ငါတော့သွားပြီ! ၂
Vol. 62 Ch. 930
ပဲပင်ပေါ်တွင် ပဲအများကြီးရှိသော်လည်း စိုက်သည့်အကွာအဝေးအပေါ်မူတည်သေးသည်။
အကွာအဝေးချင်းတူရင်တော့ ပဲပိုများတာက များတာပေါ့။
နောက်ပြီး ပဲကြီးထွားမှုအပေါ်လည်း မူတည်သေးသည်။ အရင်တစ်ခါ ပဲကုမ္ပဏီတစ်ခုက ပဲမျိုးစေ့တစ်မျိုးကိုသုတေသနလုပ်ခဲ့ဖူးသည်။ ပဲများပြွတ်သိပ်နေလိုက်ပုံက အံ့ဩစရာ။
သို့သော် နောက်ဆုံးတွင် လေဖောင်းဖောင်းနေသောပဲများဖြစ်နေသည်။
တကယ်တော့ ပဲပုံစံသီးနှံများကြီးလာခြင်းဖြစ်ပြီး အထဲတွင်အစေ့သေးသေးလေးသာပါသည်။ အကောင်ကြီးပြီး အသုံးမကျတဲ့လူလိုပဲမလား?
နောက်ပြီး လေဖောင်းပဲအသားက ထုံပြင်းပြင်းနှင့်ဝါးရခက်သည်။ ဘယ်သူမှမစားနိုင်။
ဒါတွေအားလုံးပုံမှန်ဖြစ်ပြီး အထွက်နှုန်းတိုးမှ တိုးသည်ဟုဆိုနိုင်မည်။
ရှဲ့ယွမ်က သူ့နည်းပညာရှင်ကိုခေါ်ပြီး ပဲများစစ်ဆေးခိုင်းသည်။ အရင်ဆုံး စိုက်ခင်းအကွာအဝေးကိုစစ်သည်။
နည်းပညာရှင်ကစစ်ဆေးပြီးနောက် ရှဲ့ယွမ်ကိုအစီရင်ခံသည်_
"ဒါရိုက်တာရှဲ့... ဒီပဲပင်တွေစိုက်ထားတဲ့အကွာအဝေးက ပုံမှန်ပါပဲ... အဲဒါကြောင့် တစ်ဧကမှာစိုက်ပျိုးထားတဲ့ပဲပင်အရေအတွက်က ပုံမှန်အတိုင်းရှိပါတယ်''
"အင်း''
ရှဲ့ယွမ်ကနားထောင်ရင်း ပြုံးရွှင်သွားသည်။
တစ်နည်းပြောရရင် ဒီပဲတွေအထွက်နှုန်းတိုးတာ အကွာအဝေးနှင့်ဘာမှမဆိုင်။ သူကချက်ချင်းရှေ့တိုးပြီး အခြေအနေကိုစစ်ဆေးရန် ပဲနည်းနည်းခူးကာ ခွာကြည့်သည်။
ပဲခွံအတွင်းမှာပဲအပြည့်ပါပြီး အခွံကလည်း ကြွကြွရွရွလတ်ဆတ်သည်။ တစ်ချက်ကြည့်ရုံနှင့် သီးနှံကောင်းများဖြစ်ကြောင်းသိနိုင်သည်။
ထိုအချိန်တွင် တခြားမျိုးစေ့ကုမ္ပဏီများလည်းအဖြေရပြီး အံ့ဩနေကြသည်။
"ဒီပဲတွေက ကြီးထွားနှုန်းတကယ်ကောင်းတာ''
"ဟုတ်တယ်... အကွာအဝေးကပုံမှန်ပဲ... အများကြီးထွက်တာ''
"ချင်းလင်ဓာတ်ခွဲခန်းကပဲတွေ ကောင်းကောင်းဖြစ်တာပဲ... နိုင်ငံခြားမျိုးစေ့ကုမ္ပဏီတွေထက်တောင်ပိုကောင်းတယ်''
"……"
ရှဲ့ယွမ်လိုပင်၊ မျိုးစေ့ကုမ္ပဏီသူဌေးများလည်း ပျော်ရွှင်မှုကိုမဖုံးနိုင်မဖိနိုင်။
