← Chapters

( စွမ်းအင်ကျောက်တုံးတစ်ရာ? တစ်သန်းဟုတ်လား? ဒါလဲမရဘူး)

Vol. 1 Ch. 8

( စွမ်းအင်ကျောက်တုံးတစ်ရာ? တစ်သန်းဟုတ်လား? ဒါလဲမရဘူး)

Vol. 1 Ch. 8

ဟွာဖေးရှု မေးခွန်းများကို တစ်ခုပြီးတာနဲ့ တစ်ခု ဆက်တိုက်မေးနေသည်။ ဟောင် ဖြေဆိုဖို့ အခွင့်အရေးကို မရှိတော့ချေ။

ဟောင် ပါးစပ်ဟလိုက်တိုင်း ဟွာဖေးရှုက နောက်တစ်ခု မေးလိုက်သည်။

“ နေအုံး! နေအုံး! ဒါက စမ်းသပ်ချက်များလား! ငါထပ်စားရင် ငါထပ်ပြီး အလင်းပွင့်မှာလား?”

ဟောင် သူမကို ဗလာဖြစ်စွာ စိုက်ကြည့်လိုက်သည်။

ဒီတစ်ယောက် အတည်ပြောနေတာလား?

ဟွာဖေးရှု၏ မှန်းဆချက်များ ဆက်မထွက်လာခင်မှာဘဲ အေးစက်စက် အသံတစ်ခုက ကြားဝင်လိုက်သည်။

“ ဖေးရှု လုံလောက်ပြီ”

ယွဲ့ရှုယန် နူးညံ့စွာဖြင့် ဟွာဖေးရှုရဲ့ ပုခုံးပေါ် လက်တင်လိုက်ပြီး စကားမပြောဖို့ တားမြစ်လိုက်သည်။ သူမ၏ အကြည့်သည် ပုံမှန်လို အေးစက်စက် ဖြစ်ဆဲပင်။ သို့ပေမဲ့ နူးညံ့မှုတစ်ချို့ပါနေသော သူမ၏ ထိတွေ့မှုက ဟွာဖေးရှုကို စိတ်လျော့ဖို့ ပြောနေခဲ့သည်။

ဟွာဖေးရှု မျက်နှာဆူသွားပေမဲ့ နာခံစွာ ခြေတစ်လှမ်းဆုတ်ပေးလိုက်သည်။

ယွဲ့ရှုယန် ဟောင် ဘက်ကို လှည့်ကြည့်လိုက်သည်။

“ ဒါဘယ်လို သားရဲရဲ့အသားလဲ ဆိုင်ရှင်?”

“....”

ဒါက… မထင်ထားတဲ့မေးခွန်းပဲ။

‘ စနစ် ဒါဘယ်လို သားရဲရဲ့အသားလဲ?’

( ဒီအသားက ရေသားရဲရဲ့ အသားဖြစ်ပြီး ရှားပါးဖြစ်လို့ နက်ရှိုင်းတဲ့ ရေကန်တွေနဲ့ မြစ်ကြီးတွေမှာပဲ တွေ့ရတတ်တယ်။ တစ်ခြားသားရဲတွေနဲ့ မတူဘဲ သူတို့က သန့်စင်တဲ့ ရေမြက်ကို စားပြီး ကြီးပြင်းလာတာမို့ အသားရဲ့အရည်အသွေးက ပိုကောင်းတယ်)

( နေထိုင်ရာနဲ့ အစားအသောက်ကြောင့် ရေသားရဲတွေကို ချီစွမ်းအင်အများကြီး ပါတယ်လို့သိရတယ်။ အလွန် အာဟာရ ဖြစ်စေပြီး ​ကျင့်ကြံမှုအတွက် အများကြီး အကျိုးထူးတယ်။ ပြီးတော့ ကြွက်သားလုံးကို သုံးထားတာမို့ အရသာပိုကောင်းပြီး ပိုနူးညံ့တယ်)

ဟောင် ယွဲ့ရှုယန်ကို ကြည့်ကာ ရှင်းပြပေးလိုက်သည်။

“ ရေသားရဲလို့ခေါ်တဲ့သားရဲရဲ့ အသားပဲ”

“ ရေသားရဲ?”

