← Chapters

အခန်း (၄၆၈)

Vol. 32 Ch. 468

အခန်း (၄၆၈)

Vol. 32 Ch. 468

တစ်ဖက်တွင် လီလန်တစ်ယောက် သူမလက်တွင်းသို့ ကျမ်းစာလိပ် ရောက်လာသည်နှင့်တစ်ပြိုင်နက် စိတ်အတွင်းသို့ အချက်အလက်များစွာ ဝင်ရောက်လာခဲ့သည်။ တစ်ခဏကြာပြီးနောက်မှ သူမကိုယ်သူမ တည်ငြိမ်အောင် ထိန်းနိုင်သွား၏။

သို့သော် သူမနှလုံးသားများ တုန်ခါနေဆဲပင်။

“ ဆရာ... ဒါက....”

ရွှမ်ယီ အသာအယာ ပြုံးပြလိုက်၏။

“ ဒီနတ်တန်ခိုးစွမ်းရည်ကို မူလနတ်နဂါးခြေလှမ်းလို့ ခေါ်တယ်...”

“ အဲဒါက အသေးစား နတ်တန်ခိုးစွမ်းရည်ပဲ...”

ရွှမ်ယီ၏ မနှေးမမြန်သော စကားသံက လီရွှမ်နှင့် လီလန်တို့ နားထဲတွင် မိုးခြိမ်းသံအလား ဖြစ်နေခဲ့သည်။

“ ဒီနတ်တန်ခိုးစွမ်းရည်က မင်းအတွက် ဆရာ့လက်ဆောင်ပဲ...”

“ ဂိုဏ်းဝင်ခွင့် မအောင်မြင်သေးခင်အထိ ဒီဟာက လွဲပြီးတော့ မင်းကို တခြားဘာမှသင်ပေးဦးမှာ မဟုတ်ဘူး…”

“ ဝင်ခွင့်အတွက်ကတော့ ရိုးရှင်းပါတယ်...”

“ မင်းရဲ့ ခန္ဓာကိုယ်က ပြဿနာကို ဖြေရှင်းပြီးလို့ရှိရင် ဇီလင်းယွမ်ကို မင်းကိုယ်တိုင်သတ်ရမယ်...”

“ ငါတို့ နက်နဲခြင်းအင်ပါယာဂိုဏ်းက တပည့်တွေက အရာအားလုံးထက် သာလွန်တယ်ဆိုတာ အရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံး သိအောင် ပြလိုက်ပါ...”

“ ဘယ်လိုလဲ မင်းလုပ်နိုင်မလား...”

ရွှမ်ယီ၏ စကားလုံးများက လီလန်၏နှလုံးသားအား လေးလံသော တူတစ်လက်ဖြင့် ထုနေသည့်အလားပင်။

ထိုစကားများက လီလန်၏မျက်ဝန်းများကို တိုက်ခိုက်ချင်စိတ်များဖြင့် တောက်ပလာစေခဲ့သည်။

ရွှမ်ယီ၏စကားဆုံးသည်နှင့် လီလန်ခေါင်းမော့ကြည့်လိုက်သည်။ ထို့နောက် သူမက ပြောလိုက်၏။

“ ဆရာ စိတ်မပူပါနဲ့… ဒီတပည့် ဆရာ့ကို လုံးဝအရှက်မရစေရပါဘူး...”

သူမ၏ စကားသံက ကျယ်လောင်ခြင်း မရှိသော်လည်း ပြင်းထန်သော တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။

“ ဒါဆိုရင် ကောင်းပြီ...”

ရွှမ်ယီ ခေါင်းညိတ်လိုက်ပြီး ညာလက်အား ဝှေ့ယမ်းလိုက်ကာ စားပွဲပေါ်မှ ဆေးပင်သေတ္တာများကို သိမ်းဆည်းလိုက်၏။

“ မင်း သွားပြီးကျင့်ကြံလို့ရပြီ… ငါ ဆေးသန့်စင်ပြီးတဲ့အခါ မင်းကို ခေါ်လိုက်မယ်...”

လီလန် ဦးညွှတ်ကာ ထွက်ခွာသွားတော့၏။

ထိုအချိန်တွင် လီရွှမ် ထိတ်လန့်နေရာမှ ပြန်လည်သတိဝင်လာခဲ့ပြီး ရွှမ်ယီအား ဦးညွှတ်လိုက်သည်။

“ ကျေးဇူးအများကြီးတင်ပါတယ် ဆရာသခင်ရွှမ်ယီ...”

