( နင်ငါတို့ကို လိမ်နေတာ မဟုတ်ဘူးမလား?)
Vol. 1 Ch. 6
ဟွာရှုဖေး ခေါင်းစောင်းလိုက်ကာ
“ အမဲသားတဲ့? ဒါ ဘယ်လို အရသာလဲ?”
သူမသည် လက်ထဲရှိ ခွက်ကို အပေါ်အောက် လှန်ကြည့်ကာ အတွင်းရှိ အထူးပစ္စည်းများကို မြင်နိုင်မလား ကြည့်လိုက်သည်။ ဒါလေးက သာမာန်လို ပေါ့ပါးတဲ့ သေတ္တာငယ် တစ်ခုပဲ။ ချီစွမ်းအင် ပျံ့နှံ့မှု တစ်ခုတောင် မရှိသလို အဖိုးထိုက်သည့် အရှိန်အဝါတစ်ခုတောင် မရနေဘူး။ သာမာန်ကိုမှ သာမာန်ဆန်လွန်းသည့် ပစ္စည်းပဲ။
ထို့နောက်တွင် သူမ၏ မျက်လုံးသည် အောက်ဘက်ကို ဆင်းသွားသည်။
ဟွာရှုဖေး၏ မျက်လုံးများ ပြူးကျယ် သွားခဲ့သည်။
သူမ၏ မျက်လုံးနှစ်ဖက်ကိုပင် ပြန်ပွတ်လိုက်သေးသည်။ သူမများ အမြင်မှားတာလား သေချာစေရန်အတွက်ပင်။
“ မမကြီး…” ဟွာရှုဖေး၏ စကားများ လည်ချောင်းတင် တစ်ဆို့နေခဲ့သည်။
“ ငါ့…ငါ့မျက်လုံးတွေက ငါ့ကို ကစားနေတယ် ထင်တယ်။ မမကြီး ငါ့အတွက် ဈေးလေး ကြည့်ပေးနိုင်မလား?”
ယွဲ့ရှုရန်လဲ သတိထားမိသည်။ ခင်းကျင်းထားသော ခေါက်ဆွဲဗူးများ၏ အောက်တွင် ဈေးနှုန်းကို ရှင်းလင်းစွာ ရေးသား ထားသည်။
ဝိညာဥ်ကျောက်တုံးတစ်တုံး။
ဟွာဖေးရှု ခေါင်းကို ဆတ်ခနဲ လှည့်လိုက်ပြီး
“ ဆိုင်ရှင် ဒါကတစ်ကယ်ပဲ ဝိညာဥ် ကျောက်တုံးတစ်တုံး ပေးရတာလား?”
“ အင်း”
ဟွာဖေးရှု၏ လက်တွင်းမှ ခေါက်ဆွဲဗူးသည် အောက်လွတ်ကျမတတ်ဖြစ်သွားသည်။
‘ ဝိညာဥ်ကျောက်တုံးတစ်တုံး?!’
‘ ဒီနေရာက နတ်ပြည်လဲ မဟုတ်ဘူး။ ဘာကိစ္စဒီလောက် ဈေးကြီးနေရတာလဲ?!’
“ ဒါက အထူးလုပ်ဆောင်ချက်တွေ လိုအပ်လား?”
ယွဲ့ရှုယန်မှ လုံးဝ မသက်ဆိုင်သော မေးခွန်းကို မေးထုတ်လာသည်။
“ ချက်ဖို့ကိုလား?.. မလိုဘူးရယ်။ ရေနွေးလောင်းလိုက်ရုံပဲ”
ဟွာဖေးရှုသည် မျက်လုံးများမှေးစင်းပြီး ဟောင်ကို သံသယ အပြည့်နှင့် ကြည့်လိုက်၏။
“ ဆိုင်ရှင်… နင်ငါတို့ကို လိမ်နေတာ မဟုတ်ဘူးမလား?”