ဟွာဖေးရှုသည် ခေါင်းတစ်ဖက်စောင်းရင် ရေရွတ်လိုက်သည်။

ယွဲ့ရှုယန် မျက်မှောင်ကြုတ်သွားသည်။ သူမ အမျိုးစုံသော သားရဲတွေကိုကြားဖူးသည်။ ဒီရေသားရဲသည် မှတ်ဉာဏ်ထဲ မရှိနေခဲ့ဘူး။

သူမတို့ရဲ့ သံသယဖြစ်နေတဲ့ မျက်နှာထားတွေကို မြင်တော့ ဟောင် စနစ်ရဲ့ ရှင်းပြချက်မှ အချက်အလက်တစ်ချို့ကို ပိုပြောပြပေးလိုက်သည်။

“ ဒီကောင်တွေက ရေနက်ပိုင်းမှာနေပြီး ချီစွမ်းအင်ရှိတဲ့ရေမြက်ကို စားသောက်တယ်။ ဒါကြောင့်အသားက..”

ဟွာဖေးရှု အနည်းငယ် ပါးစပ်အဟောင်းသား ဖြစ်သွားသလို ယွဲ့ရှုယန်လဲ စက္ကန့်တစ်ချို့ ကြာသည်အထိ မျက်လုံးပြူးသွားပြီးမှ ပုံစံကို ပြန်ထိန်းလို​က်ရသည်။

“ ဒါဆိုဖြစ်နိုင်သွားပြီ..” ယွဲ့ရှုယန် တစ်ယောက်ထဲ ရေရွတ်လိုက်သည်။

'ဆိုလိုတာ ဆိုင်ရှင်က…. ဖုံးကွယ်ထားတဲ့ သိုင်းပါရမီရှင်လား?’ ဟွာဖေးရှု တွေးလို​က်သည်။

ယွဲ့ရှုယန် ရုတ်တရက် အရှေ့တိုးလိုက်ပြီး အရိုအသေပေးလိုက်သည်။

“ လမ်းပြပေးတဲ့အတွက် ကျေးဇူးပါ အကိုကြီး”

ဟောင် တောင့်ခဲသွားသည်။

နေအုံး! ဘာရယ်?

ဘာတွေဖြစ်ကုန်တာလဲ?

ယွဲ့ရှုယန် အရိုအသေပြုနေဆဲပင်။ ကျေးဇူးတင်မှုကို ဖော်ပြဖို့ သာမာန် စကားလုံးတစ်ချို့နှင့် မလုံလောက်တာ သူမ သိသည်။

သူမရဲ့ ညီမလေး အလင်းပွင့်ရုံတင်မကပဲ သူမလဲ သိုင်းသူတော်စင် အလယ်အဆင့်ကို ရောက်သွားခဲ့သလို သိုင်းသူတော်စင်အဆင့်ရှိတဲ့ အဆင့်မြင့် သိုင်းနှစ်ခုဖြစ်သော နှင်းဓားတစ်ထောင်ကကွက်သိုင်းနဲ့ ဖျက်ဆီးရေးအဖြူရောင်ပွင့်ချက်သိုင်းကို သဘောပေါက်သွားခဲ့သည်။

ဒီအခွင့်အရေးမှာ ယွဲ့ရှုယန်ရဲ့ ကိုယ့်ကိုယ်ကို သန့်စင်နိုင်စွမ်းနဲ့ သဘောပေါက်နိုင်စွမ်းက သူမ၏ အရည်အချင်းကို သက်သေပြသွားခဲ့သည်။ ဒါပေမဲ့ အခွင့်အရေးသာ ရှိမလာရင် ရလဒ်ထွက်လာမှာ မဟုတ်တာ သူမသိသည်။

သူမ လေးစားမှု ပြရမည်။

ထိုအချိန်မှာ ဟောင် သည် တကိုယ်လုံးတောင့်တင်းလျက် ရပ်မြဲတိုင်း ရပ်နေသည်။

‘ဟမ်?’