အခု တကယ့်ပဲအထွက်နှုန်းစာရင်းကိုသာကြည့်ရတော့မည်။ တခြားအပိုင်းမှာပြောစရာမရှိ။ ပဲတွေဖြစ်နေပုံကိုကြည့်ရင် အထွက်နှုန်းက နိုင်ငံခြားမျိုးစေ့ထက် သေချာပေါက်ပိုများမည်။
ဘာပဲဖြစ်ဖြစ် နိုင်ငံခြားပဲအထွက်နှုန်းကို သူတို့တစ်ကြိမ်မကကြည့်ခဲ့ဖူးသည်။

ထိုအချိန်တွင်_
လျှို့ဝှက်ကင်မရာဆောင်ထားသောသူဌေးက သူ့လက်ထဲမှပဲများကိုမြင်အောင် ကင်မရာထောင့်ကိုချိန်လိုက်သည်။
သူ့ကြည့်ရတာ နည်းနည်းစိတ်လှုပ်ရှားနေပုံနှင့်...
ဘာပဲဖြစ်ဖြစ် သူလုပ်နေတာ သူသိသည်။ ဒါပေမဲ့ သူဘာတတ်နိုင်မလဲ? သူ့သမီးက နိုင်ငံခြားမှာလေ့လာနေတာ။ သူ့ကိုယ်ပိုင်ကုမ္ပဏီတောင် ထောင်ထားပြီ။
သူ့သမီးကုမ္ပဏီက သူ့ကုမ္ပဏီခွဲထက်ပိုပြီးအလုပ်ဖြစ်နေသည်။ ဟိုလူတွေက သူဒါလုပ်ပေးရင် သူ့သမီးကုမ္ပဏီထဲအရင်းအနှီးထည့်ပေးမည်ဟုပြောသည်။
US ဒေါ်လာရတာ မကောင်းဘူးလား?
Barus နှင့်မျိုးစေ့ကုမ္ပဏီသူဌေးများလည်း ပဲပင်များကြီးထွားပုံကိုမြင်ရသည်။
သူတို့မျက်နှာပျက်နေကြ၏။
အားလုံးက သူတို့မလိုလားတဲ့ဘက် ဦးတည်နေပြီ။
…
စိုက်ခင်းထဲတွင် ရှန်လီလည်းပြုံးပြီးမေးလိုက်သည်_
"အားလုံးပဲ... စစ်ဆေးကြည့်တာ အခြေအနေဘယ်လိုရှိလဲ?''
"ဥက္ကဌရှန်... ခင်ဗျားရဲ့ပဲတွေက ကောင်းကောင်းဖြစ်နေတာ... အနှံအပြည့်ပဲ''
ရှဲ့ယွမ်က လောလောနှင့်ပြောသည်။
တခြားမျိုးစေ့ကုမ္ပဏီသူဌေးများကလည်း သံယောင်လိုက်သည်။
အခု ပဲအထွက်နှုန်းသိရရင် တိတိကျကျအဆုံးအဖြတ်ပေးနိုင်ပြီ။ နောက်ပြီး ပဲအထွက်နှုန်းသေချာပေါက်မြင့်မှာ သံသယဖြစ်စရာမရှိပေ။
တစ်နည်းပြောရရင် ချင်းလင်ရဲ့သုတေသနမှာ အမြီးဆွဲလိုက်နိုင်ရင် သူတို့ကုမ္ပဏီကိုကယ်တင်နိုင်ပြီ။
အကြောင်းရင်းက ရှင်းပါသည်။ ချင်းလင်ရဲ့သုတေသနနည်းပညာက ဒီလိုပဲမျိုးထုတ်နိုင်ရင် နောက်ထပ်မျိုးစေ့တွေလည်းထုတ်နိုင်ဦးမည်။
ဒီမျိုးစေ့တွေနဲ့ဆို နိုင်ငံခြားမျိုးစေ့ကုမ္ပဏီတွေဆီကစျေးကွက်ကိုပြန်လုနိုင်ပြီ။ ချင်းလင်ဓာတ်ခွဲခန်းက မျိုးစေ့ကိုလက်ဝါးကြီးမအုပ်ထားသရွေ့ ဒီမျိုးစေ့တွေကိုနိုင်ငံခြားတင်ပို့ပြီး မျိုးစေ့ကုမ္ပဏီစျေးကွက်ကိုချုပ်ကိုင်နိုင်ပြီ။
