ငါတော့သွားပြီ!
Vol. 62 Ch. 929
ဒီတစ်ခါ Barus စကားကို နိုင်ငံခြားမျိုးစေ့ကုမ္ပဏီသူဌေးတွေက သဘောမတူတော့။
တွေးကြည့်လေလေ တစ်ဖက်မှာ မျိုးစေ့အထွက်တိုးနည်းပညာရှိသည်ဟုထင်လေလေ။ အဲဒါထက် တကယ်ရှိမှာသူတို့ကြောက်နေကြသည်။
သူတို့က Barus နှင့်မတူ။ Barus အဖို့ ဒီကိစ္စက နိုင်ငံရေးရှုံးနိမ့်မှုသာဖြစ်သော်လည်း သူတို့အတွက်မူ သူတို့မျိုးစေ့ကုမ္ပဏီ၏မြောက်မြားစွာသောအကျိုးအမြတ်နှင့်ဆက်စပ်နေသည်။
"မပူပါနဲ့... သေချာပေါက်ဟန်ပြပါ''
Barus က အခိုင်အမာပြောသည်။
"ပြီးတော့ သူတို့ဟန်လုပ်နေတာကိုဗီဒီယိုရိုက်ပြီး အင်တာနက်ပေါ်တင်လိုက်ရင် သူတို့အရှက်ကွဲရုံမကဘူး... ညှိနှိုင်းရေးမှာလည်း ပြောရေးဆိုခွင့်ဆုံးရှုံးဦးမယ်''
သို့ရာတွင် ချန်တပေနှင့်ခေါင်းဆောင်ဟုန်က ချင်လင်နှင့်မာဟုန်ကိုကြိုဆိုရန် ချင်းလင်စံအိမ်လုံခြုံရေးအခန်းထဲရောက်နေသည်ကို Barus မသိချေ။
တော်ဝင်ပညာရှင်ကျူးတို့ပြန်သွားသော်လည်း မာဟုန်ကိုပြန်မလွှတ်ခြင်းမှာ ဝန်ကြီးလုက တခြားတော်ဝင်ပညာရှင်များထပ်လွှတ်ရန်စီစဉ်ထားသည့်သဘောပင်။
ချင်လင်က လုံခြုံရေးခန်းထဲဝင်ဝင်ချင်းမေးသည်_
"သေချာလား? သူတို့က ချင်းလင်ဓာတ်ခွဲခန်းကလား?''
"ဟုတ်ပါတယ်''
ခေါင်းဆောင်ဟုန်ကရှင်းပြသည်_
"အချက်ပြက အဲဒီလူအုပ်ထဲကထွက်လာတာ''
သတို့သမီးခန်းထဲတွင် ကင်မရာတပ်ဖို့လွယ်သောကြောင့် ချင်းလင်စံအိမ်က စမ်းသပ်ကိရိယာအများကြီးဝယ်ထားပြီး လုံခြုံရေးအစောင့်တိုင်း၏ကိုယ်မှာဆောင်ထားသည်။
အရင်တစ်ခါ အလှအပဘဲဖမ်းရန် သတို့သမီးခန်းတွင်လျှို့ဝှက်ကင်မရာခိုးတပ်သူကို နောက်ဆုံး လက်ပူးလက်ကြပ်မိခဲ့သည်။
ဘယ်သူမဆို ချင်းလင်စံအိမ်ထဲလျှို့ဝှက်ပစ္စည်းယူလာရင် အဖမ်းခံရလိမ့်မည်။
လုံခြုံရေးအစောင့်များမှာ ဖမ်းဆီးခွင့်မရှိသောကြောင့် ခေါင်းဆောင်ဟုန်တို့ကိုသာတင်ပြရသည်။
သို့ရာတွင် ဒီတစ်ခေါက်အခြေအနေက နည်းနည်းထူးခြားသည်။
လုံခြုံရေးအစောင့်က လျှို့ဝှက်ကင်မရာတွေ့သည်။ သို့သော် ချင်းလင်ဓာတ်ခွဲခန်းကဖြစ်နေ၍ ချင်းလင်ဓာတ်ခွဲခန်းက တစ်ယောက်ယောက်လား၊ ဒါမှမဟုတ် ဥက္ကဌရှန်အထူးစီစဉ်ထားတာလား သူမသိသောကြောင့် ခေါင်းဆောင်ဟုန်ကိုအစီရင်ခံထားသည်။

