← Chapters

(လင်ယွီကျွင်းနဲ့ ရှောင်လျန်ဖန်းရဲ့ လက်ရည်ယှဥ်မှု)

Vol. 1 Ch. 14

(လင်ယွီကျွင်းနဲ့ ရှောင်လျန်ဖန်းရဲ့ လက်ရည်ယှဥ်မှု)

Vol. 1 Ch. 14

ကိုလာဗူးရဲ့ နောက်ဆုံးတစ်စက် အပြီးမှာ လင်ယွီကျွင်းရဲ့ ကိုယ်ထဲသို့ တွန်းအားတစ်ခု ပျံ့နှံ့သွားခဲ့သည်။

သူ့ရဲ့ ခြေလက်များကြားတွင် ဆန်းကြယ်သော တွန်းအားတစ်ခုက အတင်း ဝင်ရောက် စီးဆင်း နေသည်။ ချီစွမ်းအင် မဟုတ်ဘူး။ သို့ပေမဲ့ ချီစွမ်းအင်နည်းတူ သိုင်းသွေးကြောများကြား ကောင်းစွာဝင်ရောက်စီးဝင်​နေပြီး အားဖြည့် ပေးနေသည်။

သူ့ရဲ့ အာရုံခံမှုက သဘာဝမဆန်လောက်အောင်ကို ထိုးတက် လာသည်။

ပတ်ပတ်လည်ရှိ အချက်အလက်တစ်ခု ချင်းစီကို ပိုပြီးရှင်းလင်းစွာ ​မြင်လာရသည်။

အကြားအာရုံလဲ ထက်လာသည်။ ပွက်ပွက်ဆူနေသော ရေနွေးသံအပြင် လေတိုးသံကိုလဲ ကြားနိုင်သည်။ ဘေးမှ အံ့သြတကြီး ကြည့်နေသော ရှောင်လျန်ဖန်း၏ မျက်တောင်ဖြတ်သံ တစ်ခတ်ခတ်ကိုပင် ကြားနေရသည်။

သူ့အတွက် အံ့သြစရာ အကောင်းဆုံးက ခန္ဓာကိုယ်၏ တုံ့ပြန်မှုပင်ဖြစ်သည်။

ကြွက်သားတွေက ပေါ့ပါးလာပြီး လှုပ်ရှားမှုကလဲ မြန်သည်။ လက်​မြှောက်မယ် တွေးလိုက်ရင် လက်က လျင်မြန်စွာ လှုပ်ရှားပြီးသွားပြီ။ သူ့ရဲ့အတွေး မပြီးခင်မှာကို ခန္ဓာကိုယ်က လှုပ်ရှားပြီးသွား သလို ဖြစ်နေသည်။

ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင် လည်ပတ်မှုက နှစ်ဆနီးနီး မြန်လာသည်။

ဒီအချိန်မှာသာ တိုက်ခိုက်လိုက်ရင် တစ်ဖက် ရန်သူ၏ တိုက်ခိုက်မှုမပြီးခင်မှာကို သူ ပြန်တုံ့ပြန်နိုင်မည်လို့ ယုံကြည်သည်။

သူ့ရဲ့ လက်ထဲက ဗူးအလွတ်ကို ငုံ့ကြည့်လိုက်သည်။

ဒီသောက်စရာက… ငါ တစ်ကယ်ပဲ ဘာကို စားလို​က်မိတာလဲ?

ဗူးအလွတ်ကို စားပွဲပေါ်ချလိုက်ပြီး လင်ယွီကျွင်း မတ်တပ်ရပ်လိုက်သည်။

“ လျန်ဖန်း တိုက်ကြရအောင်။ အနီးကပ်တိုက်မယ်၊ ချီမသုံးနဲ့”

ရှောင်လျန်ဖန်း မျက်တောင်ခတ်လိုက်ပြီး

“ ဟမ်?”

ရှောင်လျန်ဖန်း လင်ယွီကျွင်းကို ခေါင်းနောက်တစ်လုံးပေါက်နေသော လူထူးဆန်းလို စိုက်ကြည့်လို​က်သည်။ လင်ယွီကျွင်း တစ်ကယ်ပြောနေတာလား? ချီစွမ်းအင် မသုံးဘဲ လက်ရည်ချင်းယှဥ်ရင်တောင်မှ လင်ယွီကျွင်းက သူ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး။ အဲ့ဒီထူးဆန်းတဲ့ အရည်ကို သောက်လိုက်လို့ ခေါင်းထိသွားတာလား?

