← Chapters

အခန်း (၄၆၆)

Vol. 32 Ch. 466

အခန်း (၄၆၆)

Vol. 32 Ch. 466

ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်းအတွင်းမှ တိုက်ပွဲနှင့်အတူ ထိုအင်အားစုသုံးခုအား ရွှမ်ယီ၏ နှလုံးသားထဲ၌ မှတ်သားထားခဲ့ပြီး ဖြစ်သည်။

သို့သော် လက်ရှိ သူ၏ခွန်အားက အနည်းငယ် အားနည်းနေသေး၏။ ထိုအင်အားစုကြီးများတွင် ဖုံးကွယ်ထားသော အင်အားမည်မျှရှိကြောင်း သူသိရှိထားခြင်း မရှိပေ။

တာအိုအရှင်သခင်အဆင့်ကျင့်ကြံသူများပင် ရှိကောင်းရှိနိုင်၏။

ရွှမ်ယီ ခေါင်းယမ်းလိုက်ပြီး သူ၏အတွေးများအား ထိန်းချုပ်လိုက်သည်။ ထို့နောက် နီဗားနားကျမ်းစာက စတင်လည်ပတ်လာခဲ့ပြီး သူ၏ အသိစိတ်ပင်လယ်အတွင်းတွင် လှိုင်းလုံးကြီးများ မြင့်တက်လာခဲ့ကာ ရွှေရောင်စိတ်ဝိညာဉ် ဒြပ်စင် (၂၄)ခုကလည်း ကောင်းကင်ထက်သို့ မြင့်တက်လာခဲ့သည်။

တောင်ငယ်လေးတစ်ခုကဲ့သို့ဖြစ်နေသည့် တာအိုအရင်းအမြစ်များ တဖြည်းဖြည်း အရည်ပျော်လာခဲ့သည်။ ထို့နောက် အလွန်ထူထပ်သော စိတ်ဝိညာဉ်လှိုင်းလုံးကြီးများက နဂါးကြီးများအလား တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာ၏။

၎င်းတို့က ရွှမ်ယီ၏ နတ်အသိစွမ်းအားဖြင့် လမ်းညွှန်မှုအောက်၌ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး အသိစိတ်ပင်လယ်အတွင်း၌ ပိတ်ဆို့နေသော အတားအဆီးအား သွားရောက်ရိုက်ခတ်လိုက်သည်။

တစ်ရက်၊ နှစ်ရက်၊ သုံးရက်…

ဤသို့ဖြင့် ခုနစ်ရက် ကြာသွားခဲ့၏။

ရွှမ်ယီ၏ အသိစိတ်ပင်လယ်အတွင်း၌ ဖြစ်ပေါ်နေသော မိုးခြိမ်းသံများကလည်း ရပ်တန့်သွားခဲ့ချေပြီ။

လက်ရှိအချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ဝိုက်၌ ထူထပ်သော အလင်းတန်းများ ဖုံးလွှမ်းထားခဲ့သည်။

ရောင်စုံအလင်းတန်းများအောက်၌ နစ်မြုပ်နေသည့် ရွှမ်ယီ၏ခန္ဓာကိုယ်နှင့် အရှိန်အဝါက အသက်ရှူထုတ်လိုက်တိုင်း အားကောင်းလာနေခဲ့သည်။

ဤသည်မှာ ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပေါ်နေခြင်းဖြစ်ပြီး သုံးစွဲခဲ့သော စွမ်းအင်ပမာဏကလည်း အလွန်တုန်လှုပ်ဖွယ်ကောင်းလှသည်။ ပထမအတိဒုက္ခအဆင့် အင်ပါယာများ၊ ဒုတိယအတိဒုက္ခအဆင့်သို့ ချိုးဖျက်ရာတွင် အသုံးပြုသော တာအိုအရင်းအမြစ် ပမာဏထက်ပင် များပြားနေခဲ့သည်။

သို့သော် ရွှမ်ယီ ရရှိခဲ့သော အကျိုးအမြတ်များကလည်း အလွန်များပြားလှ၏။ ဤခုနစ်ရက်အတွင်း သူ၏ စိတ်ဝိညာဉ်ဒြပ်စင်များ (၁၂)ခု ထပ်မံတိုးလာခဲ့သည်။