အလှလေးက ငါ့ကို အကိုကြီးလို့ခေါ်သွားတယ်?

ငါ့ရဲ့ဘယ်နေရာက အကိုကြီးနဲ့ တူနေလို့လဲ?

( သူမက ပိုင်ရှင်ရဲ့ ပုံစံအစစ်ကို နားလည်သွားလို့ဖြစ်မယ်)

( သူမရဲ့ အကျင့်အရ သူမကအခု ပိုင်ရှင့်ကို သေမျိုးဆိုင်ပိုင်ရှင်အဖြစ် ဖုံးကွယ်ထားတဲ့ သိုင်းပညာရှင်လို့ ထင်နေတယ်။ ဒါက ကျင့်ကြံသူတွေကြားမှာ ဖြစ်သင့်တာပဲ)

ဟောင်ရဲ့ မျက်နှာ တွန့်သွားသည်။

ဒါဘယ်လို အခြေအမြစ်မရှိတာကြီးလဲ?

သို့ပေမဲ့ တစ်ခဏအကြာတွင် ဟောင်ရဲ့ ခေါင်းထဲကို မှတ်ဉာဏ်တစ်ချို့ ဝင်လာခဲ့သည်။

နေပါအုံး… ဒါတစ်ကယ်တော့ ကျိုးကြောင်း သင့်တာပဲ။

သိုင်းဝတ္ထု အများကြီးထဲမှာ ဒါမျိုးတစ်ပုံစံထဲ တူတဲ့ ဇာတ်ကွက်တွေ ရှိတယ်လေ။ ဆန်းကြယ်တဲ့ သိုင်းပညာရှင်ကြီးက ဆိုင်ရှင်အဖြစ် ဖုံးကွယ်ပြီး သာမာန်ပုံ ပေါက်တဲ့ ပစ္စည်းတွေကို ရောင်းပေမဲ့ တစ်ကယ့်တစ်ကယ်က ကောင်းကင် ပစ္စည်းဖြစ်နေတာတို့ဘာတို့?

မထင်ထားတဲ့ သိုင်းသမားတွေက အစမှာ သူ့ကို သေမျိုးတစ်ယောက်လို ဆက်ဆံကြတယ်။ နောက်ကျမှ သူတို့တွေက သိုင်းပါရမီရှင်ရဲ့ရှေ့မှာ ရောက်နေကြမှန်း သဘောပေါက်သွားကြတာမျိုးတို့?

ဒါဆိုငါလဲ ဟန်ဆောင်ပန်ဆောင် လုပ်လိုက်ရမလား?

ဒါပေမဲ့ ငါက ဘာကောင်ကြီးမှ မဟုတ်တာ။ တစ်ကယ် လူသားပဲကို။ ဒါပေမဲ့လဲ….

ဟောင်ရဲ့ အတွေးတွေကို စနစ်မှ ပြန်ဖြေလိုက်သည်။

( အပြိုင်ကမ္ဘာရဲ့ ကုန်စုံဆိုင် ပိုင်ရှင်အနေနဲ့ ရိုးသားဖြောင့်မှန်မှုဆိုတာ လိုတယ်နော် ပိုင်ရှင်။ ဈေးဝယ်တွေကို လိမ်တာက ဆိုင်ရဲ့စည်းကမ်းကို ဆန့်ကျင်တာပဲ)

‘ အေးပါအေးပါ သိပါတယ်’

‘ မလုပ်ပါဘူး.. ဒီတိုင်းလေး တွေးမိတဲ့ဟာကို’

