← Chapters

အခန်း (၂၇၄)

Vol. 20 Ch. 274

အခန်း (၂၇၄)

Vol. 20 Ch. 274

ပထမသား သတ်ဖြတ်တိုက်ခိုက်နေစဉ် သစ်သားအိမ်ငယ်လေးပတ်လည် အရပ်ရပ်မှ ဝံပုလွေအူသံများ ပဲ့တင်ထပ်နေပြီး တောအုပ်‌မှောင်ရိပ်ထဲမှ သွေးဆာနေသော မျက်လုံးများ ထူထပ်စုံလင်စွာ ပေါ်ထွက်လာရာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

ဖျတ် ဖျတ် ဖျတ်~!

မီးခိုးရောင်ဝံပုလွေအုပ်ကြီးများသည် ပါးစပ်အရင်းမှ သွားရည်များ စီးကျနေကာ ဆံဖြူအဘိုးအို၏ ပုံရိပ်ကို စူးစိုက်ကြည့်ရင်း ပြေးထွက်လာကြတော့၏။

သူတို့၏စိတ်ထဲတွင် “စားပစ်လိုက်၊ အဲ့လူသားကို စားပစ်လိုက်…” ဟု အဆက်မပြတ် သတိပေးနေသော အသံတစ်ခု ထွက်ပေါ်နေသည်။

“မြတ်စွာဘုရား၊ ထပ်လာဦးမှာလား!” ယဲ့ကျွင်းလင် မျက်ခွံများ တုန်ယင်သွားသည်။

ဤကဲ့သို့ ပတ်ပတ်လည်ဝိုင်းနေသော အခြေအနေအရ ဆံဖြူအဘိုးအိုကြီး မသေမျိုးဖြစ်သွားလျှင်ပင် ဤတောကောင်အုပ်ကို ပြန်လည်တွန်းလှန်နိုင်ပါမည်လား မပြောတတ်။

“အဘိုး၊ မကြောက်ပါနဲ့၊ ကျွန်တော်တို့လည်း ဒီမှာရှိတာပဲ!”

နွယ်ပင်ပေါ်တွင် မတူညီသောအရောင်စုံဖြင့် ဘူးသီးခြောက် ခြောက်လုံးသည် ဘူးပင်မှရုန်းကန်ဖြုတ်ထွက်ကာ မြေပြင်ပေါ်သို့ ကျရောက်ပြီးနောက် အကြီးဆုံးသားကဲ့သို့ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာသည်။

ကလေးမျက်နှာများဖြင့် ဘူးသီးခြောက် သေးသေးလေးများကို ခေါင်းပေါ်တင်ထားသော လူပုံများစွာ ဖြစ်ပေါ်လာပြီးနောက် အဘိုးအို၏ပတ်လည်တွင် စုဝေးကာရံလိုက်ကာ လျင်မြန်စွာ စုဝေးလာသော မီးခိုးရောင်ဝံပုလွေအုပ်ကို စူးစူးဝါးဝါး ပြန်လည်စိုက်ကြည့်လိုက်ကြ၏။

အူဝူး~!

ဝံပုလွေ အူသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

ဝံပုလွေအုပ်သည် လမ်းကြောင်းများစွာမှ ညှပ်ပိတ် တိုက်ခိုက်လာကြသည်။ ၎င်းတို့၏ လှုပ်ရှားမှုများမှာ လေကဲ့သို့ လျင်မြန်ပြီး ကိုက်ခဲအားသည် သံမဏိကိုပင် အမှုန့်ကြေစေလောက်မတတ်။

“ဟမ့် မင်းတို့အားလုံးကို မီးလောင်တိုက်သွင်းပစ်မယ်!”