သူ၏ အသိစိတ်ပင်လယ်ထဲတွင် ရွှေရောင်စိတ်ဝိညာဉ်ဒြပ်စင် (၃၆)ခု လွင့်မျောနေခဲ့ပြီး တစ်ခုချင်းစီ၏ ဗဟို၌ ရွှေရောင်တာအိုအမှတ်အသားလေးများ ရှိနေ၏။ ကြည့်ရသည်မှာ မယုံနိုင်စရာကောင်းလောက်အောင် ဆန်းကြယ်လွန်းလှသည်။

သို့သော် ရွှမ်ယီ၏အရှေ့၌ ရှိနေသော တာအိုအရင်းအမြစ်ဂျင်တစ်သောင်းကမူ အားလုံးကုန်ဆုံးသွားခဲ့ချေပြီ။

ရွှပ်…

တိတ်ဆိတ်ငြိမ်သက်နေသော ကျင့်ကြံခြင်းအခန်းထဲတွင် စူးရှသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

အလင်းတန်းများအတွင်းမှ ရွှမ်ယီ မျက်လုံးဖွင့်လိုက်ခြင်းဖြစ်၏။

လက်ရှိအချိန်တွင် ရွှမ်ယီ၏ မျက်လုံးအကြည့်များက အလွန်ထက်ရှသော ဓားများအလား ထင်မှတ်ရသည်။

လက်ရှိအချိန်တွင် အင်ပါယာတစ်ဝက်အဆင့်ကျင့်ကြံသူများပင် ရွှမ်ယီနှင့် မျက်လုံးချင်းဆုံသွားပါက ၎င်းတို့ အသိစိတ်ပင်လယ် ထက်ပိုင်းပြတ်သွားနိုင်ခြေရှိ၏။

“ အထွတ်အထိပ်ကောင်းကင်ဘုရင်... ကောင်းတယ်…”

ရွှမ်ယီ ညာလက်အား ဆန့်ထုတ်လိုက်ပြီး လက်သီးဆုပ်ကြည့်လိုက်သည်။ ထို့နောက် လေထဲသို့ ပြင်းထန်သော လက်သီးတစ်ချက် ထိုးချလိုက်၏။

ဘုန်း…

ကျင့်ကြံခြင်းခန်းထဲတွင် အင်ပါယာအဆင့်ကျင့်ကြံသူများ ၎င်းတို့၏ ခွန်အားကို စမ်းသပ်နိုင်ရန်အတွက် အထူးပြုလုပ်ထားသော ရုပ်သေးရုပ်များ ရှိနေသည်။ ၎င်းတို့၏ ခုခံကာကွယ်မှုက တတိယအတိဒုက္ခအဆင့် အင်ပါယာများနှင့်ပင် ယှဉ်နိုင်၏။

သို့သော် ရွှမ်ယီ၏ လက်သီးချက်အောက်တွင် တစ်လက်မချင်းစီ ကြွေကျလာပြီးနောက် ပေါက်ကွဲသွားခဲ့သည်။

“ ငါ့ရဲ့ ရုပ်ခွန်အားက တတိယအတိဒုက္ခအဆင့် အင်ပါယာတစ်ယောက်ကိုတောင် သတ်နိုင်နေပြီပဲ…”

ရွှမ်ယီ မိမိလက်သီးအား ငုံ့ကြည့်ရင်း ရေရွတ်လိုက်၏။

ကျင့်ကြံခြင်းခန်းမထဲ၌ စူးရှသော အရှိန်အဝါများနှင့်အတူ ဖန်ဂျီဓား ရွှမ်ယီလက်ထဲသို့ ရောက်လာခဲ့သည်။

ထို့နောက် အလင်းတစ်ချက်လက်သွားပြီး ပြီးပြည့်စုံသော တတိယအတိဒုက္ခအဆင့် အင်ပါယာရုပ်သေးရုပ်အား တို့ဟူးအလား ပိုင်းဖြတ်သွား၏။

အကယ်၍ ရွှမ်ယီသာ ယခုအချိန်တွင် ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်းအတွင်း၌ တိုက်ခိုက်ခဲ့သည့် ဧရာမအနက်ရောင်ရုပ်ထုကြီးနှင့် ထပ်မံတိုက်ခိုက်ရမည်ဆိုပါက ဓားရည်ရွယ်ချက်စွမ်းအားကိုပင် အသုံးမပြုဘဲ ခုနစ်သွယ်သတ်ဖြတ်ခြင်းဓားအစီအရင်တစ်ခုနှင့် ဖျက်ဆီးပစ်နိုင်စွမ်းရှိနေပြီဖြစ်သည်။