ရွှမ်ယီက ညာလက်အား အသာအယာ ဝှေ့ယမ်းလိုက်သည်။

“ လီလန်က ငါ့ရဲ့တပည့်ဖြစ်နေပြီဆိုမှတော့ ဒါက သူ့ရဲ့ ရပိုင်ခွင့်ပဲ...”

“ ဒါနဲ့ ခင်ဗျားမှာ တခြားဘာမှပြောစရာ မရှိတော့ဘူးဆိုရင် ကျုပ်ဆေးသန့်စင်ဖို့ သွားတော့မယ်...”

လီရွှမ် ခေါင်းညိတ်ပြလိုက်သည်။

“ ကောင်းပါပြီ...”

“ ကျုပ် ဆရာသခင်ရွှမ်ယီအတွက် အထူးဆေးသန့်စင်ခန်းတစ်ခု ပြင်ဆင်ပေးထားတာ ရှိတယ်… ကျေးဇူးပြုပြီး ကျုပ်နောက်က လိုက်ခဲ့ပါ...”

ဤသို့ဖြင့် မျက်စိတစ်မှိတ်အတွင်း အချိန်ခုနစ်ရက် ကုန်လွန်သွားခဲ့သည်။

သို့သော် လီရွှမ်တစ်ယောက် ထိုခုနစ်ရက်အတွင်း အနည်းငယ်မျှ တည်တည်ငြိမ်ငြိမ် မနေနိုင်ခဲ့ပေ။

၎င်းက မြင့်မြတ်ခြင်းမူလ လေလံစံအိမ်မှ အတွင်းရေးပြဿနာများကြောင့် မဟုတ်ချေ။

သူ့အား အဓိကခေါင်းကိုက်စေသော ပြဿနာတစ်ခုသာ ရှိ၏။

၎င်းက ရွှမ်ယီ၏ ဆေးလုံးသန့်စင်ခြင်းပင်။

အဘယ်ကြောင့်ဆိုသော် ရွှမ်ယီ၏ ဆေးလုံးသန့်စင်မှု အရှိန်အဟုန်က တဖြည်းဖြည်းဖိနှိပ်ရန် ပို၍ခက်ခဲလာခဲ့သည်။

“ ပေတစ်ထောင် မိုးကြိုး တိမ်တိုက်တွေပဲ…”

ကောင်းကင်ထက်မှ တိမ်မည်းများအား မော့ကြည့်ရင်း လီရွှမ် ရေရွတ်လိုက်မိသည်။ ကောင်းကင်ထက်မှ မိုးခြိမ်းသံများနှင့်အတူ သူ့နှလုံးသားကလည်း တစ်ပြိုင်တည်း တုန်ခါနေခဲ့၏။

၎င်းက လီရွှမ် စိတ်မခိုင်သောကြောင့် မဟုတ်ပေ။

လီရွှမ် အံ့အားသင့်နေခဲ့ရသည်မှာ ဆေးလုံးသန့်စင်ရာ၌ ဖြစ်ပေါ်လာသည့် ထူးခြားဖြစ်စဉ်များက အလွန်လျင်မြန်စွာ ဖြစ်ပေါ်လာသောကြောင့် ဖြစ်သည်။

ရွှမ်ယီ ဆေးလုံးသန့်စင်ခန်းအတွင်းသို့ မဝင်မီ ဆေးလုံးသန့်စင်ခြင်းက အချိန်မည်မျှကြာနိုင်ကြောင်း လီရွှမ် မေးမြန်းခဲ့၏။

ထိုအခါ ရွှမ်ယီက တစ်လအတွင်းဟု ဖြေကြားခဲ့သည်။

ရိုးရိုးသားသားပြောရမည်ဆိုလျှင် ထိုအချိန်က ကြာလှသည်တော့ မဟုတ်ပေ။ ၎င်းက အဆင့်တူ ကျန်မှော်ဆေးအင်ပါယာများ ဆေးလုံးသန့်စင်ရာ၌ ကြာချိန်ထက်ပင် အများကြီးလျင်မြန်နေသေး၏။

သို့သော် မှော်ဆေးတာအို၌ ရွှမ်ယီ၏အောင်မြင်မှုများက အလွန်မြင့်မားကြောင်း လီရွှမ် ကောင်းစွာနားလည်ထားသည်။

၎င်းက မှော်ဆေးဘုရင်အဆင့်၌ ရှိနေစဉ်ကပင် ဆေးလုံးသန့်စင်သည့် အရှိန်အဟုန်မှာ အဆင့်တူ မှော်ဆေးပညာရှင်များထက် အလွန်လျင်မြန်၏။

