ဂျိုကာရှောင်ချင်! ၃
Vol. 62 Ch. 928
တစ်ဖက်က ဒီလောက်အထိဖြီးဖြန်းလာပြီ။ တကယ်မရှိရင် နောက်ဆုံးအရှက်ကွဲမှာပေါ့။ တကယ်ရှိနေရင်လည်း သူတို့ဒုက္ခရောက်ပြီ။
"တို့ထက်နှစ်ဆများတဲ့မျိုးစေ့ကို သူတို့တကယ်ထုတ်နိုင်လား?''
"မဖြစ်နိုင်ဘူး... သူတို့ဘယ်လိုလုပ်နိုင်မှာလဲ? ငါတို့သုတေသနမှာတောင် ဒီလောက်မထွက်နိုင်ဘူး''
"ဒါပေမဲ့ သူတို့ဒီလောက်ကြေညာနေပုံအရ ဖြီးနေတာမဟုတ်လောက်ဘူး... ပြီးတော့ ပါမောက္ခလီခိုင်က တကယ်တော်တာ''
"ဟုတ်တယ်... သန့်စင်မြက်ကလည်း သူထုတ်တာ... ပြီးတော့ သူကမျိုးစိတ်မူပိုင်ခွင့်လျှောက်ထားတယ်လို့လည်း သတင်းရတယ်''
"ဒီလိုနည်းပညာရှိရုံနဲ့ မျိုးစိတ်မူပိုင်ခွင့်လျှောက်စရာတော့မလိုဘူး... ဖြီးလုံးထုတ်တာဖြစ်မယ်... ဒီလိုနည်းပညာမျိုးသာရှိရင် လန့်စရာပဲ''
"Barus မင်းငြိမ်နေလို့မရဘူး... အဲလိုသာဖြစ်ခဲ့ရင် ငါတို့စိတ်ကိုမင်းသိတယ်နော်''
"ဟုတ်တယ်... တိတိကျကျအခြေအနေကိုငါတို့သိဖို့လိုတယ်... လက်ပိုက်ကြည့်နေလို့မရဘူး''
Barus က ခြိမ်းခြောက်ခံရသောကြောင့် မျက်နှာပိုပျက်သွားသည်။ သူကအသက်ပြင်းပြင်းသာရှူလိုက်ပြီး_
"မျိုးစေ့ကုမ္ပဏီတွေက ချင်းလင်ဓာတ်ခွဲခန်းနဲ့ သွားပူးပေါင်းကြမှာမလား? ဒီသတင်းဟုတ်မဟုတ်အတည်ပြုရအောင် လူလွှတ်ပြီးအကူအညီတောင်းလိုက်ပါမယ်''
Barus ကပြောရင်းဆိုရင်း ဖုန်းထုတ်ပြီး နံပါတ်တစ်ခုကိုဆက်လိုက်သည်။

သူတို့နိုင်ငံမှာမျိုးစေ့ကုမ္ပဏီတွေအများကြီး။ လောဘကြီးတတ်တဲ့ကုမ္ပဏီတစ်ခုနှစ်ခုလောက်ရှာဖို့က မခက်။
မျက်စိတစ်မှိတ်အတွင်း ရက်ပိုင်းကုန်လွန်သွားသည်။
ရုံချန်းကျုံးမင်ဟိုတယ်မှာ ပျားပန်းခတ်နေပြန်သည်။ ဒီတစ်ခါ ပြည်တွင်းမျိုးစေ့ကုမ္ပဏီကလူများ စုဝေးနေကြသည်။
ပြည်တွင်းမျိုးစေ့ကုမ္ပဏီ ၅၀၀၀ ကျော်ရှိသည်။ ချင်းလင်စံအိမ်တရားဝင်အကောင့်ကကြေညာချက်ဗီဒီယိုတွေ့ပြီး ချင်းလင်ဓာတ်ခွဲခန်းကိုမျက်နှာချိုသွေးတဲ့သူတွေ ဘယ်လောက်များရှိလိုက်မလဲ?