ဒါပေမဲ့ ရှောင်လျန်ဖန်းက တိုက်ပွဲကို လက်လွတ်ခံတတ်တဲ့သူစားမျိုး မဟုတ်ချေ။ အထူးသဖြင့် စိတ်ပျက်စရာ ခံစားချက်တွေ တစ်ယောက်ယောက်အပေါ် ပုံချဖို့ လိုအပ်နေချိန်မျိူးမှာပေါ့။

အသားအရသာ ခေါက်ဆွဲ စားချင်ရင် မနက်ဖြန်ထိ စောင့်ဆိုပြီး ငြင်းခံလိုက်ရသော အခိုက်အတန့်ရဲ့ နာကျင်မှုကို ပြန်တွေးကာ ရှောင်လျန်ဖန်း လက်သီးကို တင်းနေအောင် ဆုတ်လိုက်သည်။

“ ကောင်းပြီလေ။ ရှုံးမှမငိုနဲ့”

လင်ယွီကျွင်း စကားပြန်မပြောဘဲ ထိုအစား တံခါးဆီကို လမ်းလျှောက်သွားလိုက်သည်။ ရှောင်လျန်ဖန်း လျှာသပ်လိုက်ပြီး ပုခုံးတစ်ချက် ခါကာ အပြင်ဘက်သို့ လင်ယွီကျွင်းနောက်က လိုက်သွားလို​က်သည်။

မှန်နံရံမှ တစ်ဆင့် ဟွာဖေးရှုနဲ့ ယွဲ့ရှုယန်သည် အပြင်ဘက်က နှစ်ယောက်ကို ကြည့်နေသည်။

ထိုနှစ်ယောက် နေရာယူလိုက်တာကို မြင်တော့ ဟွာဖေးရှု လှောင်လိုက်သည်။

“ လင်ယွီကျွင်း ဘာတွေးနေတာလဲ? သူ သေချာပေါက် အရိုက်ခံရတော့မှာပဲ။ နော် မမကြီး”

ယွဲ့ရှုယန် ချက်ချင်း အဖြေမပေးခဲ့ပေ။

အခြေခံကျကျပြောရလျှင် ဟွာဖေးရှုရဲ့ စကားကို သူမ သဘောတူသည်။ ပုံမှန် အခြေအနေအောက်မှာ လင်ယွီကျွင်းအနေနဲ့ ရှောင်လျန်ဖန်းကို အနီးကပ်တိုက်ပွဲအတွင်း အနိုင်ရဖို့ မဖြစ်နိုင်ဘူး။ သူတို့နှစ်ယောက် ကြားက ကွာခြားချက်က သိသာလွန်းလှသည်။

သို့ပေမဲ့ ဘာကြောင့်ရယ်မသိ ယွဲ့ရှုယန် အနည်းငယ် တုံ့ဆိုင်းနေသည်။

သူမရဲ့ အကြည့်သည် စားပွဲပေါ်က ဗူးအလွတ်ဆီ ရောက်သွားသည်။

လင်ယွီကျွင်း အခုလို ပြုမူနေတာ ဒီပစ္စည်းအသစ်ကြောင့်များလား?

လင်ယွီကျွင်း ဒါကိုသောက်ပြီးနောက်တွင် တစ်ခုခု ပြောင်းလဲသွားသည်။ ယွဲ့ရှုယန် အာရုံခံလိုက်နိုင်သည်။ လင်ယွီကျွင်းရဲ့ အရှိန်အဝါက ရုတ်ချည်း မြင့်တက်သွားတာပင်။ လင်ယွီကျွင်းအနေနဲ့ ရှုံးမှာသိနေတာတောင်မှ ရှောင်လျန်ဖန်းကို စိန်ခေါ်ဖို့ မဖြစ်နိုင်ဘူး။

ယွဲ့ရှုယန်ရဲ့ အတွေးများနေပုံကို မြင်တော့ ဟွာဖေးရှု ခေါင်းစောင်းလိုက်ကာ

“ မမကြီး?”

