ဂျိုကာရှောင်ချင်! ၂
Vol. 62 Ch. 927
ထို့ကြောင့် အာရုံမစိုက်ဘဲမနေနိုင်။ ပါမောက္ခလီခိုင်၏သုတေသနဖြစ်နေသည်။
သို့ရာတွင် စိတ်ဝင်စားစရာအကောင်းဆုံးက အချက်အလက်မဟုတ်၊ သုတေသနနာမည်ပင်။
ဒီမတိုင်ခင် ပါမောက္ခလီခိုင်က သီးနှံသုတေသနအပိုင်းမှာ ပြည်သူအသိအမှတ်ပြုထားသောဉာဏ်ကြီးရှင်မှန်း အားလုံးသိကြသည်။ သူတစ်ခုခုဖန်တီးလိုက်တိုင်း အံ့ဩစရာချည်း။
ဒါပေမဲ့ ဒီတစ်ခါမတူ။ ပါမောက္ခလီခိုင်ရဲ့သုတေသနအပြင် တခြားလူနာမည်များပါနေသည်။
လူတိုင်းက ထိုနာမည်များကိုစိတ်ဝင်စားနေကြ၏။
သိပ္ပံသုတေသနစမ်းသပ်ချက်များကို တစ်ယောက်တည်းမလုပ်နိုင်မှန်း လူတိုင်းသိကြသည်။ ဘာပဲဖြစ်ဖြစ် လူတိုင်းကပါမောက္ခလီခိုင်မဟုတ်။
ထို့ကြောင့် သိပ္ပံသုတေသနများကို သုတေသနအဖွဲ့နှင့်လုပ်ရသည်။ သုတေသနပိုကြီးလေလေ ပိုများလေလေပင်။
အခု ဒီနာမည်တွေမြင်မှ ပါမောက္ခလီခိုင်လိုစွမ်းတဲ့သူတောင် အကူအညီဘယ်လောက်လိုလဲ သိရတော့သည်။ 'သူရဲကောင်းတစ်ယောက် အကူသုံးယောက်'ဆိုသော သဘောတရားအတိုင်းဖြစ်နိုင်သည်။
ဒီတော့ မျိုးစေ့အထွက်တိုးနည်းပညာကို ဒီလူတွေအကူအညီနဲ့အပြီးသတ်ခဲ့လိမ့်မည်။
ပါမောက္ခလီခိုင်ရဲ့အဖွဲ့ဝင်ဆိုမှတော့ ဒီလူတွေမှာအရည်အချင်းရှိတာပြောစရာမလို။ မဟုတ်ရင် ပါမောက္ခလီခိုင်ရဲ့အကူဖြစ်နိုင်မည်မထင်။
ရုတ်ချည်းဆိုသလို ပါမောက္ခလီခိုင်၏သုတေသနလက်ထောက်များနာမည်ကြီးလာပြီး လူစိတ်ဝင်စားခံရသည်။
လက်ထောက်များကမူ ရှက်ကိုးရှက်ကန်းဖြစ်နေကြ၏။
ဘာပဲဖြစ်ဖြစ် ဒီနည်းပညာမှာ သူတို့ဘာမှမဘာလိုက်ရ။ အခုချီးကျူးခံနေရတော့ သူတို့စိတ်မလုံနိုင်ပေ။

ဒါကြောင့်လည်း ရှေ့လျှောက် ပါမောက္ခလီခိုင်ရဲ့သုတေသနတွေမှာတတ်စွမ်းသမျှအားထုတ်မည်ဟု တိတ်တိတ်လေးသစ္စာဆိုလိုက်ကြသည်။
'မျက်နှာသာပြန်ပေးရတယ်'၊ 'ကျေးဇူးသိတတ်ရတယ်' ဆိုသောစကားများကို သူတို့နားလည်သည်။
ဒီလူတွေအပြင် နာမည်တစ်ခုကပိုပေါက်လာသည်။
ချင်လင်!
နောက်ပြီး ဗီဒီယိုတစ်ပုဒ်နှင့် ချင်လင်နာမည်က အင်တာနက်တစ်ခုလုံးပေါက်သွားသည်။
အစကသတိမထားမိသော်လည်း နောက်ပိုင်း ချင်လင်ဆိုသောနာမည်ကိုသိနေသလိုလိုခံစားရသည်။ စပ်စုကြည့်တော့မှ ချင်လင်က ချင်းလင်စံအိမ်ရဲ့အင်တာနက်ဆယ်လီရှောင်ချင်မလား? ရှောင်ချင်ဆိုတာ ချင်လင်ကိုခေါ်တာပဲ!
