← Chapters

တပည့်လည်း မမှတ်မိပါ

Vol. 20 Ch. 267

တပည့်လည်း မမှတ်မိပါ

Vol. 20 Ch. 267

ဝှစ် ဝှစ် ဝှစ်!

ဘေးပတ်လည်ရှိ လေစီးကြောင်းများက ပြင်းထန်စွာ တိုက်ခတ်နေပြီး လေတိုးသံမှာ သူ့နားထဲတွင် တဖျတ်ဖျတ်ဆူညံနေသည်။ ယဲ့ကျွင်းလင်သည် မယုံနိုင်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့် ပြိုင်ပွဲဝင်အပေါင်း၏ရှေ့ဆုံးတွင် ဦးဆောင်ကာ ကျယ်ပြန့်သော မြက်ခင်းပြင်ထဲမှ ဖြောင့်ဖြောင့်တန်းတန်း ပြေးထွက်သွားသည်။

နောက်ထပ်လာသော နယ်မြေများတွင်လည်း ယဲ့ကျွင်းလင်သည် အံ့ဩဖွယ်ကောင်းသော ကံတရားပေါ်တွင် မှီခိုလျက် တစ်ခါတစ်ရံ မြင်းစီးကာ၊ တစ်ခါတစ်ရံ ပို့ဆောင်ရေးစနစ်ဖြင့် အဆင့်များကို ဂိမ်းတစ်ခုကဲ့သို့ ရှင်းလင်းပြီး ပန်းတိုင်သို့ လျင်မြန်စွာ ရောက်ရှိခဲ့သည်။

ဗလာဖြစ်နေသော ကွင်းပြင်နှင့် သဲတစ်ဝက်ခန့် ကျန်ရှိနေသေးသော ရွှေရောင်သဲနာရီကို ကြည့်ပြီး ယဲ့ကျွင်းလင် ခေါင်းခါကာ သက်ပြင်းချလိုက်မိ၏။ “ငါ့နှယ်နော်၊ ဖြည်းဖြည်းသွားခဲ့ရမှာကို”။

ပြောပြီးနောက် အံစာတုံးကို အနောက်သို့လွှင့်ပစ်လိုက်ရာ ရွှေရောင်ဂဏန်းခြောက်ဆယ်ကိုပင် ပြသနေပြန်လေသည်။

ထိုအချိန်၌ သူ့ဗိုက်မှအသံမြည်လာသည်။ ယဲ့ကျွင်းလင် ဆာလောင်မှုကို ခံစားလိုက်ရပြီး ရေရွတ်ိုက်၏။ “အဆင့်တွေအများကြီးကို ဒီလောက်ကြာအောင် ပြေးလာခဲ့တာ၊ ဗိုက်နည်းနည်း ဆာတာ မဆန်းပါဘူး။ ကိုယ့်ကိုယ်ကို ဆုချဖို့အတွက် တစ်ခုခု စားဖို့အချိန်ရောက်ပြီ”

မည်သို့ပင်အထောက်အကူပစ္စည်းများနေပါစေ ကျင့်ကြံဆင့်မှာ ချီစုဆောင်းခြင်းအဆင့်ထိ ဖိနှိပ်ခံထားရသောကြောင့် ပြင်းထန်သော လေ့ကျင့်ခန်းပြုလုပ်ပြီးနောက် ဗိုက်ဆာခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။

တောင်တစ်ဖက်ခြမ်းတွင်။

မသေမျိုးကျွန်း၏ မူလကျွန်းသခင်ဖြစ်သူ လျိုဟွမ်းရှုသည် ရေကန်ထဲတွင် ပေါ်နေသော ပန်းတိုင်မြင်ကွင်းကို ကြည့်နေသည်။ သူ၏ မျက်နှာအမူအရာမှာ အံ့ဩတုန်လှုပ်နေဆဲဖြစ်ပြီး ဤမြန်ဆန်၍ စိတ်ဓာတ်ပြင်းထန်သော လူသားကြောင့် အတော်ကြီးကို ထိတ်လန့်တုန်လှုပ်နေပုံရ၏။

“သောက်ချီး၊ ကောင်းကင်ဘုံကို ဘယ်လိုတောင်ရဲရဲကြီးစိန်ခေါ်နေတဲ့ ကံတရားမျိုးလဲ?!”