ယွဲ့ရှုယန် အတွေးထဲမှ ခေါင်းရမ်းကာ ရုန်းထွက်လိုက်ပြီး အရှေ့မှ တိုက်ပွဲကိုပဲ ကြည့်လို​က်သည်။

“ တစ်ခုခုက မတူတော့ဘူး” ယွဲ့ရှုယန် ခပ်တိုးတိုး ရွတ်လိုက်သည်။

ဟွာဖေးရှု: “.....”

ယွဲ့ရှုယန် အသေးစိတ် မရှင်းပြတော့ချေ။

“ ငါတို့ကြည့်ရအောင်”

အပြိုင်ကမ္ဘာကုန်စုံဆိုင်ရဲ့ အပြင်ဘက်တွင်…

“ ယွီကျွင်းငါမင်းကို အနိုင်ကျင့်တယ်လို့ သူများတွေ မထင်စေချင်ဘူး။ ငါမင်းကို အကြောပေးရင် ဘယ်လိုလဲ?”

လင်ယွီကျွင်းရဲ့ မျက်ခုံးတွေ တွန့်သွားပြီး

“ ငါမလိုဘူး”

ရှောင်လျန်ဖန်းမှ ပြုံးဖြဲဖြဲ မျက်နှာနှင့်

“ မင်းသေချာလား? ငါအခုတင် သိုင်းသူတော်စင်နယ်ပယ်ကို အဆင့်တက် ထားတာနော်။ ငါ့ရဲ့သန်မာမှုက အများကြီး တိုးထားတယ်။ ချီစွမ်းအင် မသုံးတောင် ငါ့ခန္ဓာကိုယ်က မင်းထက်အများကြီး သန်မာတယ်..”

လင်ယွီကျွင်း တိတ်ဆိတ်နေဆဲပင်။

ရှောင်လျန်ဖန်း လှောင်လိုက်သည်။

“အေးပါ အေးပါ။ အရမ်းအတည်ကြီး လုပ်ဖို့ မလိုပါဘူး။ ဒီလိုဆိုရင်ရော? ငါမင်းကို အားအကုန်သုံးပြီး မတိုက်ဘူးလေ”

“မလိုအပ်ဘူး”

ရှောင်လျန်ဖန်း ရပ်သွားသည်။

လင်ယွီကျွင်း ဆက်ပြောလိုက်သည်။

“ ငါ့ကိုအတည်တိုက်”

ရှောင်လျန်ဖန်း သက်ပြင်းချလိုက်ကာ

“ ဟူး ကောင်းပြီလေ။ ဒါဆို မင်း လေပေါ်ဝဲသွားလဲ ငါ့ကို အပြစ်မတင်နဲ့နော်”

ရှောင်လျန်ဖန်း အရှေ့တိုးပြီး လက်သီးဆုတ်လိုက်သည်။ လင်ယွီကျွင်းလဲ အသင့်ပြင်လိုက်သည်။

ဒီလိုနဲ့ တိုက်ပွဲစတင်ပါပြီ!

ရှောင်လျန်ဖန်း အချိန်မဆွဲပေ။ မြေကြီးကို တွန်းပြီးအားယူလိုက်ကာ အရှေ့ဝဲလာချိန်မှာ လင်ယွီကျွင်းရဲ့ ရင်ဘတ်တည့်တည့်ကို လက်သီးချိန်လို​က်သည်။

သူ့ရဲ့ ချိုးဖောက်လက်သီးသိုင်းသည် အရိုင်းဆန်သည်။ လက်သီးတစ်ချက် ပြီးတာနဲ့ နောက်တစ်ချက်က ရေလှိုင်းတွေလို ဆက်တိုက် ကျရောက်ပြီး ရန်သူကို ချောင်ပိတ်အောင် လုပ်တာပင်။

ဒါပေမဲ့ ရှောင်လျန်ဖန်းရဲ့ လက်သီးကျရောက်တော့မဲ့ အချိန်မှာပဲ..