ဗီဒီယိုထွက်လာပြီး အတော်များများရုတ်ရုတ်သဲသဲဖြစ်သွားသည်။ အမှန်ပင်။
အင်တာနက်ဆယ်လီရှောင်ချင်က ချင်လင်။ အခု ချင်လင်က ပါမောက္ခလီခိုင်ရဲ့အဖွဲ့ထဲမှာ။
ချင်းလင်ကုမ္ပဏီမှာ ချင်လင်ဆိုတဲ့နာမည်နဲ့နှစ်ယောက်မရှိနိုင်ဘူးမလား?
ဒါပေမဲ့ ချင်းလင်စံအိမ်ရဲ့အင်တာနက်ဆယ်လီရှောင်ချင်က မြင်းထိန်းသမား။ သူ့ရဲ့မြင်းစီးပုံနဲ့ခန့်ညားမှုကြောင့် အားလုံးကဂန္တဝင်တစ်ဦးလိုသတ်မှတ်ထားကြသည်။
ဒါရိုက်တာများက ရှောင်ချင်ကိုခေါ်ပြီး မြင်းစီးဗီဒီယိုရိုက်ချင်သော်လည်း သူကလုံးဝမသွား။
ချင်လင်က ပါမောက္ခလီခိုင်အဖွဲ့ထဲကဆိုတော့ သိပ္ပံသုတေသနသမားပေါ့။ မျိုးစေ့အထွက်တိုးနည်းပညာမှာ သူအကြီးအကျယ်အားထုတ်ခဲ့တာဖြစ်မယ်။
စာတော်တဲ့သူက စာတော်၊ သိုင်းတော်တဲ့သူက သိုင်းတော်။ သူတို့က တစ်ယောက်တည်းမဖြစ်နိုင်။

စာလည်းတော် သိုင်းလည်းတော်၊ ဒီလူတစ်ယောက်တည်းဆိုရင်တော့ သူ့အကြောင်းမပြောဘဲမနေနိုင်။ ထို့ကြောင့် အင်တာနက်ပေါ်တွင် ချင်လင်အကြောင်းစကားသံများက ဆက်လက်အရှိန်တက်လာသည်။
ထိုအသံများကြောင့် ချင်လင်စိတ်ပျက်လက်ပျက်ဖြစ်နေသည်။ ဘာပဲဖြစ်ဖြစ် သူကသိုသိုသိပ်သိပ်နေချင်တဲ့သူ။ အခု ဘာတွေဖြစ်နေတာလဲ?
သို့ရာတွင် ကသိကအောက်ဖြစ်စရာပေါ်လာပြန်၏။ သူ့ကိုနှောင့်ယှက်ချင်သူရှိနေသည်။ အင်တာနက်ပေါ်တွင် ဗီဒီယိုတစ်ပုဒ်တန်းတက်လာသည်:
"ချင်းလင်ဓာတ်ခွဲခန်းရဲ့ချင်လင်က ချင်းလင်စံအိမ်ရဲ့အင်တာနက်ဆယ်လီရှောင်ချင်ပဲ!''
ဗီဒီယိုထွက်လာပြီး အားလုံးကြောင်သွားသည်။
ဒါအမှန်ပဲလား?
ချင်လင်ကဗီဒီယိုမြင်ပြီး ဆဲချင်သွားသည်။ သို့ရာတွင် ချင်းလင်ဓာတ်ခွဲခန်းတရားဝင်အကောင့်မှတင်သောဗီဒီယိုကိုတွေ့သောအခါ စိတ်မထိန်းနိုင်တော့။
ဒါ အစ်ကိုလီလုပ်တာဖြစ်မယ်။
အင်တာနက်ပေါ်မှလူများကလည်း ချင်းလင်ဓာတ်ခွဲခန်းတရားဝင်အကောင့်မှတင်သောဗီဒီယိုကိုကြည့်ပြီး ချင်လင်နှစ်ယောက်က တစ်ယောက်တည်းဖြစ်မည်ဆိုသောသတင်းကိုအမှန်ထင်ကြတော့သည်။
ဘုရားရေ!