တိတ်တဆိတ် ကြည့်နေသော ဟွာဖေးရှုသည် သူမ၏ ကျောပြင်ကို ဖြောင့်တန်းလိုက်သည်။ ထို့နောက်တွင် ယွဲ့ရှုယန်အတိုင်း ခါးကုန်းကာ အရိုအသေပြုလိုက်သည်။

ယွဲ့ရှုယန်ရဲ့ တည်ငြိမ်ပြီးကျက်သရေရှိသော အရိုအသေပေးမှုနဲ့ မတူလှစွာ သူမ၏ ဟန်ပန်သည်… တော်တော်လေး ဒရာမာ ဆန်သည်။

“ အကိုကြီး! ငါတို့ကို နတ်အစားအသောက်တွေ ချီးမြှင့်ပေးလို့ ကျေးဇူးပါ”

ဟောင် ချောင်းဆိုးတော့မတတ် ဖြစ်လာသည်။

‘ စနစ် ငါဘာပြန်ပြောရမတုန်းဟ?’

( ခေါင်းတစ်ချက်ငြိမ့်လိုက်ရင်ရပြီ)

“အင်း”

ဟောင် အတတ်နိုင်ဆုံး မူမပျက်အောင် ထိန်းကာ စနစ်ရဲ့ ညွှန်ကြားချက်အတိုင်း ခေါင်းညိတ်လိုက်သည်။

ယွဲ့ရှုယန်နဲ့ ဟွာဖေးရှု ထိုမှ ခေါင်းထောင် လာကြသည်။

ချက်ချင်းပဲ ဟွာဖေးရှု စကားဟတော့သည်။ သူမ၏ မျက်လုံးများသည် ကြယ်များလို တစ်လက်လက် ထနေသည်။

“ အကိုကြီးငါတို့ ခေါက်ဆွဲတွေ ထပ်ဝယ်လို့ ရမလား? ငါတို့ထပ်စားရင် ထပ်ပြီး အလင်းပွင့်မှာမလား?!”

ယွဲ့ရှုယန် ချက်ချင်းပဲ ဟွာဖေးရှုကို စိတ်ပျက်သလို စိုက်ကြည့်လိုက်သည်။

ဒါပေမဲ့ စိတ်ထဲမှာတော့..

‘ တော်တယ်၊ တော်တယ် ဖေးရှု’

‘ ဒါမှငါ့ညီမလေး!’

ဒါပေမဲ့ တုံ့ဆိုင်းမှုမရှိစွာပဲ ဟောင် မျှော်လင့်ချက်တွေကို ရိုက်ချိုးလိုက်လေသည်။

“ မရဘူး။ တူညီတဲ့ရောင်းကုန်ကို တစ်ရက်မှာ တစ်ခုအပြင်ဝယ်မရဘူး”

တစ်ဆက်ထဲ လက်ညိုးကိုမြှောက်ပြီး နံရံပေါ်က ဘုတ်ပြားကို လက်ညိုးထိုးပြလိုက်သည်။ ဒီတစ်ခေါက် ဟောင်၏ လက်ညိုးသည် ပထမစည်းမျဥ်းကို ဦးတည်ခဲ့သည်။

ဟွာဖေးရှု အသံထွက်စွာဖတ်လိုက်သည်။

“ စည်းကမ်းနံပါတစ်- နေ့စဥ် ဝယ်ယူရမည့်ပမာဏကို ကန်ံ့သတ်ထားပါတယ်။…”

“.....”

ဟွာဖေးရှုရဲ့ နှုတ်ခမ်းတွေ တုန်ယင်သွားပြီး သူမက ဟောင်ကို ကြီးမားပြီး အရည်လဲ့နေတဲ့ မျက်လုံးများနဲ့ အသနားခံစွာကြည့်လိုက်သည်။

“ အကိုကြီး ဘာလို့ တစ်ခုထပ်ပိုပြီး ဝယ်လို့ မရတာလဲ? ဝိညာဥ်ကျောက်တုံး တစ်တုံးပဲ ကျလို့လား? ဒါဆို… ငါ ကျောက်တုံးသုံးဆယ် ပေးမယ်လေ အကိုကြီး!”