သို့ဖြစ်၍ ဥက္ကဌချင်ကိုလာဖို့အသိပေးရသည်။
ရှန်လီမှာဒီလိုအစီအစဉ်မရှိမှန်း ချင်လင်သိသည်။ ဒီတော့ မျိုးစေ့ကုမ္ပဏီသူဌေးများထဲကသာဖြစ်ရမည်။
ဖြစ်နိုင်ခြေနှစ်ခုရှိသည်။
တစ်ခုက သူဌေးကိုယ်တိုင်က ရည်ရွယ်ချက်ရှိရှိယူလာခြင်းဖြစ်ပြီး နောက်တစ်ခုက ဒီနေရာအကြောင်း သူများတွေသိအောင်လုပ်ခြင်းပင်။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒါစည်းမျဉ်းဖောက်ဖျက်မှု၊ စီးပွားရေးသူလျှိုလုပ်မှုမြောက်သည်။
ထို့ကြောင့် ချင်လင်ကသတင်းရရချင်း မာဟုန်ကိုခေါ်လာခဲ့သည်။ ဒီကိစ္စ နိုင်ငံခြားကုမ္ပဏီတွေနှင့်ဆက်စပ်နေမည်ဟုသူထင်သည်။
သူတို့ကမျိုးစေ့အထွက်တိုးနည်းပညာရှိကြောင်းသတင်းလွှင့်လိုက်ရင် တကယ်ဟုတ်မဟုတ်ဆန်းစစ်ရန် နည်းလမ်းရှာကြလိမ့်မည်။ သူတို့က ခြောက်လုံးလှန့်လုံးထုတ်သည်ဟုတောင် ထင်ချင်ထင်နိုင်သည်။
"သူဌေးချင်... အရင်ဆုံး သူ့ကိုထိန်းသိမ်းလိုက်ရမလား?''
ခေါင်းဆောင်ဟုန်ကတန်းမေးသည်။
ချင်လင်ကခေါင်းခါပြီး_
"အခု မလိုသေးဘူး... ရှန်လီအလုပ်ပြီးတဲ့အထိစောင့်မယ်''
တစ်ဖက်လူရဲ့ရည်ရွယ်ချက်က မျိုးစေ့အထွက်နှုန်းတိုးတာ တကယ်ဟုတ်မဟုတ်အဖြေရှာဖို့။
ဒီတော့ ကြည့်ပါစေပေါ့။
နိုင်ငံခြားမျိုးစေ့ကုမ္ပဏီတွေနဲ့တကယ်ဆက်စပ်နေရင် အမှန်ဖြစ်ကြောင်း၊ သူတို့ဒုက္ခရောက်တော့မည်ဖြစ်ကြောင်း အသိပေးလိုက်သလိုပင်။
ချင်လင်ကညွှန်ကြားထား၍ ဘယ်သူမှမလှုပ်။ လောလောဆယ်မလှုပ်ရှားသော်လည်း စပြင်ဆင်ထားရမည်။ ဥက္ကဌရှန်ကိစ္စပြီးသည်နှင့် သူတို့လှုပ်ရှားရမည်။
တစ်ဖက်တွင် ရှန်လီကလည်း ရှဲ့ယွမ်နှင့်မျိုးစေ့ကုမ္ပဏီသူဌေးများကို စိုက်ခင်းထဲခေါ်သွားသည်။
စိုက်ခင်းထဲရောက်သောအခါ အကန့်အသတ်မရှိ၊စိမ်းစိုနေသောသီးနှံစိုက်ခင်းများကို ရှဲ့ယွမ်တို့ကပတ်ပတ်လည်လှည့်ကြည့်ကြသည်။

မျိုးစေ့လုပ်ငန်းလုပ်နေသူများဖြစ်၍ သီးနှံအကြောင်းသိကြသည်။ ဒီသီးနှံတွေရဲ့ပုံစံနဲ့အရွက်တွေက လုံးဝပုံမှန်မဟုတ်။