လင်ယွီကျွင်း လှုပ်ရှားလို​က်သည်။

သူ့ရဲ့ခန္ဓာကိုယ်က ရေစီးကြောင်းတစ်ခုလိုမျိုး ပုံမှန်မဟုတ်တဲ့လျင်မြန်မှုဖြင့် ရွေ့လျားသွားသည်။ ပုခုံးကို လက်သီးနဲ့ လွတ်တယ်ဆိုရုံလေး စောင်းလိုက်ပြီး ရှောင်လျန်ဖန်းရဲ့ နောက်ထပ်လက်သီးချက် မကျရောက်ခင်မှာပဲ သူ့ရဲ့ကိုယ်ကို အမြန်လှည့်ကာ ရှောင်လျန်ဖန်းရဲ့အနောက်ကို သွားလိုက်သည်။

ရှောင်လျန်ဖန်းရဲ့ မျက်လုံးတွေ ပြူးကျယ် သွားသည်။

ဘယ်လိုလျင်မြန်မှုကြီးလဲဒါက?!

ရှောင်လျန်ဖန်း ကိုယ်ကို လှည့်လိုက်ပြီး နောက်ထပ်လက်သီးတစ်လုံး သွင်းလိုက်သည်။ သို့ပေမဲ့ လင်ယွီကျွင်းက လူသားမဆန်လောက်အောင် တိကျစွာ ကပ်သီးလေး ရှောင်ပြသွားသည်။

လင်ယွီကျွင်းရဲ့ ခြေလှမ်းတွေက တိကျပြီး ခန့်မှန်းလို့မရဘူး။

ရှောင်လျန်ဖန်းရဲ့ လက်သီးတွေက အရိပ်ကို ထိုးနေရသလိုမျိုးပဲ။

ရှောင်လျန်ဖန်းရဲ့ ချိုးဖြတ်လက်သီးသိုင်းက ရှောင်ဖို့ ခက်ခဲသော သိုင်းတစ်ခု အမြဲဖြစ်ခဲ့သည်။ ဒါပေမဲ့ ဒီအချိန်မှာ လင်ယွီကျွင်းအတွက် အလွန်လွယ်ကူနေသလို ခံစားရသည်။

ရှောင်လျန်ဖန်း အံကြိတ်ကာ အရှိန်ပိုတိုးလိုက်သည်။ သူ့ရဲ့ လက်သီးတွေက မြန်လွန်းလို့ မှုန်ဝါးစေလောက်တဲ့အထိ ဖြစ်နေပြီး အရိုင်းဆန်လှသော ပြင်းအားနဲ့ လင်ယွီကျွင်းကို ချောင်ပိတ်ဖို့ လုပ်လိုက်သည်။

ဒါပေမဲ့….

လင်ယွီကျွင်း ရှောင်လိုက်သည်။

ရှောင်လိုက်ပြန်သည်။

ထပ်ရှောင်လိုက်ပြန်သည်။

ကျောက်ဆောင် တွေကို ကျော်ဖြတ်စီးဆင်းနေသော မြစ်ရေကဲ့သို့ လင်ယွီကျွင်းက အလွယ်တကူလေး ရှောင်ပြသွားသည်။

အမှန်တော့ လင်ယွီကျွင်းရဲ့ စိတ်ထဲမှာ တွေးချိန်ပင် မရသလောက်ပဲ။ ခန္ဓာကိုယ်က အလိုအလျောက် တုံ့ပြန်သွားတာပင်။ ကိုလာကနေ ရလိုက်သော တွန်းအားသည် သူ့ရဲ့အာရုံခံနိုင်စွမ်းကို သာမာန်ကန့်သတ်ချက်ထက် ကျော်လွှန်ပြီး မြင့်တင်ပေးသွား ခဲ့သည်။

လက်သီးတစ်ချက်အပြီးမှာ ရှောင်လျန်ဖန်း အနည်းငယ် တန့်သွားသည်။

ငါဘယ်နားကို တိုက်မယ်ဆိုတာ သူ သိပြီးသားလား?

