← Chapters

အခန်း (၄၆၉)

Vol. 32 Ch. 469

အခန်း (၄၆၉)

Vol. 32 Ch. 469

စောနက ဖြစ်ပျက်ခဲ့သော ကိစ္စများအား သာမန်အတိုင်းကြည့်လျှင် ပေါ့ပေါ့ပါးပါးဟု ထင်ရသော်လည်း ရွှမ်ယီ၏ နတ်အသိစွမ်းအားက ပုံရိပ်ယောင်မှ အစစ်အမှန်အဖြစ်သို့ ရောက်နေကြောင်း ဖော်ပြနေခဲ့သည်။

ထို့သို့မဟုတ်ပါက နတ်အသိစွမ်းအားတစ်ခုတည်းဖြင့် အဘယ်ကြောင့် ယင်းကဲ့သို့ လုပ်နိုင်မည်နည်း။

ထို့အပြင် ရွှမ်ယီ၏ အပြုအမူများအားကြည့်ရသည်မှာ မိုးကြိုးကပ်ဘေးအား သိပ်သည်းစေပြီး ဆွဲယူသွားခဲ့ခြင်းက ဆေးလုံးသန့်စင်ရာ၌ ၎င်းကို သုံးတော့မည်ဟု အဓိပ္ပါယ်ရသည်။

ယင်းက မည်ကဲ့သို့ ဟာသမျိုးနည်း…?

မိုးကြိုးကပ်ဘေးအား ကိုယ်ပိုင်အဖြစ် သိမ်းဆည်းပြီး လိုသလိုသုံးနိုင်ခြင်းမှာ မှော်ဆေးတာအို၏ လျှို့ဝှက်ပညာတစ်ခုဖြစ်သည်။

အရှေ့ပိုင်းတိုက်ကြီး၌ မှော်ဆေးအင်ပါယာ အလွန်ပေါများခြင်း မရှိသည့်တိုင် တစ်ယောက်မှ မရှိခြင်းလည်းမဟုတ်ချေ။

လက်(၁၀)ချောင်း မကျော်သော ပမာဏလောက်တော့ရှိ၏။

သို့သော် လီရွှမ် အနေဖြင့် ထိုမျှ ဆန်းကြယ်သော နည်းလမ်းအား အသုံးပြူဟူ၍ ရွှမ်ယီ တစ်ယောက်တည်းသာ မြင်ဖူးသည်။

“ ငါတို့ စိတ်လှုပ်ရှားပြီး သက်သက် အစိုးရိမ်လွန်နေခဲ့ကြတာပဲ…”

လီရွှမ် ခါးသက်သက်ရယ်မောရင်း ပြောလိုက်သည်။

ထို့နောက် သူဆင့်ခေါ်ထားသူများအား အလျင်စလိုလာရန် မလိုတော့ကြောင်း ပြန်လည် သတင်းပို့ခိုင်းလိုက်၏။

သူ့ နှလုံးသားထဲမှ ထိတ်လန့်မှုများကမူ ပြန်လည် ကောင်းမွန်လာခြင်းမရှိသေးချေ။

သို့သော် တစ်ဖက်တွင်မူ

ဆေးသန့်စင်ခန်းအတွင်း၌ ရွှမ်ယီ၏ အမူအရာက အလွန်တည်ငြိမ်နေခဲ့သည်။

လက်ရှိအချိန်တွင် သူ၏ နတ်အသိစွမ်းအားက မှော်ဆေးအင်ပါယာအဆင့်သို့ ရောက်နေပြီဖြစ်ပြီး ဒန်ချင်ဇီ၏ အတွေ့အကြုံ ၊ ဗဟုသုတများနှင့် ရှေးဟောင်းနည်းစနစ်များစွာကို ပိုင်ဆိုင်ထား၏။

သူ၏ စွမ်းအားများ တိုးပွားလာသည်နှင့်အမျှ အသိစိတ်ပင်လယ်ကလည်း လိုက်ပါကျယ်ပြန့်လာခဲ့ပြီး ဒန်ချင်ဇီ၏ အမွေ မှတ်ဉာဏ်များနှင့် တဖြည်းဖြည်း တစ်သားတည်းပေါင်းစပ်လာခဲ့သည်။

ရွှမ်ယီ၏ အသက်က (၃၀)ပင် မပြည့်သေးသော်ငြား ဆေးလုံးသန့်စင်ခြင်း ဗဟုသုတများ အတွေ့အကြံများကမူ အဆင့်(၇) မှော်ဆေးပညာရှင်များနှင့် နှိုင်းယှဉ်နိုင်သည်။