“ အဲ့ဒီထပ် အများကြီးပိုတန်တာ သေချာပေမဲ့ ငါ့မှာလဲ ဒါပဲရှိတော့လို့ပါနော်…နော်”

စွမ်းအင်ကျောက်တုံးသုံးဆယ်! ရောင်းဈေးရဲ့ အဆသုံးဆယ်ပဲ!

‘ စနစ် ငါတို့ဒီနေ့အတွက်ပဲ စည်းကမ်းကို ခဏလောက် လျစ်လျူရှုလို့ရမလား? ကျောက်တုံးသုံးဆယ်တောင်ကွာ? အမြတ် အများကြီးရမှာပဲကို”

( ပိုက်ဆံက အရေးမကြီးဘူး။ ကျောက်တုံး တစ်တုံးမကလို့ တစ်သန်းလောက် ပေးရင်တောင် စည်းကမ်းကအတူတူပဲ။ ဈေးဝယ်တစ်ယောက်က တစ်နေ့မှာ အမျိုးအစားတစ်ခုကို တစ်ခါပဲဝယ်နိုင်မယ်။ ဒီစည်းကမ်း​က မျှတမှုနဲ့ ဖြုန်းတီးမှု မဖြစ်အောင် ထိန်းသိမ်းပေးမဲ့ တင်းကျပ်စွာ လိုက်နာရမဲ့စည်းကမ်းပဲ)

ဟောင် ရယ်ချင်လာသည်။

‘ အော် မှန်လိုက်တာ သိလား? ငါ့နဲ့! အရေးထဲ ပညာရှင်နဲ့ လာတွေ့နေတယ်။ လူတစ်ယောက်ရဲ ဒုတိယအကြိမ် စားသောက်ချင်စိတ်ကို တားပြီးတော့များ မျှတအောင်လုပ်မလေး ဘာလေးနဲ့’

ဒါပေမဲ့ ဟွာဖေးရှုကို ကြည့်ကာ ဟောင် တုံးတိသာ ဖြေပေးလိုက်သည်။

“ မင်း ကျောက်တုံးတစ်ရာမကလို့ တစ်သန်း ပေးရင်တောင် အရေးမပါဘူး။ အဖြေကတော့ မရပါပဲ”

“ စည်းကမ်းက စည်းကမ်းမလို့.. မနက်ဖြန်မှ ပြန်လာခဲ့နော်”

ဟွာဖေးရှုရဲ့ ပုခုံးများ အားပျော့သွားသည်။ သူမရဲ့ နှုတ်ခမ်းပါးများသည် သနားစရာ ဆူပုတ်ခြင်းအသွင်ကို ရောက်ရှိသွားသည်။ မိုးရွာထဲမှာ စွန့်ပစ်ခံလိုက်ရသော သနားစရာ ကြောင်ပေါက်လေးကဲ့သို့ မျက်နှာလေးငယ်သွားသည်။

ဝိညာဥ်ကျောက်တုံးတစ်ရာ ပေးမည်လို့ ကမ်းလှမ်းတော့မည့် ယွဲ့ရှုယန်လဲ အမြန်ပဲ ပါးစပ်ပိတ်လိုက်သည်။ ဆိုင်ရှင်က ရှင်းလင်းတဲ့ ရပ်တည်ချက်ကို ပြလိုက်ပြီးပြီ။ သူမတို့ဘယ်လောက်ပဲ ကမ်းလှမ်းပါစေ သူ့အဖြေက ပြောင်းမှာမဟုတ်ဘူး။

ဒါပေမဲ့ စိတ်ပျက်ရမည့်အစား ယွဲ့ရှုယန် မတူညီစွာ တွေးမိသည်။

All Chapters