ဟွာဖေးရှုအတွက် ဒီကိစ္စက လုံးဝကို အဓိပ္ပါယ်မရှိနေဘူး။ ဝိညာဥ်ကျောက်တုံး တစ်တုံးဆိုလျှင် အသားတစ်ကောင်လုံး နီးနီး ဝယ်လို့ရသည်။ ခေါက်ဆွဲတစ်ပွဲအတွက် စိတ်မှန်နေသော ဘယ်သူကများ ဒီလောက် ပိုက်ဆံသုံးမှာလဲ?
ဟွာဖေးရှု စကားဆက်မပြောနိုင်ခင်မှာပင် ယွဲ့ရှုယန်မှ သူမ၏ သွယ်လျလျ လက်ချောင်းများကို မလိုက်ကာ ဟွာဖေးရှု၏ နှုတ်ခမ်းကို ပိတ်လိုက်ပြီး စကားမပြောအောင် တားမြစ်လိုက်သည်။
ယွဲ့ရှုယန် လက်ပြန်ချလိုက်ပြီး တည်ငြိမ်စွာပဲ ပြောလိုက်သည်။
“ ငါတို့နှစ်ယောက်လုံးယူမယ်”
ဟွာဖေးရှု အံ့သြမှုကြောင့် မျက်တောင် တစ်ဖြတ်ဖြတ်ဖြစ်သွားသည်။
“ မမကြီး?”
ယွဲ့ရှုယန်တွင် ကိုယ်ပိုင်အတွေးရှိသည်။
ဒါက အသေးစိတ် စီစဥ်ထားသော လိမ်လည်မှုလား? သို့မဟုတ် ဒီပစ္စည်းမှာ ထူးကဲတဲ့ အကျိုးတွေ ပါဝင်နေတာလား?
အစောတည်းက ဟောင်၏ ကျင့်ကြံမှုကို ယွဲ့ရှုယန် အကဲဖြတ်ထားခဲ့ပြီးပြီ။ သူမ ဘာကိုမှ အာရုံမခံမိဘူး။ ဒီလူက သာမာန် လူသားတစ်ယောက် ဖြစ်ရင်ဖြစ် မဟုတ်ရင်… သန်မာမှုအစစ်အမှန်ကို ဖုံးကွယ်ထားတဲ့ ပါရမီရှင်တစ်ယောက်လဲ ဖြစ်နိုင်သည်။
သူသာ တစ်ကယ်ပဲ ဖုံးကွယ်ထားတဲ့ ကျင့်ကြံသူ ဖြစ်နေမယ်ဆိုလျှင် သာမာန် ဝိညာဥ်ကျောက်တုံးတစ်တုံး အတွက်နဲ့ ဒီလောက်အများကြီး ဒုက္ခခံပြီး ကြံစည်နေမှာ မဟုတ်ဘူး။
အကယ်၍ စားကြည့်ပြီးတော့မှ ခေါက်ဆွဲက ပေးရတဲ့ဈေးနဲ့ မတန်ဘူးဆိုလဲ သူမ အလွယ်လေး ဆိုင်ရှင်ကို သတ်ပစ်လိုက်လို့ ရသည်။
ယွဲ့ရှုယန်၏ ဆုံးဖြတ်ချက်ကို မြင်သော အခါမှာ ဟွာဖေးရှု သက်ပြင်းမောပဲ ချနိုင်တော့သည်။
“ ကောင်းပြီ။ ဒါက လိမ်လည်မှုဖြစ်နေခဲ့ရင် ငါတို့ လက်ဗလာနဲ့ သေချာပေါက် ပြန်မထွက်ဘူးပဲ”
ယွဲ့ရှုယန် တည်ငြိမ်စွာပဲ ခေါက်ဆွဲနှစ်ဗူးကို ဆွဲယူလိုက်ကာ ကျောက်တုံးနှစ်တုံးကို ကောင်တာပေါ်တင်ပေးလိုက်သည်။
“ မင်းတို့ သေချာတယ်နော်?”