အကြိမ်တစ်ထောင်တွင် တစ်ကြိမ်သာ ဖြစ်နိုင်သော အံစာတုံး၏ ဖြစ်နိုင်ချေကို တစ်လျှောက်လုံး အလိုအလျောက် ဖြစ်ပေါ်စေနိုင်ပြီး တစ်လမ်းလုံး ပြေးလွှားရာတွင်လည်း ချောမွေ့ဖြောင့်ဖြူးနေကာ အတားအဆီးမရှိပေ။

ဤသည်မှာ ကောင်းကင်ဘုံ၏ ချစ်သားမျက်ရှုဟုမဆိုနိုင်တော့။ ကောင်းကင်ဘုံ၏ ဖခမည်းတော်ကြီးသာ ဖြစ်ရပေမည်!

လျိုဟွမ်းရှု၏ စိတ်အခြေအနေသည် ရှုပ်ထွေးနေသော်လည်း ဤစိန်ခေါ်မှုကို သတ်မှတ်ခဲ့စဥ်အခါက လူသားတို့၏ မွေးရာပါကံကြမ္မာကို ထည့်သွင်းစဉ်းစားခဲ့သည်အား ပြန်စဉ်းစားမိ၏။

တာအိုလမ်းစဥ်ဆိုသည်မှာလည်း ကံတရားအပေါ်တွင် မူတည်ထားခဲ့သည်ပင်။ ရှေးခေတ်က ပိရမစ်ထိပ်တွင် ရပ်နေနိုင်ခဲ့သော ထိုစွမ်းအားရှင်ကြီးများထဲတွင်လည်း မည်သူက ကံမကောင်းသူဖြစ်လိမ့်မည်နည်း? ကံတရား၏မျက်နှာပေးခြင်းမခံရသူ ရေနည်းငါးလေးများမှာ လှိုင်းတစ်တွန့်ပင်မထုတ်နိုင်လိုက်ဘဲ ယက်ကန်ယက်ကန် မြုပ်ကွယ်ပျောက်ပျက်သွားကြမည်သာ။

သို့သော် ထိုသို့ကံကြီးရှင်များဖြစ်လင့်ကစား၊ သူကိုယ်တိုင် အပါအဝင် ထိုမဟာပုဂ္ဂိုလ် များသည် ထိုနှစ်ကကျရောက်ခဲ့သော မဟာဘေးအန္တရာယ်ကို တားဆီးနိုင်ခြင်းမရှိခဲ့ပေ။

ယခုမူ သူတို့ထက်ပင် ကောင်းကင်ဘုံကိုတက်စိန်ခေါ်တော့မတတ် ကံတရားမြင့်မားသူ လူတစ်ဦးသည် နောင်မျိုးဆက်တွင် ပေါ်ပေါက်လာခဲ့လေပြီ။ ဤသည်မှာ အလှည့်အပြောင်းတစ်ခု ပေါ်ပေါက်လာခြင်းကို ဆိုလိုသည် မဟုတ်ပါလော?

ကံ သည်လည်း ခွန်အား၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်ပင်။

ဤလူငယ်၏ကံမှာ အတော်လေးချဲ့ကားလွန်းသည်ဟု ဆိုရအောင်ပင် ကြီးမားနေခဲ့လေသည်…

စဥ်းစားရင်းတွေးရင်းဖြင့် လျိုဟွမ်းရှုသည် အောင်မြင်မှုဗျာဒိတ်တစ်ခုကို မြင်လိုက်ရသကဲ့သို့ ကျုံ့ထားသောမျက်ခုံးများ ပြေလျော့သွားရ၏။ စိတ်သက်သာရာရသော အပြုံးကို ပြသရန် ပြင်ဆင်နေစဉ် နောက်တစ်စက္ကန့်တွင် တစ်ခုခုကို မြင်လိုက်ရသကဲ့သို့ အပြုံးမှာ လက်ခုလတ်တွင်တန့်သွားကာ ပါးစပ်ထောင့်လည်း တလှုပ်လှုပ်ဖြစ်သွားရသည်။