ပြည်သူအတော်များများ အလန့်တကြားဖြစ်သွားသည်။
ဒါဆို စာတော်တဲ့သူနဲ့သိုင်းတော်တဲ့သူက နှစ်ယောက်မဟုတ်ဘဲ တစ်ယောက်တည်းပေါ့။

ပြီးတော့ ရှောင်ချင်က ချောပါတယ်ဆို။ သူနဲ့သက်တူရွယ်တူတွေ ဘယ်လိုနေကြပါလိမ့်?
တခဏချင်း ဗီဒီယိုကပေါက်သွားပြီး မှတ်ချက်များပလူပျံနေသည်။
"အဲဒါ တောင့်တောင့်ဖြောင့်ဖြောင့်လူငယ်တွေထက်ပိုမကောင်းဘူးလား?''
"ကိုယ်ခံပညာမှာ မြင်းစီးပြီး လှံကိုင်နိုင်တယ်... မြင်းပေါ်ကဆင်းရင် ပညာပိုင်းမှာ သုတေသနလုပ်နိုင်တယ်! ဒီချင်လင်က ငါ့ထက်နည်းနည်းတော်တာ ဝန်ခံတယ်ကွာ!''
"ငါ့အသက်အရွယ်မှာလေးစားတာဆိုရင် ချင်လင်လည်းပါတယ်''
"အဲဒါကြောင့် ရှောင်ချင်က သူ့မျက်နှာမပြချင်တာကိုး... အင်တာနက်ဆယ်လီက သူ့ရဲ့အရံအလုပ်ပဲ''
"ဟား ဟား... အင်တာနက်ဆယ်လီဖြစ်ချင်တဲ့သူတွေ ဒေါသထွက်ပြီးသေကြမလား? သုတေသနသမားက တစ်ခါတလေမျက်နှာထွက်ပြပြီး အင်တာနက်ဆယ်လီဖြစ်သတဲ့''
"……"
အင်တာနက်ပေါ်တွင် ချင်လင်နာမည်ကြီးနေသည်။ ချင်းလင်ဓာတ်ခွဲခန်းတွင်မူ လီခိုင်က သတင်းများဖတ်ပြီး ပြုံးရွှင်နေသည်။
လူတွေနောက်မှာ ဒီလိုလေးပုန်းနေရတာ ကောင်းလိုက်တာ။
နောက်ဆုံးတော့ အရင်ကလိုတစ်ယောက်တည်း နာမည်ကြီးပြီး အပြစ်ရှိသလိုမခံစားရတော့။ ညီလေးချင်ကရှေ့ရောက်ပြီး လူစိတ်ဝင်စားခံနေရတာ ကောင်းချက်။
အပြစ်ရှိသလိုခံစားချက်က ချက်ချင်းပျောက်သွားသည်။
သူကမတ်တပ်ရပ်ပြီး ရင်ဖွင့်လေ့ကျင့်ခန်းများတောင်ထလုပ်လိုက်သည်။ တကယ်နေလို့ကောင်းလိုက်တာ။
လီခိုင်က အူမြူးနေစဉ် တစုံတစ်ယောက်ကတော့ စိတ်မကြည်နိုင်။ သူကပိုပြီး လေးလံနေသည်။ သူက နိုင်ငံခြားမျိုးစေ့ကုမ္ပဏီသူဌေး Barus ပင်။
နောက်ဆုံးသတင်းရပြီး ဗီဒီယိုအစည်းအဝေးထပ်လုပ်သည်။
အစည်းအဝေးတွင် ကုမ္ပဏီသူဌေးများ မျက်နှာမကောင်းကြ။
ချင်းလင်ကုမ္ပဏီက မျိုးစေ့အထွက်တိုးနည်းပညာကိုကြေညာစဉ်က ဖြီးဖြန်းနေသည်ဟုသိထားသည်။
ဒီနည်းက အသုံးမဝင်။
ဒီတစ်ခါ ချင်းလင်ကုမ္ပဏီတင်မဟုတ်။ သူတို့တရားဝင်ဝဘ်ဆိုဒ်မှာပါဗီဒီယိုတင်ပြီး ကျယ်ကျယ်ပြန့်ပြန့်ကြော်ငြာထားသည်။ ထို့ကြောင့် သူတို့ဝေခွဲမရဖြစ်လာ၏။