ဟောင် စည်းကမ်းနံပါတ်နှစ်ရှိရာနေရာကို လက်ညိုးထိုးပြလိုက်သည်။
ခေါက်ဆွဲဝယ်တာ တစ်သက်တာ စာချုပ် ချုပ်နေတဲ့ခံစားချက် ပေးစွမ်းဖို့လိုလို့လား?
“မမကြီး”
“ ဘာလို့အရမ်းအတည်ပေါက် ဖြစ်နေတာလဲ? ကောင်းကင်ကဆိုရင်တောင် ပြန်မလဲပေးဘူး ဟုတ်လား? ဒီဆိုင်ကို မသေမျိုး ဂိုဏ်းတစ်ခုက တည်ထောင်ထားတာ မို့လို့လား?”
နံရံပေါ်ကို ယွဲ့ရှုယန် တစ်ချက်သာ စောင်းငဲ့ကြည့်လိုက်ပြီး ဟောင် ကို ပြန်ကြည့်လိုက်သည်။
“ ငါတို့သေချာတယ်”
ဟောင် ပုခုံးတွန့်လိုက်ကာ
“ ကောင်းပြီလေ”
ဟောင် လက်တစ်ဖက်ကို သူမတို့ဆီကို ကမ်းပေးလိုက်သည်။
ဟွာဖေးရှု အကြောင်သား ကြည့်နေမိသည်။
“...”
ဒါဘာကိုဆိုလိုတာလဲ?
လက်ဆွဲနှုတ်ဆက်မလို့လား? လျှို့ဝှက်သိုင်းသမားတွေ တွေ့ရင် လုပ်ရတာလား? သူတို့ရဲ့ လျှို့ဝှက်ဆက်သွယ် စနစ်လား?
ဟွာဖေးရှု ခြေတစ်လှမ်း အနောက်ဆုတ်သွား ခဲ့သည်။
“ နေအုံး…. နင်ဘာလုပ်တာလဲ?”
ဟောင် သက်ပြင်းချလိုက်ကာ
“ ခေါက်ဆွဲကို ဒီကိုအရင်ပေး။ ဝယ်ယူမှုကို သေချာအောင် ငါ စကန်ဖတ်ဖို့လိုလို့ပါ နတ်သမီးလေးတို့ရေ”
ဟွာဖေးရှု ရုတ်တရက် ချောင်းဆို ချင်သွားသည်။
နတ်သမီးလေးတွေ ဟုတ်လား?
ဟွာဖေးရှု အနောက်ကို ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။ သူမ၏ အမကြီးသည် တိတ်ဆိတ်စွာပဲ ဟောင်၏ လက်ထဲသို့ ခေါက်ဆွဲဗူး ကမ်းပေးနေသည်။
ဟွာဖေးရှု ရွေးချယ်စရာ မရှိတော့ချေ။
ဟောင် ခေါက်ဆွဲနှစ်ဗူးကို ယူလိုက်ပြီး အမဲရောင်သေတ္တာအနီးကို အပြေးသွား လိုက်သည်။
ဘိ…ဘိ
“ ရပြီ” ဟောင် ပြန်ကမ်းပေးလိုက်သည်။
ခေါက်ဆွဲဗူး ယူလိုက်သော အချိန်တွင် မိန်းမလှလေးနှစ်ယောက်ကို ဟောင် သေချာကြည့်လိုက်သည်။
အစောက သိပ်ပြီး အာရုံမစိုက်မိခဲ့ပေမဲ့ အခု အနီးကပ်ကြည့်လိုက်တော့မှ…