မျိုးချစ်စိတ်ရှိတဲ့သူတို့ပြည်သူတွေတောင် မျိုးစေ့အထွက်နှုန်းကြောင့် နိုင်ငံခြားမျိုးစေ့ကိုရွေးကြတာ၊ အရင်းရှင်ပြည်သူတွေဆိုမပြောနှင့်တော့။
အခုတော့ ချင်းလင်ဓာတ်ခွဲခန်းက နိုင်ငံခြားမျိုးစေ့ကုမ္ပဏီကိုလက်ဝါးကြီးအုပ်မအုပ်သာ မေးစရာရှိသည်။

"မန်နေဂျာယွီ''
ရှန်လီက ယွီရွှေ့ကိုလှမ်းခေါ်ပြီး_
"လူခေါ်ပြီး ဒီပဲတွေခူးပါ... ပြီးရင် အားလုံးရှေ့မှာ တစ်ဧကအထွက်နှုန်းတွက်ပြလိုက်ပါ''
"ကောင်းပါပြီ ဥက္ကဌရှန်''
ယွီရွှေ့ကခေါင်းညိမ့်ပြီး စိုက်ပျိုးရေးဌာနဝန်ထမ်းများနှင့်အမြန်အလုပ်စသည်။
ရှဲ့ယွမ်တို့မျိုးစေ့ကုမ္ပဏီသူဌေးများကလည်း အာရုံစိုက်ထားကြ၏။
ဒါ သူတို့အသိချင်ဆုံးကိစ္စ။ အခု သူတို့မျက်စိနှင့်ကိုယ်တိုင်ကြည့်ပြီး ချင်းလင်ဓာတ်ခွဲခန်းကလုပ်ကြံထားခြင်းမဟုတ်ကြောင်းအတည်ပြုနိုင်သည်။ ဒီအထွက်နှုန်းက အမှန်ဆုံးပင်။
တချိန်တည်းမှာ Barus တို့ကလည်း ထိုမြင်ကွင်းကိုလျှို့ဝှက်ကင်မရာမှကြည့်ပြီး တုန်လှုပ်နေကြသည်။
ရလဒ်ကိုခန့်မှန်းမိပြီးဖြစ်သော်လည်း ပဉ္စလက်ဆန်ဆန်မျှော်လင့်နေသေးသည်။
မြန်မြန်ဆန်ဆန်ပင် ယွီရွှေ့ဘက်က တစ်ဧကအထွက်နှုန်းကိုတွက်ချက်ပြီး ရှန်လီနှင့်ရှဲ့ယွမ်တို့အား_
"ပဲတစ်ဧကအထွက်နှုန်းရပါပြီ... ၁၃၆၀၀ ကတ်တီပါ''
တကယ့်တစ်ဧကပဲအထွက်နှုန်းမဟုတ်သော်လည်း အချိုးကျတွက်ထားသည်။ အတိအကျပမာဏက မမှားနိုင်။
ထိုအထွက်နှုန်းကြောင့် ရှဲ့ယွမ်တို့ပါးစပ်အဟောင်းသားဖြစ်သွားသည်။
ဒါနိုင်ငံခြားမျိုးစေ့ရဲ့နှစ်ဆပဲ။
ချင်းလင်ဓာတ်ခွဲခန်းမှကြေညာထားသောသတင်းကို လုံးဝအတည်ပြုလိုက်ပြီ။
ထိုအချိန်တွင် ရှဲ့ယွမ်တို့မှာပြုံးရွှင်နေကြသည်။ ချင်းလင်ဓာတ်ခွဲခန်းနှင့်ပူးပေါင်းခွင့်ရသောကြောင့်ပင်။ ချင်းလင်ဓာတ်ခွဲခန်းနောက်က အင်္ကျီစဆွဲပြီးလိုက်ခွင့်ရပြီ။
"ဥက္ကဌရှန်... ကျုပ်တို့ဘယ်လိုပူးပေါင်းကြမလဲ?''