ဤသို့ဖြင့် ရွှမ်ယီက အချိန်တစ်လဟု ပြောလိုက်ချိန်တွင် လီရွှမ်၏ ပထမဆုံးတုံ့ပြန်မှုက အံ့အားသင့်ခြင်း သို့မဟုတ် သံသယဖြစ်ခြင်း တစ်ခုမှ မဟုတ်ခဲ့ပေ။

ယုံကြည်စိတ်ချသွားခြင်းသာ ဖြစ်၏။

လီရွှမ်၏နှလုံးသားထဲတွင် မှော်ဆေးတာအို၌ ရွှမ်ယီ၏အဆင့်အတန်းက ဒဏ္ဍာရီလာ အဆင့်(၇) မှော်ဆေးပညာရှင်များနှင့် ယှဉ်နိုင်စွမ်းရှိနေချေပြီ။

အနာဂတ်တွင် ရွှမ်ယီက မှော်ဆေးအရှင်သခင်အဆင့်သို့ ရောက်ရှိသွားရန်မှာ မြေကြီးလက်ခတ်မလွဲပေ။

တခြားမှော်ဆေးတာအို၌ ပါရမီရှင်ဆိုသူများက ရွှမ်ယီနှင့် ယှဉ်ပါက ဘာမှမဟုတ်တော့ချေ။

သို့သော် ယနေ့တွင် လီရွှမ် တစ်စုံတစ်ခုအား နားလည်သွားခဲ့၏။

သူက ရွှမ်ယီအား အလွန်မြင့်မားစွာ ခန့်မှန်းထားခဲ့ပြီးဖြစ်သည့်တိုင် ရွှမ်ယီ၏ လျှို့ဝှက်ချက်များက သူမှန်းဆထားခဲ့သည်ထက် များစွာကျော်လွန်နေခဲ့သည်။

“ (၇)ရက်ပဲ ရှိသေးတာတောင် ဒီလိုဖြစ်စဉ်တွေ ဖြစ်နေပြီ… တကယ်လို့ ဆေးလုံးဖွဲ့တည်သွားတဲ့အခါကျရင် ဘယ်လိုတွေ ဆက်ပြီးဖြစ်လာဦးမှာလဲ…”

လီရွှမ်တစ်ယောက် အဓိကခန်းမအရှေ့ဘက် ခြံဝန်းထဲတွင် ရပ်လျက် ကောင်းကင်ထက်မှ တိမ်မည်းများအား မော့ကြည့်ရင်း လေးလံစွာ ရေရွတ်လိုက်မိ၏။

သူ့ နှလုံးသားထဲ၌ လှိုင်းထန်နေခဲ့ချေပြီ။

“ တောင်ပိုင်းကောင်းကင်တံခါးက သံတမန်တွေကို ချက်ချင်းပြန်လာဖို့ အမိန့်ထုတ်လိုက်…”

လီရွှမ် ချက်ချင်းအမိန့်ပေးလိုက်သည်။

လီရွှမ်၏ နံဘေး၌ ရပ်နေခဲ့သော လေလံစံအိမ်မှ ဝန်ထမ်းများ ချက်ချင်းခေါင်းညိတ်ပြီး သတင်းပို့ရန် ထွက်ခွာသွားကြ၏။

လက်ရှိအခြေအနေ ပြင်းထန်နေမှုများကို သူတို့ပင် ကောင်းစွာနားလည်ထားကြသည်။

မြင့်မြတ်ခြင်းမူလစုဝေးပွဲမှ အဆင့်နိမ့်အင်ပါယာကျင့်ကြံသူများက ပေတစ်ထောင်မိုးကြိုးဖြစ်စဉ်အား မည်သူမှ ဂရုမစိုက်ခဲ့ကြပေ။

၎င်းက အဆင့်(၇) ဆေးလုံးဖြစ်သော်လည်း ၎င်းတို့သာ သွားရောက်တိုက်ခိုက်မည်ဆိုပါက မှော်ဆေးအင်ပါယာတစ်ယောက်အား စော်ကားရာရောက်သွားပေလိမ့်မည်။

လီရွှမ် အမှန်တကယ် သတိထားရန် လိုအပ်နေသူများက အဆင့်မြင့်အင်ပါယာအဆင့် ကျင့်ကြံသူများဖြစ်၏။