သေစမ်း။
ဒီနှစ်ယောက်က သာမာန်အလန်းလေးတွေ မဟုတ်ဘူး။ ကမ္ဘာကြီးကိုတောင် တိတ်ဆိတ် စေလောက်တဲ့အထိ လှတဲ့ အလှလေးတွေပဲ။
မိတ်ကပ်မပါတာတောင်မှ အသားအရေက ပြီးပြည့်စုံစွာ အချောသတ်ထားတဲ့ ကျောက်စိမ်းတုံးတွေလို ချောမွတ်နေတာမှ လုံးဝ ပြစ်ချက်မရှိဘူး။
ခေတ်ကို ရောက်လာလို့ကတော့ ထိပ်တန်း သရုပ်ဆောင် ဖြစ်လာရုံတင်မကပဲ ဒရာမာ လောကမှာ နတ်သမီးအသွင်အပြင် ရှိတဲ့ စံပြပုဂ္ဂိုလ် အဖြစ်တောင် သတ်မှတ်ခံရအုံးမယ်။
ပြီးတော့ ယွဲ့ရှုယန်…
သူမရဲ့ အလှက မျက်နှာလေးတင် မဟုတ်ဘူး။ သူမရဲ့ဟန်ပန်အသွင်အပြင်က သာမာန်လူတန်းစားတွေထက် ကမ္ဘာတစ်ခုလောက် မြင့်တာပဲ။
ဟောင် ပေါ့ပါးစွာ အသက်ရှုသွင်းလိုက်သည်။
ကျင့်ကြံသူတွေက တစ်ကယ်ကို ပုံမှန် မဟုတ်ကြဘူးပဲ။
ဟောင် ရေထည့်စက်နားကို လျှောက်သွားလိုက်သည်။
“ ဟုတ်ပြီ။ နားထောင်ကြပါ။ အဖုံးကို နည်းနည်းဖွင့်လိုက်ပြီး မင်းတို့ရဲ့ခွက်ကို ဒီပေါ်လေးတင်လိုက်မယ်။ ဒါဆိုရင် စက်က ကျန်တာလုပ်ပေးသွားလိမ့်မယ်”
“ စက်?”
“ ဒါဘယ်လို လက်မှုပစ္စည်းလဲ ဆိုင်ရှင်?”
“ ဒါကို ရေထည့်စက်လို့ခေါ်တယ်။ ဒီစက်က မင်းတို့ကို ရေပူ၊ ရေအေး၊ ဒါမှမဟုတ် ပုံမှန်အခန်းအပူချိန်လောက်ပဲ ရှိတဲ့ရေ စသဖြင့် လိုတာကို ထည့်ပေးတယ်”
ဟွာဖေးရှု မယုံကြည်နိုင်စွာ ထိုစက်ဆိုသည့်အရာကို ကြည့်လိုက်သည်။
“ အမိန့်ပေးတာနဲ့ ရေထည့်ပေးတဲ့ လက်မှုပစ္စည်းပေါ့?”
‘အဆင်ပြေသားပဲ’ ယွဲ့ရှုယန် တွေးလိုက်သည်။
ဟွာဖေးရှု တစ်စက္ကန့်လောက် တုံ့ဆိုင်းသွားပြီးမှ ဟောင် ပြောသည့်အတိုင်း အဖုံးကိုအနည်းငယ် ဖွင့်လိုက်ပြီး ခွက်ကို တင်လိုက်သည်။ ပြီးပြည့်စုံသော ရေနွေးစီးကြောင်းတစ်ခု ကျလာခဲ့ပြီး တိကျသော ပမာဏတွင် ရပ်သွားခဲ့သည်။
“ ဒါက…တစ်ကယ် အလုပ်ဖြစ်တာပဲ!”