ဒါအထွက်တိုးသီးနှံမျိုးစေ့ဖြစ်မည်ဟု ခန့်မှန်းမိကြသည်။
မဟုတ်ရင် ဥက္ကဌရှန်က ဒီခေါ်လာမည်မဟုတ်ပေ။
ထင်တဲ့အတိုင်း ရှန်လီက_
"ဟုတ်ပါပြီ အားလုံးပဲ... ဒီနေ့ ခင်ဗျားတို့ကိုဒီစိုက်ခင်းထဲခေါ်လာရတဲ့ရည်ရွယ်ချက်က ကျုပ်တို့မျိုးစေ့အသစ်ရဲ့အထွက်နှုန်းကို သက်သေပြဖို့ပါပဲ... ကျုပ်နောက်လိုက်ခဲ့ပါ''
မြန်မြန်ဆန်ဆန်ပင် ရှဲ့ယွမ်တို့က ရှန်လီနောက်လိုက်သွားကြသည်။ ထိုစိုက်ခင်းထဲတွင် ပဲပင်များအပြည့်။
ပဲက သူတို့နှင့်မစိမ်း။ တွေ့ရအများဆုံးသီးနှံတစ်ခုလည်းဖြစ်သည်။
တစ်ဖက်တွင်_
Barus နှင့်နိုင်ငံခြားမျိုးစေ့ကုမ္ပဏီမှလူများလည်း ပဲနှင့်မစိမ်းကြ။ နောက်ပြီး သူတို့ကုမ္ပဏီအားလုံးမှာ ပဲမျိုးရှိသည်။
သူတို့ပဲမျိုးစေ့အထွက်နှုန်းက သူများနိုင်ငံထက် ၁.၇ ဆမြင့်သည်။
တစ်ခါတလေ လိုင်းပေါ်မှလူများက သူတို့နိုင်ငံထုတ်ကုန်ကိုသပိတ်မှောက်ပြီး ပြည်တွင်းဖြစ်ကိုအားပေးဖို့စာတင်နေကြတာ ရယ်ချင်စရာ။
အဲဒီကြွေးကြော်နေသူတွေ နေ့တိုင်းစားတဲ့အစားအစာတွေက တရုတ်ပြည်ကမဟုတ်မှန်း မသိကြချေ။
သို့သော် ဒီတစ်ခါ သူတို့မရယ်နိုင်တော့။ တစ်ခုခုတော့ဖြစ်နေပြီ။ ပဲပင်မှာပြွတ်သိပ်နေတဲ့ပဲတွေက သူတို့အထင်နဲ့လွဲနေသည်။
စိုက်ခင်းထဲတွင် ရှဲ့ယွမ်နှင့်မျိုးစေ့ကုမ္ပဏီသူဌေးများလည်း ပဲများကိုတွေ့သည်။
ပဲပင်တွေမှာ ပဲတွေအများကြီး!
ရှင်းရှင်းလင်းလင်းသိနိုင်သော အရေအတွက်ပင်။
ဥပမာ ကိုယ့်ရှေ့မှာ သဘာဝအလှလေးတစ်ယောက်နဲ့ 3D ပါတဲ့အလှလေးတစ်ယောက် ရှိသည်ဆိုပါစို့။ ဘယ်တစ်ယောက်မှာ ပစ္စည်းပါသလဲ မခွဲတတ်ဘဲနေမလား?
ရှဲ့ယွမ်တို့အံ့ဩနေသောကြောင့် ရှန်လီက_
"အားလုံးပဲ... ဒီပဲတွေရဲ့လက်တွေ့အခြေအနေကို ခင်ဗျားတို့ကိုယ်တိုင်ကြည့်နိုင်ပါတယ်... စိုက်ခင်းအကွာအဝေးနဲ့ပဲပင်တွေကြီးထွားပုံကိုကြည့်ပါ''
ရှဲ့ယွမ်တို့မျိုးစေ့ကုမ္ပဏီသူဌေးများက တုံ့ဆိုင်းမနေဘဲ ချက်ချင်းလူခေါ်ကြသည်။
ပဲပင်တွေအခြေအနေအရ သေချာပေါက် ပဲအထွက်နှုန်းမြင့်သည်။ သို့ရာတွင် တစ်ဧကအထွက်နှုန်းမှာ ပဲတစ်ပင်ချင်းအရေအတွက်နှင့်ဆုံးဖြတ်မရ။ စုစုပေါင်းအထွက်နှုန်းကိုကြည့်ရမည်။