ပြန့်ပြူးသော ကွင်းပြင်တွင် မီးခိုးငွေ့များ ထွက်ပေါ်လာသည်ပင်။

မီးကျင်းကို ဗဟိုတည်တောက်လောက်နေသော မီးတောက်များက အလွန်ပြင်းထန်သည်။

ယဲ့ကျွင်းလင်သည် သိုလှောင်လက်စွပ်ထဲမှ ကြိုတင်ပြင်ဆင်ထားသော အသားကင် များစွာကို ထုတ်ယူပြီး အသားကင် မီးထက်လှည့်ကင်ကာ ဆော့စ်များကိုလည်း သုတ်လိမ်းရင်း ခမ်မြူးမြူးသီချင်းတစ်ပုဒ်ကို ဆိုညည်းနေသည်။

မကြာမီပင် သွားရည်ယိုချင်စရာ အသားနံ့များ လေထဲသို့ ပျံ့နှံ့လာသည်။

“အိုး ရေ့!”

ယဲ့ကျွင်းလင် ကျက်သွားပြီဖြစ်သော အသားကင် တစ်ချောင်းကို ကောက်ယူပြီး အရသာခံရင်း စားလိုက်ရာ မျက်နှာတစ်ခုလုံး ပြုံးပျော်သွားလျက်ရှိလေသည်။

ဤသည်ကို မြင်သောအခါ လျိုဟွမ်းရှု၏ မျက်ခွံများ တွန့်သွားရသည်။ ထိုနေရာသို့ ချက်ချင်းအမြန်ပြေးသွားပြီး ယဲ့ကျွင်းလင်၏ဝတ်ရုံကော်လာစကိုဆွဲဆုပ်ကာ “မင်း ဘာလုပ်နေတာလဲ? ပြောစမ်း၊ မင်း ဘာလုပ်နေတာလဲ? ဒါက ခွင်းလွင်လောကရဲ့ ထိပ်တန်း အမွေအနှစ်တွေအတွက် စမ်းသပ်မှုပဲ! နည်းနည်းလောက် အလေးအနက်ထားလို့ မရဘူးလား?!” ဟု အော်ဟစ်ပစ်ချင်နေသည်။

သို့သော် အကြီးအကဲတစ်ဦးအနေဖြင့် လျိုဟွမ်းရှုသည် ဒေါသကို တတ်နိုင်သမျှ ထိန်းချုပ်ထားရမည်သာ။

“တကယ်တော့ လက်ရှိအချိန်ကို ပျော်ပျော်ကုန်ဆုံးစေတာလည်းကောင်းပါတယ်။ ဒါက စိတ်သဘောထား ဖြူစင်ရိုးရှင်းတယ်ဆိုတာ ပြသနေတာပဲ”

လျိုဟွမ်းရှု အတင်းအကျပ် ပြုံးလိုက်သော်လည်း အပြုံးမှာ တောင့်တင်းတင်းဖြင့် အသက်မပါလှပေ။

ဟုန်ချန်ယဲ့ နှင့် ချန်ရှောင်း တို့သည်လည်း ပန်းတိုင်သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။

သူတို့နှစ်ဦးစလုံးမှာ အပြေးပြိုင်လာသော ခွေးများကဲ့သို့ပင် ပင်ပန်းနွမ်းနယ်နေပြီး ချွေးများဖြင့် စိုရွှဲနေသည်။ ရှေ့ကွင်းပြင်တွင် အေးဆေးစွာ အသားကင် စားနေသော ငွေရောင်ဆံပင်နှင့် လူငယ်ကို ကြည့်ကာ ဘာပြောလို့ပြောရမှန်းမသိ ဆွံ့အသွားကြရ၏။

“ရှောင်ဟုန်၊ မင်း ဗိုက်ဆာလား”

ယဲ့ကျွင်းလင်သည် မွှေးကြိုင်သော ကြက်ကင်တစ်ချောင်းကို ယူကာ စိတ်အားထက်သန်စွာ ဖိတ်ခေါ်လိုက်သည်။ “လာ၊ ကြက်သားစားချည်!”