ဘုန်း…

ဤသို့ဖြင့် (၂၇)ရက်ကြာသွားခဲ့ပြီး မှိတ်ထားသော ရွှမ်ယီ၏ မျက်လုံးများ ရုတ်တရက် ပွင့်လာခဲ့သည်။

သူက မိုးကြိုးကပ်ဘေးစွမ်းအားများကို အသုံးပြုပြီး ဆေးလုံးဖြစ်တည်မှု အရှိန်အား ‌ဖိနှိပ်ထားခဲ့၏။

ဤသို့ဖြင့် ဆေးလုံး၏ အရည်အသွေးက ပိုမို ကောင်းမွန်သွားခဲ့သည်။

“ ပွင့်စမ်း…”

ရွှမ်ယီ အနိမ့်သံဖြင့် အော်လိုက်၏။

ထိုအခါ ကောင်းကင်သို့ ပြေးတက်ရန် အသင့်ဖြစ်နေဟန်ရသော အလင်းတစ်ခု ဆေးမီးဖိုအတွင်းမှ ထွက်ပေါ်လာခဲ့သည်။

ရွှမ်ယီက မိုးကြိုးကပ်ဘေး၏ အစိတ်အပိုင်းများကို ဖယ်ရှားခဲ့ပြီးဖြစ်သော်လည်း နှစ်သွယ်ပြောင်းလဲခြင်းဆေးလုံးက အဆင့်(၇) တာအိုဆေးလုံးဖြစ်ပေသည်။

၎င်းစတင်၍ဖြစ်တည်လာသည်နှင့် ကျမ်းတစ်ထောင်ရှည်လျားသော မိုးကြိုးတိမ်တိုက်တစ်ခု ဖြစ်ပေါ်လာပြန်၏။

သို့သော် ဤတစ်ကြိမ်တွင်မူ ကြိုတင်ပြင်ဆင်ထားခဲ့ပြီးဖြစ်သော လီရွှမ်က ဆေးလုံးဖြစ်တည်လာသည်နှင့် တောင်ပိုင်းကောင်းကင်တံခါးမှ ပြန်ရောက်လာသော အင်ပါယာအဆင့်ကျင့်ကြံသူများနှင့် ပူးပေါင်း၍ အကာအကွယ်တစ်ခု ဖန်တီးလိုက်ကြသည်။

ဤသို့ဖြင့် မိုးကြိုးကပ်ဘေးနှင့်ပတ်သက်သော ရုန်းရင်းဆန်ခတ်များ ဖြစ်ပေါ်မလာမီ ၎င်းအား ဖုံးကွယ်နိုင်ခဲ့၏။

သို့သော် မိုးကြိုးကပ်ဘေးကမူ ရပ်တန့်သွားခဲ့ခြင်း မရှိချေ။

နှစ်သွယ်ပြောင်းလဲခြင်းဆေးလုံးရှိရာသို့ ကောင်းကင်ထက်မှ လျှပ်စီးကြောင်း (၄၉)ခု တစ်ပြိုင်နက်တည်း ကျရောက်လာခဲ့သည်။

သို့သော် အစိမ်းဖျော့အရောင်ဆေးလုံးက မိုးကြိုးလျှပ်စီးများကြောင့် ထိခိုက်ခဲ့ခြင်း မရှိပေ။

၎င်းက မိုးကြိုးလျှပ်စီးများအောက်၌ လည်ပတ်နေခဲ့ပြီး လည်ပတ်လိုက်တိုင်း အနက်ရောင်ဆေးအညစ်အကြေးများ ကွာကျလာခဲ့သည်။

“ မှော်ဆေးအင်ပါယာ ရွှမ်ယီက ဒီဆေးလုံးမှာ ခုခံကာကွယ်မှုတွေ ထည့်မထားဘူးလား မသိဘူး…”

လီရွှမ်၏ ဆင့်ခေါ်ခြင်းခံခဲ့ရသော အင်ပါယာအဆင့်ကျင့်ကြံသူများထဲမှတစ်ယောက်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

သူက ပထမအတိဒုက္ခအဆင့်အင်ပါယာတစ်ယောက်ဖြစ်၏။

ထို့အပြင် မြင့်မြတ်ခြင်းမူလ လေလံစံအိမ်တွင် နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီးနောက် အဖိုးတန်ရတနာများစွာကိုလည်း တွေ့မြင်ခဲ့ဖူးသည်။

သူက မှော်ဆေးတာအိုကို လေ့ကျင့်ထားခြင်း မရှိသော်လည်း ၎င်းနှင့်ပတ်သက်၍ နားလည်မှုတချို့တော့ ရှိသည်။