ကျွီ…

ကျင့်ကြံခြင်းအခန်းတံခါး ဖြည်းညင်းစွာ ပွင့်လာခဲ့၏။

ကျင့်ကြံခြင်းအခန်းအတွင်းမှ ရွှမ်ယီထွက်ပေါ်လာသည်ကို မြင်လျှင် အခန်းဝ၌ စောင့်ဆိုင်းနေသည်မှာ ကြာပြီဖြစ်ဟန်တူသော ဝန်ထမ်းတချို့ ရွှမ်ယီရှိရာသို့ ပြေးလာခဲ့ကြသည်။

“ မဟာဆရာသခင်ရွှမ်ယီ… မိုးကြိုးအင်ပါယာက ကျွန်တော်တို့ကို သတင်းပို့ခိုင်းလိုက်လို့ပါ… လိုအပ်တဲ့ပစ္စည်းတွေ အားလုံး စုဆောင်းပြီးပြီဖြစ်လို့ လာကြည့်လို့ ရပြီဖြစ်ကြောင်း ပြောခိုင်းလိုက်ပါတယ်…”

ရွှမ်ယီ ခေါင်းညိတ်လိုက်၏။

“ နားလည်ပြီ… အခုသွားလိုက်မယ်…”

ဤသို့ဖြင့် လေလံစံအိမ်၀န်ထမ်းများ နှင့် ရွှမ်ယီတို့ ထွက်လာကြစဉ် ရုတ်တရက် ရွှမ်ယီ ရပ်တန့်လိုက်ပြီး

“ ခဏလေး… ငါလေ့ကျင့်ခဲ့တာ အခန်းထဲမှာ နည်းနည်း ဖရိုဖရဲဖြစ်ကျန်ခဲ့တယ်… ရှင်းလင်းဖို့ နှစ်ယောက်လောက် ချန်ခဲ့တာ ကောင်းမယ်ထင်တယ်…”

၀န်ထမ်းများထဲမှ (၂)ယောက် ကျန်ခဲ့ပြီး ကျင့်ကြံခြင်းအခန်းရှိရာ ပြန်ပြေးသွားကြ၏။

သို့သော် ရွှမ်ယီအား လမ်းပြနေသောအဖွဲ့ဖြစ်စေ ၊ ကျန်ခဲ့သော (၂)ယောက်ဖြစ်စေ နှလုံးသားထဲ၌ ထပ်တူညီသော အတွေးတစ်ခုရှိနေခဲ့သည်။

ထို ဆရာသခင်ရွှမ်ယီဆိုသူက မည်သို့ ကြွားရမည်ကို ကောင်းစွာသိထားဟန်တူသည်။

အခန်းထဲ ဖရိုဖရဲဖြစ်ကျန်ခဲ့တယ်တဲ့လား…?

၎င်းက ဘာစကားနည်း…?

ထိုကျင့်ကြံခြင်းအခန်းများက အင်ပါယာအဆင့်ကျင့်ကြံသူများအတွက် သီးသန့်ပြုလုပ်ထားသော အခန်းများဖြစ်၏။

အခန်းအတွင်းမှ ရုပ်သေးများနှင့်ပတ်သက်ပြီး သူတို့ ကောင်းစွာ နားလည်ထားကြသည်။

ရုပ်သေးတစ်ရုပ်ချင်းစီတိုင်းက တတိယအတိဒုက္ခအဆင့် အင်ပါယာတစ်ယောက်၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိ၏။

စတုတ္ထအတိဒုက္ခအဆင့် စွမ်းအားလောက် ပိုင်ဆိုင်ထားမှသာလျှင် ဖျက်ဆီးနိုင်လိမ့်မည်။

ထို ဆရာသခင်ရွှမ်ယီ ဆိုသူက မည်မျှပင် ပါရမီ မြင့်မားစေကာမူ ရုပ်သေးများအား ဖျက်ဆီးရန် မည်သို့မှ မဖြစ်နိုင်ပေ။

သို့သော် ကျန်ရစ်ခဲ့သော ၀န်ထမ်း(၂)ယောက် ကျင့်ကြံရေးအခန်းအတွင်းသို့ ရောက်ချိန်တွင်

‌တစ်ကိုယ်လုံး အေးခဲသွားပြီး ခြေလှမ်းများ ရပ်တန့်သွားခဲ့၏။

တံတွေးတစ်လုပ်ပင် မြိုချမိလိုက်ကြသည်။

အကယ်၍ ရွှမ်ယီသာ တတိယ အတိဒုက္ခအဆင့် ရုပ်သေးများအား ဖျက်ဆီးခဲ့လျှင် သူတို့ လက်ခံနိုင်သေး၏။