၎င်းတို့က ထွေထွေထူးထူးသိပ်ပြီး ဂရုစိုက်နေကြမည်မဟုတ်ပေ။

အခြေအနေက လုံး၀ကွဲပြားသွားမည်မှာ အသေအချာပင်။

ထိုဆေးလုံးက ၎င်းတို့အတွက် အသုံးမ၀င်လျှင်ပင် အဆင့်(၇) ဆေးလုံးဖြစ်ရာ အလွန်မက်လောက်စရာ တန်ကြေးတစ်ခုခုနှင့် လဲလှယ်နိုင်မည်ဖြစ်သည်။

ထို့အပြင် ရွှမ်ယီ ဆေးဖော်စပ်ရာမှ ဖြစ်ပေါ်လာသည့် လှုပ်ခတ်မှုများအား ကြည့်ရသည်မှာ မည်သို့မှ ဖုံးကွယ်ထား၍ မရနိုင်ချေ။

ယခုအချိန်တွင် သူတို့အနေဖြင့် အတတ်နိုင်ဆုံး အဆိုးဆုံးအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားရမှ ဖြစ်မည်။

လီရွှမ် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။

စိတ်ထဲတွင် သူ့ဆင့်ခေါ်ထားသူများ အမြန်ရောက်လာရန် ဆုတောင်းနေခဲ့သည်။

လေလံစံအိမ်၏ အကာအကွယ်အစီအရင်နှင့်ဆိုပါက အင်ပါယာအဆင့် ကျင့်ကြံသူများထံမှ တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည်။

လီရွှမ် စိတ်ထဲ၌ တွက်ချက်နေစဉ် အနောက်ဘက်၌ ရပ်နေသော မိုလီထံမှ ထိတ်လန့်တကြား အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ ဒုတိယအကြီးအကဲ… ကြည့်ပါဦး… ဘာတွေဖြစ်နေတာလဲမသိဘူး…”

လီရွှမ် သတိ၀င်လာပြီး မိုလီညွှန်ပြရာ အရပ်သို့ကြည့်လိုက်လျှင် ဦးရေပြားတစ်ခုလုံး ထုံသွားသည့်အလား ခံစားလိုက်ရ၏။

ကောင်းကင်ထက်ရှိ တိမ်မည်းများက ဆက်လက်ကျယ်ပြန့်နေခဲ့ပြီး ကျန်း(၃)သောင်းအထိ ရောက်နေချေပြီ။

ထိုမျှမကသေးချေ။

မိုးကြိုးကပ်ဘေး၏ ဗဟိုချက်နေရာ၌ တိမ်မည်းများ အထပ်ထပ်ဖြစ်နေပြီး မကြာခင် မိုးကြိုးများ ကျဆင်းလာတော့မည်။

သို့သော် ရုတ်တရက် ကောင်းကင်ထက်၍ တိမ်မည်းများစွမ်းအားထက် ကျော်လွန်နေသော နတ်အသိစွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်တစ်ခွင်လုံးသို့ ပျံ့နှံ့သွားခဲ့သည်။

တခဏအတွင်း တိမ်မည်းများအားလုံးကို ဖုံးအုပ်သွားခဲ့၏။

ထို့နောက် တတိယအတိဒုက္ခအဆင့် အင်ပါယာများကိုပင် ဒုက္ခရောက်သွားစေနိုင်စွမ်းရှိသော မိုးကြိုးတိမ်တိုက်ကြီးအား ဖိသိပ်လျက် ခရမ်းရောင် အလင်းလုံးအဖြစ်ပြောင်းလဲပစ်လိုက်သည်။

ပြီးသည်နှင့် ခရမ်းရောင်အလင်းလုံးက ဆေးသန့်စင်ခန်းအတွင်း ညင်သာစွာ ကျဆင်းသွားခဲ့၏။

မိုးကြိုးကပ်ဘေး၏ ပင်မ အူတိုင်အား ရွှမ်ယီက တိုက်ရိုက်ဖယ်ထုတ်လိုက်ခြင်းပင်။

ဤသို့ဖြင့် မူလက ကျန်း(၃)သောင်းအထိ ဖုံးလွှမ်းနေခဲ့သော တိမ်မည်းများလည်း တစ်ခါတည်း ပျောက်ကွယ်သွားတော့၏။

ရွှမ်ယီ လှုပ်ရှားလိုက်သည်နှင့် ဖြစ်ပေါ်လာမည့် ရုန်းရင်းဆန်ခတ်မှုများ တစ်ခါတည်း ပျောက်ကွယ်သွားခဲ့ရသည်။

လက်ရှိအချိန်တွင် လီရွှမ်နှင့် မိုလီတို့ခေါင်းထဲ အတွေးတစ်ခုတည်းသာရှိ၏။

‘ ကြောက်စရာကောင်းတယ်…’

All Chapters