အဆင့်မြင့်မှော်ဆေးလုံးများ၏ မိုးကြိုးကပ်ဘေး မည်မျှပြင်းထန်ကြောင်း သူကောင်းစွာနားလည်ထား၏။

အခန့်မသင့်ပါက မိုးကြိုးလျှပ်စီးများအောက်၌ ပြာအဖြစ် ပြောင်းလဲသွားနိုင်သည်။

ပုံမှန်အားဖြင့်ဆိုလျှင် မှော်ဆေးပညာရှင်များက ၎င်းတို့ဖော်စပ်သော ဆေးလုံးများ မိုးကြိုးကပ်ဘေးအား ကျော်ဖြတ်နိုင်ရန်အတွက် နတ်အသိနှင့်စိတ်ဝိညာဉ်စွမ်းအင်ကို ရောစပ်ကာ ဆေးလုံး၌ အကာအကွယ်အလွှာတစ်ခု ပြုလုပ်လေ့ရှိသည်။

သို့သော် ထိုသို့ပြုလုပ်ပါက ဆေးလုံးအရည်အသွေး အနည်းငယ်နိမ့်ကျသွားနိုင်သည်။

အကောင်းဘက်က ကြည့်မည်ဆိုလျှင် ထိုဆေးလုံးက မိုးကြိုးကပ်ဘေးအား အန္တရာယ်ကင်းစွာ ကျော်ဖြတ်နိုင်လိမ့်မည်။

သို့သော် မှော်ဆေးအင်ပါယာရွှမ်ယီကမူ ဆေးလုံးအား အနည်းငယ်မျှ အကာအကွယ်များ ထည့်သွင်းထားခြင်း မရှိသည့်အပြင် ဆေးလုံးမှ အညစ်အကြေးများကို ဖယ်ရှားရန်အတွက် မိုးကြိုးကပ်ဘေးအား အသုံးပြုနေခဲ့သည်။

ဤကဲ့သို့ဖြစ်ရပ်မျိုးများ သူတို့အနေဖြင့် ဘယ်တုန်းကမှ တွေ့မြင်ခဲ့ဖူးခြင်း မရှိချေ။

တောင်ပိုင်းကောင်းကင်တံခါးမှ မှော်ဆေးအင်ပါယာများပင် ထိုသို့လုပ်ရဲသော သတ္တိမရှိချေ။

ထို့အပြင် ရွှမ်ယီဖော်စပ်နေသော ဆေးလုံးက အဆင့်(၇) တာအိုဆေးလုံးဖြစ်၏။

သာမန်အားဖြင့်ဆိုလျှင် မှော်ဆေးအင်ပါယာများက အဆင့်(၆) မှော်ဆေးလုံးများကိုသာ သန့်စင်လေ့ရှိကြသည်။

ထို့အပြင် ၎င်းတို့အနေဖြင့် မိုးကြိုးကပ်ဘေးကျရောက်လာပါက တားဆီးရန်အတွက် မရေမတွက်နိုင်သော ရတနာများအား ချေးငှားကာ အသုံးပြုလေ့ရှိကြ၏။

၎င်းတို့နှင့် ရွှမ်ယီအကြား မှော်ဆေးတာအိုနှင့်ပတ်သက်ပြီး ကွာခြားချက်မှာ စကားလုံးများဖြင့်ပင် ဖော်ပြ၍ မရချေ။

၎င်းတို့က မတူညီသော ကမ္ဘာနှစ်ခုမှ လူများအလားပင်။

တောင်ပိုင်းကောင်းကင်တံခါးမှ ပြန်ရောက်လာသော လူများဖြင့်ယှဉ်ပါက လီရွှမ်၏ အမူအရာက သိပ်ပြီးထူးခြားဟန်မရချေ။

ငြိမ်သက်စွာ ကြည့်နေခဲ့၏။

သူက ရွှမ်ယီ ဆေးလုံးစဖော်စဉ်ကတည်းက စောင့်ကြည့်နေခဲ့သူဖြစ်ရာ ဤကဲ့သို့ ဖြစ်ရပ်များနှင့်ပတ်သက်၍ ထုံကျဉ်နေပြီဟု ဆိုနိုင်သည်။

“ မှော်ဆေးအင်ပါယာရွှမ်ယီကို သာမန်အမြင်တွေနဲ့ ဆုံးဖြတ်လို့မရဘူးပဲ…”

လီရွှမ် သက်ပြင်းချလိုက်သည်။

တစ်ဖက်တွင်မူ နှစ်သွယ်ပြောင်းလဲခြင်းဆေးလုံးက မိုးကြိုး (၈၁)စင်းအား ရင်ဆိုင်ကြုံတွေ့ခဲ့ပြီးနောက် အစိမ်းဖျော့ရောင်မှ ရွှေရောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။