ရှောင်လျန်ဖန်းရဲ့ တိုက်ချက်က တစ်ဝက်မှာတင် နေရာပြောင်းသွားသည်။ လင်ယွီကျွင်းရဲ့ စိတ်ထဲ အန္တာရယ်ကို မခံစားမိခင်မှာပဲ ခန္ဓာကိုယ်က တုံ့ပြန်လိုက်သည်။

သူ့ရဲ့ တုံ့ပြန်ချိန်က နှစ်ဆလောက် မြန်သွားသည်။

တိုက်ကွက်တွေကို အနှေးကြည့်နေရသလိုပင်။

ထို့နောက်မှာ လင်ယွီကျွင်း ပြန်တိုက် တော့သည်။

ကြာပွတ်တစ်ခုလိုမျိုးသူ့ရဲ့ လက်သီးချက်က ရှောင်လျန်ဖန်းအပေါ် ကျရောက်သွားသည်။

ဘန်း!

ရှောင်လျန်ဖန်းရဲ့ ခန္ဓာကိုယ်က ယိုင်သွားသလို သူ့ရဲ့မျက်နှာကလဲ အံ့သြမှုကြောင့် ရှုံ့မဲ့သွားသည်။ လင်ယွီကျွင်း သူ့ကို ဒီလောက်ပြင်းပြင်း ဘယ်တုန်းကမှ မရိုက်ခဲ့ဖူးဘူး။

လင်ယွီကျွင်း ဒီလောက်နှင့် မရပ်ချေ။ သူ အရှေ့တိုးလိုက်ပြီး လက်သီးတွေက အဆုံးမဲ့သော မိုးပမာ ဆက်တိုက်ကျရောက် တော့သည်။ လက်သီးချက်တွေမှာ အင်အားအများကြီး မပါသော်ငြား ထိုအရိုင်းဆန်လှတဲ့ လက်သီးတွေကြောင့် ရှောင်လျန်ဖန်း တစ်လှမ်းချင်း အနောက်ဆုတ် နေရသည်။

​ရှောင်လျန်ဖန်း အမြန်ဟန်ချက်ထိန်းကာ လက်တစ်ဖက်မြှောက်ပြီး လင်ယွီကျွင်းရဲ့ လက်သီးတွေကို ကာလိုက်သည်။ လင်ယွီကျွင်းက လျင်မြန်မှု အားကောင်းပေမဲ့ သိုင်းသူတော်စင်အဆင့် တစ်ယောက်အနေနဲ့ သန်မာမှုပိုင်းမှာ ရှောင်လျန်ဖန်းက ပိုအားသာသည်။

လက်သီးတစ်ချက်က သူ့မျက်နှာဆီ ကျရောက်လာသည်။ ရှောင်လျန်ဖန်း ဘေးကို အနည်းငယ်စောင်းပြီး ရှောင်လိုက်သည်။ လက်သီးရဲ့ပြင်းအားကြောင့် ဆံပင်များပင် လွင့်သွားသေးသည်။

ရှောင်လျန်ဖန်း မျက်လုံးများကျဥ်းမြောင်း လိုက်သည်။

ဒီလိုသာ ဆက်သွားနေရင်…

လင်ယွီကျွင်း တစ်ကယ်ပဲ နိုင်သွားလိမ့်မည်။

ရှောင်လျန်ဖန်း တင်းနေအောင် လက်သီး ဆုတ်လိုက်သည်။

အဲ့လိုဖြစ်လို့မရဘူး!

သူ ခြေထောက်ကို ​မြေကြီးပေါ် အားယူတွန်းကန်လိုက်ပြီး ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။ လှိုင်းလုံးကြီးတစ်ခု သဖွယ် ရှောင်လျန်ဖန်းရဲ့ ကိုယ်က အပေါ်ကို မြင့်တက်သွားသည်။

လင်ယွီကျွင်း အမြန်တုံ့လိုက်ပြီး ရှောင်လိုက်သော်ငြား…

ဒီတစ်ကြိမ်မှာ သူ အမြန်ကြီး မရှောင်နိုင်ခဲ့ဘူး။

ဘုန်း!

လင်ယွီကျွင်းရဲ့ ကမ္ဘာကြီး ချာချာလည်သွားသည်။ သူ့ ခေါင်းထဲမှာ သိလိုက်ရတာက လျှောစီးနေသလိုမျိုး ​မြေကြီးပေါ်မှာ လှိမ့်နေရပြီး အဆုံးမှာ ဖုန်တွေ ပေကျံပြီး ရပ်သွားသည် ဆိုတာပင်။

စာစဉ်ပြီး၏

All Chapters