ရှဲ့ယွမ်က လောလောနှင့်မေးလိုက်သည်။
တခြားမျိုးစေ့ကုမ္ပဏီသူဌေးများကလည်း အလောတကြီးမေးကြသည်။
ဒါအခု သူတို့အတွက်အရေးအကြီးဆုံးကိစ္စ။ ဒီတစ်ခါ ချင်းလင်ဓာတ်ခွဲခန်းနှင့်မလိုက်နိုင်ရင် ရှေ့လျှောက်စျေးကွက်မှာ နေရာမရဖြစ်လိမ့်မည်။
"အားလုံးပဲ... ပူးပေါင်းရေးကို ချင်းလင်စံအိမ်မှာဆွေးနွေးပါမယ်... အထူးအစည်းအဝေးပြင်ဆင်ထားပါပြီ... စံအိမ်စားသောက်ဆိုင်မှာလည်း အားလုံးစားသောက်ဖို့ပြင်ဆင်ထားပါတယ်''
ရှန်လီကပြောပြီး သူ့လူများကိုစိုက်ခင်းအပြင်ခေါ်လာသည်။
တစ်ဖက်တွင်_
ပဲရလဒ်ကြောင့် Barus နှင့် နိုင်ငံခြားမျိုးစေ့ကုမ္ပဏီသူဌေးများလည်း လန့်ဖျပ်သွားကြသည်။
"ချင်းလင်ဓာတ်ခွဲခန်းရဲ့မျိုးစေ့အထွက်တိုးနည်းပညာက တကယ်ဟုတ်နေတာပဲ... အရင်က မုန်လာဥဖြူနဲ့နံနံလျှောက်ထားတာနဲ့ဆို မျိုးစေ့အထွက်တိုးနည်းပညာက သုံးမျိုးရှိသွားပြီ''

"ပြီးတော့ သူတို့စိုက်ခင်းမှာ သီးနှံတွေအများကြီး... ဘယ်နှစ်မျိုးတောင်ရှိလဲ?''
"အဲဒါတွေအကုန်မျိုးစေ့အထွက်တိုးရင် မိုးကြိုးပစ်ပြီပဲ... အဲဒါဆို သူတို့ကအချိန်မရွေး မျိုးစေ့အထွက်တိုးတဲ့သီးနှံတွေ ထပ်ထုတ်နိုင်တဲ့သဘောပေါ့''
"Barus... အဲဒါအကုန်မင်းကြောင့်ပဲ!''
မျိုးစေ့ကုမ္ပဏီသူဌေးက အခြေအနေမဟန်မှန်းသိပြီး ဒေါသတကြီးအော်လိုက်သည်။
"ဟုတ်တယ် Barus''
နောက်တစ်ယောက်ကပြောသည်_
"မင်းကြောင့်မဟုတ်ရင် သူတို့ကိုမျိုးစေ့တင်ပို့တာ ငါတို့ရပ်မှာမဟုတ်ဘူး''
တခြားလူများကလည်း ဖြတ်ပြောသည်_
"အမှန်ပဲ... အားလုံး မင်းကြောင့်... မင်းဒီအတွက်ရှင်းပေး''
"ငါတို့ဘယ်လောက်ဆုံးရှူံးလဲ မင်းသိလား?''