လီရွှမ်၏စိတ်ထဲတွင် ရွှမ်ယီနှင့် နက်နဲခြင်းအင်ပါယာဂိုဏ်းအပေါ် ပို၍ထိတ်လန့်လာခဲ့သည်။

သို့သော် ထိုခံစားချက်က တစ်ခဏမျှသာ။

အမှန်အတိုင်းဆိုရမည်ဆိုလျှင် သမီးဖြစ်သူ လီလန်က ရွှမ်ယီ၏လက်အောက်သို့ ရောက်နေချေပြီ။

သို့ဖြစ်ရာ နက်နဲခြင်းအင်ပါယာဂိုဏ်း ပို၍အားကောင်းလေ လီရွှမ် ပို၍စိတ်ချမ်းသာလေဖြစ်သည်။

အကယ်၍ မြင့်မြတ်ခြင်းမူလ လေလံစံအိမ်အတွင်းပိုင်းပြဿနာများ ပိုမိုပြင်းထန်လာပါက သူကိုယ်တိုင်လည်း မြင့်မြတ်ခြင်းမူလ လေလံစံအိမ်အား စွန့်ခွာကာ နက်နဲခြင်းအင်ပါယာဂိုဏ်းသို့ ဝင်ရောက်ရန် ဆုံးဖြတ်ထား၏။

လီရွှမ်၏နှလုံးသားထဲတွင် နက်နဲခြင်းအင်ပါယာဂိုဏ်းက သမီးဖြစ်သူ၏ အင်အားစုအဖြစ် ယူဆထားခဲ့ချေပြီ။

ထို့အပြင် ၎င်းက မြင့်မြတ်ခြင်းမူလ လေလံစံအိမ်နှင့် တူညီသောအဆင့်၌ ရှိနိုင်၏။

သို့သော် ယခုအချိန်တွင် နက်နဲခြင်းအင်ပါယာဂိုဏ်းနှင့် ကျန်မြင့်မြတ်နယ်မြေများအကြား ကွာခြားမှုတစ်ခု ရှိနေခဲ့သည်။

အကယ်၍ နက်နဲခြင်းအင်ပါယာဂိုဏ်းအား တစ်စုံတစ်ဦးမှ ဦးဆောင်ကာ တောင်ပိုင်းကောင်းကင်တံခါးသို့ ရောက်လာပြီး စောင့်ရှောက်ပေးမှသာလျှင် နက်နဲခြင်းအင်ပါယာဂိုဏ်းက တောင်ပိုင်းကောင်းကင်တံခါး၌ မြင့်မြတ်နယ်မြေအဆင့် ဌာနအသစ်တစ်ခု ဖြစ်လာပေလိမ့်မည်။

တောင်ပိုင်းကောင်းကင်တံခါးက တောင်ပိုင်းနယ်မြေ၌ နံပါတ်တစ်အင်အားစုကြီးဖြစ်သော်လည်း တောင်ပိုင်းနယ်မြေက မြေရိုင်းတစ်ခုသာသာသာ ဖြစ်သည်။

ထို့အပြင် တာအိုအရှင်သခင်အဆင့်ကျင့်ကြံသူလည်း တစ်ဦး သို့မဟုတ် နှစ်ဦးမျှလောက်သာ ရှိ၏။

တောင်ပိုင်းကောင်းကင်တံခါးသို့ အစောင့်အရှောက်အဖြစ် ရောက်လာသော အရှေ့ပိုင်းနယ်မြေနှင့် မြောက်ပိုင်းလွင်ပြင်မှ ဌာနခွဲများအတွက်မူ ၎င်းတို့မွေးရပ်မြေ၌ တာအိုအရှင်သခင်တစ်ဝက်အဆင့် ကျင့်ကြံသူများ၊ တာအိုအရှင်သခင်အဆင့် ကျင့်ကြံသူများ မရှားပေ။

သို့သော် တောင်ပိုင်းကောင်းကင်တံခါးအား စောင့်ရှောက်ရန် ဌာနခွဲတစ်ခု၏ ခေါင်းဆောင်အနေဖြင့် စေလွှတ်ခံရခြင်းမှာ အင်မတန်အထင်ကြီးစရာ ကိစ္စတစ်ခုဖြစ်နေချေပြီ။

ဥပမာ တောင်ပိုင်းကောင်းကင်တံခါး၌ သန့်စင်ခြင်းမျှော်စင်မှ ဌာနခွဲတစ်ခုလည်းရှိပြီး အင်ပါယာအဆင့်ကျင့်ကြံသူတစ်ဦး ကွပ်ကဲနေ၏။

All Chapters