ခေါင်းပေါ်တွင် ဘူးသီးခြောက်အစိမ်းရောင် သေးသေးလေး တင်ထားသော စတုတ္ထသားသည် အသက်ပြင်းပြင်း ရှူလိုက်ရာ ရင်ဘတ်တစ်ခုလုံး ဖောင်းကြွလာပြီးနောက် ပါးစပ်ကို ဖွင့်ဟလိုက်သော် မီးတောက်များ ထွက်ပေါ်လာသည်။ ထိုမီးတောက်များက တောရိုင်းဝံပုလွေ အများအပြားကို တစ်ပြိုင်တည်းလောင်ကျွမ်းစေပြီး ပူလောင်နာကျင်သော အော်ဟစ်သံများ ထွက်ပေါ်လာစေ၏။

ဖျတ်ခနဲဆိုသလို ခေါင်းပေါ်တွင် ဘူးသီးခြောက်အဝါရောင် တင်ထားသော တတိယသားသည်လည်း ရှေ့ထွက်တိုက်ခိုက်လာသည်။ သူ၏ ကြေးလိုမာကျောသော ဦးခေါင်းနှင့် သံမဏိလက်များကို အားကိုးကာ ဓားလှံအကူအညီမပါဘဲ ဝံပုလွေအုပ်ထဲသို့ အရှိန်ဖြင့်ပြေးဝင်ကာ ထိုးကြိတ်ကန်ကျောက်နေသည်။ အရှိန်အဝါမှာ အတားအဆီးမရှိ ပြင်းထန်လှ၏။

အခြား ဘူးသီးခြောက်ကလေးများသည်လည်း ၎င်းတို့၏ မွေးရာပါစွမ်းအားများကို တစ်ဦးချင်းစီ ပြသလာကာ ပတ်ဝန်းကျင်ရှိ ခြိမ်းခြောက်ရန်လိုသော သားရဲအားလုံးကို သတ်ဖြတ်ပေးခဲ့သည်။

နာရီဝက်ကြာပြီးနောက်။

ခေါင်းပေါ်တွင် ဘူးသီးခြောက်လိမ္မော်ရောင်လေးတင်ထားသော ဒုတိယသားသည် သူ၏ အဝေးမြင်မျက်စိဖြင့် အဝေးကြားနားကိုအသုံးပြုကာ ပတ်ဝန်းကျင်တစ်ခုလုံးအား သေချာစစ်ဆေးလေ့လာလိုက်သည်၊

ခဏအကြာတွင် သူ၏နူးညံ့ချစ်စဖွယ် ကလေးမျက်နှာလေးထက် စိတ်သက်သာရာရသော အမူအရာတစ်ခု ပေါ်လာသည်။ “လောလောဆယ်တော့ အန္တရာယ် မရှိတော့ဘူး”

“အဘိုး၊ အဆင်ပြေရဲ့လား?” ပထမသားသည် သူ၏ပုံမှန်အရွယ်အစားသို့ ပြန်ကျုံ့သွားပြီး ပြေးလာကာ မှင်တက်မိနေသော အဘိုးအိုကိုကြည့်ရင်း စိုးရိမ်တကြီး မေးလိုက်သည်။

လေထုထဲတွင် သွေးနံ့များဖြင့် ပြည့်နှက်နေလျက်။

ရှုပ်ထွေးနေသော ပတ်ဝန်းကျင်တွင် သားရဲအသေကောင်များ နေရာအနှံ့ ပြန့်ကျဲလှဲလျောင်းနေသည်။ ယဲ့ကျွင်းလင် သတိပြန်ဝင်လာပြီး အားရပါးရ ရယ်မောလိုက်သည်။ “ဟားဟား၊ အဘိုး အဆင်ပြေလိုက်တာမှကွာ၊ နောက်ဆုံးတော့ ကောင်းကောင်း အိပ်စက်နိုင်ပြီပေါ့!”