သို့သော် ကျင့်ကြံရေးအခန်းအတွင်းမှ ရွှေရောင် ရုပ်းသေးရုပ်လည်း ပျက်စီးနေခဲ့သည်။

သာမန် စတုတ္ထ အတိဒုက္ခအဆင့် အင်ပါယာများပင် ၎င်းအား ဖျက်ဆီးရန် မတတ်နိုင်ချေ။

ယခုတွင် ရွှေရောင် ရပ်သေးက ရွှမ်ယီ၏ ဓားချက်အောက်၌ ကြမ်းပြင်ထက် နှစ်ပိုင်းပြတ်လျက် လဲလျောင်းနေခဲ့သည်။

သူတို့ အဘယ်မှာလျှင် စိတ်အေးအေးထားနိုင်တော့မည်နည်း။

ရှင်းလင်းရန် ရောက်လာသည်(၂)ယောက် အချိန်တန်ကြာသည်အထိ ဆွံ့အနေကြပြီး တစ်ယောက်ကို တစ်ယောက် ငေးကြည့်နေခဲ့ကြ၏။

ထို ဆရာသခင်ရွှမ်ယီဆိုသူ ဤမျှ အစွမ်းထက်အောင် မည်သို့ ကျင့်ကြံခဲ့သနည်း...?

မြင့်မြတ်ခြင်းမူလ လေလံစံအိမ် ပင်မခန်းမ..

“ ဆရာသခင် ရွှမ်ယီ…ဒါ မင်း ရှာခိုင်းထားတဲ့ ဆေးပင်တွေပဲ… ဘယ်လိုလဲ အဆင်ပြေရဲ့လား…”

လီရွှမ်က ရွှမ်ယီအား လေးစားစွာပြောလိုက်၏။

ရွှမ်ယီရောက်လာသည်နှင့် သူ့လူများအား ပိုးသား သေတ္တာများကို ယူလာစေပြီး ဖွင့်ပြခိုင်းလိုက်သည်။

ရွှမ်ယီ နတ်အသိဖြင့် ၎င်းတို့အား စစ်ဆေးပြီး ခေါင်းညိတ်ပြလိုက်၏။

မြင့်မြတ်ခြင်းမူလ လေလံစံအိမ်က ၎င်းတို့ ဆန်းကြယ် အနှစ်သာရ နတ်ဘုရားမအတွက် တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ဟန်တူသည်။

သူ ရှာခိုင်းထားသော ဆေးပင်များအားလုံး တူညီသော သက်တမ်း ရှိနေခဲ့၏။

ဆေးပင် သေတ္တာများဖွင့်လိုက်သည်နှင့် ခန်းမအတွင်း၌ စိတ်ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီး ဖြစ်ပေါ်လာခဲ့သည်။

“ အဆင်ပြေပါတယ်…”

“ ဒါနဲ့ မိုးကြိုးအင်ပါယာ… ကျုပ်တို့ သဘောတူညီချက်ကို အရင် အတည်ပြုရဦးမယ်လေ…”

ထိုစကားအားကြားလျှင် လီရွှမ် ခါးသက်စွာ ရယ်မောလိုက်၏။

ယခင်ကသာဆိုပါက သမီးဖြစ်သူအား ရွှမ်ယီ၏ တပည့်အဖြစ် သဘောတူရန် အနည်းငယ် ခက်ခဲနိုင်သေးသည်။

သို့သော် ယခုတွင် ထိုသို့ မဟုတ်တော့ချေ။

လီရွှမ် အသာအယာခေါင်းယမ်းလိုက်ပြီး

“ ဆရာသခင်ရွှမ်ယီ မသိသေးတဲ့ ကိစ္စတစ်ခုရှိတယ်… မနေ့တုန်းက ဌာနချုပ်ကနေပြီး သတင်းတစ်ခုထွက်လာခဲ့တယ်… လီလန်က မြင့်မြတ်ခြင်းမူလ လေလံစံအိမ်မှာ ဆက်ပြီးရှိနေတော့မှာမဟုတ်ဘူး…”

“ အိုး…”

ရွှမ်ယီ၏ မျက်၀န်းအတွင်း အေးစက်သော အလင်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။

“ မိုးကြိုးအင်ပါယာ ကျုပ်ကို အသေးစိတ်ပြောပြပေးနိုင်မလား…”

All Chapters