ဟုန်ချန်ယဲ့၏ မျက်နှာအမူအရာမှာ အတော်လေးနေရခက်နေဟန်။ ထိုသူပြောသောစကားများက အမြဲတမ်း ကျိုးကြောင်းမညီညွှတ်ကာ နေရာဒေသဖြင့်မကိုက်ညီလှဟု သူခံစားရ၏။

သို့သော် သူသည် ပြေးလွှားလာသဖြင့် တကယ်ပင် ပင်ပန်းပြီး ဗိုက်ဆာနေသည်သာ။ ထိုအချိန်တွင် ကမ်းပေးခံရသောအသားကင်မှာ နှင်းတောထဲတွင် မီးသွေးတစ်အိတ်ရလိုက်သည့်အလား။

“ကျေးဇူးတင်ပါတယ်၊ ဆရာသခင်!”

ဟုန်ချန်ယဲ့သည် လျှောက်သွားပြီး မွှေးကြိုင်သော အသားကင်ကို လှမ်းယူလိုက်သည်။ အသားကင် ၏ အသားမှာ လတ်ဆတ်ပြီး နူးညံ့ကာ ကြွပ်ဆတ်နေကာ ဆော့စ်နှင့်ဇီရာမှုန့်ကို ကောင်းကောင်းသုတ်လိမ်းပေးထားခြင်းကြောင့် အနံ့အရသာဖြင့် ပြည့်စုံလှ၏။

ဆရာတပည့်နှစ်ဦ မြိန်ရည်ရှက်ရည် အသားကင်စားနေသည်ကို မြင်သောအခါ အနက်ရောင် ခေါင်းစွပ်ဝတ်ရုံ ခြုံထားသော ချန်ရှောင်း၏လည်ချောင်းမှာ အကြိမ်အနည်းငယ် လှုပ်ရှားသွားပြီး တံတွေးကို အရူးအမူး မျိုချနေမိသည်။

မမြင်ချင်သည်ကို မမြင်ရတာ အကောင်းဆုံးဟု တွေးကာ ချန်ရှောင်း အံကိုကြိတ်ပြီး ထောင့်တစ်နေရာသို့ သွားကာ တင်ပျဥ်ခွေထိုင်လိုက်သည်။ ထို့နောက် အားဆေးတစ်လုံးကို ထုတ်ယူမျိုချကာ “ဟမ့် ဒါကမှ ကျင့်ကြံရေးလမ်းစဥ်ရဲ့ မှန်ကန်တဲ့ နည်းလမ်းပဲ!” ဟု တိတ်တဆိတ်တွေးလိုက်သည်။

အချိန်ကုန်ဆုံးသွားသည်နှင့် နောက်ထပ် လူအုပ်စုတစ်စု တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။

လူအုပ်ထဲတွင် လီဝူကျယ်သည် ဖုန်များဖုံးလွှမ်းနေပြီး ဆံပင်တွေရော အဝတ်တွေပါ မသပ်မရပ်ဖြစ်ကာ ဒုက္ခသည်တစ်ဦးကဲ့သို့ ထင်မှတ်ရ၏။ ရုတ်တရက် လေထဲတွင် အသားနံ့ မွှေးမွှေးသင်းသင်းကို သူ ရလိုက်ရာ မျက်လုံးများ ပြူးကျယ်လာပြီး အနံ့ရှိရာသို့ လူကအလိုလို တန်းခနဲလိုက်သွားသည်။ ထို့နောက် ရင်းနှီးသော ပုံရိပ်နှစ်ခု အသားကင် စားနေသည်ကို မြင်လိုက်ရ၏။

“ဟေး၊ ကျွန်တော့်အတွက် နည်းနည်း ချန်ထားပေးဦး!”

လီဝူကျယ် အလျင်အမြန် ပြေးသွားပြီး အသားကင် အများအပြားကို လက်လှမ်း၍ ဖမ်းယူလိုက်သည်။ ပါးစပ်ထောင့်မှ သွားရည်များ စီးကျလုနီးပါးဖြစ်ပြီး မျက်လုံးများက အသားကင်ထံမှ တစ်ချက်မလွှဲ။

All Chapters