“အဘိုး၊ ကောင်းကောင်း အိပ်လို့ရပါပြီ၊ ကျွန်တော်တို့ အိမ်ပြင်ကနေ အဘိုးကို စောင့်ရှောက်ပေးမယ်၊ အဘိုး စားချင်တာ အကုန်လုံးလည်း ပြင်ဆင်ချက်ပြုတ်ပေးမယ်” ဒုတိယသားက နာခံစွာ ပြောလိုက်သည်။

ထို့နောက် ယဲ့ကျွင်းလင်သည် အိမ်ထဲသို့ ပြန်ဝင်သွားပြီး စိတ်ကို လုံးလုံးလျှော့ချကာ ခုတင်ပေါ်တွင် လဲလျောင်းလျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့တော့သည်။ တစ်သက်လုံး အိပ်စက်လာသမျှ အနှစ်ခြိုက်ဆုံး အချိုမြိန်ဆုံး အိပ်စက်မှုတစ်ခုပါပေ။

နောက်တစ်နေ့တွင်။

ကျွီ

ယဲ့ကျွင်းလင် တံခါးကို တွန်းဖွင့်လိုက်သည်။ မနေ့က ရှုပ်ပွနေသော အရာများကို ပြောင်စင်အောင် သန့်ရှင်းရေးလုပ်ထားပြီး သူ၏အိမ်ပတ်လည်တွင် သစ်သားအိမ်အသစ် ခုနစ်လုံး ပေါ်လာကာ မထိုးဖောက်နိုင်သော ခံတပ်တစ်ခုကဲ့သို့ လုံလုံခြုံခြုံ ကာကွယ်ပေးထားလေသည်။

အင်း၊ အရမ်းကို လုံခြုံတယ်လို့ ခံစားရတယ်!

ယဲ့ကျွင်းလင် အခန်းထဲမှ ထွက်လာသည်ကို မြင်သောအခါ ပထမသားက အားကုန်အော်ဟစ်နှုတ်ဆက်လာသည်။ “အဘိုး ထွက်လာပြီ!”

ချက်ချင်းပင် ဘူးသီးခြောက်ကလေး ခုနှစ်လုံးသည် သူ့ရှေ့ကို ဝိုင်းအုံလာကြပြီး ဆံဖြူအဘိုးအိုကို ဝိုင်းကြီးပတ်ပတ်လည် ခုန်ပေါက်နေကြကာ “အဘိုး! အဘိုး! အဘိုး!” ဟု ချစ်ခင်စွာ ခေါ်ဝေါ်နှုတ်ဆက်လာကြ၏။

ယဲ့ကျွင်းလင် ပြုံးလိုက်ပြီး ဘူးသီးခြောက်ကလေး ခုနှစ်လုံး၏ ခေါင်းများကို တစ်ဦးချင်းစီ ပွတ်သပ်ပေးကာ သူ၏အကြည့်များမှာ ကြင်နာနူးညံ့လာပြီး စိတ်သက်သာရာရစွာပြောလိုက်သည်။ “မင်းတို့အားလုံး ရောက်လာတာ အရမ်းကောင်းတာပဲ။ အဘိုးလည်း အခုမှပဲ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်တော့မယ်~”

တကယ်တော့ သူ ပြောချင်တာက…

မင်းတို့ ကြွက်စုတ်လေးတစ်အုပ် ရောက်လာပြီဆိုတော့ ငါဆက်ပြီး အပျင်းထူနေလို့ ရပြီပေါ့လေ!

သို့သော် သူ စကားပြောင်းပြောရန် ရွေးချယ်ခဲ့သည်။ လက်ရှိခန္ဓာကိုယ်နှင့် ကိုက်ညီသော ကရုဏာသက်ဖွယ်စကားတို့ကို များများသုံးပေးရမည်မဟုတ်လော။

(ငယ်ငယ်တုန်းက မြဝတီ၊ မြန်မာ့အသံတို့က လာတဲ့ ကာတွန်းကားရှိတယ်။ ဘူးသီးညီနောင်ခုနစ်ဖော်ဆိုတာ ၊ မှတ်မိတဲ့လူတွေမှတ်မိကြမယ်။ နီကျားကာတွန်းကားနဲ့ တခေတ်ထဲမှာပေါ့)

All Chapters