ဟွာဖေးရှုကို ဟောင် လျစ်လျူသာ ရှုထားလိုက်သည်။
တူ နှစ်စုံလှမ်းယူကာ သူမတို့ကို ကမ်းပေး လိုက်သည်။
“ အခု ခုံမှာထိုင်ပြီးရင် အဖုံးကို တူနဲ့ဖိထားရမယ်။ သုံးမိနစ်နေရင် ခေါက်ဆွဲက အသင့်ဖြစ်လိမ့်မယ်”
ဟွာဖေးရှုသည် သူမ၏ အမကြီးကို လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်နှာထားသည် အလွန်သံသယများနေပုံ ပေါ်သည်။
ယွဲ့ရှုယန်မှ အသာအယာ ခေါင်းညိတ်ပြမှသာ ဟွာဖေးရှုက ညွှန်ကြားချက်အတိုင်း လုပ်ဆောင်သည်။ ယွဲ့ရှုယန်လဲ ဟွာဖေးရှုအတိုင်း သူမ၏ ခွက်ကို အဖုံးအနည်းငယ် ဖယ်ပြီး ရေထည့်တာ စောင့်ပြီးတာနှင့် တိတ်တဆိတ်ပဲ ထောင့်ရှိ ခုံတွင်ဝင်ထိုင်လိုက်သည်။
ဟွာဖေးရှု ယွဲ့ရှုယန်၏ နားနားကပ်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
“ မမကြီး ဒါကတစ်ကယ်ပဲ စားလို့ရရဲ့လား? သုံးမိနစ်.. ဒီလောက်နဲ့ တစ်ကယ်ပဲ ချက်ပြုတ်လို့ပြီးတယ်လား?”
“ ငါတို့ကို အဆိပ်တော့မခတ်ပါဘူး။ ဟုတ်တယ်မလား?”
“ ခတ်ထားတယ်ဆိုလဲ ငါတို့အတူသေကြမယ်လေ”
ယွဲ့ရှုယန် စနောက်စွာပဲ ပြန်ဖြေလိုက်သည်။
ဟွာဖေးရှု “.....”
ဟွာဖေးရှု သူမ၏ အမကြီးကို စိုက်ကြည့်လိုက်သည်။ ထို့နောက်တွင် ခွက်ကို ငုံ့ကြည့်လိုက်သည်။ တစ်ဖန် အမကြီးကို ပြန်ကြည့်လိုက်သည်။
“ မမကြီး အတည်ပြောနေတာလား?”
“ အမ်း” ယွဲ့ရှုယန် ခပ်ဖြည်းဖြည်း ခေါင်းညိတ်လိုက်သည်။ သူမ၏ မျက်နှာသည် အကဲခတ်လို့မရနေပေ။
“ ဒီလိုဆို ဒါကြီးကိုတစ်ကယ်စားနေရင်း..”
ကောင်တာအနောက်မှ ဟောင်၏ ရုတ်တရက် ချောင်းဆိုးမှုကြောင့် သူမတို့၏ အာရုံကို ဆွဲဆောင်မိသွားသည်။ သူမတို့၏ စကားဝိုင်းကို အစအဆုံးကြားမိသွားတာမို့ ဟောင် သတိလွတ်မိသွားတာပင်။
ယွဲ့ရှုယန်လိုမျိုး အလွန်အေးစက်ပြီး တည်ငြိမ်သော မိန်းကလေးက အခုလို ဟာသ လုပ်မယ် လုံးဝ မထင်ခဲ့မိဘူး။
နေအုံး။ ဒါဟာသရော ဟုတ်ရဲ့လား? ခေါက်ဆွဲတစ်ခွက်အတွက်နဲ့ သူမ တစ်ကယ် သေဖို့ပြင်နေတာလား?
အချိန်တစ်ဖြည်းဖြည်း ကုန်သွားရင်း နောက်ဆုံးတွင် သုံးမိနစ် ပြည့်သွားခဲ့ပြီ။
“ အချိန်ကျပြီ”
“ စားလို့ရလောက်ပြီ မမကြီး”
“ စားကြည့်ကြမယ်” ယွဲ့ရှုယန် ပြောရင်းနဲ့ သူမ၏ ခေါက်ဆွဲခွက်ကို လက်လှမ်းလိုက်သည်။