အားလုံးကဝိုင်းပြီးမေးခွန်းထုတ်နေသောကြောင့် Barus မျက်နှာဖြူဖျော့သွားသည်။
ဒီလူတွေမှာ အရင်းအနှီးဘယ်လောက်ရှိလဲ သူသိသည်။ သူတို့ပိုင်ဆိုင်မှုက မျိုးစေ့ကုမ္ပဏီတင်မက။
ဒီလူတွေသာ သူ့ကိုတွယ်ကြရင် သူ့အနာဂတ်တော့သွားပြီ။
အခုတော့ သူနည်းနည်းနောင်တရလာသည်။ သူဘာလို့များ သူ့အရင်းအနှီးတိုးချင်စိတ်နဲ့ ချင်းလင်အားဖြည့်လက်ဖက်ရည်နဲ့သန့်စင်မြက်ကိုပစ်မှတ်ထားခဲ့ပါလိမ့်?
ဒီထုတ်ကုန်နှစ်မျိုးရဲ့ကိုယ်စားလှယ်ဖြစ်အောင်လုပ်ပြီး ရှင်းကျန့်တယ်မှာဖြန့်ခွင့်ရရင်ကောင်းသော်လည်း အခု တစ်ခုခုဖြစ်လာတော့ ပြဿနာအကြီးကြီးတက်ပြီ။
သို့ရာတွင် Barus က သူ့ကိုယ်သူကာကွယ်ပြီး_
"အားလုံးပဲ... ချင်းလင်ဓာတ်ခွဲခန်းမှာ ဒီနည်းပညာရှိပြီးသားဆိုတော့ ကျွန်တော်တို့ကမတားမြစ်လည်း သူတို့ကဒီနည်းကိုကြေညာမှာပဲ''
သူ့ကိုယ်သူကာကွယ်ဖို့ သူကြိုးစားလိုက်သည်။ သူ အလုံးစုံမကောင်းနိုင်။
သူ့စကားကြောင့် မျိုးစေ့ကုမ္ပဏီသူဌေးများပိုဒေါသထွက်သွားပြီး_
"Barus... မင်းကြောင့်သာမဟုတ်ရင် အနည်းဆုံးတော့ ငါတို့တားမြစ်ခဲ့မှာမဟုတ်ဘူး... ကိုယ်စားလှယ်လုပ်ခွင့်တောင်ရချင်ရနိုင်တယ်''
"ဟုတ်တယ်... မင်းသာမတိုက်တွန်းရင် ငါတို့သူ့ကိုအနှောင့်အယှက်မပေးဘူး''
"အစက ငါတို့ကိုကိုယ်စားလှယ်လုပ်ခွင့်ပေးချင်ပေးဦးမယ်... အခုတော့ မင်းတားမြစ်လိုက်လို့ အဲလိုမဟုတ်တော့ဘူး''
"……"
ဒီလူတွေက Barus အပေါ်ပုံချဖို့လုပ်နေကြသည်။ အားလုံးက Barus ကိုဒေါသထွက်နေကြ၏။ အရင်းရှင်ဆိုတာ ဒီလိုပင်။ အစကအကျိုးအမြတ်ရချင်စိတ်နဲ့လုပ်ခဲ့ရင်တောင် သူတို့အမှားမဟုတ်ကြောင်း ခံငြင်းကြသည်။
ထိုအချိန်တွင် Barus တို့ကြည့်နေသောစံအိမ်မှတ်တမ်းဗီဒီယိုကလှုပ်နေကြောင်း သတိထားမိသည်။ ထို့နောက် အော်သံများကြားရ၏။
ကင်မရာသမားကိုမြေပေါ်လှဲချပြီး လက်တစ်ဖက်က လျှို့ဝှက်ကင်မရာကိုယူသွားသည်။ အဲဒီနောက် အဖမ်းခံရသောလူကိုထိုးပြကာ_
"ခင်ဗျားတို့ကြည့်နေတာကြာပြီ... ရလဒ်တွေ့ပြီးရောပေါ့?''
Barus နှင့် မျိုးစေ့ကုမ္ပဏီသူဌေးများမှာ အချင်းချင်းတုန်လှုပ်ခြောက်ခြားစွာကြည့်လိုက်ကြလေသည်!