သည်။

ဗီဒီယိုမြင်ပြီး ရှဲ့ယွမ်မျက်လုံးများအရောင်တောက်သွား၏။ ချင်းလင်ဓာတ်ခွဲခန်းကိုဘယ်လိုချဉ်းကပ်ရမလဲ သူစိတ်ပူနေတာလေ။

အခု ချင်းလင်ကုမ္ပဏီက ဒီဗီဒီယိုထွက်လာတော့ ဒါသူ့အတွက်အခွင့်အရေးမလား?

ဗီဒီယိုထဲမှာ ပြည်တွင်းအနိမ့်ဆုံးစျေးနဲ့ပူးပေါင်းနိုင်တယ်လို့ဆိုထားရင်တောင် ဝင်ငွေအများကြီးဖန်တီးနိုင်သေးသည်။ နောက်ပြီး စျေးနှုန်းကိုနိုင်ငံခြားမျိုးစေ့ကုမ္ပဏီများသိနိုင်သည်။

ပြည်တွင်းအနိမ့်စျေးကို ချင်းလင်ကုမ္ပဏီကသတ်မှတ်ရမည်။ ဘာပဲဖြစ်ဖြစ် ချင်းလင်ဓာတ်ခွဲခန်းက နိုင်ငံခြားမျိုးစေ့ကုမ္ပဏီထက်စျေးချပေးရင် အနိမ့်စျေးဟုဆိုနိုင်ပြီ။

အထွက်တိုး၊ စျေးချို၊ တိုက်ရိုက်အုပ်ထားနိုင်!

ရှဲ့ယွမ်က လုံးဝတုံ့ဆိုင်းမနေ။ သူလက်ထောက်ကိုတန်းခေါ်ပြီး ညွှန်ကြားသည်_

"တို့ကုမ္ပဏီအကြောင်းအချက်အလက်တွေပြင်ဆင်ထားလိုက်... ပြီးတော့ တို့ကုမ္ပဏီရဲ့အကျိုးအမြတ်တွေကိုအသေးစိတ်ပါဝါပွိုင့်ပြင်ခိုင်းထားပါ''

"ကောင်းပါပြီ ဒါရိုက်တာရှဲ့!''

အတွင်းရေးမှူးကခေါင်းညိမ့်ပြီး ချက်ချင်းစီစဉ်ရန်ထွက်သွားသည်။

တစ်ဖက်တွင် ရှဲ့ယွမ်ကချင်းလင်ဓာတ်ခွဲခန်းအကြောင်းနှင့်မျိုးစေ့အထွက်တိုးနည်းပညာအကြောင်းသတင်းဆက်ကြည့်နေသည်။

အခု ချင်းလင်ဓာတ်ခွဲခန်းကိုချဉ်းကပ်ဖို့အခွင့်အရေးရပြီဆိုမှတော့ မပြင်ဆင်ထားဘဲနေမလား?

ရှဲ့ယွမ်သာမဟုတ်။ ပြည်တွင်းမျိုးစေ့ကုမ္ပဏီများ၏သူဌေးအားလုံး ချင်းလင်စံအိမ်တရားဝင်အကောင့်မှတင်သောဗီဒီယိုအသစ်ကိုမြင်ပြီး စိတ်လှုပ်ရှားကုန်သည်။

ဒီအခွင့်အရေးကို ဘယ်သူမဆိုတွေ့နိုင်သည်။ ချင်းလင်ဓာတ်ခွဲခန်းကအထောက်အပံ့ရသရွေ့ နိုင်ငံခြားမျိုးစေ့စျေးကွက်ကိုချုပ်ကိုင်ပြီး ကုမ္ပဏီတိုးတက်အောင်လုပ်နိုင်သည်။

ဒီတော့ ဘယ်နည်းနဲ့​ဖြစ်ဖြစ် သူတို့ကုမ္ပဏီရှယ်ယာဆုံးရင်တောင် ချင်းလင်ဓာတ်ခွဲခန်းနဲ့ပူးပေါင်းရမှဖြစ်မည်။

ချင်းလင်စံအိမ်တရားဝင်အကောင့်မှဗီဒီယိုထွက်လာတာ ပြည်သူများအဖို့တော့ သိပ်အံ့ဩစရာမဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် သူတို့က ချင်းလင်ဓာတ်ခွဲခန်းနဲ့ပါမောက္ခလီခိုင်ကိုအမြဲယုံကြည်ထားသည်။

နည်းပညာအကြောင်းသိပြီးကတည်းက နိုင်ငံခြားမျိုးစေ့ထက်ပိုကောင်းမှန်းသာသိသည်။သူတို့အဖို့တော့ နိုင်ငံခြားမျိုးစေ့ထက်ပိုသာရင်ရပြီ။

သို့ရာတွင် တရားဝင်တက်လာသောသတင်းတစ်ပုဒ်ကိုအားလုံးအာရုံစိုက်မိကြသည်။

ထိုသတင်းက ဝန်ကြီးလုစီစဉ်ထားသော ပါမောက္ခလီခိုင်၏သုတေသနအချက်အလက်အပါအဝင် ချင်းလင်ဓာတ်ခွဲခန်းနှင့်မျိုးစေ့နည်းပညာအကြောင်းဖြစ်သည်။



All Chapters