သို့ရာတွင် သူတို့မလာခင် ချင်းလင်ဓာတ်ခွဲခန်းက ထိပ်တန်းမျိုးစေ့ကုမ္ပဏီတချို့အားစုံစမ်းထားသည်ကို သူတို့မသိကြ။
ထိုကုမ္ပဏီများ၏လျှောက်လွှာကို ချင်းလင်ဓာတ်ခွဲခန်းကပြန်လည်ဆန်းစစ်ထားသည်။ ပြန်လည်ဆန်းစစ်ရခြင်းမှာ အရည်အသွေးကောင်းသောကုမ္ပဏီတစ်ခုနှစ်ခုရှာဖို့ပင်။ ပြီးရင် လေ့လာသုံးသပ်နိုင်သည်။
ထိပ်တန်းမျိုးစေ့ကုမ္ပဏီအားလုံးကိုတော့ မရှာနိုင်။
လေ့လာဆန်းစစ်သောကုမ္ပဏီများတွင် ရှဲ့ယွမ်၏ထျန်းဖန်မျိုးစေ့ကုမ္ပဏီလည်းပါသည်။ သူတို့ကို ချင်းလင်ဓာတ်ခွဲခန်းမှလူများက ချင်းလင်စံအိမ်ခေါ်လာသည်။
လက်ခံကြိုဆိုသူက ချင်းလင်ဓာတ်ခွဲခန်းမှရှန်လီပင်။ ရှဲ့ယွမ်တို့လာသောအခါ ချင်းလင်ဓာတ်ခွဲခန်းအခြေအနေကိုသိထားကြသည်။ ရှန်လီဘယ်သူမှန်းသိသောကြောင့် တလေးတစားဆက်ဆံကြ၏။
အခု သူတို့အသိချင်ဆုံးက မျိုးစေ့တွေမှာဒီလောက်အထွက်နှုန်း အမှန်တကယ်ရှိမရှိပင်။

သို့သော် မမေးရဲ။ မေးရင် မသင်္ကာသည်နှင့်အတူတူပင်။ ကိုယ့်ကိုယ်ကိုယ်သေကြောင်းရှာသလိုဖြစ်မှာမလား?
ဒီလူတွေဘာတွေးနေလဲ ရှန်လီသိသည်။ မျိုးစေ့ကုမ္ပဏီသူဌေးများကိုကြိုဆိုပြီး ချင်းလင်စံအိမ်စိုက်ခင်းနေရာကိုတန်းခေါ်သွားလိုက်သည်။
မျိုးစေ့အထွက်နှုန်းအကြောင်းပြောပြဖို့အကောင်းဆုံးနည်းက သူတို့မျက်စိနဲ့တပ်အပ်မြင်စေခြင်းပင်။
ပြီးတော့ မန်နေဂျာယွီက အခု သီးနှံတစ်မျိုးမှည့်ပြီဟုဆိုသည်။
မျိုးစေ့လုပ်ငန်းလုပ်သူများဖြစ်၍ မျိုးစေ့အထွက်နှုန်းအကြောင်း ကောင်းကောင်းသိကြသည်။ မျိုးစေ့ရိတ်သိမ်းသည်နှင့် အထွက်နှုန်းကိုအကြမ်းဖျင်းသိနိုင်သည်။
ထိုလူများကိုစိုက်ခင်းနေရာခေါ်ပြစဉ် မျိုးစေ့ကုမ္ပဏီသူဌေးတစ်ယောက်က အမှတ်တမဲ့သူ့အဝတ်အစားလှစ်လိုက်သည်ကို ရှန်လီမသိလိုက်။ သူ့အင်္ကျီထဲတွင် လျှို့ဝှက်ကင်မရာပါသည်!
တချိန်တည်းမှာ Barus က နိုင်ငံခြားမျိုးစေ့ကုမ္ပဏီသူဌေးများနှင့် ဗီဒီယိုအစည်းအဝေးလုပ်နေသည်။
သူတို့ရှေ့တွင် စံအိမ်ရှုခင်းတစ်နေရာကို live လွှင့်ထားသည်။
Barus တို့ကဗီဒီယိုကြည့်ရင်း မှုန်ကုပ်နေကြ၏။
"ကြည့်ရတာ အဲလိုမျိုးစေ့တကယ်ရှိပုံပဲ!''
"မဟုတ်ဘူး... ဖြီးနေတာ... အဲဒါ တို့မြင်အောင်...''
"ငါတို့ကြည့်နေတာ သူတို့မှမသိဘဲ... သူတို့မှာသာ အဲလိုမျိုးစေ့မျိုးတကယ်ရှိရင်...''
အားလုံးက Barus ကို ရန်လိုကြည့်နှင့်ကြည့်လိုက်ကြသည်။
Barus က လောလောနှင့်_
"မပူပါနဲ့... သူတို့မှာ အဲလိုမျိုးစေ့လုံးဝမရှိဘူး... ဟန်လုပ်နေတာ... မနက်ဖြန် သူတို့က 'ချင်းလင်ဓာတ်ခွဲခန်းမှာ ဒီလိုမျိုးစေ့ရှိတယ်.. ဒီကုမ္ပဏီတွေနဲ့ပူးပေါင်းလိုက်ပါပြီ'ဆိုပြီး သတင်းတင်မှာ... အဲဒါဆို ကျွန်တော်တို့လက်လျှော့သွားမယ်လို့ထင်နေတာ''